ကောင်းနိုးရာရာ

ကောင်းနိုးရာရာ သုတ၊ရသစာအုပ်စာပေများထဲမှ ကောက်နှုတ်

09/10/2016

စိတ်ပညာရှင်တွေရဲ့ သုတေသနပြုချက်အရ လူတိုင်းလူတိုင်း တစ်သက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့စိတ် ဖြစ်ဖူးကြတယ်လို့ ဆိုပါတယ်။ ဘဝဆိုတာ စိတ်ဆင်းရဲစရာတွေ၊ စိတ်ညစ်စရာတွေ ပတ်လည်ဝိုင်းနေတဲ့အရာမို့ တစ်​ခါတစ်​ရံ ဒီလိုစိတ် (သတ်သေချင်စိတ်) ဖြစ်တယ်ဆိုတာ သဘာဝတော့ကျပါတယ်။

အများအားဖြင့် အဲဒီလို သတ်သေချင်စိတ်က အိပ်ချိန်မှာ ပိုဖြစ်တတ်ပါတယ်။ တခြားအချိန်မှာက ဘယ်လောက်ပဲ စိတ်ဆင်းရဲ ဆင်းရဲ၊ ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊ မလုပ်မဖြစ်တဲ့ လုပ်စရာအလုပ်တွေက လုပ်နေရတာဆိုတော့ သတ်သေချင်စိတ် သိပ်ထင်ထင်ရှားရှား မဖြစ်သာပါဘူး။ အိပ်ချိန်မှာကျတော့ ဘာအလုပ်မှ မရှိတော့ဘဲ အားသွားတဲ့အတွက် စိတ်ဆင်းရဲစရာတွေ၊ စိတ်ညစ်စရာတွေ တမင်မစဉ်းစားရဘဲ အလိုလို တသီတတန်းကြီး ပေါ်လာပြီး အိပ်မပျော်နိုင်ဖြစ် အိပ်မပျော်နိုင်ဖြစ်၊ စိတ်ဆင်းရဲလေ အိပ်မပျော်လေ၊ အိပ်မပျော်လေ စိတ်ဆင်းရဲလေနဲ့ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တဲ့စိတ်တွေ ဖြစ်သွားတော့တာပါပဲ။

အိပ်ရာကနိုင်းလာတော့လည်း အိပ်ရေးဝဝ၊ မဝဝ အိပ်မပျော်ခင်က ဖြစ်ခဲ့တဲ့ သတ်သေချင်စိတ် သိပ်မရှိတော့ပါဘူး၊ သို့မဟုတ် လုံးဝ မရှိတော့ပါဘူး။

ဒီသဘောကို ကိုယ်က နားလည်ထားရင် အိပ်ချိန်မှာ အပိုအတွေးတွေ လုံးဝ မတွေးမိအောင် အလေ့အကျင့် လုပ်ထားရုံပါပဲ။ အခြေအနေအရ ကိုယ်မတွေးပေမယ့် အတွေးတွေက အလိုလိုပေါ်နေတယ်ဆိုလည်း ဂုဏ်တော်ပွား၊ မေတ္တာပို့၊ ဝင်လေထွက်လေ ရှုပြီး အလိုလို အတွေးပျောက်သွားအောင် ကြိုးစားရမှာပေါ့။ တချို့က တစ်, နှစ်, သုံး, လေး ရေတွက်ရင်း အိပ်ပျော်အောင် လုပ်ကြတာပေါ့လေ။ ဘယ်လိုပဲလုပ်လုပ် ပိပ်ပျော်သွားဖို့ပဲ အရေးကြီးပါတယ်။ သိပ်လိုအပ်လာရင်လည်း အိပ်ဆေးထသောက်လိုက်ပေါ့။

အိပ်လို့ ပျော်ပျော် မပျော်ပျော်၊ နိုးနေချိန်မှာ ကိုယ်လုပ်စရာရှိတာသာ လုပ်နေလိုက်ရင် သေချင်စိတ် ပျောက်သွားမှာပါ။ အရေးကြီးဆုံးက ကိုယ့်အလုပ်ကိုယ်လုပ်နေဖို့ပါပဲ။

ကိုယ်လုပ်ချင်တာ မလုပ်ရရင် တချို့က သေပစ်လိုက်ချင်ကြပါတယ်။ သေသွားရင် ဘာမှ လုပ်လို့မရတော့ပါဘူး။ မသေသေးတဲ့အတွက် လုပ်ခွင့်ရသလောက်တော့ လုပ်လို့ရပါသေးတယ်။ သေရင်ပြီးပြီ။ ဘာဆို ဘာမှ လုပ်လို့မရတော့ဘူး။ ဒီတော့ သေပစ်လိုက်မယ့်အစား ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်နိုင်စွမ်း ရှိသလောက် အောင်မြင်အောင် လုပ်နေရုံပါပဲ။ ကိုယ့်အတွက် သို့မဟုတ် အများအတွက် အကျိုးပြုတဲ့ အဲဒီအလုပ် အောင်မြင်မှုနဲ့ ကျေနပ်လိုက်ရင် သေချင်စိတ် ပေါ်မှာ မဟုတ်တော့ပါဘူး။

သေချင်စိတ်ဖြစ်တုန်းက သတ်သေလိုက်ရင် အခုဆို သေသွားပါပြီ။ ကိုယ့်ကိုယ်ကို သေသွားပြီလို့ သဘောထားလိုက်ရင် မသေချင်တော့ပါဘူး။ 'ကိုယ့်ဘာသာကိုယ် သတ်မသေလည်း သူ့ဘာသာသူ ခဏနေ သေရင် သေသွားမှာပဲ' ... ၊ 'မသေမှာ မပူပါနဲ့၊ အချိန်မရွေး သေသွားနိုင်ပါတယ်၊ အချိန်မရွေး သေမှာပါ' လို့ လေးလေးနက်နက် ဆင်ခြင်လိုက်ရင်လည်း သတ်သေဖြစ်မှာ မဟုတ်တော့ပါဘူး။

စာအုပ်အမည်-ငါသေသွားပြီ
စာရေးသူ-အရှင်ဆန္ဒာဓိက

မိတ်ဆွေ သင့်ပိုက်ဆံအိတ်ထဲက ငွေတစ်ရာနဲ့ ကျွန်တော့်ပိုက်ဆံအိတ်ထဲက ငွေတစ်ရာ လဲတော့ ဘာထူးသွားမှာလဲ။သင်လည်း နဂိုအတိုင်းပဲ ကျု...
21/08/2016

မိတ်ဆွေ သင့်ပိုက်ဆံအိတ်ထဲက ငွေတစ်ရာနဲ့ ကျွန်တော့်ပိုက်ဆံအိတ်ထဲက ငွေတစ်ရာ လဲတော့ ဘာထူးသွားမှာလဲ။

သင်လည်း နဂိုအတိုင်းပဲ ကျုပ်လဲဘာမှမထူးဘူးပေါ့။

ဒါပေမဲ့ သင့်ရဲ့ စိတ်ကူးနဲ့ ကျွန်ုပ်ရဲ့ စိတ်ကူး ဖလှယ်တဲ့ အခါကြတော့ ကျွန်တော်တို့နှစ်ယောက်စလုံး စိတ်ကူးတွေ နှစ်ဆ ချမ်းသာသွားတာပေါ့။

သင့်ကိုယ်သင် ပိုင်ပါသလား '====================================တစ်နေ့ ကျွန်တော့မိတ်ဆွေတစ်ယောက်နှင့်အတူ နံနက်စောစော လက်ဖက...
14/03/2016

သင့်ကိုယ်သင် ပိုင်ပါသလား '
====================================

တစ်နေ့ ကျွန်တော့မိတ်ဆွေတစ်ယောက်နှင့်အတူ နံနက်စောစော လက်ဖက်ရည်ဆိုင်ဘက် ထွက်ခဲ့သည်။ လမ်းထောင့်က သတင်းစာ ဂျာနယ်များ ရောင်းသောဆိုင်ကလေးတွင် ရပ်ကာ မိတ်ဆွေက သတင်းစာတစ်စောင် ဝယ်သည်။ ဆိုင်ရှင်က မျက်နှာထားတင်းသည်။ ဝယ်သူကို ကြည့်ပုံက သူ့ဆိုင်မှာ အလကား လာတောင်းသူကို ကြည့်ပုံမျိုး။ အလစ်သုတ်မည် ထင်ရသူကို ကြည့်ပုံမျိုး။ မိတ်ဆွေက ပိုက်ဆံပေးတော့ အကြွေပြန်အမ်းပုံကလည်း သိမ်သိမ်မွေ့မွေ့ မရှိပါ။ ကြည့်ရင်း ကျွန်တော် ဒေါသထွက်နေသည်။ သို့သော် ကျွန်တော့်မိတ်ဆွေကတော့ သူ့လက်ထဲကို ဆိုင်ရှင်ဆောင့်ထည့်ပေးလိုက်သော ပိုက်ဆံအကြွေများကို အိတ်ထဲထည့်ပြီးနောက် ကျေးဇူးတင်ပါတယ်ဟူ၍ပင် ပြောလိုက်သေးသည်။
' အတော်ရိုင်းတဲ့ ဈေးသည်ပဲဗျ 'ဆိုင်နှင့်မလှမ်းမကမ်းရောက်တော့ ကျွန်တော် မှတ်ချက်ချသည်။
' ဟာ ဟုတ်တယ်၊ဒီလူက ဒီအတိုင်းပဲဗျ 'မိတ်ဆွေက ဆိုသည်။
ဒါနဲ့တောင် ခင်ဗျားက ခင်ဗျားက ကျေးဇူးတင်ပါတယ်တွေ ဘာတွေနဲ့ ယဉ်ယဉ်ကျေးကျေးလုပ်နေသေးတယ်။
ကျွန်တော်သည်လိုပြောတော့ မိတ်ဆွေကဆိုသည်။
' ဟာ အဲဒါတော့ မဆိုင်ဘူးဗျ၊ သူ့စရိုက်နဲ့သူ ကျွန်တော့စရိုက်နဲ့ ကျွန်တော်ပဲ၊ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ကျွန်တော်သတ်မှတ်ထားတဲ့ ပုံစံနဲ့ ကျွန်တော် ဆက်ဆံတယ်၊ သူရိုင်းတိုင်း ကျွန်တော် မရိုင်းနိုင်ဘူး၊ အိုးရွဲ့လို့ စလောင်းရွဲ့တယ်ဆိုတာမျိုး ကျွန်တော်လက်မခံဘူး '
သည်စကား သည်မှာပဲ ရပ်သွားသည်။ မိတ်ဆွေအား ကျွန်တော် ထောက်ခံစကားလည်း မဆိုဖြစ်၊ ကန့်ကွက်စကားလည်း မဆိုဖြစ်လိုက်ပါ။
သို့သော် နောက်ပိုင်းတွင်တော့ မိတ်ဆွေပြောသွားသော စကားကို ကျွန်တော် စဉ်းစားဆင့်ခြင်မိပါသည်။
မိတ်ဆွေက သူတစ်ပါး၏ အပြုအမူအပေါ်တွင် မူတည်၍ ပြန်လည် ပြုမူသူမဟုတ်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ့အရည်အချင်းတစ်ရပ်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုရာ ရောက်သကဲ့သို့ သည်အရည်အချင်းအတွက် သူဂုဏ်ယူကြောင်းလည်း ဖွင့်ဟရာရောက်သည်။
သူသည် ထူးခြားသူလား၊ ဂုဏ်ယူလောက်သော အရည်အချင်းရှိသူလား ကျွန်တော်စဉ်းစားသည်။
ဟုတ်လောက်သည်။ များသောအားဖြင့် ကျွန်တော်တို့သည် စိတ်ဓာတ်မခိုင်မာကြ၊ မတည်ငြိမ်ကြ၊ သူတစ်ပါး၏ ပြုမူဆက်ဆံပုံကို လိုက်၍ အလွယ်တကူ ပြောင်းလဲတတ်ကြသည်။ ခံစားလွယ် ကြသည်။ ခံစားမှုအလိုအတိုင်း တုံပြန်တတ်ကြသည်။ ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန် မရှိသလို ဖြစ်တတ်ကြသည်။
မိတ်ဆွေတွင် ကျွန်တော်တို့ အများစုမှာ မရှိသည့်အတွင်းစိတ် တည်ငြိမ်မှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ သူသည် သူဘာဆိုတာကို သိသည်။ သူ့ အယူအဆနှင့် သူ့ ရပ်တည်ချက် ဘယ်လိုဆိုတာ သူ့ဘာသာသူ သတ်သတ်မှတ်မှတ် ထားရှိပြီး ဖြစ်သည်။ လူအများနှင့် ဆက်ဆံရာတွင် သူမည်သို့ ပြုမူကျင့်ကြံမည်ဆိုသည်ကို တိတိကျကျ သတ်မှတ်ထားပြီး ဖြစ်သည်။
သူသည် မိမိကိုယ်ကိုယ် ယဉ်ကျေးမှုရှိအဖြစ် လက်ခံထားရှိပြီး ဖြစ်ရာ တစ်ဖက်လူ၏ အပြုအမူရိုင်းသော်လည်း သူက လိုက်၍ မရိုင်း။ တစ်ဖက်လူကြောင့် မိမိ၏ ယဉ်ကျေးသော ပင်ကိုယ်စရိုက်ကို အပျက်စီးမခံ။
သူသည် အလွယ်တကူ စိတ်မလှုပ်ရှားတတ်သူ၊ တစ်နည်းဆိုလျှင် စိတ်ဓာတ်ကျန်းမာသန်စွမ်းသူဟူ၍ ဆိုရမည်ဖြစ်သည်။
ဘာသာလူမျိုး အားလုံးလိုလို၌ပင် သူတစ်ပါးက မကောင်းစိတ်ထားသော်လည်း မိမိက ကောင်းသောစိတ် ထားရမည်ဟူသော အဆုံးအမမျိုး ရှိစမြဲဖြစ်သည်။ ရန် ရန်ချင်း မတုံ့နှင်းရ ဟူသော စကား၊ ပါးတစ်ဖက်ကို ရိုက်လျှင် ကျန်ပါးတစ်ဖက်ကို ထိုးပေးဝံ့ရမည် ဟူသော စကားများကို အများကြားဖူးကြသည်။
ဤစကားများသည် ကျင့်ဝတ်ဗေဒဆိုင်ရာ အဆုံးအမစကားများ သက်သက်မဟုတ်။ စိတ်ဓာတ်ကျန်းမာသန်စွမ်းရေးအတွက် ဆေးညွှန်းကောင်းများ ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
လောက၌ မိမိပင်ကို သဘာဝအတိုင်း တည်တည်ငြိမ်ငြိမ် မနေနိုင်ဘဲ၊ သူတစ်ပါး၏ အပြုအမူများအတိုင်း အမြဲလိုက်၍ ခံစားတုံ့ပြန်တတ်သူများလောက် စိတ်ညစ်ရသူ မရှိပေ။ ထိုသူများ၌ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်သောဌာနချုပ်သည် မိမိကိုယ်တွင်း၌ မတည်ပဲ သူတစ်ပါးတို့ထံ၌ တည်ရှိနေရာ၊ သူ့ဘဝသည် သူတစ်ပါးကြိုးဆွဲတိုင်း ကရ ခုန်ရ ငိုရ ရယ်ရသည့် ရုပ်သေးရုပ်နှယ်ဖြစ်နေရသည်။
ထိုလူမျိုးတို့သည် သူတစ်ပါးက ချီးမွမ်းစကားဆိုလျှင် ဝမ်းမြောက်ဝမ်းသာ ဖြစ်တတ်၍ သူတစ်ပါးက ဝေဖန်ပြစ်တင် စကားဆိုလျှင် ဝမ်းနည်အားငယ်ခြင်း ဒေါသထွက်ခြင်းများ ဖြစ်တတ်၏။ ထိုသို့ဖြစ်ရခြင်းမှာ မိမိသည် 'ဘာ'ဟူ၍ မိမိဘာသာ မှန်မှန်ကန်ကန် ရှုမြင်သတ်မှတ်ထားမှု မရှိခြင်းကြောင့်ဖြစ်သည်။ တနည်းအားဖြင့် မိမိကိုယ်ကို သေသေချာချာ မသိခြင်းကြောင့် ဖြစ်သည်။
မိမိကိုယ်ကို ကောင်းစွာ သုံးသပ်သိရှိထားသူဖြစ်က မိမိမှာရှိသည့် ချီးမွမ်းလောက်သည့် အရည်အချင်းအတွက် ချီးမွမ်းလာပါက အလွန်အမင်း ဝမ်းမြောက်အားတက်စရာ အကြောင်းမရှိသကဲ့သို့၊ မချီးမွမ်းလောက်သည်ကို ချီးမွမ်းလာလျှင်လည်း ဘာမှ တုံ့ပြန်ခံစားနေစရာ လိုမည်မဟုတ်ပေ။ ထို့နည်းတူ ဝေဖန်ပြစ်တင်မှုများ နှင့်စပ်လျဉ်းး၍လည်း အထက်သဘောအတိုင်း တည်ငြိမ်စွာပင် ရင်ဆိုင်ဖြေရှင်းနိုင်မည်။
စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု သို့မဟုတ် စိတ်ဓာတ် ကျန်းမာသန်စွမ်းမှု ရရှိလိုပါက သူတစ်ပါးနှင့် ဆက်ဆံရာတွင် မိမိမည်သည့်ပုံစံဖြင့် ပြုမူဆက်ဆံမည်၊ သူတစ်ပါးတို့အပေါ် မည်သို့သော သဘောထားမျိုး ထားရှိကျင့်သုံးမည်ဟူသည့် အချက်များကို တိတိကျကျ သတ်မှတ်ထားရှိကာ ၄င်းအတိုင်း အစဉ်လိုက်နာ ကျင့်ကြံ တတ်အောင် လေ့ကျင့်အားထုတ်ရပေမည်။
လေ့ကျင့်အားထုတ်၍ အောင်မြင်လျှင်သင်သည် သင့်ကိုယ်သင် ပိုင်ဆိုင်ပြီဟု ဆိုရမည်။ မိမိကိုယ်ကို ပိုင်ဆိုင်ခြင်းသည် လောက၌ အကြီးမားဆုံးသော ပိုင်ဆိုင်ခြင်း ဖြစ်ပေသည်။
[Sydney J.Harris ၏ Do You Act -- Or React ?ကို အခြေပြုသည်။]
စာရေးဆရာ ဖေမြင့် ၏ " မူမှန်စိတ်၊မူမှန်အတွေး၊မူမှန်အကျင့်အကြံ " စာအုပ်မှ ပြန်လည်ကူးယူ ဝေမျှသည်။
မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေ။

Do You Act or React?

By Sydney J. Harris
I walked with my friend, a Quaker, to the newsstand the other night, and he bought a paper, thanking the newsie politely. The newsie didn't even acknowledge it.

"A sullen fellow, isn't he?" I commented.

"Oh, he's that way every night," shrugged my friend.

"Then why do you continue to be so polite to him?" I asked.

"Why not?" inquired my friend. "Why should I let him decide how I'm going to act?"

As I thought about this incident later, it occurred to me that the important word was "act." My friend acts toward people; most of us react toward them.

He has a sense of inner balance which is lacking in most of us; he knows who he is, what he stands for, how he should behave. He refuses to return incivility for incivility, because then he would no longer be in command of his own conduct. When we are enjoined in the Bible to return good for evil, we look upon this as a moral injunction - which it is. But it is also a psychological prescription for our emotional health.

Nobody is unhappier than the perpetual reactor. His center of emotional gravity is not rooted within himself, where it belongs, but in the world outside him. His spiritual temperature is always being raised or lowered by the social climate around him, and he is a mere creature at the mercy of these elements.

Praise gives him a feeling of euphoria, which is false, because it does not last and it does not come from self-approval. Criticism depresses him more than it should, because it confirms his own secret shaky opinion of himself. Snubs hurt him, and the merest suspicion of unpopularity in any quarter rouses him to bitterness.

A serenity of spirit cannot be achieved until we become the masters of our own actions and attitudes. To let another determine whether we shall be rude or gracious, elated or depressed, is to relinquish control over our own personalities, which is ultimately all we possess....The only true possession is self-possession.

11/03/2016

Girl: What do you think about our love❤?
Boy: Try to count the stars
Girl: Aww it's infinite?

Boy: Nope it's the waste of time⌛⌛


01/01/2016

သူများဖိနပ်နဲ့ ရပ်နိုင်ပါစေ '

ခေါင်းစဉ်ကြည့်ရုံနဲ့ အလွယ်နားလည်ချင်မှ နားလည်လိမ့်မယ်။ ဟောဒီစကားပုံလေးနဲ့ ဆက်စပ်ကြည့်လိုက်ပါ။ "သူများဖိနပ်နဲ့ လမ်းလျှောက်နိုင်ဖို့၊ ကိုယ့်ဖိနပ်ကို အရင်ချွတ်ရတယ်"တဲ့။ ဆိုလိုတာက သူများပြောတာကို ကိုယ့်တစ်ဖက်သက်အမြင်နဲ့ နားမထောင်ပါနဲ့။ သူ့အမြင်ဘယ်လိုရှိမလဲဆိုတာ နှလုံးသွင်းပြီးမှ နားထောင်ပါ။ ဒါမှသာ ပြောသူနဲ့နားထောင်သူကြားမှာ အစစ်အမှန် နားလည်မှုရနိုင်စရာရှိပါတယ်။ ဒါမျိုးကိုမှ "အစစ်အမှန် နားထောင်တာ"လို့ခေါ်နိုင်မှာပါ။

တစ်ခါက သူငယ်ချင်းနှစ်ယောက် မြစ်ကမ်းဘေးမှာလေညင်းခံနေကြတယ်။ တစ်ယောက်က မျက်မှန်အစိမ်းတပ်ပြီး၊ တစ်ယောက်က မျက်မှန်အနီတပ်ထားကြတယ် ဆိုပါတော့ . . .။
မောင်စိမ်း - လှလိုက်တာကွာ၊ ရေကို စိမ်းလဲ့နေတာပဲ။
မောင်နီ - စိမ်းတယ်၊ ဟုတ်လား၊ ကိုယ့်လူ ရူးနေပြီထင်တယ်၊ ဘယ်ကလာစိမ်းရမှာလဲ။ ရေတွေမှ နီလို့ရဲလို့ . . .။
မောင်စိမ်း - မင်းဆရာဝန်နဲ့စစ်ကြည့်ဦး။ ကာလာဘလိုင်းဖြစ်နေပြီထင်တယ်။ ဒီလောက်စိမ်းနေတဲ့ဟာကို . . .။
မောင်နီ - မင်းသာ၊ ကာလာဘလိုင်းကွ၊ အနီကိုများ အစိမ်းတဲ့ . . .။
မောင်စိမ်း - အစိမ်းကွ . . .။
မောင်နီ - အနီဟေ့ . . .။

ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် ထသတ်ကြရောဆိုပါတော့ . . .။ ကိုယ့်အမြင်နဲ့ကိုယ်မှန်နေကြတော့ ဘယ်သူကမှ မလျှော့ချင်ကြဘူးလေ . . .။ ဒီတော့ သူတို့ဆက်ဆံရေးဟာ 'နိုင်-ရှုံး' ဖြစ်သွားပြီပေါ့။ တကယ်လို့သာ မျက်မှန်ချင်းလဲတပ်လိုက်ရင်၊ ပြဿနာတွေပြေလည်သွားမှာပါ။ ပြောရရင်လူတော်တော်များများဟာ နီ-တီတီ၊ ပြာ-နှမ်းနှမ်း၊ စိမ်း-တိမ်းတိမ်း၊ ဝါ-ကျင်ကျင် . . .မျက်မှန်ရောင်စုံတွေ တပ်ထားကြတာကလား။ ကိုယ့်မျက်မှန်နဲ့ကိုယ်မှန်နေကြရင် ဘယ်လိုမှ နားလည်မှုချင်း ညှိနှိုင်းစရာမရှိပါဘူး။ မျက်မှန်တွေချွတ်လိုက် . . .။ တကယ်လို့ မချွတ်နိုင်ရင်လည်း မျက်မှန်ချင်းလဲတပ်လိုက် . . .။ ဒါမှသာ အဆင်ပြေစရာ ရှိပါလိမ့်မယ်။

14/12/2015

စကားတစ်ခွန်းကြောင့်ဒုက္ခရောက်သွားနိုင်သလို၊စကားတစ်ခွန်းကြောင့်ပဲဒုက္ခကလွတ်ကင်းနိုင်တဲ့အကြောင်းကိုဆန့်ကျင်ဘက်အနေနှင့်သတိထားမိနိုင်တဲ့အကြောင်းကိုအခြေခံထားတဲ့ရာဇဝင်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

မြန်မာရာဇဝင်မှာငါးစီးရှင်ကျော်စွာလို့အမည်တွင်တဲ့ဘုရင်တပါးရှိခဲ့တယ်။အဲဒီရှင်ဘုရင်ပွဲတော်တည်ခါနီးမှာရဟန်းတုရဟန်းယောင်တယောက်ကသပိတ်ပိုက်ပြီးဆွမ်းခံလာရပ်တယ်။ဣနြေ္ဒသမ္ပတ္တိနဲ့ပြည့်စုံတဲ့အတွက်ဘုရင်ကရဟန်းတုကိုပုဂ္ဂိုလ်ထူးထင်ပြီးအလွန်ကြည်လင်တဲ့စိတ်နဲု့စားတော်ပွဲကိုသပိတ်ထဲလောင်းထည့်ပြီးလှူဒါန်းလိုက်ပါတယ်။ပြီးတော့မှမင်းချင်းတယောက်ကိုအဲဒီရဟန်းအနောက်ကလိုက်ကြည့်ဖို့ခိုင်းလိုက်ပါတယ်။ကွယ်ရာရောက်မှဈာန်အဘိညာဉ်တွေနဲ့များကြွသွားလေမလားပေါ့။ဒီလိုနှင့်မင်းချင်းဟာရဟန်းတုနောက်ကိုလိုက်ကြည့်ရင်းအလွန်စိတ်ပျက်ဖွယ်ရာမြင်ကွင်းကိုတွေ့လိုက်ရပါတယ်။အဲဒါကတော့ရဟန်းတုဟာဇရပ်တဆောင်ပေါ်တက်သွားပြီးဆွမ်းသပိတ်ကိုမိန်းမတယောက်လက်ထဲအပ်လိုက်ပြီးသင်္ကန်းနှင့်လူဝတ်ကိုလဲလိုက်တဲ့မြင်ကွင်းပါပဲ။

မင်းချင်းဟာအကြီးအကျယ်အံ့အားသင့်ပြီးစိတ်မကောင်းခြင်းကြီးစွာနှင့်နန်းတော်ကိုပြန်ခဲ့တယ်။အပြန်လမ်းတလျှောက်လုံးမှာသူစဉ်းစားနေတာက"မင်းကြီးကိုဘယ်လိုသံတော်ဦးတင်ရမလဲ။ဆိုတဲ့အကြောင်းပါ။မြင်ခဲ့တဲ့အတိုင်းလျှောက်ထားလိုက်မယ်ဆိုရင်မင်းကြီးအတွက်လည်းကြည်လင်နေတဲ့စိတ်ကလေးပျက်စီးပြီးဒေါသအကြီးအကျယ်ပေါက်ကွဲလိမ့်မယ်။ရဟန်းတုအတွက်လည်းရာဇဝတ်ဒဏ်သင့်ပြီးအသက်ခံရနိုင်တယ်။မင်းချင်းကိုယ်တိုင်အတွက်လည်းမျက်နှာမရဖြစ်လိမ့်မယ်။မင်းကြီးကိုလည်းဒေါသတွေနဲ့မပင်ပန်းစေချင်ပါဘူး။

ဒီလိုဖြစ်အောင်ဘယ်လိုမျိုးလျှောက်ထားမလဲ။လိမ်ညာပြီးသံတော်ဦးတင်လိုက်မယ်ဆိုရင်လည်းတစ်နေ့အဖြစ်မှန်ပေါ်လာရင်သူ့အတွက်ရာဇဝတ်ဒဏ်သင့်နိုင်တယ်။ဒီတော့အကျိုးမဲ့တွေလည်းမဖြစ်ရအောင်၊လိမ်ညာရာလည်းမရောက်ရအောင်သူလျှောက်ထားပုံလေးကအလွန်ပညာသားပါပါတယ်။

"ကျွန်တော်မျိုးကြည့်နေစဉ်မှာပဲအဲဒီရဟန်းရဲ့အသွင်ဟာကွယ်ပျောက်သွားပါတယ်ဘုရား"တဲ့။အဲဒီတော့မင်းကြီးဟာလက်ရုံးကိုတန်းပြီး"တွေ့ကြလား၊ငါထင်တဲ့အတိုင်းရဟန္တအရှင်မြတ်ပေပဲ"လို့မိန့်တော်မူပါသတဲ့။

"ရဟန်းအသွင်ကွယ်ပျောက်သွားတယ်"ဆိုတဲ့စကားကိုမင်းကြီးကဈာန်အဘိန်ဥာဉ်နှင့်ကြွသွားပြီးတစ်ခါတည်းပျောက်ကွယ်သွားတာလို့နားလည်သွားတာပါ။မင်းချင်းဆိုလိုတာက"ရဟန်းအသွင်ပျောက်ပြီးလူ့အသွင်ရောက်သွားတယ်"ဆိုတဲ့သဘောဖြစ်ပါတယ်။အဓိပ္ပါယ်နှစ်ခွထွက်တဲ့စကားကိုပြောလိုက်တာဖြစ်ပါတယ်။ဒါမှလည်းသူ့အတွက်နောင်တချိန်မှာဖြေရှင်းစရာလိုလာရင်ဖြေရှင်းလို့ရမှာဖြစ်ပါတယ်။

အဲဒီစကားတစ်ခွန်းကြောင့်ရဟန်းတုလည်းရာဇဝတ်ဒဏ်ကလွတ်ခဲ့တယ်။မင်းကြီးအတွက်လည်းကြည်နူးမှုတွေနဲ့စိတ်ချမ်းသာရာရခဲ့တယ်။ထူးထူးခြားခြားအဲဒီနေ့မှာပဲခွာသုံးပတ်သုံးထွာရှိတဲ့မြင်းကောင်းကြီးတစ်စီးဆက်သလာတယ်ဆိုတဲ့သတင်းကမင်းကြီးထံရောက်လာပါတယ်။မင်းကြီးဟာ"ငါ့ကုသိုလ်အကျိုးပေးပြီ"လို့ကျူးရင့်ပါသတဲ့။

အညတရမင်းချင်းတယောက်ရဲ့စကားကြောင့်အသီးသီးချမ်းသာရာရခဲ့တယ်။ဒီစကားတစ်ခွန်းရဲ့နောက်ကွယ်မှာဘာတွေရှိမလဲ။သူတစ်ပါဒုးက္ခမရောက်စေလိုတဲ့သဘော၊စိတ်ချမ်းသာစေလိုတဲ့သဘောစတဲ့မေတ္တာ၊စေတနာတွေရှိနေတယ်။အဲဒီမေတ္တာစေတနာတွေအတိုင်းဖြစ်လာအောင်ပုံဖော်ပြီးတွေးတောပြောဆိုတတ်တဲ့ပညာတွေရှိနေတယ်။အဓိကကတော့အဲဒီမေတ္တာတွေ၊စေတနာတွေ၊ပညာတွေကြောင့်ဒီစကားတစ်ခွန်းဖြစ်လာပြီးကြည်နူးစရာသမိုင်းကြောင်းလေးကိုမှတ်တမ်းတင်နိုင်တာဖြစ်ပါတယ်။

စကားတို့၏အစွမ်း
ရှင်ဥတ္တမ(သစ္စာရွှေစည်)

09/12/2015

စကားကိုဘယ်လိုပြောမလဲ
============

ဘယ်လိုစကားမျိုးကို ဘယ်လိုစိတ်ထားနှင့်ပြောရမလဲဆိုတာကို မြတ်စွာဘုရားရဲ့ ဒေသနာတော်တွေထဲမှာအများကြီးသင်ကြားထားတာကိုတွေ့ရပါတယ်။"ဝါစာသုတ္တန်"မှာလာတဲ့"မှန်ကန်ပြီး အကျိုးရှိတဲ့စကားမျိုးကို အချိန်အခါကြည့်ပြီး မေတ္တာစိတ်နှင့်နူးညံ့စွာ ပြောဆိုတတ်ရမယ်" ဆိုတဲ့အဆုံးအမကတော့ စကားပြောဆိုခြင်းနှင့် ပတ်သက်ပြီး အလွန်ပြည့်စုံကောင်းမွန်တဲ့ အဆုံးအမပါ။ဒီအဆုံးအမနှင့်အညီပြောတတ်မယ်ဆိုရင်တော့ ကိုယ့်အပြောကြောင့် ကိုယ်လည်းမဆင်းရဲနိုင်သလို ကြားရတဲ့သူလည်း မဆင်းရဲနိုင်ပါဘူး။မဆင်းရဲနိုင်တဲ့အပြင် ပြောသူကြားသူ နှစ်ဖက်လူထံကို ချမ်းသာသုခတွေကိုတောင် ဆောင်ကျဉ်းလာပါလိမ့်မယ်။
မြတ်စွာဘုရား ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးတော်မူတုန်းက ရာဇဂြိုလ်ပြည့်ရှင် ဘုရင်အဇာတသတ်ရဲ့အမတ်ချုပ်ကြီး ဖြစ်တဲ့ ဝဿကာရ ဟာမြတ်စွာဘုရားဆီရောက်လာပြီး မည်သူမဆိုမြင်တာကိုမြင်တဲ့အတိုင်း၊ကြားတာကိုကြားတဲ့အတိုင်း၊သိတာကိုသိတဲ့အတိုင်း ပြောရင်အပြစ်မရှိဟု ယူဆပါကြောင်းလျှောက်ထားတဲ့အခါ မြတ်စွာဘုရားက လက်မခံခဲ့ပါဘူး။
"မြင်တဲ့အတိုင်း၊ကြားတဲ့အတိုင်း၊တွေ့တဲ့အတိုင်း၊သိတဲ့အတိုင်း ပြောလို့အကုသိုလ်တွေတိုးပြီး ကုသိုလ်တရားတွေဆုတ်ယုတ်မယ်ဆိုရင် အဲဒီစကားကို မပြောသင့်ဘူး။မြင်တဲ့အတိုင်း၊ကြားတဲ့အတိုင်း၊တွေ့တဲ့အတိုင်း၊သိတဲ့အတိုင်း မပြောလို့ အကုသိုလ်တွေတိုးပြီး ကုသိုလ်တရားတွေဆုတ်ယုတ်နေမယ်ဆိုရင် အဲဒီစကားကိုပြောရမယ်"အမိန့်ရှိပါတယ်။
ဆိုလိုတာက မြင်တိုင်း၊ကြားတိုင်း၊တွေ့တိုင်း၊သိတိုင်းပြောလို့ဖြစ်တာမဟုတ်ဘူး။စဉ်းစားဆင်ခြင်ပြီးပြောသင့်မှပြောဆိုတဲ့ အဓိပ္ပါယ်ပါ။စကားပြောဆိုမှုနှင့်ပတ်သက်လို့ အလွန်လေးနက်ပြီးတန်ဖိုးကြီးတဲ့ အဆုံးအမ တစ်ခုဖြစ်ပါတယ်။ဒီသဘောတွေကို နားမလည်ဘဲ "တို့ကတော့ မြင်တဲ့အတိုင်း၊ကြားတဲ့အတိုင်း ပြောရမှာပဲ၊ဟုတ်ရင်တော့မပြောပဲမနေနိုင်ဘူး"ဆိုပြီးမဆင်မခြင် ပြောကြမယ်ဆိုရင်တော့ ဒုက္ခလှလှတွေ့ရပါလိမ့်မယ်။

စကားတို့၏အစွမ်း
အရှင်ဥတ္တမ(သစ္စာရွှေစည်)

Address

Zay-Kyo
Mawlamyine

Website

Alerts

Be the first to know and let us send you an email when ကောင်းနိုးရာရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category