RAE - The Royal Academy of Education - Mawlamyine

RAE - The Royal Academy of Education - Mawlamyine Hello

06/06/2026
27/04/2026

RAE မော်လမြိုင် မှာကျောင်းသားဦးရေကို ဘာလို့ ကန့်သတ်ထားရတာလဲ..?

ကျောင်းတစ်ကျောင်းမှာ ကျောင်းသားအများကြီးထက် ကိုယ့်ရဲ့သားသမီးတစ်ယောက်ချင်းစီကို အမှန်တကယ် ဂရုစိုက်နိုင်တဲ့ ကျောင်းဖြစ်ဖို့က ပိုအရေးကြီးပါတယ်။

🎯ကျွန်မတို့ The Royal Academy of Educationမှာ
ကျောင်းသားဦးရေကို ကန့်သတ်ထားတာဟာ သင်ကြားမှုအရည်အသွေး မကျစေဖို့ပါ။

The Royal Academy of Education Center ရဲ့ ရည်ရွယ်ချက်က
👉ကျောင်းသားတိုင်းကို တစ်ဦးချင်း အာရုံစိုက်ပေးနိုင်ဖို့

👉စာနားမလည်တဲ့အခါ ဆရာမတွေထံ စာပြန်မေးရဲတဲ့ Classroom Environment ဖန်တီးဖို့

👉ဆရာ/ဆရာမတွေက မျက်စိအောက်က အပျောက်မခံပဲ ဂရုစိုက်နိုင်ဖို့

👉တစ်ယောက်ချင်းစီရဲ့ အားသာချက်၊ အားနည်းချက်ကို သိရှိပြီး အနီးကပ် လမ်းညွှန်ပေးနိုင်ဖို့

👉သင်ကြားမှု Quality မကျနိုင်ဖို့ ကျောင်းသားဦးရေကို ကန့်သတ်ထားရခြင်းဖြစ်ပါတယ်။

မိဘများအတွက် ကိုယ့်သား၊ သမီးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုကို တာဝန်ယူစောင့်ကြည့်ပေးနေတာကတော့ RAE ရဲ့ အာမခံချက်ပါ။

🎓 အရေအတွက်မများပေမယ့် အရည်အသွေးမြင့်တဲ့ သင်ကြားမှုကိုသာ ဦးစားပေးထားလို့ မိဘများအနေဖြင့် ကိုယ့်ကလေးအနာဂတ်အတွက် စိတ်ချရချင်ရင် The Royal Academy of Education Center ကိုသာ အပ်နှံလိုက်ပါနော်။

📍The Royal Academy of Education Center {မော်လမြိုင်}

🏠 စွန်းလွန်းကျောင်းလမ်း၊တောင်ဝိုင်းရပ်၊မော်လမြိုင်မြို့။

📞 09 769 170 570

မော်လမြိုင်ကျောင်းခွဲ Pre GED + GED နဲ့ GED အတန်းများ April Intake အတွက် ကျောင်းအပ် စတင်လက်ခံပေးနေပါပြီ🚨🌟အခုဆိုရင် အကြော...
19/03/2026

မော်လမြိုင်ကျောင်းခွဲ Pre GED + GED နဲ့ GED အတန်းများ April Intake အတွက် ကျောင်းအပ် စတင်လက်ခံပေးနေပါပြီ🚨🌟

အခုဆိုရင် အကြောင်းမျိုးမျိုးကြောင့် ပညာရေးဆုံးခန်းမတိုင်ဘဲ လမ်းတဝက်မှာ ရပ်တန့်နေကြတဲ့ လူငယ်တွေ အများကြီး‌ရှိနေကြပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ဘာသာရပ်တစ်ခုကို နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတန်းနဲ့ သင်ကြားခွင့်ရမယ့်အပြင် နိုင်ငံခြားတက္ကသိုလ်တွေမှာပါ ကျောင်းတက်နိုင်မယ့် အိပ်မက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ RAE ကဖွင့်လှစ်မယ့် GED program ရှိနေပါပြီ။

🎓 ဒါကြောင့်မို့ နိုင်ငံတကာက တက္ကသိုလ်တွေမှာ ဆက်လက်တက်ရောက်နိုင်ဖို့ နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်ဖြစ်တဲ့ GED အတန်းကို RAE ရဲ့ မော်လမြိုင် Campus မှာ April Intake အတွက် အပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

ကျောင်းသားဦးရေ ကန့်သတ်ထားတာကြောင့် အခု အမြန်ဆုံး လာရောက်အပ်နှံဖို့တော့လိုမယ်နော်။✨

🌟 GED (General Educational Development) ဆိုတာ အမေရိကန် အထက်တန်း အောင်လက်မှတ်နဲ့ ညီမျှတဲ့ Diploma တစ်ခု ဖြစ်ပါတယ်။

သင်ကြားရမယ့် ဘာသာရပ်တွေကတော့…
1️⃣အင်္ဂလိပ်စာ (Reasoning through Language Arts)
2️⃣သင်္ချာ (Mathematical Reasoning)
3️⃣သိပ္ပံ (Science)
4️⃣အမေရိကန်သမိုင်းနှင့်လူမှု ရေးဆိုင်ရာဘာသာရပ် (Social Studies)
ဆိုပြီး ဘာသာရပ် စုစု ပေါင်း (၄) ခု ရှိပါတယ်။

Pre-GED + GED Class ကို ဘယ်သူတွေ တက်ရောက်သင့်တာလဲ?
🔶မြန်မာကျောင်း (၉တန်း၊ ၁၀တန်း) မအောင်မြင်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ပညာရေး ရပ်တန့်ထားပြီးမှ တစ်ဖန်ပြန်လည်သင်ကြားလိုသော လူငယ်တွေ၊
🔶အချိန်ကုန်၊ ငွေကုန်သက်သာစွာဖြင့် နိုင်ငံတကာ ပညာရေးကို လျှောက်လှမ်းလိုသော လူငယ်များ၊
🔶အထက်တန်းမအောင်မြင်သေးသော်လည်း နိုင်ငံတကာ အသိမှတ်ပြုထားတဲ့ အထက်တန်းအောင် Diploma လက်မှတ်လိုချင်သော လူငယ်တွေ၊
🔶GED အောင်လက်မှတ်ဖြင့် နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ပြင်ဆင်နေတဲ့ အနာဂတ်လူငယ်များနဲ့ ပြည်တွင်း Private University များတွင်ပါ GED အောင်လက်မှတ်ဖြင့် ဆက်လက်ပညာသင်ယူလိုသူများ၊
ရွေးချယ် တက်ရောက်သင့်ပါတယ်။

ကျောင်းများစွာထဲမှ RAE ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
🟧အရည်အချင်းပြည့်မှီတဲ့ အတွေ့အကြုံရှိ ဆရာ၊ ဆရာမများကိုယ်တိုင် စနစ်တကျ သင်ကြားပေးခြင်း၊
🟧လိုချင်တဲ့ Target score များရရှိအောင် သင်ကြားပေးခြင်း၊
🟧ကျောင်းသားဦးရေ အကန့်အသတ်ဖြင့် ထိရောက်စွာ သင်ကြားပေးခြင်း၊
🟧GED စာမေးပွဲအတွက် သင်ယူမှုအစကနေ စာမေးပွဲဖြေဆိုသည်အထိ လိုအပ်သမျှ ပံ့ပိုးပေးခြင်း၊
🟧ပြည်ပသို့ ပညာသင်သွားရောက်လိုသူများအတွက် အခမဲ့အကြံဉာဏ်ပေးခြင်း
အစရှိတဲ့ အကျိုးကျေးဇူးများစွာကြောင့် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်စေမှာပါ။

💫 လူငယ်တိုင်းရဲ့ ပညာရေးကဏ္ဍမှာ အဘက်ဘက်မှ ပံ့ပိုးပေ့းဖို့ အသင့်ရှိနေတဲ့ RAE ရှိနေပြီမို့ GED ပညာရေး တက်ရောက်ဖို့ ဆုံးဖြတ်ထားသူတိုင်း အခုပဲ ကျောင်းအပ်လိုက်တော့နော်။

🧳တခြားမြို့နယ်မှ ကျောင်းသားများအတွက်လည်း လုံခြုံစိတ်ချရတဲ့ အဆောင်များ စီစဥ်ထားရှိပါတယ်။

အသေးစိတ်သိရှိလိုပါက ⏬
☎️ Ph - 09 769 170 570
တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🧑‍🎓 ပညာရေးနှင့်ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် Education Consultant များနှင့် Consulting လုပ်ပေးနေပါတယ်။

🏤 Address
RAE Mawlamyine Campus -
ဈေးကြိုအဝိုင်းအနီး၊အရေပြားဆေးရုံရှေ့၊ စွန်းလွန်းကျောင်းလမ်း၊တောင်ဝိုင်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။



18/03/2026

အလုပ်တစ်ဖက်နဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နေသူများအတွက် သီးသန့် GED Online Class ✨

အလုပ်တစ်ဖက်နဲ့မို့ အချိန်မပေးနိုင်မှာ၊ ပညာရေးလမ်းကြောင်းနဲ့ ဝေးကွာနေတာကြာလို့ လူအများကြီးကြားထဲမှာ စာပြန်သင်ဖို့စိတ်ပူနေတာတွေကို အခုပဲ Releaseလုပ်လိုက်လို့ရပါပြီ။RAE ရဲ့ GED Online Class က သင့်ကို စောင့်ကြိုနေပါတယ်။

🎯 သင်ယူမှုပုံစံကို စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။

•One-to-One Class (Private): သီးသန့်သင်ယူလိုသူများအတွက် မိမိအလုပ်အားတဲ့အချိန်ကို ဆရာမနဲ့ တိုက်ရိုက်ညှိနှိုင်းပြီး သင်ယူနိုင်ပါတယ်။

•Group Class: ကျောင်းသားဦးရေ (၁၅) ယောက်ထက် မပိုတာမို့ လူနည်းနည်းနဲ့ ထိထိရောက်ရောက် သင်ကြားနိုင်ပါတယ်။

• ရုံးချိန်လွတ် အတန်းများ: Monday to Thursday (ည 7PM မှ 9PM ထိ) ဖြစ်လို့ အလုပ်မပျက်ဘဲ တက်ရောက်နိုင်မှာပါ။

⭐ ဘာကြောင့် RAE ကို ရွေးချယ်သင့်တာလဲ?

✅GED Exam ဖြေဆိုဖို့ Account ဖွင့်တာကအစ ကျောင်းကနေ အစအဆုံး ကူညီပြီး လုပ်ပေးသွားမှာပါ။

✅Credit 200 ကျော်ရတဲ့ ထူးချွန်ကျောင်းသားတွေ အများကြီး မွေးထုတ်ပေးထားပါတယ်။

✅GED အောင်မြင်ပြီးတာနဲ့ နိုင်ငံခြားတက္ကသိုလ်တွေမှာ စာမေးပွဲသွားဖြေဖို့အတွက် အမြဲတမ်း Ready ဖြစ်နေမှာပါ။

မနက်ဖြန်တွေမှာ ပိုမိုကောင်းမွန်တဲ့ Career တစ်ခု ပိုင်ဆိုင်ဖို့ ဒီနေ့ပဲ Register လုပ်လိုက်တော့နော်✨

🏠 Yangon Campus
Dagon Centre (1)
အမှတ်(၄၀၁)၊ (၄)လွှာ၊ တိုက်(C)၊ ဒဂုံစင်တာ(၁)၊
မြေနီကုန်း၊စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 788 556 353
09 687 369 070

🏠မော်လမြိုင် Campus_
အမှတ် ၃၄၃၊ သမိန်ဗရမ်းလမ်း၊ မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။
📞 09 769 170 570

📌RAE GED Program အကြောင်းအသေးစိတ်ဖတ်ရှူရန်
https://www.facebook.com/share/p/17LBYihVhB/






18/03/2026
အမှတ် (၂၀၀) ပြည့် ကျောင်းသား/သူ များစွာ မွေးထုတ်ရာ RAE မော်လမြိုင် ရဲ့Pre-GED + GED (၉) လပြတ် အတန်းသစ် စတင်ဖွင့်လှစ်လိုက...
08/02/2026

အမှတ် (၂၀၀) ပြည့် ကျောင်းသား/သူ များစွာ မွေးထုတ်ရာ RAE မော်လမြိုင် ရဲ့Pre-GED + GED (၉) လပြတ် အတန်းသစ် စတင်ဖွင့်
လှစ်လိုက်ပါပြီ🎓✨

အခြေခံကနေစပြီး နိုင်ငံတကာအဆင့်မီ အထက်တန်းအောင်လက်မှတ်ရသည်အထိ RAE - Mawlamyine Campus မှာ စနစ်တကျ ပြင်ဆင်လိုက်ပါ✅

အင်္ဂလိပ်စာ အခြေခံအတွက်လည်း စိတ်ပူစရာမလိုအောင် Free English Foundation Class ကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။

💡 ဒီအတန်းမှာ ဘာတွေပါဝင်မလဲ?

📚Pre-GED + GED Class: အခြေခံကနေစပြီး (၉) လအတွင်း ထိထိရောက်ရောက် သင်ကြားပေးမှာဖြစ်လို့ ဘာသာရပ်တိုင်းမှာ ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်မှာပါ။

💡Free English Foundation: အင်္ဂလိပ်စာ အခြေခံအတွက် သီးသန့် Foundation Class ကို အခမဲ့ (Free) ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်လို့ ဘာသာရပ်တွေကို လေ့လာရာမှာ ပိုမိုလွယ်ကူစေမှာပါ။

📝Full-Time Schooling: Monday to Friday တက်ရောက်ရမှာဖြစ်လို့ ကျောင်းသားတွေအတွက် ပညာရေးကို အာရုံအပြည့်အဝ စိုက်နိုင်မယ့် ပတ်ဝန်းကျင်ကို ရရှိမှာပါ။

🏨အဆောင် နေစားငြိမ်း စီစဉ်ပေးခြင်း:
ကျောင်းသား/သူများအဆင်ပြေစေရန်အတွက် အဆောင် (နေစားငြိမ်း) ကိုလည်း စနစ်တကျ စီစဉ်ပေးထားပါတယ်။

🎓Expert Teacher: Credit 200 ကျော်ရရှိသူများစွာကို မွေးထုတ်ပေးခဲ့တဲ့ အတွေ့အကြုံရှိ ဆရာမများက ထိထိရောက်ရောက် သင်ကြားပြသပေးမှာပါ

✨ ဘယ်သူတွေတက်သင့်လဲ?
• အခြေခံကစပြီး GED ဖြေဆိုလိုသူများ
• အချိန် (၉) လအတွင်း အောင်လက်မှတ်ရယူပြီး တက္ကသိုလ်တက်ရန် ပြင်ဆင်လိုသူများ
• အင်္ဂလိပ်စာ အခြေခံနှင့် GED ကို တစ်ပါတည်း လေ့လာလိုသူများ

🔥အရည်အသွေးမြင့် ပညာရေးကို သင့်တင့်တဲ့နှုန်းထားနဲ့ ရရှိစေဖို့ Feb (၁၅) ရက်နေ့ မတိုင်ခင် အပ်နှံသူတိုင်းအတွက် ၂၀% OFF Discount ကို ပေးအပ်သွားမှာပါ။

မော်လမြိုင်မှာရှိတဲ့ လူငယ်တွေအနေနဲ့ မိမိတို့ရဲ့ အနာဂတ်ပညာရေးအတွက် အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ အမြန်ဆုံး ဆက်သွယ်စာရင်းပေးသွင်းလိုက်ပါ❗️ 🚀

📍Mawlamyine Campus
: အမှတ် (၃၆၇)၊ သမိန်ဗရမ်းလမ်း၊ မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့။

📞 Contact: 09 769 170 570

GED ဖေဖော်ဝါရီတန်းခွဲအသစ်📌
06/02/2026

GED ဖေဖော်ဝါရီတန်းခွဲအသစ်📌

English အားနည်းလည်း GED အမှတ်ကောင်းရစေမယ့် RAE ရဲ့ မော်လမြိုင်တန်းခွဲသစ်❗️❗️

GED ဆိုတာ အောင်ရုံတင်မဟုတ်ဘဲ အမှတ်ကောင်းဖို့က အနာဂတ်အတွက် အရမ်းအရေးကြီးပါတယ်။ Perfect Scorer (အမှတ်၂၀၀ ပြည့်)ပေါင်းများစွာကို လက်တွေ့မွေးထုတ်ပေးနေတဲ့ RAE ရဲ့ အရည်အသွေးမြင့်သင်ကြားမှုတွေ အခု မော်လမြိုင်မြို့ကို ရောက်ရှိလို့လာပါပြီ။

အင်္ဂလိပ်စာ အခြေခံအားနည်းလို့ စိတ်ပူနေတဲ့ မော်လမြိုင်က မောင်လေး၊ ညီမလေးတို့အတွက် RAE က အားလုံးထက် ထူးခြားတဲ့ Plan တွေ ပြင်ဆင်ထားပါတယ်။

🌟 ဘာကြောင့် RAE (မော်လမြိုင်ကျောင်းခွဲ) ကို ရွေးချယ်သင့်တာလဲ?

• 🚫 Language Barrier မရှိစေရ: အင်္ဂလိပ်စာ အခြေခံအားနည်းလို့ စိတ်မပူပါနဲ့။ RAEမှာ Free Grammar Class ကို သီးသန့် Bonus အနေနဲ့ ထည့်သွင်းပေးထားလို့ ဘာသာရပ်တွေကို နားလည်ရလွယ်ကူစေမှာပါ။

• 🏆 Proven Results: အမှတ် ၂၀၀ ပြည့် ကျောင်းသားပေါင်းများစွာကို မွေးထုတ်ပေးခဲ့တဲ့ Method အတိုင်း သင်ကြားပေးမှာ ဖြစ်ပါတယ်။

• 🏡 အဆောင်အခက်အခဲ မရှိစေရ: နယ်ဝေးက လာတက်မယ့်သူတွေအတွက်လည်း စိတ်အေးချမ်းသာစွာ ပညာသင်နိုင်ဖို့ နေ့စားငြိမ်း အဆောင်ကောင်းများ စီစဉ်ပေးထားပါတယ်။

• 📍 ကျောင်းအများစုရှိပြီး စည်ကားတဲ့နေရာမှာ သင်ယူပါ: မော်လမြိုင်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ သမိန်ဗရမ်းလမ်းမှာ တည်ရှိတာကြောင့် သွားလာရေးအတွက်လည်း စိတ်ပူစရာမလိုပါဘူး။

• 🗓️ Weekend Class: Fri, Sat, Sun (၃) ရက်ပဲ တက်ရမှာဖြစ်လို့ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်မှာပါ။

🔥 မော်လမြိုင်ကျောင်းခွဲ သီးသန့် Promotion!
အရည်အသွေးမြင့် ပညာရေးကို သင့်တင့်တဲ့နှုန်းထားနဲ့ ရရှိစေဖို့ Feb (၁၅) ရက်နေ့ မတိုင်ခင် အပ်နှံသူတိုင်းအတွက် ၂၀% OFF Discount ကို ပေးအပ်သွားမှာပါ။

“သင့်အိပ်မက်တွေကို RAE နဲ့အတူ မော်လမြိုင်မှာပဲ အကောင်အထည်ဖော်လိုက်ပါ"

🏠မော်လမြိုင် Campus_
အမှတ် ၃၆၇၊ သမိန်ဗရမ်းလမ်း၊ မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။
📞 09 769 170 570

📌RAE GED Program အကြောင်းအသေးစိတ်ဖတ်ရှူရန်
https://www.facebook.com/share/p/17LBYihVhB/






GED စာမေးပွဲအကြောင်း သိကောင်းစရာ🚨❓GED စာမေးပွဲက ဘယ်အချိန်တွေကျင်းပလေ့ရှိလဲ ? ကုန်ကျစရိတ်ခန့်မှန်းခြေ ? စသဖြင့်ကျောင်းသား...
22/07/2025

GED စာမေးပွဲအကြောင်း သိကောင်းစရာ🚨

❓GED စာမေးပွဲက ဘယ်အချိန်တွေကျင်းပလေ့ရှိလဲ ? ကုန်ကျစရိတ်ခန့်မှန်းခြေ ? စသဖြင့်ကျောင်းသားတွေသိချင်နေကြတဲ့ မေးခွန်းလေးတွေကို RAE ကနေဖြေဆိုပေးလိုက်ပါတယ်။

GED စာမေးပွဲမှာ (၄) ဘာသာရှိပြီး တစ်ဘာသာကို $85 ခန့်နဲ့ စုစုပေါင်း (၄)ဘာသာစာ $340 မြန်မာငွေ (၁၆)သိန်းခန့်ကျသင့်မှာပဲဖြစ်ပါတယ်။
အခြားစာမေးပွဲတွေနဲ့မတူဘဲ GED ရဲ့အားသာချက်တွေကတော့ စိတ်တိုင်းကျကိုယ့်ဘက်ကနေ လေ့လာပြင်ဆင်ပြီးတာနဲ့ official GED site ဖြစ်တဲ့ ged.com မှာ အချိန်သတ်မှတ်စာရင်းပေးသွင်းကာ GED Test Center မှာလူကိုယ်တိုင်သွားရောက်ဖြေဆိုရုံပဲဆိုတော့ စာမေးပွဲကျင်းပမယ့်အချိန်တွေကို စောင့်နေစရာမလိုဘဲ အချိန်တိုအတွင်း ရည်မှန်းထားတဲ့ ပညာရေးပန်းတိုင်ကို တက်လှမ်းနိင်မှာပါ။🙋🏻‍♀️

(၄)ဘာသာထဲမှာ အမှားအယွင်းဖြစ်ခဲ့ရင်တောင် မအောင်မြင်တဲ့ဘာသာရပ်တစ်ခုချင်းစီကိုပဲ ပြန်လည်ဖြေဆိုနိုင်တာကလည်း GED ရဲ့ အချိန်နဲ့ကုန်ကျစရိတ်သက်သာစေတဲ့ နောက်ထပ်အားသာချက်တစ်ခုပဲဖြစ်ပါတယ်။✨

တရားဝင်စာမေးပွဲမဖြေဆိုခင်မှာလည်း Ready Test ခေါ် လေ့ကျင့်ဖို့ထုတ်ပေးထားတဲ့ Test တွေနဲ့ အရင်ဖြေဆိုကြည့်ပြီး အောင်မြင်မှ စာမေးပွဲကြေးသွင်းကာ ဆက်လက်ဖြေဆိုရတာမို့လို့ ကျရှုံးနိုင်ခြေရာခိုင်နှုန်းလည်းနည်းတယ်နော်။📝

ကဲဒီလောက်ဆို GED စာမေးပွဲနဲ့ပတ်သတ်ပြီး တီးမိခေါက်မိရှိလောက်ပြီထင်ပါတယ်။

RAE မှာလည်း Pre GED ကနေစလို့ GED preparation အတန်းတွေကို ဖွင့်လှစ်သင်ကြားလျက်ရှိတာမို့ စိတ်ဝင်စားတယ်ဆို RAE GED လို့ Comment လေးပေးခဲ့လိုက်တော့။💬

၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့မှာ ကျရောက်တဲ့ (၇၈)ကြိမ်မြောက် "အာဇာနည်နေ့ "မှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ...
19/07/2025

၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့မှာ ကျရောက်တဲ့ (၇၈)ကြိမ်မြောက် "အာဇာနည်နေ့ "မှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား RAE မိသားစုမှ လေးစားစွာဂါရဝပြုအပ်ပါသည်။✨🇲🇲

သားသားမီးမီးတွေကို နိုင်ငံတကာပညာရေးလမ်းကြောင်းပေါ်တင်ပေးဖို့ ရည်ရွယ်ထားတဲ့ ဖေဖေမေမေတွေရှိကြလား ❓အကောင်းဆုံးပညာရေးကိုမှ ပ...
19/07/2025

သားသားမီးမီးတွေကို နိုင်ငံတကာပညာရေးလမ်းကြောင်းပေါ်တင်ပေးဖို့ ရည်ရွယ်ထားတဲ့ ဖေဖေမေမေတွေရှိကြလား ❓

အကောင်းဆုံးပညာရေးကိုမှ ပေးချင်တဲ့ဖေဖေမေမေများအတွက် အသင်အပြလည်းကောင်း လေ့ကျင့်ခန်းများစွာ Test များစွာနဲ့ သင်ကြားပေးသွားမယ့် RAE ရဲ့ Pre GED အတန်းလေး ဂျူလိုင်လအတွက် ဖွင့်လှစ်ပေးလိုက်ပါပြီ။✨

GED ရဲ့အခြေခံသဘောတရားတွေကိုသင်ကြားပေးသွားမယ့်အပြင် GED အတွက် Foundation ကိုခိုင်ခိုင်မာမာတည်ဆောက်ပေးနိုင်မယ့် ဒီ Pre GED အတန်းက (၄)လကြာမြင့်မှာဖြစ်ပြီး

• Reasoning through Language Arts (English)
• Mathematical Reasoning
• Science
• Social Studies စတဲ့ ဘာသာရပ်(၄)ခုကိုသင်ကြားပြသပေးသွားမှာပါ။

အခြေခံပညာ(၇)တန်း(သို့) (၇)တန်းအောင်မြင်ထားတာနဲ့တင် တက်ရောက်နိုင်မှာမို့လို့ ကိုယ့်မှာအလယ်တန်းတက်နေတဲ့သားသားမီးမီးတွေလည်းရှိတယ်၊ နိုင်ငံတကာပညာရေးလမ်းကြောင်းတွေဆီတင်ပေးဖို့ ရည်မှန်းချက်လည်းရှိတယ်ဆိုအခုပဲ ဒီအတန်းလေးကိုလာအပ်လိုက်တော့နော်။📝

အထူးအစီအစဉ်အနေနဲ့ (၄)လစာ ကျောင်းလစာကို တစ်ကြိမ်တည်းအပြီးပေးသွင်းသူတွေအတွက်လည်း 10% လျှော့စျေးပေးသွားဦးမှာ ဖြစ်ပါတယ်။🧑🏻‍🎓

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when RAE - The Royal Academy of Education - Mawlamyine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category