Russian language for Beginners

Call Directions Website Contact the school

Russian language for Beginners သင် ရုရှားဘာသာစကားကို အခြေခံမှစ၍ ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်စေရမည်။

 ဲ့_မွေးလဖြစ်လို့....သင်တန်သား တပည့်အားလုံးအတွက် အောက်တိုဘာလ သင်တန်းကြေးတွေရဲ့ ၂၅% ကို ပညာဒါန ပြုထားပါတယ်။ သင်တန်းကြေးသွ...
20/09/2026

ဲ့_မွေးလဖြစ်လို့....
သင်တန်သား တပည့်အားလုံးအတွက် အောက်တိုဘာလ သင်တန်းကြေးတွေရဲ့ ၂၅% ကို ပညာဒါန ပြုထားပါတယ်။ သင်တန်းကြေးသွင်းရင် ၂၅% လျှော့ပြီး သွင်းပေးကြပါ။

ကျေးဇူးအများကြီးတင်ပါတယ် သမီးရေ-
03/07/2026

ကျေးဇူးအများကြီးတင်ပါတယ် သမီးရေ-

 #မဖွင့်တာကြာပြီဖြစ်တဲ့_Group_Class_ဖွင့်ပေးပါ့မယ်ရုရှားဘာသာစကားကို အခြေခံ (zero level) မှစ၍ သင်ကြားပေးမည့် A1+A2 – Basi...
13/05/2026

#မဖွင့်တာကြာပြီဖြစ်တဲ့_Group_Class_ဖွင့်ပေးပါ့မယ်
ရုရှားဘာသာစကားကို အခြေခံ (zero level) မှစ၍ သင်ကြားပေးမည့် A1+A2 – Basic Level (A1+A2) (Elementary+Pre-intermediate) ဖြစ်ပါတယ်။ ရုရှားဘာသာစကားကို အခြေခံခိုင်ခိုင်မာမာသိရှိ/တတ်ကျွမ်းပြီး လုပ်ငန်းပိုင်းဆိုင်ရာများတွင် Apply လုပ်လိုသူများအတွက် ရည်ရွယ်ဖွင့်လှစ်မည့် တစ်ပါတ်လျှင် ၄ နာရီ ခွဲ နှုန်းနဲ့ (၆) လတာ သင်ကြားပေးမည့် သင်တန်းဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်ရဲ့ သင်နေတဲ့ သင်ရိုးအတိုင်းပဲ ရုရှားဘာသာစကားကို အခြေခံမှစ၍ Case 6 ခုလုံးကို အသေးစိတ် သင်ကြားပေးမယ့် သင်တန်းဖြစ်ပါတယ်။

ရုရှားဘာသာစကားကို စိတ်ဝင်စားလို့ လေ့လာတော့မယ်ဆိုတာနဲ့ ရုရှားဘာသာစကားကို သင်ရာမှာ Nominative case, Genitive case, Dative case, Accusative case, Instrumental case, Prepositional case ဆိုတဲ့ case (၆) ခုနဲ့ အပိုင်းလိုက် သင်ကြရတယ်ဆိုတာ သိပြီး ဖြစ်နေမှာပါ။

Case တစ်ခုပြီးတစ်ခု သင်ပြီးနောက်ပိုင်းမှာတော့ ပြောဆို/ရေးသား/နားလည်လာနိုင်မှုလည်း တစ်ဖြည်းဖြည်းချင်း တိုးတက်လာမှာပါ။ Russian Language Levels (A1, A2, B1, B2, C1, C2) ရှိတဲ့အနက်က အခြေခံမိတ်ဆက်ဖြစ်သည့် A1- Elementary level မှာပင် case (6) မျိုးစလုံးပါဝင်ပါတယ်။ Level အလိုက်မှာ case တစ်ခုချင်းရဲ့ သိရမဲ့ နယ်ပယ် တိုးတိုး လာပါတယ်။ A2 – Basic Level (Elementary/Pre-intermediate) တွင် A1 Level မှာ သိထား/တတ်ထားသည်များထက် ပိုမို အသေးစိတ်သိရှိတတ်ကျွမ်းလာမှာဖြစ်ပါတယ်။

#သင်တန်းကြေး - တစ်လလျှင် ၇၅၀၀၀ (ခုနစ်သောင်းခွဲကျပ်)
#သင်တန်းကာလ - ၆ လ
သင်တန်းအပ်သည်နှင့် ၂ လစာ (အနည်းဆုံး) သင်တန်းကြေးပေးသွင်းရမည်။
#သင်တန်းစတင်မည့်ရက် - ၄-၆-၂၀၂၆ (ကြာသပတေးနေ့)
#သင်ကြားမည့်အချိန်များ_အပါတ်စဉ်_
တနင်္လာနေ့ - ညနေ ၇ နာရီ မှ ၈ နာရီ ခွဲထိ (7:00 PM- 8:30 PM)
အင်္ဂါနေ့ - ညနေ ၇ နာရီ မှ ၈ နာရီ ခွဲထိ (7:00 PM- 8:30 PM)
ကြာသပတေးနေ့ - ညနေ ၇ နာရီ မှ ၈ နာရီ ခွဲထိ (7:00 PM- 8:30 PM)


(1) Дорога в Россию
(2) Русский сувенир
(3) Русский язык для начинающих
(4) Русский язык в упражнениях
(5) Начинаем разговор
(6) Практический курс русского языка
(7) Я пишу по-русски
(8) Мой друг
(9) Жили-были
(10) Говорите правильно (Курс русской разговорной речи)
ကျွန်တော့်ရဲ့ ကိုယ်ပိုင် Lecture note - softcopy များ၊
ကိုးကားမည့် Reference စာအုပ် - softcopy များ ပေးပို့သွားပါမည်။

🙏မင်္ဂလာပါခင်ဗျာ🙏
🤝Are you interested in learning Russian language?🇷🇺🇷🇺🇷🇺
🤝ရုရှားဘာသာစကားကို Online class မှတစ်ဆင့် သင်ကြားတတ်မြောက်လိုသူများအတွက် Grammar/Listening/Speaking/Reading/Writing တို့ကို ထိရောက်စွာ သင်ကြားပေးမည့် အစီစဉ်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
🤝အောက်ပါအစီစဉ်ဖြင့် Online section (zoom Live class) ဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။
⏰When?: ၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်နေ့ (4-6-2026) မှ စတင်ပါမည်။
📆How long: တစ်ပတ်လျှင် ၃ ရက်၊ တစ်ရက်လျှင် ၁ နာရီ ၃၀ မိနစ်မှ ၂ နာရီ ကြာ (ပျမ်းမျှတစ်ပတ်လျှင် ၄ နာရီ ၃၀ မိနစ်မှ ၆ နာရီအထိ ရည်ရွယ်ထားပါသည်။)
ရည်မှန်းကာလ - ၆ လ (၁၂၀ နာရီမှ ၁၅၆ နာရီခန့် - Academic Hours 160- 208)

💡Electric : ထိရောက်သော သင်ကြားနည်းဖြစ်စေရန်ရည်ရွယ်၍ Recorded Video များဖြန့်ဝေခြင်းမျိုးမဖြစ်စေဘဲ In-person သင်နေရသကဲ့သို့ သင်ကြားသွားမည်ဖြစ်သည်။
💚Happy events: ဘာသာစကားတစ်ခုကိုပျော်ရွှင်စွာ သင်ကြားစေပြီး စိတ်ဝင်စားဖွယ်ရာ အစီစဉ်တစ်ချို့လဲရှိနေအုံးမည်ဖြစ်ပါသည်။ မျှဝေလမ်းပြထားသည့်အတိုင်း လိုက်နာဆောင်ရွက်ပါက ရလဒ်ကောင်းဆိုတာ ဖြစ်လာမှာပါ။
🤝Opportunity: Russian Native Speakers များမှလည်း သင်တန်းကာလအတွင်း Zoom မှတဆင့် ဝင်ရောက် သင်ကြားပေးခြင်း/ တစ်ယောက်ချင်းစီနှင့် စကားပြောခြင်းများ ဆောင်ရွက်ပေးမည်။
🔷သတ်မှတ်သင်တန်းသားဦးရေသည် လျင်မြန်စွာပြည့်တတ်သည်။ (၈-ဦးအထိသာ လက်ခံပေးပါမည်။)
💰Fees: သင်တန်းကြေး- တစ်လလျှင် မြန်မာကျပ်ငွေ ၇၅၀၀၀ မျှသာ။
☎️Enrollment: ဆန္ဒရှိ၍ တက်ရောက်လိုပါက စာရင်းပေးသွင်းခြင်း၊ လက်ခံခြင်းအား chat box မှတစ်ဆင့်ဆောင်ရွက်မည်ဖြစ်ပါသည်။
💰Payment: သင်တန်းအပ်လိုပါက (၂) လစာ (အနည်းဆုံး) ကြိုတင်ပေးသွင်း၍ဖြစ်စေ၊ (၃) လစာဖြစ်စေ၊ ၆ လစာ တစ်ကြိမ်တည်းဖြစ်စေ သင်တန်းကြေးပေးသွင်းပြီး သင်တန်းအပ်နိုင်ပါသည်။ ငွေလက်ခံမည့် စနစ်အား chat box တွင်ထပ်မံရှင်းပြပါမည်။
🤝Welcome to Russian Language for Beginners! 🤝
🤝တကယ်စိတ်ပါဝင်စားစွာ တက်ရောက်လိုပြီး level တစ်ခုပြီးမြောက်သည်အထိ ဆန္ဒပြင်းစွာ သင်လိုသူများကိုကြိုဆိုလျက်ပါ။




ဘယ်နေရာရောက်ရောက် သဒ္ဓါတရား ပေါ်လာတိုင်း နိုင်သလောက်တော့ လှူဒါန်းမှုလေးတွေ ပြုပေးပါတယ်။ လိုအပ်တဲ့နေရာတိုင်းမှာ လိုအပ်ချိ...
03/05/2026

ဘယ်နေရာရောက်ရောက် သဒ္ဓါတရား ပေါ်လာတိုင်း နိုင်သလောက်တော့ လှူဒါန်းမှုလေးတွေ ပြုပေးပါတယ်။ လိုအပ်တဲ့နေရာတိုင်းမှာ လိုအပ်ချိန်တိုင်း လှူဒါန်းနိုင်သောသူဖြစ်ရပါစေ။ (အလှူမှတ်တမ်းလေးတွေ ပေးရင်တော့ သာဓုခေါ်ဆိုနိုင်အောင် တင်ပေးဖြစ်ပါတယ်။) နတ်၊ လူ သာဓု ခေါ်စေသော်. . .

🇷🇺🇲🇲 ရုရှားအစိုးရနှင့် မြန်မာအစိုးရတို့အကြား နှစ်နိုင်ငံနိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်များ အပြန်အလှန်ပယ်ဖျက်ခြင်းဆို...
31/01/2026

🇷🇺🇲🇲 ရုရှားအစိုးရနှင့် မြန်မာအစိုးရတို့အကြား နှစ်နိုင်ငံနိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်များ အပြန်အလှန်ပယ်ဖျက်ခြင်းဆိုင်ရာ သဘောတူညီချက်ဟာ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်၍ အကျိူးသက်ရောက်နေပါသည်။

ရုရှားနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများတို့သည် အမြဲတမ်းနေထိုင်ခွင့်၊ ပညာသင်ယူခြင်း သို့မဟုတ် အလုပ်ပါမစ်လိုအပ်သောအလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ အကြောင်းအရာများနှင့် မသက်ဆိုင်ပါက အခြားတစ်ဖက်နိုင်ငံသို့ တစ်ကြိမ်လာရောက်ခြင်းအတွက် ဗီဇာမလိုဘဲ ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ရှိပါသည်။

၎င်းတို့၏ စုစုပေါင်းနေထိုင်ချိန်သည် ပြက္ခဒိန်နှစ်တစ်နှစ်တွင် ရက်ပေါင်း ၉၀ ထက် မပိုစေရပါ။

🇷🇺🇲🇲 Сегодня, 27 января 2026 г., вступает в силу Соглашение между Правительством Российской Федерации и Правительством Республики Союз Мьянма о взаимной отмене визовых требований для граждан Российской Федерации и граждан Республики Союз Мьянма.

Граждане Российской Федерации и Республики Союз Мьянма могут въезжать и пребывать на территории соответствующего государства без виз до 30 дней при каждом посещении при условии, что целью их въезда не является постоянное проживание, обучение или осуществление трудовой деятельности. Такие поездки требуют получения соответствующего разрешения.

Суммарный срок пребывания не должен превышать 90 дней в течение календарного года.

ကုသိုလ်.... အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။
22/01/2026

ကုသိုလ်.... အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော့။

ခဏခဏတော့ လှူဖြစ်ပါတယ်။ ဖြတ်ပိုင်းရတဲ့အလှူလေးတွေမို့ တင်ပေးဖြစ်ပါတယ်။ နတ်လူ သာဓု ခေါ်စေသော်ဝ်- ကျွန်တော့်သင်တန်းသားတွေဆီက...
22/11/2025

ခဏခဏတော့ လှူဖြစ်ပါတယ်။ ဖြတ်ပိုင်းရတဲ့အလှူလေးတွေမို့ တင်ပေးဖြစ်ပါတယ်။
နတ်လူ သာဓု ခေါ်စေသော်ဝ်-
ကျွန်တော့်သင်တန်းသားတွေဆီကရတဲ့ သင်တန်းကြေးတွေထဲက ပြန်ပြီး လှူလှူပေးတဲ့ အလှူလေးပါခင်ဗျာ။

ကျွန်တော့်တပည့်များခင်ဗျာ ..... October (10/2025) လ အတွက် သင်တန်းကြေးသွင်းတဲ့အခါ 20% လျှော့ပြီး သွင်းပေးကြပါခင်ဗျာ။ ကျွန...
02/09/2025

ကျွန်တော့်တပည့်များခင်ဗျာ .....
October (10/2025) လ အတွက် သင်တန်းကြေးသွင်းတဲ့အခါ 20% လျှော့ပြီး သွင်းပေးကြပါခင်ဗျာ။ ကျွန်တော့်မွေးလမို့ 20% ကုသိုလ်ယူပါရစေခင်ဗျာ။

သာဓု သာဓု သာဓု
19/08/2025

သာဓု သာဓု သာဓု

မကြေညာရုံတင်မဟုတ်၊ မကြော်ငြာအားတော့တာပါ သမီးရေ။ လူက မအားတာရယ် အလုပ်များနေတာရယ်ကြောင့် ကျောင်းသားအများကြီးကို လက်ခံပြီး မ...
01/08/2025

မကြေညာရုံတင်မဟုတ်၊ မကြော်ငြာအားတော့တာပါ သမီးရေ။ လူက မအားတာရယ် အလုပ်များနေတာရယ်ကြောင့် ကျောင်းသားအများကြီးကို လက်ခံပြီး မသင်ပေးနိုင် ဖြစ်နေတာပါ။ ရသလောကိ အချိန်လေးမှာတော့ သင်ပေးနေပါတယ်။
#ကျွန်တော်_သင်ပေးဖို့_လက်ခံပေးထားတယ်ဆိုရင်_ကံကောင်းသူလို့_မှတ်ယူနိုင်ပါပြီ_

Address

Mandalay-Lashio Road
Maymyo

Alerts

Be the first to know and let us send you an email when Russian language for Beginners posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Russian language for Beginners:

Shortcuts

Share