21/08/2026
🏆 ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များသို့ ခြေလှမ်းသစ်! Hinthar Mawlamyine တွင် OSSD တန်းခွဲသစ် ဖွင့်လှစ်ပါမည်။ 🏆
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ရင်သွေးငယ်များ၏ အနာဂတ်အတွက် သတင်းကောင်း! ✨ Hinthar International School - Mawlamyine က ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြုထားတဲ့ ကနေဒါနိုင်ငံရဲ့ Ontario Secondary School Diploma (OSSD) တန်းခွဲသစ်ကို လာမယ့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
🌎 ၁၀၀% ONLINE CLASS — ကမ္ဘာ့မည်သည့်နေရာမှမဆို တက်ရောက်နိုင်သည်!
ရန်ကုန်၊ မန္တလေး သို့မဟုတ် နိုင်ငံခြားရောက်နေသည့် ကျောင်းသားများပင် အဆင်ပြေစွာ တက်ရောက်နိုင်ပြီး အချိန်နှင့် ကုန်ကျစရိတ်ကို သက်သာစေမည့် အကောင်းဆုံးအခွင့်အလမ်း ဖြစ်ပါတယ်။
🤔 ဘာကြောင့် OSSD ကို ရွေးချယ်သင့်သလဲ?
💡 တိုက်ရိုက်ဝင်ခွင့် (Direct Entry): OSSD ပြီးမြောက်ပါက ကနေဒါ၊ အမေရိကန်၊ ယူကေ၊ ဩစတြေးလျနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ High Ranking၊ Global Recognized တက္ကသိုလ်ကြီးများသို့ တိုက်ရိုက်ဝင်ခွင့် လျှောက်ထားနိုင်ပါသည်။
💡 ကျောင်းသားဗဟိုပြု သင်ကြားမှု: ကျက်သေနတ်စနစ်မဟုတ်ဘဲ ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking)၊ Problem Solving နှင့် ပေါင်းသင်းဆက်ဆံရေး (Soft Skills) များကို ဦးစားပေးသော ကနေဒါသင်ရိုးညွှန်းတမ်း ဖြစ်ပါသည်။
💡 စိတ်ဖိအားနည်းခြင်း: စာမေးပွဲတစ်ခုတည်းအပေါ် မမူတည်ဘဲ၊ စာသင်ခန်းတွင်း တက်ကြွမှုနှင့် အိမ်စာ (Assignments) များအပေါ် တွက်ချက်သည့် Continuous Assessment စနစ် ဖြစ်ပါသည်။
🏫 Hinthar Mawlamyine ၏ အောင်မြင်မှုသမိုင်းကြောင်းများ
Hinthar Education သည် ကျောင်းသား/သူများအား ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များသို့ စေလွှတ်ပေးနိုင်ခဲ့သည့် ခိုင်မာသော စွမ်းဆောင်ရည်ရှိပါသည်။ ကျွန်ုပ်တို့၏ သက်သေပြပြီးသား အောင်မြင်မှုများကို အခြေခံ၍ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မိဘများနှင့် ကျောင်းသားများအနေဖြင့် စိတ်ချလက်ချ ရွေးချယ်နိုင်ပါသည်။
"သင့်ကလေး၏ အနာဂတ် အိမ်မက်များကို ကမ္ဘာ့အဆင့်မီ ပညာရေးနှင့် အကောင်အထည်ဖော်လိုက်ပါ။"
✅ ဘယ်သူတွေ Join နိုင်သလဲ?
iGCSE O Level ပြီးမြောက်ထားသော ကျောင်းသားများ
Grade 11 တက်ရောက်နေသော ကျောင်းသားများ
📌 အသေးစိတ် စုံစမ်းမေးမြန်းရန်နှင့် ကျောင်းအပ်နှံရန်:
📩 Messenger: m.me/Hinthar.Mawlamyine
📞 Hotline: 09 894 33 22 00
🌐 Website: www.hinthar.education
#ဟင်္သာနှင့်အတူအမြင့်ဆုံးသို့