No 6 S.H.S

No 6 S.H.S our school

ဒီဓါတ်ပုံထဲကဆရာမတွေကိုသိနဲ့သူကတော့မောတင်လိန်းဂျက်ဆင် နဲ့ ၆ အထက အစပိုင်းက်ုမှီတဲ့သူတွေပါ၊
12/07/2024

ဒီဓါတ်ပုံထဲကဆရာမတွေကိုသိနဲ့သူကတော့မောတင်လိန်းဂျက်ဆင် နဲ့ ၆ အထက အစပိုင်းက်ုမှီတဲ့သူတွေပါ၊

တို့ငယ်ငယ်တုံးက ကျောင်းသားကဒ်
12/07/2024

တို့ငယ်ငယ်တုံးက ကျောင်းသားကဒ်

အမေ( ဒေါ်ညွှန့်ရီ)ရဲ့albumထဲကတွေ့ရသော 6 S.H.S ခေတ်တုံးကဓါတ်ပုံပါ၁၉၇၆-၇၇6Eလို့ရေးထားပါတယ်
11/07/2024

အမေ( ဒေါ်ညွှန့်ရီ)ရဲ့albumထဲကတွေ့ရသော 6 S.H.S ခေတ်တုံးကဓါတ်ပုံပါ
၁၉၇၆-၇၇
6Eလို့ရေးထားပါတယ်

13/01/2020

ဆရာကန်တော့ပွဲကြီးအောင်မြင်စွာပြီးဆုံးသွားပါပြီး၊ကန်တော့ပွဲအပြီးမှာမှဒီလိုpost လေးကိုဖတ်ရတော့ဆရာ၊ဆရာမများကိုပိုပြီးသတိရမိစေတယ်....
အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့တပည့်က လမ်းမပေါ်ကနေ
လမ်းလျှောက်လာတဲ့ဆရာကိုမြင်တော့ နောက်ကနေ လိုက်လာပြီး
ပြုံးဖြဲဖြဲနဲ့လာနှုတ်ဆက်တယ်။

လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းက သောက်လက်စ ဆေးလိပ်ကလေးဝှက်ပြီး ဆရာနေကောင်းလား ဘာလား လာနှုတ်ဆက်တဲ့တပည့်မျိုးနဲ့ကြုံဖူးတယ်။

တစ်ခါတစ်လေ ဘောလုံးကွင်းသွားရင် ဆရာဝင်ကန်လို့ရအောင် ခဏထွက်ပေးမယ့် တပည့်မျိုးလည်း ကြုံဖူးတယ်။

ပျက်နေတဲ့ကိုယ့်ဆိုင်ကယ်လေးကို စေတနာပါပါပြင်ပေးပြီး ဆိုင်ကယ်ပြင်ခကို ဘယ်လိုပေးပေးမယူတဲ့အင်္ကျိမှာဆီချေးအထပ်ထပ်နဲ့တပည့်မျိုးနဲ့လည်းကြုံဖူးခဲ့တယ်။

အမှန်အတိုင်းပြောရရင် သူတို့လေးတွေက ကိုးတန်း ဆယ်တန်းတုန်းက စာမတော်ခဲ့ဘူး။ သူတို့လေးတွေအတွက် ကျွန်တော်သိပ်ပြီး မကြိုးစားပေးမိခဲ့ဘူး။ ဂုဏ်ထူးရမယ့် တပည့်လေးတွေလောက် အားမကိုးမိခဲ့ဘူး။ ဆယ်တန်း အောင်ချက်နဲ့ ဂုဏ်ထူးရရေးကိုသာ အဓိက ပေးပြီး ကြိုးစားခဲ့မိတယ်။

အောင်သွားသူတွေ ဂုဏ်ထူးရသွားသူတွေအတွက် ကျွန်တော်ဂုဏ်ယူမိခဲ့တာအမှန်ပဲ။
ဒါပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်မှာ ဘဝကိုရုန်းကန်နေတဲ့တပည့်တွေအတွက် ဂုဏ်ယူပေးဖို့ ကျွန်တော်မေ့နေခဲ့မိတယ်။

တစ်ချို့ဆယ်တန်းအောင်တပည့်တွေက ကိုယ့်ကိုနှုတ်ဆက်ဖို့ တွန့်ဆုတ်နေချိန်မှာ အပြင်ရောက်သွားတဲ့ကလေးက အရက်မူးမူးနဲ့ လာနှုတ်ဆက်နေတယ်။

ဂုဏ်ထူးရဖို့ဖိပြီးကြိုးစားလုပ်ပေးခဲ့တဲ့တပည့်ထက် မထင်မှတ်ဘဲ အောင်သွားတဲ့တပည့်က ကိုယ့်ကို တွေ့တိုင်း နှုတ်ဆက်ပြုံးပြဖော်ရတယ်။

လက်ဖက်ရည်ဆိုင်မှာ တက္ကသိုလ်ကျောင်းသားကြီးက game ကစားမပျက်ပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်ရောက်သွားတဲ့ကလေးက ဆေးလိပ်ကလေး ဝှက်ပြီး လာနှုတ်ဆက်တယ်။

ကိုယ်ဟာ တစ်ချို့တပည့်တွေအတွက် hero တစ်ယောက်ပါလို့ကိုယ့်ကိုယ့်ကိုထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီတပည့်တွေက ကိုယ့်ကို သတိရပုံတောင် မပေါ်ဘူး။
ဒါပေမယ့် ကိုယ်သတိမထားမိတဲ့ တပည့်တွေက ကိုယ့်ကို hero တစ်ယောက်အဖြစ် သတ်မှတ်ထားတာရှိတယ်ဆိုတာကို တွေ့လာရတယ်။

အောင်ချက်နဲ့ ဂုဏ်ထူးက ဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့တော့ ပညာမတော်တဲ့တပည့်လေးတွေက ဂုဏ်ငယ်စရာတွေပေးသလိုဖြစ်နေခဲ့တယ်။

အခုတော့ နားလည်လာပါပြီ။ ကျွန်တော်တို့ကိုယ်တိုင်က ပညာနောက်လိုက်ရင်း စိတ်ဓာတ်နဲ့ စည်းကမ်းတွေကို မေ့လာကြတယ်။
စိတ်ဓာတ်လေးတွေကိုပြင်ပေးဖို့ထက် ကျက်ထား၊ တွက်ထားတဲ့စာအမှားတွေကိုပြင်ပေးဖို့ စိတ်သန်နေခဲ့တယ်။
လူ့ဘောင်စည်းမျဉ်းနဲ့အညီနေတတ်ဖို့ထက် အမှတ်ပေးစည်းမျဉ်းနဲ့အညီဖြေတတ်ဖို့ကိုပဲ ဦးစားပေးခဲ့မိတယ်။

တက္ကသိုလ်မှာအပျော်လွန်ပြီး စာမေးပွဲကျတဲ့တပည့်တွေရဲ့သတင်းတွေကြားမိတော့ ပုစ္ဆာတွက်နည်းတွေပဲသင်ပေးခဲ့မိပြီး ကိုယ့်ဘဝကိုယ်ထိန်းနည်းတွေမသင်ပေးခဲ့မိတဲ့ ကျွန်တော့်ကိုယ့်ကျွန်တော် စိတ်မသန့်ဘူး။

ပညာမတော်ချင်နေ ဘဝမှာ စိတ်ဓာတ်နဲ့ စိတ်ကမ်းကောင်းရင် ထိပ်ဆဲုံးရောက်နိုင်သေးတယ်ဆိုတာ တပည့်တွေကို ပြောပြဖို့ အကြိမိကြိမ်ဆွံ့အ ခဲ့မိတယ်။

တပည့်ရေ ဆရာ့ကိုခွင့်လွှတ်ပေးကြပါ။ အောင်ချက်နဲ့ဂုဏ်ထူးက လောလောဆယ်နိုင်ငံတော်ရဲ့ အလိုချင်ဆုံး product တွေဖြစ်နေတော့ စိတ်ဓာတ်နဲ့စည်းကမ်းပိုင်းကို တော်တော်လေး မလေးမထား ပေါ့လျော့မိခဲ့ပါတယ်။

စာရိတ္တအချိန်တိုင်း physics စာအုပ်ယူခိုင်းတုန်းကယူခိုင်းပြီးမှ ကျွန်တော်တပည့်တွေထဲက တစ်ချို့က ဆရာတွေကို နှုတ်ဆက်ဖော်တော်မရဘူးလို့ ပြောရင် ကျွန်တော်ပဲလွန်မှာပေါ့။

ကာယအချိန်အတိုင်းအင်္ဂလိပ်စာတွေသင်ပေးခဲ့ပြီးမှ နောက်လာတဲ့ကလေးတွေ အားကစားမှာ ညံ့လာတယ်လို့ ကျွန်တော် မဝေဖန်ရဲတော့ဘူး။

ပန်ချီ/ရသ/သက်မွေးချိန်မှာ သင်ရိုးနောက်မမှီတဲ့ဘာသာကို အစားထိုးတွန်းတိုက်သင်တုန်းကသင်ပြီးမှ ခေတ်ကလေးတွေ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးလာတဲ့အကြောင်း အာမချောင်ချင်တော့ဘူး။

ဘဝချိန်မှာ ဘာသင်ရတာလဲတောင် မသိတဲ့ ကလေးတွေ အများဆိုတော့ လူမှုနေထိုင်ရေးနဲ့ဆက်ဆံရေးမှာ ဘယ်လိုယဉ်ကျေးလာတော့မလဲ။

အောင်ချက်နဲ့ ဂုဏ်ထူး အရေးကြီးနဲ့စနစ်မှာ ဒါတွေကို တကူးတကလာသင်ပေးနေရင်ရော ဘယ်သူက အလေးထားပါ့မလဲ။

ပြောရင် မုန့်လုံးစက္ကူကပ်လာနိုင်တယ်။

အစွယ်လိုသူရယ် အသွားစေခိုင်းသူရယ်
လေးပစ်သူ ကျွန်တော်တို့ရယ် အားလုံးက တစ်လမ်းထဲလျှောက်လာတာပဲလေ။

ပညာတော်ပေမယ့် စိတ်ဓာတ်ပျက်လာတဲ့တပည့်တွေနဲ့စည်ကမ်းလိုက်နာနိုင်စွမ်းနည်းတဲ့တပည့်တွေကို မြင်မိတိုင်း ကိုယ်လည်း ကြံရာပါတစ်ယောက်ဖြစ်ခဲ့သလို ခံစားမိရင်း.......။

မူရင်းရေးသူကိုလေးစားလျက်ပါ
ထပ်ဆင့်မျှဝေပါတယ်ခင်ဗျာ
mgmgsoe.

20/12/2019

paying homage to teachers of( morton lane judson),no .6s.h.s

20/12/2019

၆ အ.ထ.က မော်တင်လိန်းဂျက်ဆင်အမှတ်တရမဂ္ဂဇင်းဖတ်အပြီးပေါ်လာသောအမှတ်တရအချို့
ကျွန်တော်ကျောင်းတော်ကြီးရောက်စတွင်မော်တင်လိန်းဂျက်ဆင်အဖြစ်သာရှိနေသေးသော်လည်းအန်တီရု၊တီချယ်ဒေါ်ဒွေး၊တို့ကိုမူဆရာမများအဖြစ်မတွေ့ရတော့သူငယ်တန်းတွင်​​​ဒေါ်ဒေစီ၊တီချယ်ဒေါ်အုံး​​ရွှေ(ပထမတန်း)၊တီချယ်ဒေါ်မြတ်ချို(သူငယ်တန်းကြီး)၊ဒေါ်ကြွေ(ဒုတိယတန်း)၊ဒေါ်ခင်ခင်သန်း(တတိယတန်း)၊ဒေါ်ခင်လှဝင်း(စတုတ္ထတန်း)၊ဒေါ်ဖက်ဖူး(ပဥ္စမတန်း)၊ဒေါ်ညွန့်ရီ(ဆဠမတန်း)၊ဦးမြတ်မောင်..သိပ္ပံမောင်ဝ(သတ္တမတန်း)၊ဒေါ်လွမ်လွမ်(အဌမတန်း)၊ဒေါ်ခင်မာမာ(နဝမတန်း)၊ဦးအုံးကျင်(ဒသာမတန်း)တို့ဖြစ်ကြပါသည်၊
ကျောင်းအုပ်အဖြစ်ဆရာကြီးဦးအောင်ကြွယ်မှာ၆တန်းအထိရှိခဲ့ပြီး၇တန်းမှ၁၀တန်းအထိဦးတင်ဦးရှိနေခဲ့ပါသည်၊

၆ အ.ထ.က ယခင်မော်တင်လိန်းဂျက်ဆင်အမှတ်တရမဂ္ဂဇင်းကိုပိုဖွင့်ဖြစ်လေ၊ပိုနှစ်သက်စရာ၊ပိုအမှတ်ရစရာ​တွေများများလာပါတယ်၊အဲဒီအထဲကမှ...
20/12/2019

၆ အ.ထ.က ယခင်မော်တင်လိန်းဂျက်ဆင်အမှတ်တရမဂ္ဂဇင်းကိုပိုဖွင့်ဖြစ်လေ၊ပိုနှစ်သက်စရာ၊ပိုအမှတ်ရစရာ​တွေများများလာပါတယ်၊အဲဒီအထဲကမှMလှိုင်ရဲ့မော်တင်လိန်းဂျက်ဆင်မှမွေးဖွားလာသော(၆)အထက ဆိုတဲ့အပိုင်း လဲရောက်ရောတချိန်ကဆရာမတဦးဖြစ်ခဲ့ဘူးတဲ့ကျွန်တော့အမေရဲ့စာသင်ပြပုံလေး​ဖေါ်​ပြထားတာကိုတွေ့ရဖတ်ရတော့ဆုံးသွား​​​​​ပြီဖြစ်တဲ့ကျွန်တော့အမေ၊အခြားဆရာ၊ဆရာမများ၊ကျောင်းတော်ကြီးနဲ့ငယ်သူငယ်ချင်းများကိုအရင်ကထက်ပိုသတိရမိစေပါတယ်၊
ကျေးဇူးပါ M လှိုင်ခင်ဗျား..

ယနေ့ကိုမြင့်သိန်းကအမှတ် ၆ အ.ထ.က ယခင်မော်တင်လိန်းဂျက်ဆင်အမှတ်တရမဂ္ဂဇင်းပေးပါတယ်၊အကုန်လုံးမဖတ်ရသေးပေမဲ့ ဒီစာပိုဒ်လေးတွေ့တေ...
20/12/2019

ယနေ့ကိုမြင့်သိန်းကအမှတ် ၆ အ.ထ.က ယခင်မော်တင်လိန်းဂျက်ဆင်အမှတ်တရမဂ္ဂဇင်းပေးပါတယ်၊အကုန်လုံးမဖတ်ရသေးပေမဲ့ ဒီစာပိုဒ်လေးတွေ့တော့ကျွန်တော်တွေးခဲ့ဘူးတာနဲ့တူနေတာတွေ့ရတယ်

credit:ko ko naing
13/12/2019

credit:ko ko naing

13/12/2019

school's buildings

Address

Upper Main Road
Mawlamyine

Website

Alerts

Be the first to know and let us send you an email when No 6 S.H.S posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category