လူငယ်တို့အတွက်ဒဿနစာစုများ

လူငယ်တို့အတွက်ဒဿနစာစုများ အနာဂတ်၏ခေါင်းဆောင်များအတွက်ဒဿနစာစ?

15/02/2024
မြေခွေး တစ်ကောင်ဟာ ကေသရာဇာ ခြင်္သေ့ကြီးဆီ ရောက်လာပြီး "သတ္တိရှိရင် မင်းနဲ့ ငါ အားပြိုင်ရအောင်" ဆိုပြီး စိန်ခေါ်လိုက်တယ်။...
13/03/2020

မြေခွေး တစ်ကောင်ဟာ ကေသရာဇာ ခြင်္သေ့ကြီးဆီ ရောက်လာပြီး "သတ္တိရှိရင် မင်းနဲ့ ငါ အားပြိုင်ရအောင်" ဆိုပြီး စိန်ခေါ်လိုက်တယ်။

မြေခွေး စိန်ခေါ်တာကို ခြင်္သေ့ကြီးက
လုံး၀ ဂရုမစိုက်ပဲ မသိသလို နေလိုက်တယ်။

အဲဒီတော့ မြေခွေးက "ဟား..ဟား... မင်းဟာ သရဲဘောကြောင်တဲ့အကောင် သတ္တိမရှိတဲ့ အကောင်။ မင်း ငါ့ကို တုန်နေအောင် ကြောက်တယ်ဆိုပြီး တစ်တောလုံးသိအောင် ငါ လျှောက်ပြောလိုက်မယ်" လို့ ခြိမ်းခြောက်လိုက်ပါသတဲ့။

အဲ့ဒီလို ပြောလိုက်တဲ့အခါမှာ ခြင်္သေ့ကြီး က မြေခွေးကို သေချာကြည့်ပြီး

"ငါ့ကို အများက ငကြောက်လို့ ပြောချင် ပြောကြပါစေကွာ။ မင်းလို နိမ့်ကျတဲ့ မြေခွေး လို အကောင်မျိုးနဲ့တောင် တုပပြီး ရန်ပြိုင်ဖြစ်တတ်တဲ့ အကောင်ပါလားဆိုပြီး အများက အထင်သေးကြမှာကိုတော့ ငါ မခံနိုင်ဘူး"လို့ ပြန်ပြောလိုက်သတဲ့။

ဒီပုံပြင်လေးက ကျွန်တော်တို့ကိုပေးတဲ့ သင်ခန်းစာက လူတိုင်းက ကျွန်တော်တို့ ယှဉ်ပြိုင်မှုနဲ့ မထိုက်တန်သလို သွားပုပ်လေလွင့် စကားလုံးတိုင်းကိုလည်း လိုက်ပြီး တုံ့ပြန်ဖြေရှင်းနေဖို့ မလိုပါဘူး။

ကိုယ့်အလုပ်ကိုယ်လုပ်နေသူတွေကသာ နောက်ဆုံးမှာ အောင်မြင်မှုတွေနဲ့ပျော်ရွှင်စွာ ဘဝဖြတ်သန်းရမှာဖြစ်ပြီး ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ လူတကာနဲ့ လိုက်ပြိုင်နေသူကသာ နောက်ဆုံးမှာ ရှုံးနိမ့်မှုတွေနဲ့ တလောကလုံးကို ပြစ်တင်ဝေဖန်ရင်း ဇာတ်သိမ်းသွားကြရမှာပါ။

လူ့ဘဝကတိုတိုလေးပါ။ သူများနဲ့လိုက်ပြိုင်ပြီး အချိန်ကုန်မခံကြပါနဲ့။ ကိုယ့်အလုပ်ကိုကိုယ်အာရုံစိုက်ရင်း မနေ့ကကိုယ်ထက် ဒီနေ့ကိုယ် ပိုသာအောင် ပိုတိုးတက်အောင်ပဲ ပြိုင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Credit:
===============================
မူရင်းရေးသားသူအား ♨ပေးပါသည်။
နည်းစနစ်ကျကျ အတွေးအခေါ်pageမှကူးယူပါသည်။

*မျှဝေသူ*
အရှင်လက္ခဏ(အင်းပါ)


Share by - Moneset

နှစ်သက်မိသော စကား (၇) ခွန်း👍👍👍👍👍👍👍👍👍(၁) တောင်းပန်ပါ °°°°°°°°°°°°°°°°ကိစ္စတစ်ခုခုကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ခုကြပြီဆိ...
09/09/2019

နှစ်သက်မိသော စကား (၇) ခွန်း
👍👍👍👍👍👍👍👍👍
(၁) တောင်းပန်ပါ
°°°°°°°°°°°°°°°°
ကိစ္စတစ်ခုခုကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ခုကြပြီဆိုရင် ကိုယ်ကအရင်စပြီး တောင်းပန်လိုက်ပါ။ သူ့ကို ကိုယ်တောင်းပန်လိုက်တာက အောက်ကျတယ်၊ ကိုယ်မမှားဘူးဆိုတာထက် ကိုယ်တွေကြားကဆက်ဆံရေးကို တန်ဖိုးထားခြင်းအတွက် လုပ်ဆောင်တာပါလို့ ခံယူလိုက်ပါ။

(၂) ချစ်ခင်မြတ်နိုးပါ
°°°°°°°°°°°°°°°°°°
ပြီးပြည့်စုံတဲ့ သူတစ်ယောက်ကို ရှာဖွေလက်တွဲမှ ချစ်ခြင်းလို့မည်တာ မဟုတ်ပါဘူး။လူတိုင်းက ပြီးပြည့်စုံလှပနေတာ မရှိပါဘူး။ မပြည့်စုံတဲ့ လူတစ်ယောက်ကို ကိုယ့်ရဲ့ ပြီးပြည့်စုံတဲ့ မျက်လုံးတစ်စုံနဲ့ကြည့်ရှုပြီး ချစ်ခင်စုံမက်ပါ။

(၃) တည်ငြိမ်ပါ
°°°°°°°°°°°°°°
လူတစ်ယောက်ကို တစ်သက်လုံးမပြောင်းလဲပဲ ချစ်ဖို့ဆိုတာ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်လူတစ်ယောက်ကို ချစ်ခင်နေတဲ့အချိန်မှာတော့ မပြောင်းလဲတဲ့ စိတ်ထားနဲ့ ချစ်ပါ။

(၄) အဆင့်တန်းမြင့်စွာနေထိုင်ပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°
လူတစ်ယောက်ရဲ့ အဆင့်တန်းကို သူဝတ်ဆင်ထားတဲ့ (Branded) အသုံးဆောင်တွေနဲ့ မဆုံးဖြတ်ပါနဲ့ ။ ပင်ကိုစရိုက်ကြောင့် ဖြစ်ပေါ်လာတဲ့ သွင်ပြင်နဲ့ အဆင့်တန်းကို ဆုံးဖြတ်ပါ။

(၅) အရှိန်အ၀ါနဲ့နေပါ
°°°°°°°°°°°°°°°°°°°
ရာထူးဂုဏ်ရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ အရှိန်အ၀ါထက် ပင်ကိုယ်သဘောထားကြီးပြီး ကောင်းမွန်တဲ့အတွေးခေါ်ရှိတဲ့သူရဲ့ ကိုယ်ရှိန်ကိုယ်ဝါက ပိုတောက်ပပါတယ်။

(၆) စွဲဆောင်မှုရှိအောင်နေပါ
°°°°°°°°°°°°°°°°°°°°°°°°°
လူတစ်ယောက်ရဲ့ စွဲဆောင်မှုအရှိဆုံးက ပိုက်ဆံ၊ အလှအပ တွေထက် ဥာဏ်ပညာရှိခြင်းဆိုတဲ့ စွဲဆောင်မှုက လိမ်းထားတဲ့ မိတ်ကပ်ထက်ပိုပြီး တခြားသူတစ်ယောက်ရဲ့ အမြင်မှာပိုမိုလှပ တင့်တယ်ပါတယ်။

(၇) ခွင့်လွှတ်ပါ
°°°°°°°°°°°°°
တစ်ခါတစ်လေ လူတစ်ယောက်ကို ခွင့်လွှတ်လိုက်တယ်ဆိုတာက သူ့ရဲ့ အမှားကို ဗွေမယူဘူးဆိုတာထက် သူကောင်းစေချင်တာနဲ့ သူ့ကို လက်လွှတ်ရမှာကို ပိုကြောက်လို့ ခွင့်လွှတ်ပေးလိုက်ပါ ။

Thi Ha🇲🇲

"အချိန်ဖြုန်းတီးသူတို့ရဲ့ လက္ခဏာ(၁၂)ရပ်"👎👎(၁)မိမိရဲ့ ဥာဏ်ရည် လှုံ့ဆော်မှုရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း  (၂)မိမိကိ...
20/07/2018

"အချိန်ဖြုန်းတီးသူတို့ရဲ့ လက္ခဏာ(၁၂)ရပ်"👎👎

(၁)မိမိရဲ့ ဥာဏ်ရည် လှုံ့ဆော်မှုရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း


(၂)မိမိကိုယ်တိုင် အရာခပ်သိမ်းကို ဆောင်ရွက်နေခြင်း


(၃)လူတွေဝေဖန်ပြောဆိုကြမည်ကို စိုးရိမ်ကြောင့်ကြနေခြင်း


(၄)မိမိဘဝမှန်ဖြင့် မနေထိုင်ခြင်း


(၅)ကျရှုံးမှုကို ကြောက်ရွံ့ခြင်း


(၆)သူတစ်ပါးအပေါ်ဝေဖန်ခြင်း


(၇)လုပ်ငန်းတာဝန်များ မပြီးဆုံးခြင်း


(၈)လူတိုင်းက မိမိအပေါ်ကြိုက်နှစ်သက်မှုရှိအောင် ကြိုးစားမိနေခြင်း


(၉)မိမိကိုယ်ကို နှိုင်းယှဉ်မိနေခြင်း


(၁၀)တူညီသော အမှားများကို ထပ်ခါတစ်လဲလဲ ပြုလုပ်မိခြင်း


(၁၁)မိမိကိုယ်ကို ပြီးပြည့်စုံသူဟု သတ်မှတ်ခြင်း


(၁၂)တစ်ပါးသူအပေါ် ဦးစားပေးမှုမရှိခြင်း


လေးစားစွာဖြင့်

ပြေခိုင်

🎓 Asia's Top Business & Success Coach
🎓 1st NLP Trainer from Myanmar
🎓 1st NLP Coach Trainer from Myanmar
🎓 Executive Director at John Maxwell Team
🎓 Certified John Maxwell Coach,Trainer & Speaker
🎓 1st Hypnotherapy Trainer from Myanmar
🎓 1st Time Line Therapy® Trainer from Myanmar (ABNLP & ABH)
🎓 1st TetraMap Facilitator From Myanmar


26/08/2016

ကျနော်စီးမယ့်လေယာဉ်ပေါ်မှာ အကယ်ဒမီမင်းသမီးတစ်ယောက်ပါလာတယ်
ပရိတ်သတ်တွေတောင်းဆိုသမျှမငြီးမငြူ ဓာတ်ပုံတွေအရိုက်ခံတယ်
သူ့ကောင်မလေးနဲ့အတူတူ နှစ်ယောက်တည်းလာတယ်
ဒါပေမယ့်ကိုယ့်အထုပ်ကိုယ်ဆွဲတယ် ခြင်းတောင်းတစ်ခုတောင်
ကောင်မလေးမနိုင်လို့ သူ့ပေါင်ပေါ်တင်တယ် ခနအကြာမှာ
သူမရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ရှာတွေ့ခဲ့တယ် လေယာဉ်ပေါ်မှာ
ဖုန်းထဲကသူမရိုက်ရမယ့်ဇာတ်ညွှန်းတွေဖတ်နေတယ် ပြီးတော့
ဘုရားစာတွေ ဂုဏ်တော်တွေ ပရိတ်တွေဆက်တိုက်ရွတ်ခဲ့တယ်
သူမကတော့ အိန္ဒြာကျော်ဇင်ပါပဲ

ပညာ*****လူပီသချင်ရင်ပညာပြည့်ဝအောင် ကြိုးစားပါ။အသိပညာတွေ ပြည့်ဝအောင်အတတ်ပညာတွေ ပြည့်ဝအောင်လောကီပညာတွေ ပြည့်ဝအောင်လောကုတ္တရ...
23/08/2016

ပညာ
*****
လူပီသချင်ရင်
ပညာပြည့်ဝအောင် ကြိုးစားပါ။
အသိပညာတွေ ပြည့်ဝအောင်
အတတ်ပညာတွေ ပြည့်ဝအောင်
လောကီပညာတွေ ပြည့်ဝအောင်
လောကုတ္တရာပညာတွေ ပြည့်ဝအောင်
တတ်နိုင်သမျှ ကြိုးစားပါ။

@@@ အရှင်စန္ဒဇောတိ-သာသနာနွယ်

ရှောင်******ဘဝတိုးတက်မြင့်မားအောင် ကြိုးစားပါ၊သူတစ်ပါးကိုတော့ မထိခိုက်မိပါစေနဲ့။ ခွင့်လွတ်သည်းခံနိုင်အောင် ကြိုးစားပါ၊လူ...
30/06/2016

ရှောင်
******
ဘဝတိုးတက်မြင့်မားအောင် ကြိုးစားပါ၊
သူတစ်ပါးကိုတော့ မထိခိုက်မိပါစေနဲ့။

ခွင့်လွတ်သည်းခံနိုင်အောင် ကြိုးစားပါ၊
လူနုံ လူအ လူညံ့တော့ မဖြစ်ပါစေနဲ့။

ရဲရဲရင့်ရင့် သတ္တိရှိရှိ နေထိုင်ပါ၊
လူရိုင်း လူမိုက်တော့ မဖြစ်ပါစေနဲ့။

နေတတ်ထိုင်တတ်အောင် နေထိုင်ပါ၊
မူယာ မာယာတွေနဲ့တော့ ဟန်မဆောင်ပါနဲ့။

@@@ အရှင်စန္ဒဇောတိ(သာသနာနွယ်)

အိမ်မှာကပ်ထားသော နံရံကပ်စာတွေထဲမှ တစ်ခု မိတ်ဆွေတို့အား ပြန်လည်မျှဝေပေးလိုက်ပါတယ်...ငါအိုသွားသောအခါ....................၁။...
13/02/2016

အိမ်မှာကပ်ထားသော နံရံကပ်စာတွေထဲမှ တစ်ခု မိတ်ဆွေတို့အား ပြန်လည်မျှဝေပေးလိုက်ပါတယ်...

ငါအိုသွားသောအခါ....................
၁။ ငါအိုသွားသောအခါ ငါအရင်ကလိုမဟုတ်တော့ဘူး ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ထား ဆက်ဆံပေးပါ။

၂။ ချည့်နဲနဲလက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီ၊ လုံချည်၊ ဖိုသီဖတ်သီဖြစ်နေတဲ့အခါ အညစ်အကြေးတွေ မထိမ်းသိမ်းနိုင်တော့တဲ့ငါ့ကို မရွံပါနဲ့ ငယ်ငယ်တုန်းက ငါသုတ် သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။

၃။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး သည်းခံနားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ ငါးရာငါးဆယ်နိပါတ်တော်တွေ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

၎။ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။

၅။ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

၆။ တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနှင့် နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ငါ့မေတ္တာတွေ တွေ့ရမှာပါ။

သားတို့သမီးတို့ရေ ထာဝရပျော်ရွှင်ချမ်းမြေ့ပြည့်စုံကြပါစေကွယ်….

သဌေးကြီးတစ်ယောက်ဟာ ကုန်သွယ်မှု့ ဆုံးရှုံးရာကနေ ငွေကြေးတွေအမြောက်အများဆုံးရှုံးသွား ရပါတယ် အကြွေးတွေလဲ တင်ကုန်ပါတယ် ဒါကြေ...
11/02/2016

သဌေးကြီးတစ်ယောက်ဟာ ကုန်သွယ်မှု့ ဆုံးရှုံးရာကနေ ငွေကြေးတွေ
အမြောက်အများဆုံးရှုံးသွား ရပါတယ် အကြွေးတွေလဲ တင်ကုန်ပါတယ်
ဒါကြောင့် ရှိသမျှ တိုက်နဲ့ ကားကိုပါရောင်းပြီးပေးလိုက်ရပါတော့တယ်
ဒါတောင် မှ အကုန်ကြေအောင်မဆပ်နိုင်သေးပါဘူး

ဘဝရဲ့ အခက်ခဲဆုံး အချိန်ကာလကိုရောက်ရှိလာ ရပါတော့တယ် တစ်ကိုယ်တည်း အထီးကျန်စွာနဲ့ ကုန်းကောက်စရာမရှိအောင်မွဲသွားရအောင် ဒေဝါလီ ခံလိုက်ရ ချိန်မှာ သူ့မှာ အချစ်တော်ခွေးခလေး တစ်ကောင်သာပဲ ကံကြမ္မာ ကိုအတူ ရင်ဆိုင်ဖော် ရင်ဆိုင်ဖက် အဖော်အဖြစ် ကျန်ရစ်ရှာပါတော့တယ် .................
အဲ့ဒီနေ့က မိုးတွေ အသဲအသန်ရွာနေပါတယ် သူဟာ မိတ်ဆွေတစ်ဦးရှိတဲ့ရွာလေးဆီကို ထွက်လာခဲ့ပါတယ်
ဆက်မသွားနိင်တော့တဲ့ အတွက် ရွာအပြင် က တဲလေးတစ်လုံးမှာ မိုးဝင်ခို
လိုက်ပါတော့တယ် မှောင်မိုက်တဲ့ညထဲ မှောင်မိုက်နေတဲ့ တဲထဲမှာ သူဟာစိတ်ဖြေစရာ စာအုပ်ဖတ်ဖို့ ပါလာတဲ့မီးခြစ် ဖရောင်းတိုင် တို့နဲ့ မီးထွန်း လိုက်ပါတယ်
ဒါပေမဲ့ တိုက်ဆိုင်စွာပဲလေပြင်းတွေ တိုက် ခတ်ပြီး ထွန်းညှိလို့ မရ ပဲငြိမ်းသွားတဲ့ အတွက် စိတ်ပျက်လက်ပျက်နဲ့ ပစ်ထားပြီး အမှောင်ထဲ မှာပဲ နေနေခဲ့လိုက်ပါတော့တယ် ...................
အမှောင်ထဲ မှာအထီးကျန်ဆန် စွာနဲ့နေနေရင်း မျော်လင့်ချက်မဲ့ နေတဲ့ခံစားချက်ကြောင့် ကိုယ့်ကို ကိုယ်သတ်သေဖို့ တွေးလိုက်မိပါတော့တယ် ဒါပေမဲ့ သခင့်အပေါ်သစ္စာရှိပြီး ဘာမှ မသိရှာတဲ့ ခွေးခလေးကသူ့ကိုအမြီးလေးနှံပြီး
အဖော်လုပ်ပေးနေတဲ့အတွက် သူဟာသက်ပြင်းရှည် ကြီး ကိုသာချလိုက်ရင်း မောပန်းစွာနဲ့လှဲအိပ် လိုက်ပါတော့တယ် ........................
မနက်လင်းလို့သူနိုးလာတော့ သူတွေ့လိုက်ရတာ သူခွေးခလေးဟာတဲရှေ့မှာ အသတ်ခံလိုက်ရပြီးသေသွားရှာပါပြီ
သူဟာ လောကကြီးအပေါ်မျော်လင့်ချက်မဲ့ စွာနဲ့ ကိုယ့်ကို ကိုယ်သတ်သေပြီး သူ့ခွေးလေးနောက် လိုက်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် ..........................
သူနောက်ဆုံးအနေ နဲ့ ရွာလေးကသူ့မိတ်ဆွေ ကို သွားနှုတ်ဆက်ပြီး
သတ်သေလို့ရနိုင်လောက်မဲ့ ပစ္စည်းကိရိယာ ရှာမလို့ ရွာထဲ ဝင်လိုက်တော့
ထူးခြားကြောက်စရာကောင်းအောင်ကို တစ်ရွာလုံးတိတ်ဆိတ်ငြိမ်သက်နေတော့တယ်
သူဖြေးဖြေးချင်းဆက်လျောက်သွားကြည့်လိုက်တော့မှ သိလိုက်ရတာ
ညက ရွာထဲ ကိုသူပုန်တွေ ဝင်ဒမြ တိုက်ပြီး တစ်ရွားလုံးသတ်ပစ်လိုက်ကြတဲ့အတွက် အသက်ရှင်လျက်ကျန်နေသေးတာသူတစ်ယောက်တည်းကျန်တော့တယ် ဆိုတာ ပါပဲ ............................
အတိတ်ကသူဌေး ဟာ သူဆက်လက်အသက်ရှင်သန်နေရတာ အင်မတန် ကံထူးလွန်းလှလို့ ဆိုတာ သဘောပေါက်နားလည်သွားတော့တယ်
အချစ်ဆုံးခွေးခလေးကို ဆုံးရှုံးလိုက်ရပေမဲ့ အသက်ရှင်သန်ခွင့်ရလိုက်တာဟာ တန်ဖိုးကြီးမားလှတဲ့ ပေးဆပ်ခြင်းဆိုတာကိုနားလည်သွားခဲ့ပါတော့တယ်
++++++++++++++++++
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ

ဒီအကြောင်းအရာလေးကတော့ ...ရီးစားများတတ်တဲ့ ကောင်လေးတွေ ပွေရှုတ် စိတ်များ ပြီးအိုင်မြင်တိုင်းခြေဆေးချင် ကြတဲ့ ကောင်လေးတွေအ...
08/02/2016

ဒီအကြောင်းအရာလေးကတော့ ...ရီးစားများတတ်တဲ့ ကောင်လေးတွေ ပွေရှုတ် စိတ်များ ပြီးအိုင်မြင်တိုင်းခြေဆေးချင် ကြတဲ့ ကောင်လေးတွေအတွက် ကျွန်တော် ဖန်တီးထားပေးတဲ့ အကြောင်းအရာလေးပါပဲ ခင်ဗျာ
ကိုယ့်မှာအဲ့လိုလူမျိုးနဲ့ပါတ်သက်နေရတဲ့ ကောင်မလေးတွေအနေ နဲ့လည်းသူတို့တွေ သိသွားအောင်ပေး ဖတ်လို့ရပါတယ်
...............................
ပုံပြင်လေးကတော့ ဒီလိုပါ ....

ဟိုးရှေးရှေးတုန်းက ပေါ့ ထူးခြားဆန်းကြယ်တဲ့ ၇ွာလေးတစ်ရွာရှိခဲ့ဖူးတယ်တဲ့ ရွာခလေးရဲ့ နာမည်ကတော့ “ တောင်းဆုတစ်ခါ တစ်သက်တာ ” တဲ့
အဲ့ဒီရွာက ရွာသူရွာသားတွေ ဟာသူတို့ရဲ့ နတ်ဘုရားဆီက ဘာပဲတောင်းတောင်း တောင်းဆု တစ်ဆုစီ ဆုတောင်းလို့ရ နိုင်တယ်တဲ့

ယောက်ျားတစ်ယောက်က ဆုတောင်းတာ
“ ကျွန်တော်မျိုးရဲ့ လယ်ယာတွေထဲက ကောက်ပဲသီးနှံတွေ ထာဝရ
အထွက်တိုးပါစေ ”
အမျိုးသမီး တစ်ယောက်ကဆုတောင်းတာ

“ ကျွန်မရဲ့ မိသားစုဝင်တွေ အားလုံး နေကောင်း ကျန်းမာ ကြပါစေ ” စသဖြင့် ဆုပေါင်းအမျိုး ကို ကိုယ်စီအလှည့်ကျ တောင်းခွင့်ရ နိုင်သလို တောင်းသမျှဆုတွေ ဟာလည်းနောက်တစ်နေ့မှာ ပြည့်ဝခွင့်ရခဲ့ ကြတယ်တဲ့

အဲ့ဒီရွာလေးထဲ မှာ ရှိုးစမိုး နဲ့ ရှိုးတအားထုတ်တတ်ပြီး ကောင်မလေးတွေကို လိုက်ပြီး ရှိုးထုတ်ပြ တတ် လိုက်ရှိတ်နေတတ်တဲ့ လူငယ်လေးတစ်ယောက်
လည်းရှိခဲ့တယ်တဲ့ ..................................
တစ်နေ့မှာအဲ့ ဒီကောင်လေးဆုတောင်းခွင့်ရတဲ့ အလှည့်ရောက်လာ တော့ ကောင်လေး ဟာ သူတို့ရဲ့ နတ်ဘုရားဆီမှာ ဆုတောင်းလိုက်တာက
“ ညတိုင်းညတိုင်း ချောမောလှပ ပြီး တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့
ကောင်မလေးတွေ တစ်ညတစ်ယောက် ကျွန်တော်မျိုးနဲ့ အတူတူလာအိပ်ဖို့
တောင်းဆိုပါတယ် ” လို့ ဆုတောင်းလိုက်တယ် အဲ့ဒီဆုတောင်းကြားတော့
နတ်ဘုရား လည်းကြောင်သွားတယ်

ဒါနဲ့ ကောင်လေး ကို ပြန်မေးတာ “ မောင်ရင် ရဲ့ဆုံးဖြတ်ချက်နဲ့ တောင်းတဲ့ဆုက သေချာရဲ့လား? ”

ဆိုတော့ကောင်လေးက လည်း
“သိပ်ကိုသေချာတာပေါ့ ဘယ်ကောင်လေးကမှ ကောင်မလေးချောချောလှလှလေးတွေနဲ့ ထည်လဲ ပြောင်းအိပ်ခွင့်ရတာ မလိုချင်ပဲနေမှာလဲ ဒီလောကမှာရှိတဲ့လူတွေ ကျွန်တော်မျိုးကို အားကျကြမှာအသေအချာပဲ ”

နတ်ဘုရား လည်းဒီစကားကိုကြားတော့ ရှိုးများတဲ့ ကောင်လေးရဲ့ တောင်းဆုကို ထာဝရ ပြည့်ဝအောင်ပေးလိုက်ပါတော့တယ် ..............................
ပထမညလည်း ရောက်ရော တောင်းဆုက အာနိဓင်ပြတယ် နေရင်းထိုင်ရင်း မိန်းမချောလေးက အိပ်ခန်းတံခါးကိုလာခေါက်ပြီးပြောတယ် “ မင်္ဂလာပါရှင် ကျွန်မက အရှုင်နဲ့ အတူ အိပ်ရဖို့ နတ်ဘုရားပို့လာတဲ့ ၁ရက်မြောက်နေ့ ရဲ့ မိန်းမလှလေးပါရှင်”
ကောင်လေးဟာ အချိန်ဆွဲမနေပါဘူးကောင်မလေးကိုအခန်းထဲခေါ်သွင်း
လိုက်ရင်း စိတ်အားရကျေနပ်အောင် အိပ်စက်ပျော်ပါး ပါတော့တယ်
မနက်လည်းလင်းရော ကောင်မလည်းလည်း ထွက်ခွာ
ပျောက်ကွယ်သွားခဲ့ပါတော့တယ်

ကောင်လေး ဟာ ဒီဆုတောင်းအတွက် အင်မတန်အားရကျေနပ်နေမိတော့တယ် ညတိုင်းညတိုင်းအသစ် အသစ်ရောက်ရောက်လာမဲ့ နတ်ဘုရားပို့ပေးလာတဲ့ မိန်းမလှလေးတွေကို စိတ်ဆန္ဒပြင်းပြစွာစောင့်မျော်နေခဲ့ရင်း ညစဉ်တိုင်း သူကိစ္စနဲ့ သူ ရှုတ်ထွေးနေ ခဲ့ပါတော့တယ် .......................................

ဒီလိုနဲ့ တစ်ညမှာ ကောင်လေးဟာ နတ်ဘုရားပို့လာပေးတဲ့ မိန်းမလေးရောက်လာလို့ တံခါးကိုဖွင့်ပေးလိုက်တဲ့ အချိန်မှာ မြင်လိုက်ရတဲ့အရာကြောင့် စကားတောင်မပြောနိုင်တော့ပဲ မှင်တက်နေမိပါတော့တယ်

ဘာကြောင့်လဲ ဆိုတော့ဒီတစ်ညရောက်၇ှိလာတဲ့ မိန်းမချောလေးဟာ ကောင်လေးအတွက် အင်မတန်နှစ်သက်မြတ်နိုးစရာကောင်းတဲ့ ရုပ်ရည် ကိုယ်နေဟန်ထား အစစအရာရာချောမောပြည့်စုံနေ သလို အပြုံးလေးတွေ ပြောဟန်ဆိုဟန်လေးတွေကအစ ကောင်လေးရဲ့ရင်ထဲမှာ စွဲနေစေပါတော့ တယ်...................................
ကောင်လေးဟာ သူမနဲ့အတူတူ အိပ်စက်ပျော်ပါး ခဲ့ပါတယ် နောက်တော့ ကောင်လေးကပြောတာ “တောင်းပန်ပါတယ် ငါနဲ့ လက်ထက်ပြီး အတူတူ နေပါနော် ကိုယ်မင်းကိုယ် အရမ်း ကြိုက်ပြီး ကိုယ်မင်းကို ချစ်လွန်းလိုက်တာ ”
ကောင်မလေး ကပြန်ပြောတာ

“ နိုးနိုး...မရပါဘူးရှင် ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်မျိုးမကို နတ်ဘုရားက အရှင်သားနဲ့တစ်ညတာတည်းအိပ်စက်ဖို့ ပို့လာတာ ပါ နှောင်ဘယ်တော့မှ ထပ်တွေ့ခွင့်မရ နိုင်ပါဘူး ဘာကြောင့်လဲ ဆိုတော့နောက်ညတွေ ကြရင်လည်းတစ်ခြား မိန်းမလှလေးတွေ မထပ်စတမ်း အရှင်နဲ့ အတူလာပြီးအိပ်စက်ပျော်ပါး ကြအုန်းမှာပဲ ဟာ ”...............................
ဒါနဲ့ကောင်လေး “ အင်းဟုတ်ပေသားပဲ ငါ့တစ်သက်တာလုံးမိန်းမချောလေးတွေနဲ့ အိပ်စက်ခွင့်ရ အုန်းမှာပဲ ဘာလို့လက်ထပ်မှာ လဲ နော့....ဟားဟားဟား ”ဆိုပြီး
မနက်လဲ ရောက်ရောကောင်မလေးလည်းထပ်မံထွက်ခွာ ပျောက်ကွယ်သွားခဲ့ ပါတော့တယ် ကောင်လေးဟာတစ်ယောက်တည်းကျန်ခဲ့တော့မှ
ထူးခြားဆန်းကြယ် စွာနဲ့ပြောမပြတတ်အောင် ရင်ထဲမှာဟာတာတာ နဲ့ ကြေကွဲလွမ်းဆွေးနေမိပါလေရောတဲ့ စိတ်ထဲ မှာတွေးတောနေတာ
ဘာကြောင့်ပါလိမ့် ငါ့မှာ အတူတူအိပ်စက်ဖို့ မိန်းမလှလေးတွေ ရှိနေပါလျှက်နဲ့ အတွင်းစိတ်ထဲမှာ အထီးကျန်ဆန် အားငယ်မိလိုက်တာနော် ..........................................
ပွေရှုတ်ရတာကြိုက်တဲ့ ကောင်လေးဟာ တစ်ခြား နတ်ဘုရားပို့ပို့ လာပေးနေတဲ့ မိန်းမလှပေါင်းများစွာနဲ့ အတူတူ ပျော်ပါးအိပ်စက်ခွင့်ရပေမဲ့ အဲ့အပြင် ဘာမှ ပိုလို့မရ နိုင်ပါဘူး မနက်တိုင်းမှာ မိန်းမလှလေးတွေ ဟာပျောက်ကွယ်သွားခဲ့ ပြီး နောက်တစ်ကြိမ်ဘယ်တော့မှ ထပ်မံတွေ့ဆုံခွင့်မရ နိုင်တော့တဲ့အတွက်ကြောင့်ပါပဲ အချိန်တွေ ကုန်လွန်သွားကျော်လွန်းသွားပြီး နှစ်တွေကြာလာ တဲ့အခါ ပွေရှုတ်တဲ့ကောင်လေး ကနေ အသက်တွေ ကြီးရင့်ပြီး အဖိုးအို ဖြစ်လာခဲ့ရပါတော့တယ် .................................
သူဘယ်မိန်းခလေးနဲ့မှပျော်ပါးနိုင်စွမ်းမရှိတော့ ပါဘူး ဘယ်လောက်ချောမောတဲ့ မိန်းခလေးကိုမှလဲ ရင်ခုန်နိုင်စွမ်းမရှိ ခံစားချက်မရှိနိုင်တော့ပါဘူး ဒါပေမဲ့ မိန်းမလှလေးတွေကတော့ ညတိုင်းညတိုင်း တစ်ယောက်နဲ့ တစ်ယောက် လူမထပ်စတမ်းလာနေဆဲပါပဲ နောက်ဆုံးမှာ ပွေရှုတ် အဖိုးအိုက ပြောတာ

“ ငါတောင်းပန်ပါတယ် ငါနင်တို့နဲ့ မပျော်ပါးလိုတော့ပါဘူး ကျေးဇူးပြု ပြီး ငါ့ကို ပြုစုယုယ ဂရုစိုက်ပေးကြပါ အုန်း ” ဆိုတော့ကောင်မလေးတွေကပြောတာ “ မရနိုင်ပါ ဘူး ရှင် ဘာကြောင့်လဲ ဆိုတော့ ရှင်ရဲ့ ဆုတောင်းအရ ကျွန်မတို့ဟာရှင်နဲ့ အတူတူ အိပ်စက်ပျော်ပါးပေးဖို့ကလွဲပြီးတစ်ခြားဘာမှ လုပ်ပေးလို့ မရ နိုင်ပါဘူး ”.......................................
ညတိုင်းညတိုင်းရောက်လာတဲ့ မိန်းမလှလေးတွေ ကိုအဖိုးအိုကတောင်းပန်ရှာတယ် “ ငါအရမ်းအထီးကျန်ဆန်လိုက်တာ ငါနဲ့အဖော်လုပ်ပေးကြပါ ငါနဲ့အတူတူနေပေးကြပါ အုန်း ” တဲ့
ဒါပေမဲ့ ဘယ်မိန်းခလေးကမှ အဖိုးအိုရဲ့ တောင်းပန်စကားကိုဂရုမစိုက်ပါဘူး ညဆိုရောက်လာပြီးမနက်ကျပြန်သွားကုန်ခဲ့ကြပါတော့ တယ်
................................
ခုချိန်ခါမှာအဖိုးအိုဟာ သဘောပေါက်နားလည်လာခဲ့ပါပြီ ဘယ်အရာဟာ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ ထင်ကျန်နေတဲ့ အရာလဲ ....
ခံစားချက် ဆိုတာ ဘာလဲ ဆိုတာ သူပထမဆုံးလက်ထက်ခွင့်တောင်းခဲ့ တဲ့မိန်းခလေး နဲ့ခွဲခွာရကတည်းက သိခဲ့ မိပါတော့တယ်
တကယ်တမ်းတော့ သူဟာ နွေးထွေးကြင်နာမှု့ နဲ့အချစ်စစ် ဆိုတာ လိုအပ်နေခဲ့တာပါ တကယ်တမ်း သူ ညစဉ်တိုင်းမှာ ရရှိ နေခဲ့တာတွေကတော့ ချစ်တဲ့သူဆီကနေ နွေးထွေးကြင်နာမှု့မပါတဲ့ ခဏတာပျော်ရွင်မှု့တွေပါပဲလား ? .. ..................................
အဖိုးအို သိလာခဲ့ တာကတော့
သူ ကို ချစ်တဲ့သူကိုသူလိုချင်တာပါ
သူ နဲ့အတူဘေးမှာ လာနေပေးမဲ့သူကိုလိုချင်တာပါ
သူနဲ့အတူ အိုမင်းတဲ့အချိန်မှာဂရုစိုက်ပြုစုပေးမဲ့သူကိုလိုချင်တာပါ
သူနဲ့ အတူကြင်နာနွေးထွေးစွာ ဖက်ပြီးအတူတူအိပ်ပျော်သွားကြမဲ့အဖော်ကိုလိုချင်ခဲ့တာပါ
.........................................
အဖိုးအိုဟာရွာထဲ ကိုလျောက်ဝင်သွားတယ် သူနဲ့အတူတူ အိပ်စက် အဖော်ပြုပေးမဲ့သူကိုရှာဖွေ ဖို့ ..
ဒါပေမဲ့ အဖိုးအိုတွေ့ရတာက တော့ အတူတကွ အိုမင်းနေတဲ့ စုံတွဲတွေ ဒါမှမဟုတ်သူ့ကို ရွံရှာအလိုမရှိတဲ့သူတွေကိုပဲ တွေ့နေမြင်နေရပါတော့တယ်
ဘာကြောင်လဲ ဆိုတော့ သူဟာအရင် လို ပလေးဘွိုင်းကောင်လေးမဟုတ်တော့ပဲ အရေတွန့် အသားညိုးနေပြီးဖြစ်တဲ့အဖိုးအို ကြီးဖြစ်နေလို့ပါပဲ
အဖိုအိုဟာ နတ်ဘုရားရှေ့သွားဒူးထောက်ထိုင်ချလိုက်ရင်းပြောတယ်
“တောင်းပန်ပါတယ် တော်ပါတော့ ကျွန်တော်မျိုးမိန်းမလှတွေကိုအလိုမရှိတော့ပါ ဘူး ကျွန်တော်မျိုး ကြင်နာနွေးထွေးမှု့ကိုပဲလိုချင်တာပါ ကျွန်တော်မျိုးကိုအစစ်အမှန်ချစ်ကြင်နာမဲ့သူကိုပဲ လိုချင်တာပါ ”..............................
နတ်ဘုရားကပြောတယ် ....နိုး ..မရတော့ပါဘူး ...သင်ဟာသင့်ရဲ့ ဆုကို တောင်းလိုက်ပြီးပြီ အသုံးချခဲ့ပြီး ပြီ အချိန်ကိုနောက်ပြန်ဆုတ်ပြီင်္း အသစ်နောက်တစ်ဆုတောင်းလဲ မရ နိုင်တော့ပါဘူး ဘာကြောင့်လဲ ဆိုတော့အသင် ဟာ ကိုယ့်ရဲ့ ဘဝလမ်းကြောင်းကိုဆုံးဖြတ်ရွေးချယ် လျောက်လှမ်းခဲ့ပြီးပြီမို့ပါပဲ ”
ဆိုပြီး ပျောက်ကွယ် သွားခဲ့ပါတော့တယ် .................
အဖိုးအိုဟာ ...သူရဲ့အဖော်မဲ့အိမ်အိုစုတ်လေးဆီပြန်လာပြီး အေးစက် တိတ်ဆိတ် နေတဲ့ အိပ်ရာထက်မှာ အဖော်မဲ့ အထီးကျန် အားငယ်ကျေကွဲစွာနဲ့ လဲလျောင်းနေခဲ့ပါတော့တယ်
အဲ့အချိန်မှာပဲ အခန်းတံခါးဟာ ကျွိအိအိ နဲ့မြည်ပြီးပွင့်လာ ပါတယ် ပွင့်လာတဲ့ တံခါးပေါက်ကနေ မိန်းမချောလေးတစ်ရောက်ရောက်လာပြီး ပြောလိုက်တာကတော့ “ မင်္ဂလာပါရှင် ကျမကရှင်နဲ့ အတူပျော်ပါးဖို့ နတ်ဘုရားကပို့ပေးလာတဲ့ နှစ်သောင်းခွန်နှစ်ထောင် သုံးရာခွန်နှစ်င်္ဆယ့် ငါး ယောက်မြောက် ပါရှင်. ”..တဲ့

ပြီးပါပြီခင်ဗျာ ....................................
ဒီပုံပြင်လေးက ဘာကိုသင်္ခန်းစာပေးသလဲ ဆိုတော့

ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက်ရီးစားဖြစ်ပြီး ရည်းစားထည်လဲတွဲ ခွင့်ရတဲ့ကောင်လေးတွေအနေနဲ့ အဲ့တာဟာပျော်စရာကောင်းတယ် လို့ထင်နေပေမဲ့ တကယ်တမ်းတော့ အဲ့တာဟာ ပျော်ရွင်မှု့အစစ်မဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့တစ်နေ့နေ့ တစ်ချိန်ချိန် ကိုယ့်မှာအချစ်ဆိုတာ လိုလာတဲ့ အခါ မှာ ဘယ်သူမှကိုယ့်ကိုပြန်ချစ်ဖို့ ကျန်ရှိနိုင်မှာမဟုတ်တော့ပါဘူး ဘာကြောင့်လဲဆိုတော့ နှကိုယ်ကတည်း အဲ့လိုပျော်ရွင်မှု့မျိုးကိုရွေးချယ် ခဲ့လို့ပါပဲ ............................................
ကျွန်တော်တို့ ဘဝ တွေဟာ ပျော်ရွင်မှု့ ကို ရှာဖွေလို့ ရရှိနေနိုင်ပါတယ် ဒါပေမဲ့ အဲ့ဒီရလာတဲ့ပျော်ရွင်မှု့တွေက အစစ်အမှန်ရောဟုတ်ရဲ့လားဆိုတာက တော့ သင့်ရဲ့ရွေးချယ်မှု့အပေါ်မှာပဲ မူတည်နေပါတော့ တယ်ခင်ဗျာ
++++++++++++++++++
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ

"အဖေ... အဖေ.. အ ဖေ.. တံခါးဖွင့်ပေးပါဦး.. ကျွန်တော်က အဖေ့သားပါ.. သား သော့မေ့ခဲ့လို့"သားအပြောကို အဘိုးအိုက ခေါင်းခါပြပြီး ...
03/02/2016

"အဖေ... အဖေ.. အ ဖေ.. တံခါးဖွင့်ပေးပါဦး.. ကျွန်တော်က အဖေ့သားပါ.. သား သော့မေ့ခဲ့လို့"

သားအပြောကို အဘိုးအိုက ခေါင်းခါပြပြီး ချိနဲနဲအသံနဲ့ "မင်းဘယ်သူလဲ မင်းကို ငါ မသိဘူး"လို့ဆိုတယ်။

ဘယ်အချိန်ကတည်းက စခဲ့မှန်းမသိ.. အဘိုးအိုရဲ့မှတ်ဉာဏ်ဟာ တစ်နေ့ထက်တစ်နေ့ဆိုးဝါးခဲ့တယ်။

ရေခဲသေတ္တာဘယ်မှာလဲ၊
အိမ်သာဘယ်မှာလဲ၊
အခုပဲ သူဘာလုပ်ခဲ့တယ်ဆိုတာကို သူမမှတ်မိခဲ့ဘူး။
ထမင်းစားပြီးပြီလား မစားရသေးဘူးလားဆိုတာကိုလည်း
သူ မမှတ်မိခဲ့ဘူး။ တံခါးဝနားရောက်တာတောင် ဒါဟာ သူနေတဲ့အိမ်ဆိုတာကို သူမမှတ်မိခဲ့ဘူး။

နေ့လယ်ခင်းတစ်ခုမှာ သားက အဘိုးအိုကိုခေါ်ပြီး ထမင်းဆိုင်မှာ ထမင်းသွားစားခဲ့တယ်။ ထမင်းစားပြီး ပန်းကန်ထဲမှာ ဖက်ထုပ်နှစ်ခုကျန်နေတာကိုတွေ့တော့ အဘိုးအိုဟာ ဖက်ထုပ်ကိုလက်နဲ့ယူပြီး
အိတ်ကပ်ထဲ ထိုးထည့်လိုက်တယ်။

လူအများရှေ့မှာမို့ သားက "အဖေ.. ဘာလုပ်တာလဲ"လို့ ဝင်ဟန့်တော့
အဘိုးအိုက ... "ငါ့သားအတွက် ယူသွားပေးမလို့ပါ... ဒါ ငါ့သားအရမ်းကြိုက်တယ်"လို့ တုန်ချိချိအသံနဲ့ပြောပါတယ်။

အသက်ကြီးလာလို့ အရာရာကိုမေ့တတ်ခဲ့ပေမယ့်၊ မှတ်ဉာဏ်တွေ ချွတ်ယွင်းခဲ့ပေမယ့် သားသမီးတွေကိုချစ်ဖို့တော့ မိဘတွေက လုံးဝမမေ့ခဲ့ပါဘူး။
အချိန်မီတုန်း ဂရုစိုက်ပါ.. စောင့်ရှောက်ပါ။ အချိန်မီသေးတာက သင့်အတွက် ကံကောင်းခြင်းတစ်မျိုးပါ။ တချို့တွေ ဂရုစိုက်ပြုစုချင်တာတောင် အချိန်မမီခဲ့တော့ပါဘူး။

ဒီ ဗီဒီယိုလင့်လေးကို ကြည့်ကြည့်ပါ..

http://www.facebook.com/photo.php?v=10200757157430338&set=vb.151523654862808&type=3&theater
Credit to နိုင်းနိုင်းစနေ

_____ အီးပုံပြင် _____သတိ။...။ ရွံတတ်သူများ မဖတ်ရတခါက...သင်္ချာဆရာတစ်ယောက်ဆီမှာ ကျောင်းသားလေးနှစ်ယောက် ကျူရှင်ယူပြီး စာသင်...
02/02/2016

_____ အီးပုံပြင် _____
သတိ။...။ ရွံတတ်သူများ မဖတ်ရ

တခါက...
သင်္ချာဆရာတစ်ယောက်ဆီမှာ ကျောင်းသားလေးနှစ်ယောက် ကျူရှင်ယူပြီး စာသင်နေသတဲ့။

ခက်တာက...
ကျောင်းကြီးမှာ စာမေးပွဲဖြေတိုင်း
တစ်ယောက်က သင်္ချာအမှတ်ပြည့်ရပြီး
နောက်တစ်ယောက်ကတော့ ၇၀ လောက်ပဲရတယ်။ ဒီတော့
အမှတ်နည်းတဲ့ကျောင်းသားက ကျူရှင်ဆရာကို မေးတယ်... ...

" ဆရာ... ကျနော်တို့ နှစ်ယောက် ဆရာ့ဆီမှာ ကျူရှင်ယူကြတယ်၊သူအတန်းမှန်သလို ကျနော်လည်းမှန်တယ် သူအိမ်စာလုပ်သလို ကျနော်လည်းလုပ်တယ် သူကြိုးစားသလောက် ကျနော်လည်း ကြိုးစားတယ်၊ ဒါနဲ့များ စာမေးပွဲမှာ ဘာလို့ ကျနော်က အမှတ်နည်းရတာလဲ ဆရာ၊ ကျနော်မသိအောင်များ သူ့ကိုတစ်ယောက်ထဲ ခွဲပြီး အချိန်ပိုသင်ပေးနေတာလား "
ဆိုတော့... ...

ဆရာက တပည့်မိုက်ကို ပြုံုးပြီးကြည့်ရင်း ပြောတယ်... ...
" သူ အမှတ်ပိုရအောင် ဆရာဘယ်တုံးကမှ ခွဲခြားပြီး မသင်ခဲ့ဘူး င့ါတပည့် "

" ဒါဆို သူကဘာလို့ ကျနော့်ထက် အမြဲတမ်း အမှတ်များနေတာလဲဆရာ"

" မင်းတို့ နှစ်ယောက်ဗိုက်ထဲက ချီးအလေးချိန် မတူလို့ကွ၊ ပိုလေးတဲ့အီးကို ပါနိုင်တဲ့ကောင်က ပိုပြီး စာတော်တယ် "

" ဗျာ..."

" ဟုတ်တယ်.... မယုံရင် မနက်ဖန်မနက် အိပ်ရာထလို့ အီးပါတဲ့အခါ အဲဒီအီးကို ချိန်ခဲ့ကြ၊ ဘယ်သူက အီးပိုများများပါနိုင်လဲ၊ ဘယ်သူ့အီးက ပိုလေးလဲ ကြည့်ကြတာပေါ့၊ ဟုတ်ပြီလား "

"ဟုတ်ကဲ့..." ဆိုပြီး..
ကျောင်းသားနှစ်ယောက်ပြန်သွားတယ်။ နောက်ရက် ကျူရှင်လာတက်တော့ဆရာကမေးတယ်... ...

" ပြောပါအုံး မင်းတို့ရဲ့ အီး အလေးချိန်တွေ"

စာညံ့တဲ့ကျောင်းသားက ဖြေတယ်... ...
" ကျနော်ဟာကတော့ ဂရမ် ၁၅၀ လောက်ရှိတယ် ဆရာ"
စာတော်တဲ့ ကျောင်းသားက ဖြေတယ်... ...
" ၈၅ ဂရမ် ရှိပါတယ်ဆရာ "
အဲဒီမှာ...
စာညံ့တဲ့ကျောင်းသားက 'ဘယ့်နှယ့်ရှိစ' ဆိုတဲ့ မျက်နှာပေးနဲ့ ဆရာကိုကြည့်ရင်း ပြောတယ်... ...

" ဆရာပြောတော့ စာတော်ရင် ပိုများမယ် ပိုလေးရမယ်ဆို၊ ခု ဘယ့်နှယ့်လဲ "
ဆရာက တပည့်ကို ခွင့်လွှတ်တဲ့ အပြုံးနဲ့ကြည့်ရင်း ဖြေတယ်... ...

" ငါ့တပည့်... မင်းရဲ့ အီးအလေးချိန် ၁၅၀ ဂရမ်ကို သိရအောင် မင်းဘယ်လို ချိန်ခဲ့လဲ "

" ပလပ်စတစ်အိတ်ထဲ ပါချတယ်၊ ပြီးတော့ ချိန်ခွင်ပေါ်တင်ပြီး ချိန်လိုက်တာပဲလေ "

"အဲလိုလုပ်တော့ အဆင်ပြေရဲ့လား"

"နည်းနည်းတော့ ဟိုပေဒီပေနဲ့ ညစ်ပတ်တာပေါ့၊ နံလည်း နံတာပေါ့ ဝေါ့ ပြောရင်း ရွံလာပြီ"

"ကဲ... ဟုတ်ပြီး နောက်တစ်ယောက်ကရော 85 ဂရမ်ရအောင် ဘယ်လိုချိန်ခဲ့လဲ"

"ကျနော်က အီးမပါခင် ကိုယ့်အလေးချိန်ကို ချိန်လိုက်တယ်ဆရာ၊ အီးပါပြီး ပြန်ချိန်လိုက်တယ်၊ အလေးချိန် ၂ ခု ခြားနားလိုက်တဲ့အခါ ထွက်သွားတဲ့ အီးအလေးချိန်ကို ရပါတယ်"

"အေး... ဆရာပြောချင်တာက အဲဒါပဲ၊ တကယ်တော့ အီး အလေးချိန်ကြောင့် စာညံ့စာတော် ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး၊ ဒီ ညစ်ပတ် နံစော်နေတဲ့ မစင်တွေကို လက်နဲ့ မကိုင်ပဲ၊ ဘာကရိကထမှ မများအောင် သူ့အလေးချိန်ကို သိနိုင်တဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ ကိုယ်ပိုင်ဥာဏ်ကို သုံးတတ် မသုံးတတ်ဆိုတာ ထင်ရှားစေချင်လို့ ဆရာက ခိုင်းလိုက်တာပါ၊ ဘယ်သူက ပိုတော်တယ်ဆိုတာ သိဖို့ ဗိုက်ထဲက အီးနဲ့ မဆိုင်ဘူး၊ အီးအလေးချိန်ကို အလွယ်တကူ သိအောင် လုပ်နိုင်တဲ့ ခေါင်းထဲကဦးနှောက်နဲ့ပဲ ဆိုင်တယ် င့ါတပည့် " ဆိုတော့... ...

အမှတ်နည်းတဲ့ တပည့် ခေါင်းငိုက်စိုက်ကျပြီးဝန်ခံသွားတယ်... ...
"ကျနော်မှားပါတယ် ဆရာ..."
_______________

Credit : Original

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when လူငယ်တို့အတွက်ဒဿနစာစုများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category