13/05/2026
#မဖွင့်တာကြာပြီဖြစ်တဲ့_Group_Class_ဖွင့်ပေးပါ့မယ်
ရုရှားဘာသာစကားကို အခြေခံ (zero level) မှစ၍ သင်ကြားပေးမည့် A1+A2 – Basic Level (A1+A2) (Elementary+Pre-intermediate) ဖြစ်ပါတယ်။ ရုရှားဘာသာစကားကို အခြေခံခိုင်ခိုင်မာမာသိရှိ/တတ်ကျွမ်းပြီး လုပ်ငန်းပိုင်းဆိုင်ရာများတွင် Apply လုပ်လိုသူများအတွက် ရည်ရွယ်ဖွင့်လှစ်မည့် တစ်ပါတ်လျှင် ၄ နာရီ ခွဲ နှုန်းနဲ့ (၆) လတာ သင်ကြားပေးမည့် သင်တန်းဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်ရဲ့ သင်နေတဲ့ သင်ရိုးအတိုင်းပဲ ရုရှားဘာသာစကားကို အခြေခံမှစ၍ Case 6 ခုလုံးကို အသေးစိတ် သင်ကြားပေးမယ့် သင်တန်းဖြစ်ပါတယ်။
ရုရှားဘာသာစကားကို စိတ်ဝင်စားလို့ လေ့လာတော့မယ်ဆိုတာနဲ့ ရုရှားဘာသာစကားကို သင်ရာမှာ Nominative case, Genitive case, Dative case, Accusative case, Instrumental case, Prepositional case ဆိုတဲ့ case (၆) ခုနဲ့ အပိုင်းလိုက် သင်ကြရတယ်ဆိုတာ သိပြီး ဖြစ်နေမှာပါ။
Case တစ်ခုပြီးတစ်ခု သင်ပြီးနောက်ပိုင်းမှာတော့ ပြောဆို/ရေးသား/နားလည်လာနိုင်မှုလည်း တစ်ဖြည်းဖြည်းချင်း တိုးတက်လာမှာပါ။ Russian Language Levels (A1, A2, B1, B2, C1, C2) ရှိတဲ့အနက်က အခြေခံမိတ်ဆက်ဖြစ်သည့် A1- Elementary level မှာပင် case (6) မျိုးစလုံးပါဝင်ပါတယ်။ Level အလိုက်မှာ case တစ်ခုချင်းရဲ့ သိရမဲ့ နယ်ပယ် တိုးတိုး လာပါတယ်။ A2 – Basic Level (Elementary/Pre-intermediate) တွင် A1 Level မှာ သိထား/တတ်ထားသည်များထက် ပိုမို အသေးစိတ်သိရှိတတ်ကျွမ်းလာမှာဖြစ်ပါတယ်။
#သင်တန်းကြေး - တစ်လလျှင် ၇၅၀၀၀ (ခုနစ်သောင်းခွဲကျပ်)
#သင်တန်းကာလ - ၆ လ
သင်တန်းအပ်သည်နှင့် ၂ လစာ (အနည်းဆုံး) သင်တန်းကြေးပေးသွင်းရမည်။
#သင်တန်းစတင်မည့်ရက် - ၄-၆-၂၀၂၆ (ကြာသပတေးနေ့)
#သင်ကြားမည့်အချိန်များ_အပါတ်စဉ်_
တနင်္လာနေ့ - ညနေ ၇ နာရီ မှ ၈ နာရီ ခွဲထိ (7:00 PM- 8:30 PM)
အင်္ဂါနေ့ - ညနေ ၇ နာရီ မှ ၈ နာရီ ခွဲထိ (7:00 PM- 8:30 PM)
ကြာသပတေးနေ့ - ညနေ ၇ နာရီ မှ ၈ နာရီ ခွဲထိ (7:00 PM- 8:30 PM)
(1) Дорога в Россию
(2) Русский сувенир
(3) Русский язык для начинающих
(4) Русский язык в упражнениях
(5) Начинаем разговор
(6) Практический курс русского языка
(7) Я пишу по-русски
(8) Мой друг
(9) Жили-были
(10) Говорите правильно (Курс русской разговорной речи)
ကျွန်တော့်ရဲ့ ကိုယ်ပိုင် Lecture note - softcopy များ၊
ကိုးကားမည့် Reference စာအုပ် - softcopy များ ပေးပို့သွားပါမည်။
🙏မင်္ဂလာပါခင်ဗျာ🙏
🤝Are you interested in learning Russian language?🇷🇺🇷🇺🇷🇺
🤝ရုရှားဘာသာစကားကို Online class မှတစ်ဆင့် သင်ကြားတတ်မြောက်လိုသူများအတွက် Grammar/Listening/Speaking/Reading/Writing တို့ကို ထိရောက်စွာ သင်ကြားပေးမည့် အစီစဉ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
🤝အောက်ပါအစီစဉ်ဖြင့် Online section (zoom Live class) ဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။
⏰When?: ၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်နေ့ (4-6-2026) မှ စတင်ပါမည်။
📆How long: တစ်ပတ်လျှင် ၃ ရက်၊ တစ်ရက်လျှင် ၁ နာရီ ၃၀ မိနစ်မှ ၂ နာရီ ကြာ (ပျမ်းမျှတစ်ပတ်လျှင် ၄ နာရီ ၃၀ မိနစ်မှ ၆ နာရီအထိ ရည်ရွယ်ထားပါသည်။)
ရည်မှန်းကာလ - ၆ လ (၁၂၀ နာရီမှ ၁၅၆ နာရီခန့် - Academic Hours 160- 208)
💡Electric : ထိရောက်သော သင်ကြားနည်းဖြစ်စေရန်ရည်ရွယ်၍ Recorded Video များဖြန့်ဝေခြင်းမျိုးမဖြစ်စေဘဲ In-person သင်နေရသကဲ့သို့ သင်ကြားသွားမည်ဖြစ်သည်။
💚Happy events: ဘာသာစကားတစ်ခုကိုပျော်ရွှင်စွာ သင်ကြားစေပြီး စိတ်ဝင်စားဖွယ်ရာ အစီစဉ်တစ်ချို့လဲရှိနေအုံးမည်ဖြစ်ပါသည်။ မျှဝေလမ်းပြထားသည့်အတိုင်း လိုက်နာဆောင်ရွက်ပါက ရလဒ်ကောင်းဆိုတာ ဖြစ်လာမှာပါ။
🤝Opportunity: Russian Native Speakers များမှလည်း သင်တန်းကာလအတွင်း Zoom မှတဆင့် ဝင်ရောက် သင်ကြားပေးခြင်း/ တစ်ယောက်ချင်းစီနှင့် စကားပြောခြင်းများ ဆောင်ရွက်ပေးမည်။
🔷သတ်မှတ်သင်တန်းသားဦးရေသည် လျင်မြန်စွာပြည့်တတ်သည်။ (၈-ဦးအထိသာ လက်ခံပေးပါမည်။)
💰Fees: သင်တန်းကြေး- တစ်လလျှင် မြန်မာကျပ်ငွေ ၇၅၀၀၀ မျှသာ။
☎️Enrollment: ဆန္ဒရှိ၍ တက်ရောက်လိုပါက စာရင်းပေးသွင်းခြင်း၊ လက်ခံခြင်းအား chat box မှတစ်ဆင့်ဆောင်ရွက်မည်ဖြစ်ပါသည်။
💰Payment: သင်တန်းအပ်လိုပါက (၂) လစာ (အနည်းဆုံး) ကြိုတင်ပေးသွင်း၍ဖြစ်စေ၊ (၃) လစာဖြစ်စေ၊ ၆ လစာ တစ်ကြိမ်တည်းဖြစ်စေ သင်တန်းကြေးပေးသွင်းပြီး သင်တန်းအပ်နိုင်ပါသည်။ ငွေလက်ခံမည့် စနစ်အား chat box တွင်ထပ်မံရှင်းပြပါမည်။
🤝Welcome to Russian Language for Beginners! 🤝
🤝တကယ်စိတ်ပါဝင်စားစွာ တက်ရောက်လိုပြီး level တစ်ခုပြီးမြောက်သည်အထိ ဆန္ဒပြင်းစွာ သင်လိုသူများကိုကြိုဆိုလျက်ပါ။
03/05/2026
31/01/2026
22/01/2026
22/11/2025
02/09/2025
19/08/2025
01/08/2025
16/01/2025