Basic Education High School No.1 Mawlamyine

Basic Education High School No.1 Mawlamyine မြန်မာ့အထက်တန်းကျောင်းသမိုင်းအစ

(၂၄)ကြိမ်မြောက်အာစရိယပူဇော်ပွဲကြိုမိတ်ဆုံညစာစားပွဲလေးကိုကျင်းပပြုလုပ်ခဲ့ကြတဲ့၈၅/၈၆ကျောင်းသားဟောင်းများအဖွဲ့ကိုအထူးပင်လေး...
14/01/2018

(၂၄)ကြိမ်မြောက်အာစရိယပူဇော်ပွဲကြို
မိတ်ဆုံညစာစားပွဲလေးကို
ကျင်းပပြုလုပ်ခဲ့ကြတဲ့
၈၅/၈၆ကျောင်းသားဟောင်းများအဖွဲ့ကို
အထူးပင်လေးစားအားကျမိပါတယ်။

ပြပွဲပုံရိပ်အချို့
05/01/2018

ပြပွဲပုံရိပ်အချို့

"STATE(1)LOGO"ဒီlogoလေးက၁၉၃၃ခုနှစ်မတ်လမှာထုတ်ဝေခဲ့တဲ့The Government High School Magazineမျက်နှာဖုံးမှာအသုံးပြုခဲ့တဲ့ကျော...
26/12/2017

"STATE(1)LOGO"

ဒီlogoလေးက
၁၉၃၃ခုနှစ်မတ်လမှာထုတ်ဝေခဲ့တဲ့
The Government High School Magazine
မျက်နှာဖုံးမှာအသုံးပြုခဲ့တဲ့
ကျောင်းရဲ့logoဖြစ်ပါတယ်။

အမှတ်(၁)အ.ထ.က မော်လမြိုင်မြို့မှာပညာသင်ကြားခဲ့ဖူးသောကျောင်းသား/သူများအားလုံးကိုလေးစားစွာအသိပေးနှိုးဆော်အပ်ပါတယ်။တို့တတွေရ...
23/12/2017

အမှတ်(၁)အ.ထ.က မော်လမြိုင်မြို့မှာ
ပညာသင်ကြားခဲ့ဖူးသော
ကျောင်းသား/သူများအားလုံးကို
လေးစားစွာအသိပေးနှိုးဆော်အပ်ပါတယ်။

တို့တတွေရဲ့ဘဝတကွေ့မှာ
ခေတ္တခိုလှုံခွင့်ရခဲ့သော
ကျောင်းတော်ကြီးရဲ့အာစရိယနွယ်ဝင်
မြတ်ဆရာပူဇော်ပွဲကြီးကို
အစဉ်အလာမပျက်နှစ်စဉ်ကျင်းပလာခဲ့ရာ
ငွေရတုကြို(၂၄)နှစ်တိုင်ခဲ့ပါပြီ။

မြတ်ဆရာတို့ရဲ့
စေတနာ မေတ္တာ ဂရုဏာတို့ကို
အမြဲတမ်းအောက်မေ့သတိရနေစေတဲ့
အာစရိယပူဇော်ပွဲအောင်မြင်စွာ
ကျင်းပပြုလုပ်နိုင်အောင်ဦးဆောင်ပေးကြသူ
စီနီယာကြီးတွေရဲ့အားထုတ်ကြိုးပမ်းမှုတွေကို
မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရာ
အချို့သောစီနီယာများမှာအသက်(၈၀)ကျော်
အိုမင်းသည့်အရွယ်သို့ရောက်ရှိနေသည့်တိုင်
ကျောင်းတော်ကြီးအတွက်စွမ်းသလောက်
ကူညီပံ့ပိုးနေကြတဲ့အတွက်
လေးစားကြည်ညိုမိသလို
စိတ်မကောင်းလည်းဖြစ်ရပါတယ်။

မိမိကိုယ်တိုင်လည်းပူဇော်ငွေများကို
မြောက်များစွာထည့်ဝင်ပေးနိုင်ခြင်းမရှိသလို
ကူညီကောက်ခံပေးဖို့ရန်လည်းမစွမ်းနိုင်ရာ
ကျောင်းရဲ့လှုပ်ရှားမှုများကို
ကျောင်းသားဟောင်းအများစု
သိရှိနိုင်ကြစေဖို့ရည်ရွယ်ပြီး
ငွေရတုအကြိုပြပွဲလေးတစ်ခုပြုလုပ်ဖို့
ဆွေးနွေးအကြံပြုရာ
နာယကကြီးများနဲ့စီနီယာများက
ပံ့ပိုးကူညီပေးကြသလိုလက်လှမ်းမီရာ
ကျောင်းသား/သူဟောင်းများကလည်း
ပူးပေါင်းပါဝင်ပေးကြတဲ့အတွက်
ယခုလိုပြပွဲလေးတစ်ခု
စတင်ကျင်းပနိုင်ဖို့ဖြစ်လာခဲ့ရပါပြီ။

ပြပွဲမှာအသုံးပြုမယ့်အချက်အလက်များကို
လက်လှမ်းမီရာစုစည်းထားကြရသဖြင့်
လိုအပ်ချက်များရှိနေမှာမလွှဲပါဘူး
ထို့အတွက်ကြောင့်
ကျောင်းတော်ကြီးနဲ့ပတ်သက်တဲ့
မိမိတို့လက်လှမ်းမှီရာ
သတင်းအချက်အလက်များကို
ပေးပို့ကြဖို့လေးစားစွာနှိုးဆော်အပ်ပါတယ်။

ယခုပြပွဲလေးသည်
တစ်ဦးတစ်ယောက်ကဦးဆောင်ပြီး
ပုဂ္ဂလိကတစ်ဦးတည်းကိုရည်ရွယ်သော
ပြပွဲမဟုတ်ပဲအမှတ်(၁)ကျောင်းသား/သူ
မည်သူမဆိုပူးပေါင်းပါဝင်စေတဲ့
ကျောင်းတော်ကြီးကိုကိုယ်စားပြုတဲ့
Activitie လေးတစ်ခုဖြစ်ပါတယ်။

လက်ရှိစုစည်းရရှိသောအချက်အလက်များမှာ
လက်လှမ်းမှီရာစုဆောင်းထားခြင်းဖြစ်ပါတယ်
ဆက်လက်ပေးပို့ကြဖို့လည်း
တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

ပြပွဲလေးမှာ
#အာစရိယပူဇော်ခံဆရာကြီးဦးကြည်လွင်ရဲ့
#ကာတွန်းလက်ရာများ၊

#ဂုဏ်ထူးဆောင်ကျောင်းသားဟောင်းများရဲ့
#နိုင်ငံ့ဂုဏ်ဆောင်ဆုတံဆိပ်များ၊

#စနစ်တကျထိမ်းသိမ်းထားရှိထားသော
#ကျောင်းအမှတ်တရပစ္စည်းများ

အစရှိသည်တို့အား
ဓါတ်ပုံများဖြင့်ရိုက်ကူးပြသခြင်းမျိုးမဟုတ်ပဲ
ပစ္စည်းအစစ်များကိုခင်းကျင်းပြသထားမှာ
ဖြစ်ပါတယ်။

#ပြပွဲလေးကိုလာရောက်သူများအတွက်
#ကျောင်းသားဟောင်းများဖြစ်ကြတဲ့
#မင်းဇော်(Guitarist,Focus Music Band)
#ယုနိုင်(Guitarist,MgYuFingerstyle)
#သက်ဖူး(Keyboard,Musician)တို့က
လေးနဲ့
#ဖျော်ဖြေတင်ဆက်ပေးမှာဖြစ်သလို
#ကျောင်းတော်ကြီးအတွက်ကူညီပေးနိုင်မယ့်
#ဂီတသမားများကိုလည်းပူးပေါင်းပါဝင်ပေးဖို့
#လေးစားစွာဖိတ်မဏ္ဍကပြုပါတယ်။

ပြပွဲလေးနှင့်အတူ
ရံပုံငွေတီရှပ်များနဲ့သော့ချိတ်များအား
ရောင်းချပေးသွားမှာဖြစ်ပါတယ်။
အမြတ်ငွေများကိုအာစရိယပူဇော်ငွေအဖြစ်
ထည့်ဝင်လှူဒါန်းပေးမှာဖြစ်ပါတယ်။

" ယခုအခါ အမှတ်(၁)
အခြေခံပညာအထက်တန်းကျောင်းဟု
ခေါ်တွင်သော
အစိုးရအထက်တန်းကျောင်းသည်
ကျွန်တော့ဘဝ ထိပ်တန်းရောက်ဖို့
ပုံသွင်းပေးသည့်
ကျေးဇူးရှင်ကျောင်းတော်ကြီးပင် "
ဒေါက်တာလှဘေ
(M.A.Dip.Ed,PhD)
အငြိမ်းစားမြန်မာစာပါမောက္ခ
(လန်ဒန်တက္ကသိုလ်)
အ.ထ.က(၁) မော်လမြိုင်မြို့၏
ဂုဏ်ထူးဆောင်ကျောင်းသားဟောင်း(၁၉၃၁)

" မြန်မာ့အထက်တန်းကျောင်းသမိုင်းအစ
အမှတ်(၁)အ.ထ.က မော်လမြိုင်မြို့က "

ဆောင်ပုဒ်ရှိသလို
စာပေ၊ဂီတ၊ရုပ်ရှင်အနုပညာရှင်များ
အားကစားထူးချွန်သူအများအပြား
ထွက်ပေါ်ခဲ့တဲ့
ကျောင်းတော်ကြီးရဲ့အရိပ်အာဝါသသို့
ခေတ္တအလည်ပြန်ကာ
မြတ်ဆရာတို့အားရှိခိုးကန်တော့မယ့်
အာစရိယပူဇော်ပွဲအကြိုပြပွဲလေးကို
ပူးပေါင်းပါဝင်ကူညီပေးကြဖို့
လေးစားစွာတိုက်တွန်းနှိုးဆော်လိုက်ရသလို

တစ်ရက်ဖြစ်ပါစေ
ဘယ်၍ဖြစ်ပါစေ
ဘဝတကွေ့မှာ
ခေတ္တခိုလှုံခဲ့ဖူးတဲ့
ကျောင်းတော်ကြီးက
သင့်ကိုနွေးထွေးစွာကြိုဆိုနေလျက်ပါ။

#ဆက်သွယ်ရန်
စာပေအနုပညာများပေးပို့လိုပါက
ဆရာမကြီးဒေါ်ချိုချိုနွယ်
အ.ထ.က(၁)ရုံးခန်း
09425361501
09727067

ဂီတဖျော်ဖြေရေး
ကိုမင်းဇော်
09976901445

အထွေထွေ
ကိုမိုးကျော်
095177066

ကိုအောင်မိုးထွေး
095320330

ကိုဇော်လွင်ဦး
09425048992

#အချက်အလက်များကို
(28.12.2017)နောက်ဆုံးထားပေးပို့ကြပါရန်

Address

Mawlamyine, Mon State
Mawlamyine

Website

Alerts

Be the first to know and let us send you an email when Basic Education High School No.1 Mawlamyine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share