အကြိမ် (၃၀) မြောက် စာပန်းအိမ်မိသားစု မဟာဘုံကထိန်အလှူတော်✨
Sar Pann Aein
ငါ့မှာ စွမ်းအားတွေရှိတယ်
ငါ အကောင်းဆုံးကြိုးစားမယ်
ငါ မုချအောင်မြင်ရမယ် Sar Pann Aein is one of the most popular boarding school in Myanmar.
It is renowned for its credibility, discipline and warmness over students. Sar Pann Aein was founded by Doctor Kyaw Saw and Daw May Myo Myat B.Sc(Chem:) in 1st May, 1993. In just a few years since its inception, Sar Pan Aein has grown to host many students from all over the country. Now, from as young as grade-1 students to as old as grade-11 students are studying all together in Sar Pann Aein.
31/10/2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်း
၁၂ ကြိမ်မြောက် ကျောင်းအုပ်ကြီးဒိုင်း
မူလတန်းများနှင့် အလယ်တန်းများ(မ)
ဖူဆယ်ဘောလုံးပြိုင်ပွဲတွင်ချီးမြှင့်မည့်ဒိုင်းဆုများနှင့်ဆုငွေများ
28/10/2025
၂၆.၁၀.၂၀၂၅(တနင်္ဂနွေ) နေ့ ပြင်ဦးလွင်မြို့
ဦးခန္တီဘုရားကြီး၏ လုံးတော်ပြည့်ရွှေသင်္ကန်း
ကပ်လှူရွှေချမင်္ဂလာတွင် ပါဝင်ကုသိုလ်ယူခဲ့ကြသော စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာများ
06/10/2025
စာပန်းအိမ်မှ ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မိဘများအပါအဝင် မြန်မာပြည်သူပြည်သားအားလုံး သီတင်းကျွတ်လပြည့်နေ့အခါသမယတွင် ကောင်းကျိုးချမ်းသာများပြည့်ဝကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🏻💫
03/10/2025
On the auspicious birthday of the founder of SAR PANN AEIN, Dr. Kyaw Saw, we extend our heartfelt wishes.
May our respected Dr. enjoy good health, peace of mind, and continued prosperity in serving the welfare of people. 🙏🏻
Pre-University Program SAR PANN AEIN Welcome to the Pre-University Academic Programme at Sar Pann Aein Private High School! 🌍✨ Your gateway to studying abroad.
04/08/2025
Just One Week Left Until Batch 8 Begins!
Opening on 11th August 2025 (Monday)
Application Closes on 9th August 2025 (Saturday)
📌 Early Registration is recommended to secure your spot.
ℹ️ Program Details ℹ️
Sar Pann Aein Pre-University Program သည်စနစ်ဟောင်း (G-10) နှင့် စနစ်သစ် (G-12) ဖြေဆိုအောင်မြင်ထားပြီး International Degree ရရှိလိုသောကျောင်းသားလူငယ်တိုင်းအတွက် လိုအပ်သော Qualification များကို တိကျသော Preparation ဖြင့် ဖြည့်စွက်သင်ကြားပေးသော Program တစ်ခုဖြစ်ပါတယ်။
Sar Pann Aein နဲ့တရားဝင်ချိတ်ဆက်ထားသော University များမှာ -
-Singapore Institute of Management (Singapore)
-Bangkok University (Bangkok, Thailand)
-Rangsit University (Bangkok, Thailand)
-Raffles International College (Bangkok,Thailand) တို့ဖြစ်ပါတယ်။ International Students များကို Local Students များနှင့် Equal Opportunities ပေးသော၊ Ranking မြင့်သော၊ Job Opportunities များသော တက္ကသိုလ်များနှင့် ရွေးချယ်၍ ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။
Program မှာ ဘာတွေသင်ကြားပေးမှာလဲ ???
Four Essential English Skills (Reading, Writing, Listening & Speaking) ကို အဓိကထားသင်ကြားပေးနေပြီး Basic Englishကိုလည်း ဖြည့်စွက်ပေးထားပါတယ်။ IELTS Preparation အတွက် Test-taking Strategies များဖြင့် အခြေခံကျကျ လေ့ကျင့်ပေးနေပါတယ်။
Duolingo English Preparation အတွက်လည်း Practice Tests များဖြင့် လေ့ကျင့်သင်ကြားပေးပါတယ်။
Additional Courses အဖြစ်လည်း Thai Language နှင့် AI-based Information Technology ကို လက်တွေ့ကျကျ အသုံးပြနိုင်ရန် ဖြည့်စွက်သင်ကြားပေးပါတယ်။
Mock Tests များ၊ Practice Tests များကိုလည်း Lecturers များမှ ဂရုတစိုက်ကြီးကြပ်၍ စစ်ဆေးပေးပြီး ကျောင်းသားတစ်ဦးစီ၏ တိုးတက်မှုများသေချာစေရန် Weekly Tutorials များလည်းဖြေဆိုရမှာဖြစ်ပါတယ်။
Pre-University Program ကိုတက်ရောက်ရင် ဘယ်လို Benefits တွေရနိုင်မလဲ???
Pre-University Program ကို အောင်မြင်စွာ ပြီးဆုံးသော ကျောင်းသားတိုင်းသည် Foreign University ရဲ့ Foundation Course ကို တက်ရန်မလိုတော့ဘဲ Placement test ဖြင့် Year 1 ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Foundation Course အတွက် Tuition Fees, Accomodation Feesကိုလျှော့ချ ပေးနိုင်သလိုအချိန်ကုန်လည်းသက်သာစေပါတယ်။
ဒါ့အပြင် In-person class ဖြစ်သောကြောင့်အတွေ့အကြုံရှိပြီး qualification ကောင်းမွန်သော lecturer များနှင့် အနီးကပ်လေ့လာသင်ယူနိုင်ခြင်းက ကျောင်းသားလူငယ်များအတွက် အားသာချက်တစ်ခုဖြစ်စေမှာပါ။ Lecturers များကလည်း Classroom activities များဖြင့်လေ့ကျင့်သင်ကြားပေးခြင်းကြောင့်လည်း Presentation Skills ပိုမိုတိုးတက်လာပါတယ်။
ကျောင်းသားအများစု ကြုံတွေ့ရတတ်တဲ့ အခက်အခဲတစ်ခုဖြစ်သည့် Accomodation စီစဉ်ရာ၌လည်း အဆင်ပြေအောင် Program Previous Batchမှ ကျောင်းသားဟောင်းများနှင့် ချိတ်ဆက်ပြီး Accommodation Assistance လည်း ဆောင်ရွက်ပေးနေပါတယ်။
University Admission ပြင်ဆင်ရာမှာလည်း လိုအပ်တဲ့ Requirements တွေဖြစ်တဲ့ Student Application Form ကို Submit လုပ်ပေးခြင်း၊ Visa လျှောက်ပေးခြင်းများကိုလည်း ကျောင်းသားတိုင်း အဆင်ပြေအောင်ဆောင်ရွက်ပေးနေပါတယ်။
Program တက်ဖို့ ဘာတွေလိုအပ်မလဲ???
Pre-University Program ကို တက္ကသိုလ်ဝင်တန်း စနစ်သစ်၊စနစ်ဟောင်းဖြေဆိုပြီးသူတိုင်း တက်ရောက်နိုင်ပါတယ်။ Program တက်ရောက်မည့် ကျောင်းသားတိုင်း စာပန်းအိမ်၏ Placement Test ကိုဖြေဆိုရမည်ဖြစ်ပြီး ကျောင်းသားတစ်ဦးချင်းရဲ့ လိုအပ်ချက်များအလိုက် Lecturers များမှ Specialized Preparation များဖြင့် တိုးတက်အောင် လေ့ကျင့်သင်ကြားပေးသွားမှာပါ။
ပြင်ဦးလွင်က မဟုတ်ဘဲ အခြားမြို့များမှ လာရောက်သင်ကြားမည့် ကျောင်းသားကျောင်းသူများအတွက်လည်း Hostel စီစဥ်ပေးမှာဖြစ်သောကြောင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Program fees နှင့် details ကို စုံစမ်းသိရှိလိုပါက 09-769802143, 09-953661239 သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ☎️
Page Messenger မှလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်
ကျောင်းသို့ ကိုယ်တိုင်လာရောက်စုံစမ်းလိုပါက - No.144 RA III, Circular Road, Pyin Oo Lwin 📍
27/07/2025
( ၂၀၂၄ -၂၀၂၅ ) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်
စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ
ပြင်ဦးလွင်တစ်မြို့လုံး - ပထမအဆင့်
မန္တလေးတိုင်းဒေသကြီး - ပဥ္စမအဆင့် ရရှိသော
မောင်မြတ်ထက်အောင် ( မပလ ၁၈၁၃) နှင့်
ပြင်ဦးလွင်တစ်မြို့လုံး - တတိယအဆင့်
မန္တလေးတိုင်းဒေသကြီး - သတ္တမအဆင့် ရရှိသော
မောင်ကျော်ဇင်သန့် (မပလ ၁၇၆၄) တို့အား
ထိုက်ထိုက်တန်တန် ရရှိခဲ့ကြသည်ကို အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါသည်။
27/07/2025
27/07/2025
၂၀၂၄ -၂၀၂၅ ပညာသင်နှစ်
စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်
ပြင်ဦးလွင်မြို့ စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ
ဘာသာစုံဂုဏ်ထူးရှင် - ၂ ဦး
(၅) ဘာသာဂုဏ်ထူးရှင် - ၆ ဦး
(၄) ဘာသာဂုဏ်ထူးရှင် - ၃၂ ဦး
(၃) ဘာသာဂုဏ်ထူးရှင် - ၇၈ ဦး
(၂) ဘာသာဂုဏ်ထူးရှင် - ၈၇ ဦး
(၁) ဘာသာဂုဏ်ထူးရှင် - ၆၄ ဦး
စုစုပေါင်းဂုဏ်ထူးရရှိသူ - ၂၆၉ ဦး
ရိုးရိုးအောင်မြင်သူ - ၁၄၆ ဦး
စုစုပေါင်းအောင်မြင်သူ - ၄၁၅ ဦး
စုစုပေါင်းဖြေဆိုသူ. - ၅၂၉ ဦး
အောင်ချက်ရာခိုင်နှုန်း - ၇၈.၄၅ %
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သွားသော စာပန်းအိမ်မှ ကျောင်းသား၊ ကျောင်းသူများနှင့်တကွ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကျောင်းသား၊ ကျောင်းသူများ အားလုံးအတွက် စာပန်းအိမ်မိသားစုမှ ဝမ်းသာဂုဏ်ယူပါသည် ။
25/07/2025
📣 Announcement 📣
📍 Pre-University Program ရဲ့ တန်းခွဲသစ် (Batch-8) ကို August 11, 2025 မှာ ထပ်မံဖွင့်လှစ်သွားမှာဖြစ်ပါသည်။
Batch 8 အတွက် Student Application လည်းစတင်လက်ခံနေပြီဖြစ်တာကြောင့် အမြန်ဆုံးဆက်သွယ် စာရင်းပေးသွင်းနိုင်ပါပြီ။
Program မှာ စနစ်သစ် (G-12) နှင့်စနစ်ဟောင်း (G-10) ဖြေဆိုအောင်မြင်ထားသော ကျောင်းသားတိုင်း အရည်အသွေးကောင်းမွန်သည့် နိုင်ငံတကာအဆင့်မှီပညာရေးရရှိပြီး ချိတ်ဆက်ထားသောထိပ်တန်းတက္ကသိုလ်များ၏ ပထမနှစ်ကိုတိုက်ရိုက်တက်ရောက်နိုင်ရန် ကျောင်းသားများကို စနစ်ကျသောသင်ခန်းစာများ၊ သင်ကြားနည်းစနစ်များဖြင့် သင်ကြားပို့ချပေးလျက်ရှိနေပါသည်။
ပြင်ဦးလွင်မြို့ရှိကျောင်းသား၊ကျောင်းသူတိုင်းအတွက်လည်း နိုင်ငံတကာအဆင့်မီပညာရေးအတွက် အခွင့်အလမ်းကောင်းကို စာပန်းအိမ်ရဲ့ Pre-University Program မှတစ်ဆင့် ရယူနိုင်မှာဖြစ်ပါသည်။
📍The upcoming intake of the Pre-University Program (Batch 8) will commence on August 11, 2025. Student applications for (Batch 8) are now being accepted, and registration is officially open.
Our Pre-University Program is primarily designed for students who have successfully completed the old Grade 10 or the new Grade 12 curriculum.
We also welcome students preparing for future academic pathways. Through this program, we provide internationally recognized education that allows students to directly enter the first year of collaborated universities under Sar Pann Aein Pre-University Program, without the need to take a foundation course. Our Program offers well-structured lessons, along with engaging, and effective teaching methods throughout the course.
Sar Pann Aein's Pre-University Program provides a convenient pathway for students in Pyin Oo Lwin with excellent opportunities to pursue international standard education.
ℹ️ Program Details ℹ️
https://www.facebook.com/share/p/158zDA36nS/
Opening Date - 11. 8. 2025 (Monday)
Duration - 4 months
☎️Contact Number 09-953661239, 09-769802143
(Monday to Friday, 9am to 4pm)
📌 No.144, RA III , Circular Road, Pyin Oo Lwin.
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
No. (144), R/A III, Circular Road
Maymyo