Computer King

လှေကို ဆေးသုတ်ပေးဖို့ လှေပိုင်ရှင်က သူ့ကို အလုပ်အပ်တယ်။ စုတ်တံနဲ့ ဆေးဘူး ဝယ်ပြီး လှေပိုင်ရှင် လိုချင်တဲ့အတိုင်း အနီရောင်...
28/09/2022

လှေကို ဆေးသုတ်ပေးဖို့
လှေပိုင်ရှင်က သူ့ကို
အလုပ်အပ်တယ်။

စုတ်တံနဲ့ ဆေးဘူး ဝယ်ပြီး
လှေပိုင်ရှင်
လိုချင်တဲ့အတိုင်း
အနီရောင်
တောက်တောက်လေး
သုတ်ပေးလိုက်တယ်။

ဆေးသုတ်နေရင်းနဲ့
လှေဝမ်းဗိုက်မှာ
အပေါက်လေးတစ်ပေါက်
ပေါက်နေတာကို
သတိထားမိတာနဲ့
အပေါက်လေးကိုပါ
ဖာပေးလိုက်တယ်။

လှေတစ်စီးလုံး
ဆေးသုတ်ပြီးသွားတော့
လက်ခငွေယူပြီး
သူ ပြန်လာခဲ့တာပေါ့။

နောက်နေ့ကျတော့
လှေပိုင်ရှင်က သူ့ဆီလာပြီး
ချက်လက်မှတ်
တစ်စောင်ပေးတယ်။

ချက်လက်မှတ်ထဲမှာ
ရေးထားတဲ့ငွေပမာဏက
တော်တော်များတယ်။

ဒီတော့
ဆေးသုတ်သမားလည်း
အံ့အားသင့်နေတာပေါ့။ ''

ကျွန်တော့်ကို
မနေ့က ဆေးသုတ်ခ
ပေးပြီးသွားပါပြီခင်ဗျာ''
လို့ ပြောတော့ ''

ဒါက ဆေးသုတ်ခ
ပေးတာမဟုတ်ပါဘူး။

လှေအပေါက်ကို
ဖာပေးလို့ ပေးတာပါ'' လို့
လှေပိုင်ရှင်က ပြန်ပြောသတဲ့။

အော် ရပါတယ် ဆရာ။

ကျွန်တော် လုပ်ပေးတာ
အသေးအဖွဲလေးပါ။

ဒီလောက်အများကြီး
ပေးစရာမလိုပါဘူး''
ဆိုတော့မှ လှေပိုင်ရှင်က
ဖြစ်ကြောင်းကုန်စင်
ရှင်းပြတယ်။

ဖြစ်ပျက်ခဲ့တာတွေကို
မိတ်ဆွေကြီးက
မသိသေးဘူးဆိုတော့
ကျွန်တော် ရှင်းပြပါ့မယ်။

လှေကို
ဆေးသုတ်ခိုင်းတုန်းက
လှေဝမ်းဗိုက်မှာ
အပေါက်ရှိနေတာကို
မပြောလိုက်မိဘူး။

ဆေးခြောက်သွားတာနဲ့
ကျွန်တော့်ကလေးတွေက
လှေကိုယူပြီး
ငါးမျှားထွက်ကြတယ်လေ။

သူတို့ကလည်း
လှေဝမ်းဗိုက်မှာ
အပေါက်ရှိနေမှန်း
မသိကွဘူး။

အဲဒီအချိန်မှာ
ကျွန်တော်ကလည်း
အိမ်မှာ မရှိဘူးလေ။

ကျွန်တော်
အိမ်ပြန်ရောက်တော့
ကလေးတွေ
လှေယူသွားမှန်း
သိလိုက်ရတာနဲ့
ထိတ်ခနဲ
ဖြစ်သွားတော့တာပေါ့။

လှေဝမ်းဗိုက်
ပေါက်နေတာကို
ကျွန်တော်
သတိရသွားတယ်လေ။

သူတို့တွေ
ငါးမျှားထွက်ရာကနေ
ဘေးမသီ ရန်မခဘဲ
ပြန်လာတာ
မြင်လိုက်ရတော့

ကျွန်တော်
ဘယ်လောက်တောင်
ပျော်သွားလဲဆိုတာ
မိတ်ဆွေကြီး
တွေးကြည့်လိုက်ပေါ့ဗျာ။

လှေကို
ပြေးကြည့်လိုက်တော့မှ

မိတ်ဆွေကြီးက
အပေါက်ဖာပေးထားမှန်း
သိတာ။

အခုတော့
မိတ်ဆွေကြီးလည်း
ဖြစ်ကြောင်းကုန်စင်
သိရပါပြီ။

ကျွန်တော့်ကလေးတွေ
အသက်ကို မိတ်ဆွေကြီး
ကယ်ပေးလိုက်တာပဲ။

ခင်ဗျားပြောတဲ့
စေတနာအသေးအဖွဲလေး
အတွက်

ကျွန်တော်ပေးတဲ့
ငွေပမာဏက
အများကြီးနည်းပါတယ်။

အဲဒီစေတနာကို
ထိုက်ထိုက်တန်တန်
ပြန်ပေးဆပ်ဖို့ ဆိုရင်
ကျွန်တော့်ပိုင်ဆိုင်မှု့
နဲ့တောင် မလောက်ပါဘူး

"""သင်ခန်းစာ"""

ဘယ်သူ့ကိုမဆို
ဘယ်အချိန်မှာ
ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်

ကိုယ်တတ်နိုင်တဲ့ဘက်က
ကူညီပေးလိုက်ပါ။

ကိုယ်တွေ့တဲ့
အပြစ်အနာအဆာ၊
ချွတ်ယွင်းချက်တွေကို
ပြုပြင်ဖာထေး
ပေးလိုက်တာဟာ

တခြားသူတွေအတွက်
ဘဝတစ်သက်တာ
မေ့မရနိုင်တဲ့ ကူညီမှု့
ဖြစ်သွားနိုင်ပါတယ်။

ကိုယ်စွမ်းသလောက်
အကောင်းဆုံး
လုပ်ပေးခြင်းဟာ
ကြီးမားတဲ့
အပြောင်းအလဲတွေကို
ဖြစ်စေလို့ပါပဲ။

တချိန်မှာ
ကိုယ့်ရဲ့စေတနာကလည်း
အံ့အားသင့်ဖွယ်
ရောင်ပြန်
ဟပ်လာပါလိမ့်မယ်။

လေးစားစွာဖြင့်

Credit...Original Writer✍️

ကျရှုံးချိန် အဖက်မလုပ်တာ လူသဘာဝအောင်မြင်ချိန် လက်ခုပ်တီးမှာ လူ့သဘာဝပတ်ဝန်းကျင်က သူ့အလုပ်သူလုပ်တယ် ကိုယ်က ကိုယ့်အလုပ်ကိုလ...
20/09/2022

ကျရှုံးချိန် အဖက်မလုပ်တာ လူသဘာဝ
အောင်မြင်ချိန် လက်ခုပ်တီးမှာ လူ့သဘာဝ

ပတ်ဝန်းကျင်က သူ့အလုပ်သူလုပ်တယ်
ကိုယ်က ကိုယ့်အလုပ်ကိုလုပ်ပဲ

ချီးမွန်းတာခံချင်ရင်ကြိုးစား
မကြိုးစားရင် ကဲ့ရဲ့တာကို မနာနဲ့။

Credit

သမင်ရဲ့ပြေးနိုင်တဲ့အမြန်နူန်းက ၁ နာရီမှာ ၉၀ ကီလိုမီတာရှိသတဲ့"ကျားရဲ့ပြေးနိုင်တဲ့အမြန်နူံန်းက ၁ နာရီမှာ ၅၉ ကီလိုမီတာပဲ ရှ...
13/09/2022

သမင်ရဲ့ပြေးနိုင်တဲ့အမြန်နူန်းက
၁ နာရီမှာ ၉၀ ကီလိုမီတာရှိသတဲ့"
ကျားရဲ့ပြေးနိုင်တဲ့အမြန်နူံန်းက
၁ နာရီမှာ ၅၉ ကီလိုမီတာပဲ ရှိတယ်တဲ့"
ဒါပေမယ့်လေ များသောအားဖြင့် ကျားက သမင်ကိုလိုက်ရင် သမင်လေးခမျာ ကျားရဲ့အာခံတွင်းထဲ ရောက်ရောက်သွားရတယ်..
ဘာကြောင့်လဲ ?
စဉ်းစားဖူးပါလား ?
အဖြေကတော့………
သမင်က ကျားလိုက်လို့ပြေးရပြီဆိုရင် စိတ်အားငယ်သွားလေ့ရှိသတဲ့"
ကျားကအင်အားကြီးတယ် ငါ့ လွှတ်မှာမဟုတ်ဘူး"
ဆိုပြီးပြေးရင်းနဲ့ .. သူ နဲ့ ငါ နဲ့ .. အကွာအဝေးက ..ဘယ်လောက်ပဲကျန်တော့တယ်ဆိုတာ တွေးတော
စဉ်းစားလေ့ရှိတယ်လို ဆိုပါတယ်"
"ကျားကတော့..
``ဒီကောင် ငါ့အရှေ့ဘာမို့လဲ ရကိုရနိုင်ရမယ်" ဆိုတဲ့ စိတ်ဓါတ်နဲ့လိုက်တော့ များသောအားဖြင့် ရသွားလေ့ရှိတယ် "
သူတို့ရဲ့စိတ်ဓာတ်ဟာ သူတို့ရဲ့ပြေးနှုန်းကို လျှော့စေ/မြန်စေလိုက်တယ်
ပေးချင်တဲ့ message ကတော့..
ဘဝရဲ့ခြေလှမ်းတိုင်းမှာ အဓိကက စိတ်ဓါတ်ပါပဲ"
အင်အားတစ်ခုထဲနဲ့မဖြစ်ထွန်းဘူး"
သမင်လို စိတ်အားမငယ်ဖို့ ကျားလို စိတ်ဓာတ်ကြံ့ခိုင်ဖို့ အရေးကြီးပါတယ်.....

crd originalwritter

စိတ်ညစ်မခံပါနဲ့ ....
11/09/2022

စိတ်ညစ်မခံပါနဲ့ ....

🧐
10/09/2022

🧐

iPhone တီထွင်သူ Steve Jobs ဆုံးသောအခါဒေါ်လာသန်းပေါင်း ၇,၀၀၀ လောက် အမွေကျန်ခဲ့တယ်။ သူက ၅၆ နှစ်မှာ ပန်ကရိယကင်ဆာနဲ့ဆုံးခဲ့တ...
31/08/2022

iPhone တီထွင်သူ Steve Jobs ဆုံးသောအခါ

ဒေါ်လာသန်းပေါင်း ၇,၀၀၀ လောက် အမွေကျန်ခဲ့တယ်။ သူက ၅၆ နှစ်မှာ ပန်ကရိယကင်ဆာနဲ့ဆုံးခဲ့တယ်။

သူမဆုံးခင်မှာပြောခဲ့တဲ့ စကားတချို့ကတော်တော်ကောင်းတယ်။

"အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘဝကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့အရာတွေက ငါ့မှာရှိတဲ့ အောင်မြင်မှုတွေ ၊ ချမ်းသာကြွယ်ဝမှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ"

"မင်းအတွက် car မောင်းပေးဖို့ car driver ငှားပေးလို့ ရပေမယ့် ရောဂါကျတော့ ဝေဒနာအစားထိုးခံပေးဖို့ လူငှားလို့မရဘူး။ အရာဝတ္ထု ပစ္စည်းဥစ္စာတွေက ပျောက်သွားရင် ပြန်ရှာလို့ ရနိုင်ပေမယ့် အသက်ပျောက်သွားတဲ့အခါ ဘယ်တော့မှ ရှာမတွေ့တော့ဘူး။"

"ဒါကြောင့် ကိုယ့်ကျန်းမာရေးကို ကိုယ်ကိုယ်တိုင် ဂရုစိုက်ပါ။

မင်းကိုချစ်တဲ့လူတွေကို အလေးထားဆက်ဆံပါ ။

$30 တန်နာရီပဲဖြစ်ဖြစ် ၊ $300 တန်နာရီပဲဖြစ်ဖြစ် အဲ့နာရီ ၂ ခုလုံးက မင်းသိချင်တဲ့အချိန်တစ်ခုတည်းကိုပဲ တူညီစွာ ပြသပေးမှာပါ။"

"$150,000 တန် ကားကိုပဲ မောင်းမောင်း၊

$3000 တန်ကားကိုပဲမောင်းမောင်း၊ တူညီတဲ့လမ်း တူညီတဲ့ခရီးအကွာအဝေးနဲ့ သင်သွားချင်တဲ့နေရာကို အတူတူပဲပို့ပေးမှာပါ"

"$300 တန် wine ပဲ သောက်သောက်၊ $10 တန် wine ပဲ သောက်သောက် မူးတာကတော့ အတူတူပဲ ဖြစ်နေမှာ"

"$300 တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင်၊ $30 တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင်၊ အိတ်ထဲက ပိုက်ဆံ amount ကပြောင်းသွားမှာ မဟုတ်ဘူး"

"300 sqm ကျယ်တဲ့အိမ်မှာပဲ နေနေ၊ 3000 sqm လောက်ကျယ်တဲ့ အိမ်မှာပဲ နေနေ၊ အထီးကျန်တဲ့လူကအထီးကျန်နေမှာပဲ"

"First class မှာပဲ လေယာဉ်စီးစီး၊ Eco class မှာပဲ လေယာဉ်စီးစီး၊ လေယာဉ်ပျက်ကျရင်တော့ မင်းလည်းသေရမှာပဲ"

"မင်းနားလည်ဖို့ ငါမျှော်လင့်တာကပျော်ရွှင်မှုအစစ်ဆိုတာကို ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္ထု ပစ္စည်းဥစ္စာတွေကနေ ရှာလို့ မရနိုင်ဘူးဆိုတာပဲ။

ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ

မင်းချစ်တဲ့ တစ်စုံတစ်ယောက်နဲ့ ဒါမှမဟုတ် ညီအစ်ကို မောင်နှမနဲ့ ဒါမှမဟုတ် သူငယ်ချင်းနဲ့ သီချင်းတွေဆိုမယ်၊ ရယ်မောပျော်ရွှင်ပြီး စကားတွေ ပြောနေရတာကိုဆိုလိုတာပါ"

နောက် ပြောချင်တာက

"ကလေးတွေကို ဘယ်လို ချမ်းသာအောင်လုပ်မလဲလို့မသင်ပါနဲ့။

ဘယ်လိုပျော်ရွှင်အောင်နေထိုင်ရမလဲဆိုတာကိုသင်ပါ။

ဒါဆို သူတို့အရွယ်ရောက်ရင် အရာဝတ္ထုပစ္စည်းဥစ္စာတွေရဲ့ တန်ဖိုးကို နားလည်လာလိမ့်မယ်။ တန်ဖိုးထားတတ်လာလိမ့်မယ်။

တန်ဖိုးဆိုတာ price ဆိုတဲ့ ဈေးနှုန်းကိုဆိုလိုတာ မဟုတ်ဘူးနော်"။

"အစားအသောက်ကိုဆေးလိုစားပါ။ မဟုတ်ရင်တော့ ဆေးကို အစားအသောက်လို စားနေရလိမ့်မယ်"

လူဖြစ်တာ (human being) နဲ့ လူသားဆန်ဆန်ပြုမှုနေထိုင်တာ (being human) က အများကြီး ကွာခြားမှုရှိတယ်။

အဲ့ဒါကို လူအနည်းငယ်လောက်ပဲ နားလည်ကြတယ်။

မင်းကို မွေးတုန်းက လူတွေကချစ်ကြတယ်။

မင်းသေသွားတဲ့အခါမှာလည်း လူတွေချစ်အောင်လုပ်ရမယ်။

အဲ့ ၂ ခုကို မသေခင် အကောင်းဆုံး ထိန်းထားနိုင်ရမယ်။

"မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ။

ဝေးဝေးကို သွားချင်ရင်တော့

၂ ယောက် အတူတကွ သွားပါ"

"ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာဝန် ၆ ယောက်ကတော့

၁၊၊ နေရောင်ခြည်

၂၊၊ အနားယူခြင်း

၃၊၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း

၄၊၊ အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း

၅၊၊ မိမိကိုယ်ကို ယုံကြည်မှု

၆၊၊ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း။

အဲ့ဆရာဝန်တွေကို အသက်ရှိစဉ် ခေါင်းထဲမှာ အမြဲထည့်ထားပြီး ကျန်းမာအောင် နေထိုင်ပါ။"

"အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး နှုတ်ဆက်ထွက်ခွာရမှာပါ။

အဲ့ဒါကြောင့် အသက်ရှိနေစဉ် သင့်မိသားစုကိုချစ်ပါ။
သူငယ်ချင်းတွေကိုချစ်ပါ။

သင့်ရဲ့ ဘဝလက်တွဲဖော်ကိုချစ်ပါ။

သင့်အပေါ်ကောင်းဖူးတဲ့ လူတွေကိုချစ်ပါ။

💠💠💠💠💠

Credit - မူရေးဘာသာပြန်ရေးသားသူ

ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။အရမ်းကောင်းလို့ ဖတ်ကြည့်ပါ ဖတ်လိုက်လို့ အကျိုးမရှိပဲ အချိန်ပေးလို...
30/08/2022

ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။

အရမ်းကောင်းလို့ ဖတ်ကြည့်ပါ ဖတ်လိုက်လို့ အကျိုးမရှိပဲ အချိန်ပေးလိုက်ရရင် ဆဲခဲ့ပါဗျာ စေတနာဖြင့် 🥰

🔺 အားနည်းချက်က အင်အားကို မချိ နဲ့စေဘူး.....
🔺 အားငယ်စိတ်ကသာ
အားနည်းစေတာပါ။

🔷ဆင်တွေထဲမှာ
အစွယ်နှစ်ချောင်းပါတဲ့ဆင်ကို
စွယ်စုံဆင်လို့ခေါ်တယ်။
အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်။

🔷 ဟိုင်းဆင်ကအစွယ်မပါတော့
ဘာလုပ်ရလဲဆိုတော့.....
နှာမောင်းကိုသန်အောင်လုပ်ရတယ်။
သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး။

🔷 တောထဲမှာ.....
စွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင်
စွယ်စုံဆင်က ဟိုင်းဆင်ကို
အစွယ်နဲ့ပြေးထိုးတယ်။

အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို
နှာမောင်းနဲ့လိမ်ချိုးပစ်လိုက်တယ်။

🔷သစ်လုပ်သားတွေကပြောဖူးတယ်။
တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်.....
ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့။
ပြေးတာမလွတ်လို့ အရိုက်ခံရရင်
အရိုးတောင်ထင်တယ်တဲ့။

🔷 ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့.....
သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်။

🔷 ပြောချင်တာက.....
မင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့။
တစ်ဖက်မှာအားနည်းရင်.....
တစ်ဖက်ဖက်မှာအားသာလာအောင်
ကြိုးစားကြ ။

🔷 အထက်ပါစကားသည်
ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်သည်။..................&...........................

အားနည်းချက်တွေရှိပေမယ့်
လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ
အနည်းငယ် ထုတ်ပြချင်ပါတယ်...

🔺🔺 မီးသီးကိုစတင်တီထွင်ခဲ့တဲ့
သောမတ်အက်ဒီဆင်ဟာ
ကျောင်းစာအရမ်းညံ့တယ်
ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်။

နောက်ဆုံးမှာ......
စာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊
ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့
သူကျောင်းမလိုက်ချင်တာနဲ့ထွက်လိုက်တယ်...။

အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်။

ဒါပေမယ့်......
သူဝါသနာထုံတဲ့ တီထွင်မှုကို
တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း
သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..။

🔺🔺 အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ
လက်နှစ်ဖက်မပါဘူး
သူရဲ့အားထုတ်မှုကြောင့်
ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ
အသုံးပြုလို့ရခဲ့တယ်...။
သိပ္ပံဘွဲ့ရတယ်။
အံ့အားသင့်စရာအကောင်းဆုံးက
လေယာဉ်မှုးဖြစ်သွားတာပဲ။
လက်မပါတဲ့လေယာဉ်မှူးတဲ့ဗျာ
သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ

🔺🔺ပြောချင်တာက
အားနည်းချက်ကိုယ်စီရှိပေမယ့်
ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ
လောကကြီးမှအများကြီးပါပဲ...။

🔺 လွယ်လွယ်နဲ့မရပါဘူး
သူများခြေတစ်လှမ်း လှမ်းရင်
သူတို့နှစ်လှမ်းလှမ်းရတယ်။

🔺အားနည်းချက်၊ ချိူ့ယွင်းချက်ကြောင့်
စိတ်ပျက်အားငယ်နေမယ်ဆိုရင်
အင်အားချိနဲ့နေယုံပဲရှိမှာပါ။

🔺 အစွယ်မပါနဲ့ဟိုင်းဆင်ဟာ
အားကိုးစရာအစွယ်မရှိပေမယ့်
နှာမောင်းကိုသန်အောင်လုပ်ရသလို

သင့်ရဲ့ အားနည်းချက်ဆိုတာ
မေ့ထားပြီးကြိုးစားကြည့်ပါ။
သင့်အတွက် နေရာကောင်းတစ်ခုရှိပါတယ်...

💠 အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
💠 အားငယ်စိတ်ကသာ အားနည်းစေတာပါ။

🔺ခင်ဗျားရဲ့ဘဝကို
ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး။
ပွဲတစ်ပွဲရဲ့အဖြေဟာ.....
ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..။

စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်
ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့
ရှေ့တစ်လှမ်းတိုးခုတ်ပါ

...Original Writer

ကိုယ့်အပေါ်မကောင်းလို့ မကောင်းသလို ဆက်ဆံတာကသဘာဝကျပါတယ် ။ဒါက စိတ်ထားယုတ်တာ မဟုတ်ဘူး ။ဥာဏ်ရှိတာလို့ ပြောလို့ရတယ် ။မကောင်းတ...
23/08/2022

ကိုယ့်အပေါ်မကောင်းလို့
မကောင်းသလို ဆက်ဆံတာကသဘာဝကျပါတယ် ။

ဒါက စိတ်ထားယုတ်တာ မဟုတ်ဘူး ။
ဥာဏ်ရှိတာလို့ ပြောလို့ရတယ် ။

မကောင်းတဲ့သူကို ဆက်ပေါင်းပြီး ကောင်းပေးနေလည်း
တန်ဖိုးမရှိဘူးဆိုပြီး ဆက်အသုံးချ စော်ကားနေဦးမှာပဲလေ ။

တချို့လူတွေက
သူတို့အရောင်အတိုင်း ဆက်ဆံမှ ရှိန်သွားတတ်တာမျိုး ။

Crd

လူရာဝင်တယ်ဆိုတာ+++++++++++++လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့သိတာနဲ့ မဆိုင်ဘူး၊ သင့်ကိုသိတဲ့သူ ဘယ်လောက်များများရှ...
23/08/2022

လူရာဝင်တယ်ဆိုတာ
+++++++++++++

လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့သိတာနဲ့ မဆိုင်ဘူး၊
သင့်ကိုသိတဲ့သူ ဘယ်လောက်များများရှိတယ်ဆိုတာက ပိုဆိုင်တတ်ပါတယ်။
ပြီးရင် ဒီလူတွေအားလုံးကော သင့်ကို အသိအမှတ်ပြုပါရဲ့လား၊
သင့်ရဲ့ တည်ရှိမူကော သူများအတွက်ဘယ်လောက်အကျိုးဖြစ်ထွန်းစေလို့လဲ၊
ဒါတွေအားလုံးထည့်တွက်ကြရမှာပါ။

လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့ အဆက်အသွယ်ရှိတယ်၊
ဘယ်သူတွေနဲ့ ထ္မင်းအတူစားဖူးတယ်၊
လ္ဘက်ရည်အတူသောက်ဖူးတယ်၊
ဘယ်လောက်အဆင့်မြင့်တဲ့ ဟိုတယ်ခန်းမစုဝေးပွဲတွေ သွားတက်ရောက်ဖူးတယ်၊
ဘယ်လူကြီး၊ ဘယ်မင်းသားနဲ့ ဓါတ်ပုံအတူတွဲရိုက်ဖူးတယ်၊
အဲဒါတွေအားလုံးနဲ့ သိပ်မသက်ဆိုင်ပါဘူး၊
အဲ…သင့်ကို လူဘယ်လောက်များများ လိုလိုလားလား ဆက်ဆံတယ်၊
သင်ကိုသူတို့က စပြီးလာမိတ်ဖွဲ့တယ်၊
သင်နဲ့ တောက်လျှောက်အဆက်အသွယ်မပျက် ဆက်ဆံနေချင်ကြတယ်။
ဒါတွေပိုအရေးပါပါတယ်။

လူရာဝင်တယ်ဆိုတာ သင်လူဘယ်လောက်ကို အသုံးချနိုင်တယ်၊
လူဘယ်လောက်အပေါ် သြဇာသက်ရောက်တာနဲ့ မသက်ဆိုင်ပါ။
အဲ…သင်လူဘယ်လောက်များများကို ကူညီဖူးတာနဲ့တော့ ပိုသက်ဆိုင်ပါတယ်။

လူရာဝင်တဲ့လူများဟာ အောက်ပါအရည်အသွေးများကို ပိုင်ဆိုင်ထားကြပါတယ်။

၁။ နေရာလဲပြီး စဉ်းစားတတ်ခြင်း

သူများနေရာဝင်ပြီး စဉ်းစားပေးတဲ့ အကျင့်မျိုးဖြစ်တယ်။ တစ်ယူသန်ခြင်း၊ အတ္တကြီးခြင်း၊ ဗိုလ်ကျခြင်းများကင်းသူများ ဖြစ်ကြတယ်။

၂။ ပတ်ဝန်းကျင်ကို ဝင်ဆန့်လွယ်ခြင်း

သတ္တလောကကြီးဟာ ဘယ်လိုတရားသဘောနဲ့ပဲ ပြည့်ဝနေပါစေ၊ ကြီးနိုင်ငယ်နင်း၊ ဝင်ဆန့်နိုင်တဲ့ တတ္တဝါ နေရာယူသွားတာ များပါတယ်။ လူသားတွေလည်း ဒီလိုပါပဲ၊ သေရေးရှင်ရေး ဖြစ်လောက်အောင် မရှင်ပြိုင်ရပေမဲ့ အရည်အသွေးထိန်းထားနိုင်တဲ့လူဟာ ရပ်တည်မူ ရှည်ကြာသွားတာပါ။

၃။ သူများ အပေါ် သဘောထားကြီးခြင်း

လူရာဝင်ကြတဲ့သူများဟာ သဘောထားကြီးကြပါတယ်။ ရက်ရောကြပါတယ်။ အသေးအဖွဲမှာ တွက်ကပ်မနေပါဘူး၊ သူတို့ဟာ ကိစ္စကြီးကြီးဆိုရင် သတိဝိရိယ နဲ့ ကိုင်တွယ်ကြတယ်။ မိမိကိုယ်မိမိ စည်းကမ်းကြပ်မတ်နိုင်သူများဖြစ်ကြတယ်။ သူများအပေါ် ခွင့်လွတ်လွယ်တဲ့သူများဖြစ်ကြပါတယ်။ လူဆိုတာ စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ဉာဏ်ကောင်းခြင်းထက် အရေးကြီးပါတယ်။ ဉာဏ်ကောင်းခြင်း၊ ထက်မြက်ခြင်းဟာ မွေးရာပါဖြစ်တတ်ပြီး စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ရွေးချယ်မူ တစ်မျိုးဖြစ်ပါတယ်။

၄။ မိမိကိုယ်မိမိ နှိမ့်ချ နေထိုင်ခြင်း
Keep Low Profile ကို ဆိုလိုတာပါ။ သူတို့ဟာ အပြောထက် အလုပ်ကို ဦးစားပေးကြသူများဖြစ်ကြတယ်။ ကြည့်တတ်တဲ့သူ မြင်ပါလိမ့်မယ်။ Keep Low Profile ပုံစံနဲ့ နေထိုင်ခြင်းဖြင့် သူတို့ဟာပြိုင်ဘက်ကိုနည်းပါးစေပါတယ်၊ ရန်သူနည်းပါးစေပါတယ်။ လုပ်ဖေါ်ကိုင်ဘက်ကောင်း တွေ့ရှိစေနိုင်ပါတယ်။

၅။ သူတစ်ပါးကို ရက်ရက်ရောရော ချီးမွမ်းခြင်း

ချီးမွမ်းတတ်ပါ။ ရိုးရိုးရှင်းရှင်း ချီးမွမ်းတတ်ပါ။ ရက်ရက်ရောရော ချီးမွမ်းတတ်ပါ။ ချီမွမ်းတတ်ခြင်းကြောင့် သင်လူချစ်လူခင် ပေါများလာပါလိမ့်မယ်၊ ချီးမွမ်းခြင်းနဲ့ ဖားတတ်ခြင်း မတူညီပါ။ ချီးမွမ်းခြင်းဟာ သူများကောင်းကွက်ကို ဖေါ် ထုတ်အသိအမှတ်ပြုခြင်းဖြစ်ပြီး ဖားတတ်ခြင်းဟာ အကျိုးမျော်လို့ ညောင်ရေလောင်းခြင်းသာဖြစ်တယ်။

၆။ ယဉ်ကျေးခြင်း၊

ကျနော်တို့နဲ့ ဆက်ဆံတဲ့လူတိုင်း စိတ်ချမ်းသာအောင် ကျနော်တို့မှာတာဝန်မရှိပါ။ သူများစိတ်မချမ်းသာအောင် မလုပ်မိဖို့တော့ ဆင်ခြင်ရပါလိမ့်မယ်။ ယဉ်ကျေးပါ။ အောက်မကျို့ ပါနှင့်၊

ရ။ မိမိကိုယ်မိမိ စမ်းစစ်တတ်ခြင်း၊
လူဆိုတာ သူများကို ပိုအစိုးမရတာမို့ သူများအပြစ်ကို ထိုင်ပြောနေရင် ကိုယ့်အတွက် အကျိုးမရှိပါ။ မိမိကိုယ်မိမိ စမ်းစစ်တတ်မှသာလျင် တစ်စတစ်စ ပိုမိုတိုးတက်သွားမှာပါ။

၈။ ကျေးဇူးတင်တတ်ခြင်း၊

ကျေးဇူးတင်ရင် ကျေးဇူးရဲ့ အကျိုးကျေးဇူးကို ခံစားရပါတယ်။ ကျေးဇူးရှင်လုပ်ခြင်းထက် ကျေးဇူးတင်တတ်တဲ့လူကို ဖြစ်အောင် ကြိုးစားပါ။ တိုင်းပြည်တစ်ခုလုံး၊ အဖွဲ့အစည်းတိုင်း ကျေးဇူးရှင်အဖြစ် သရုပ်ဆောင်နေရင်တော့ တိုးတက်ဖို့ အဟန့်အတားပါ။

၉ ။ အချိန်တိကျခြင်း၊
ကိုယ်သာ စောင့်ဆိုင်းတဲ့လူဖြစ်ပါစေ၊ သူတစ်ပါးကို မစောင့်ဆိုင်းစေပါနှင့်၊ အချိန်ကိုလေးစားခြင်းဟာ သူတစ်ပါးကိုလေးစားခြင်းဖြစ်ပါတယ်။ ရာထူးကြီးလေ အစည်းအဝေးကို နောက်ကျမှ ရောက်တတ်လေ ဆိုတဲ့အကျင့်မျိုးကို လူကြီးတွေက စပြုပြင်သင့်ပါတယ်။

၁၀။ မူမှန်စိတ်ကို မွေးမြူခြင်း၊
အနိစ္စတရားဟာ သဘာဝလည်းဟုတ်တယ်၊ ကြောက်စရာလည်း ကောင်းပါတယ်၊ မူမှန်စိတ်ကို မွေးမြူထားခြင်းဖြင့် လောကဒဏ်ကို ပိုခံနိုင်ပါလိမ့်မယ်။

၁၁။ သီးခံတတ်ခြင်း၊

ဘယ်ကိစ္စကြုံကြုံ တည်ငြိမ်ဖို့ လိုပါတယ်၊ သီးခံတတ်ဖို့ လိုပါတယ်၊ တစ်ခါတစ်လေ သူများသင့်ကို ဘယ်လိုမြင်တယ်ဆိုတာ အရေးမကြီးပါ၊ သင်ဘယ်လို အသက်ရှင်တယ်ဆိုတာ သူများနဲ့ မသက်ဆိုင်ပါ။ သူများအကြည့်၊ သူများအထင်ကြီးအထင်သေးမူကို သိပ်ဂရုစိုက်စရာ အကြောင်းမရှိပါ။ သူများကို သိပ်ဂရုမစိုက်ရင် သီးခံမူကို အထောက်အကူ ဖြစ်ပါတယ်။

၁၂။ ကတိတည်ခြင်း

ကတိပေးမလွယ်ပါစေနဲ့၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို လျှော့ပြီးပြောပေးပါ။ ကတိမတည်တဲ့လူဟာ စီးပွားကြီးကြီးမားမားဖြစ်ဖို့ ခက်ခဲတတ်ပါတယ်။

ီ_ဘာ_ဘာ

လေးစားစွာမျှဝေပေးပါသည်

သားသမီးကို သခင်လိုမထားပါနဲ့( ဆုတင် မှတ်စု )မိဘအရှိန်ဝါနဲ့ တောက်ပနေတဲ့ သား သမီးတွေ ကိုယ်ရည်ကိုယ်သွေးမရှိပဲ လူ့ပါတ်ဝန်းကျင...
18/08/2022

သားသမီးကို သခင်လိုမထားပါနဲ့( ဆုတင် မှတ်စု )

မိဘအရှိန်ဝါနဲ့ တောက်ပနေတဲ့
သား သမီးတွေ
ကိုယ်ရည်ကိုယ်သွေးမရှိပဲ
လူ့ပါတ်ဝန်းကျင်မှာ
များလွန်းတာက
မိဘတွေရဲ့
အပြစ်မကင်းဘူးဆိုတာကို
မိဘတွေကိုယ်တိုင်က
လက်မခံကြပါဘူး။

မိဘတွေက
ချွေးစက်တွေကြားမှာ
ရုန်းကန်နေပေမဲ့
သားသမီးကျတော့
တောက်ပနေတာ
ငယ်စဉ်ကတည်းက
သင်ယူသင့်တာတွေကို
သင်ယူခွင့်မပြုကြပဲ
မျက်မမြင်က ပြတဲ့လမ်းကို
ပေးလျောက်နေသလို
ကို့ယို့ကားယားနဲ့
ဘဝမှာ ကူရာမဲ့ ကယ်ရာမဲ့
ဖြစ်သွားကြတဲ့ မိသားစုတွေ
ပြောမကုန်ပါဘူး။

လောကကြီးမှာ
ကြုံရမဲ့အမှန်တရားကို
သိခွင့်မပေးပဲ ကြီးပျင်းလာဖို့
ခွင့်မပြုသင့်ပါဘူး။

သားသမီးနဲ့ မိဘကြားက
မတျတောတရားကို
မှန်ကန်တဲ့နည်းလမ်းနဲ့ပဲ
ချပြပေးသင့်ပါတယ်။

သားသမီးကို
သခင်လိုထားပြီး
မိဘက ကျွန်လို
ရေခပ်ပေးတာကအစ
ခြေထောက် မလှမ်းရ
မကြွရတော့တဲ့အထိ
ဖူးဖူးမှုတ်နေတာက
သားသမီးကို
ဖျက်ဆီးနေကြတာပါ။

စာပဲကျက်ပါ
ဘွဲ့ရအောင်လုပ်ပါ
ဘာမှကို ပေးမလုပ်ဘူး။
မရှိ ရှိတာလုပ်ပြီး ဆင်ပေးတယ်။
မိဘရဲ့အပူပင် သောကတွေကို
ဘာမှသိခွင့်မပေးပဲ
လိုသမျှကို
ဖြည့်ဆည်းပေးနေတာမျိုးက
ကလေးရဲ့ လူ့အသိဉာဏ်ကို
ပျက်စီးစေလို့ပါပဲ။

ကလေးရဲ့Intelligent ကို
ဖျက်ဆီးတဲ့မိဘက
Education ကို
ဘယ်လောက် ထည့်ပေးထည့်ပေး
ဘာမှ အသုံးမဝင်နိုင်သလို . . .

ကလေးရဲ့ ဘဝအတွက်
တာဝန်ယူတဲ့စိတ်
တာဝန်သိတတ်တဲ့စိတ်
Safe-Care ဆိုတဲ့
ကိုယ့်ကိုယ်ကိုယ်
ဂရုစိုက်နိုင်ခြင်းကနေ
အများကို ဂရုစိုက်ခြင်းကို
သိနားလည်ခွင့် ပြုမထားရင်
အတ္တကြီးတဲ့
လူတစ်ယောက်ဖြစ်အောင်
ကလေးရဲ့ဘဝကို
သတ်နေတဲ့သူက
မိဘတွေပါပဲ။

သက်တောင့်သက်သာနဲ့
ကြီးပျင်းလာတဲ့
ကလေးဖြစ်အောင်
မထားပါနဲ့။
ဘာမှမပူပငျမရျှိတဲ့ ကလေးက
ရုန်းကန်တတ်ဖို့ကို
ဘယ်တော့မှ
သင်ယူဖို့ မဖြစ်နိုင်လို့ပါ။

ကလေးကို
ငယ်စဉ်ဘဝတည်းက
ချစ်လွန်းလို့
ထမင်းဝါးပြီးခွံ့ရင်တောင်
ကလေးက မြိုချမှ
ဗိုက်ပြည့်နိုင်မယ်
ဆိုတာလေးတော့
နားလည်ခွင့်ပြုကြပါ။

အမှားနဲ့ အမှန်ကိုလည်း
ခွဲခြားဖို့ မတတ်နိုင်တဲ့
ကလေးဖြစ်အောင်
ခြေကောင်းလက်ကောင်းနဲ့
ဒုက္ခိတဖြစ်အောင်
ကလေးကို
အဆိပ်မခတ်ကြပါနဲ့။

မိဘအပေါ်
သားသမီးသိတတ်ခြင်း
မသိတတ်ခြင်းက
မိဘရဲ့
မှန်ကန်တဲ့ ပျိုးထောင်မှုအပေါ်
မူတည်ပါတယ်။

လူ့ဘဝရပ်တည်နည်းကို
အမှန်တရားအတိုင်း ချပြပါ။
စိတ်ကောင်း စိတ်မြတ်ထားခြင်း
ကိုယ့်တန်ဖိုးကို သိတတ်ခြင်း
ကိုယ့်ကိုယ်ကိုယ်
မှန်မှန်ကန်ကန် ချစ်တတ်အောင် သင်

CRD.... Original.... Owner

အမှန်ပါပဲ
16/08/2022

အမှန်ပါပဲ

တစ်ချို့သူတွေက "ရေ" နဲ့တူတယ်။ ထိတွေ့လိုက်သူတိုင်းကို အေးမြမှုပေးတယ်။တစ်ချို့သူတွေက "မြေကြီး"နဲ့ တူတယ်။သူ့အပေါ်နင်းသွားလည...
15/08/2022

တစ်ချို့သူတွေက "ရေ" နဲ့တူတယ်။
ထိတွေ့လိုက်သူတိုင်းကို အေးမြမှုပေးတယ်။

တစ်ချို့သူတွေက "မြေကြီး"နဲ့ တူတယ်။
သူ့အပေါ်နင်းသွားလည်း သည်းခံနိုင်ခြင်း ပါရမီပြည့်ဝတယ်။

တစ်ချို့သူတွေက "လေမုန်တိုင်း" နဲ့တူတယ်။
အနားရှိသမျှ အရာတွေကို ဟိုးဝေးဆုံးကို တွန်းပို့တယ်။

တစ်ချို့သူတွေက "မီး" နဲ့တူတယ်။
တောက်လောင်မှု အပူ အနားရှိသူ အပူဟပ်စေတယ်။

တစ်ချို့သူတွေက "နေ" နဲ့တူတယ်။
ဝေးဝေးကနေရင် လိုအပ်တဲ့ အပူချိန်ရပေမယ့် အနားကပ်ရင်တော့ သေလောက်အောင်
ပူပြင်း လောင်မြိုက်တယ်။

တစ်ချို့သူတွေက "လ"နဲ့ တူတယ်။
အဝေးက အေးချမ်းသလိုပေမယ့် သူ့ပေါ်ရောက်ရင် မညီညာမှုတွေနဲ့ ...

တစ်ချို့သူတွေက "သစ်ပင်"နဲ့ တူတယ်။
အရိပ်လည်းပေးတယ်။ အသီးအပွင့်တွေ လည်းပေးတယ်။

စွန့်ပစ်ချင်ရင်တောင် အလွယ်တကူ
စွန့်ပစ်မရဘဲ အမြစ်တွယ်နေပေးတယ် ။

သင်ရော ဘယ်လိုလူမျိုးလဲ.... ?

ဦးဘုန်း(ဓာတု)

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when Computer King posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category