New Light Preschool

New Light  Preschool Zwel Preschool &Education Centre

09/08/2025

ချစ်တပည့်လေးများ
G2.G3 ရောက်ကြပြီ
ရောက်ရှ်တဲ့ အတန်းတိုင်းမှာ မျက်နှာပန်း လှတဲ့ သားတွေ သမီးတွေ အဖြစ် အောင်မြင်နေကြတာ
မြင်ရတော့ ဝမ်းသာဂုဏ်ယူမိပါတယ်

18/11/2024

ဘာလုပ်လုပ် ပြစ်တင်ခံရတဲ့ကလေး
ထုံပေပေလေး ဖြစ်လာမယ်...

စိတ်ရှည်ရှည်နဲ့ ရှင်းပြခြင်းခံရတဲ့ကလေး
ပါးနပ်ပြီး လူတောတိုးလွယ်မယ်...

အရေးတယူ ဆက်ဆံခံရတဲ့ကလေး
မိမိကိုယ်မိမိ ယုံကြည်မှုရှိလာမယ်...

အမြဲလိုလို ဆူပူကြိမ်းမောင်းခံရတဲ့ကလေး
အများကို ရန်လိုတတ်မယ်...

လူကြားထဲ နှိမ့်ချကဲ့ရဲ့ပြောဆိုခံရတဲ့ကလေး
အရာရာတွေးကြောက်ပြီး စိုးရိမ်ပူပန်တတ်မယ်...

နွေးနွေးထွေးထွေး ဆက်ဆံခံရတဲ့ကလေး
မေတ္တာစိတ်ရှိပြီး စာနာတတ်မယ်...

အနိုင်ကျင့်ခံရတဲ့ကလေး
အတ္တကြီးပြီး မနာလိုစိတ်များမယ် ...

အကြောက်တရားအောက် ကြီးပြင်းရတဲ့ကလေး
တစ်သက်လုံး သိမ်ငယ်နေမယ်...

လူကြီးစိတ်တိုင်းမကျတိုင်း ရိုက်နှက်ခံရတဲ့ကလေး
သူတစ်ပါးကို ဒုက္ခပေးဖို့ပျော်မွေ့မယ်...

ကလေးတွေရဲ့ အနာဂတ်
ကလေးတွေဘဝ ကောင်းခြင်းဆိုးခြင်းဟာ
လူကြီးများနဲ့သာဆိုင်တယ်...

Noble Thway - နိုဘယ်လ်သွေး

14/11/2024

ကလေးတွေကို ချစ်ရင် ......ခိုင်းပါ ။
👨‍👩‍👧👨‍👩‍👧👨‍👩‍👧👨‍👩‍

ကလေးတွေကို အသက်အရွယ်အလိုက် တကိုယ်ရေ အလုပ်-
အိမ်အလုပ်တွေကို လုပ်ခိုင်းသင့်ပါတယ် အဲဒီလို လုပ်ခိုင်းခြင်းအားဖြင့် သူတို့ကို Basic Life Skillsအတွက် လေ့ကျင့် သင်ကြားပေးပြီးသား ဖြစ်သလို

နောင်တချိန် ကြီးပြင်းလာလို့ မိဘနဲ့ အတူမရှိခဲ့ဘူး ဆိုရင်လည်း သူတို့ ကိုယ်ပိုင်စီမံခန့်နိုင်မှာ ဖြစ်ပါတယ်။

နောက်ကောင်းတဲ့ အချက်က
အိမ်အလုပ် တကိုယ်ရေ ကိစ္စများကို ကိုယ်ပိုင်ပေးလုပ်ခြင်းအားဖြင့် ရင့်ကျက်မြန်စေပြီး တာဝန်ယူတတ်လိုစိတ်ကို ပိုရှိလာစေမှာပါ။

တကိုယ်ကောင်းဆန် ဗိုလ်ကျချင်စိတ်တွေ လျော့နည်းသွားမှာ ဖြစ်ပါတယ် ငယ်သေးလို့ဘာမှမလုပ်သင့်သေးဘူးလို့ မယူဆပါနဲ့ အသက်အရွယ်အလိုက် နဲနဲချင်းစီ ဖြေးဖြေးစီ သင်ပေးသွားလို့ရပါတယ် ။

အလုပ်တွေကို ဝိုင်းလုပ်ခိုင်းခြင်းဖြင့် အလုပ်လုပ်ချင်စိတ် ရှိအာင် အစပြုပျိုးထောင်ပေးပြီး
မိမိကိုယ်ကို self-confidence ရှိအောင် လေ့ကျင့်ပေးပြီး ဖြစ်သလို မိသားစုစိတ်ဓာတ်ကို ပိုမို ရှိစေမှာလည်း ဖြစ်ပါတယ်။

အသက် ၂-၃ နှစ်
""""""""'''"""""""""
-အရုပ်တွေကို ကစားပြီးရင် သိမ်းခိုင်းပါ။
-မှောက်ကျ ဖိတ်ကျနေတာတွေကို ဝိုင်းသုတ်ခိုင်းပါ။
-အိမ်က ဖုံတွေ ဝိုင်းသုတ်ခိုင်းပါ။
-အစာစားပြီးရင် ဝိုင်းသိမ်းခိုင်းပါ။
-ညစ်ပတ်တဲ့ အဝတ်တွေကို အဝတ်ခြင်းထဲ ထည့်ခိုင်းပါ။

အသက် ၄-၆ နှစ်
""""""""""""""""""
-ကိုယ့်အိပ်ရာ ကိုယ်သိမ်းခိုင်းပါ။
-အဝတ်လျော်ပြီးသားတွေကို ဝိုင်းခေါက်ခိုင်းပါ။
- အိမ်မွေးတိရစ္ဆာန်တွေကို အစာဝိုင်းကျွေးခိုင်းပါ။
-ထမင်းစားပွဲ ကူခင်းခိုင်းပါ။
-ပန်းပင် ရေ ဝိုင်းလောင်း ခိုင်းပါ။

အသက် ၇-၉ နှစ်
""""""""""""""""""
-ကိုယ်ပိုင်နှိုးစက်ပေးပြီး ထခိုင်းပါ။
-ကျောင်းသွားရင်ယူသွားဖို့ ထမင်းဘူး ကိုယ်တိုင်ပြင်ခိုင်းပါ။
-ပိုက်ဆံကို စီမံခန့်ခွဲတတ်အောင် သင်ကြားပေးပါ။
-အဝတ်လျော်ပြီး အင်္ကျီ ဝိုင်းခေါက်စီခိုင်းပါ။
-ဓါးသေးသေးသုံးပြီး ဟင်းနဲနဲ စမ်းချက်ခိုင်းပါ။
-အဝတ်ကို လျော်စက်နဲ့ ဘယ်လိုလျော်ရမလဲ သင်ပေးပါ။

အသက် ၁၀ နှစ် နှင့်အထက်
"""""""""""""""""""""""""""""
-အဝတ်လျော်စက် ခြောက်စက်ကို
ဘယ်လို သုံးရမလဲ သိသင့်နေပါပြီ။
-ခြံနဲ့နေသူများ မြက်ဝိုင်းရိတ်ခိုင်းပါ။
-အိမ်မှာ လျှပ်စစ်ပစ္စည်း ကွန်ပြူတာ
တခြားပျက်တာတွေ ဝိုင်းပြင်ခိုင်းပါ။
-မိသားစု ခရီးသွားမယ်ဆို ကုန်ကျစရိတ် ဝိုင်းစဉ်းစား စီမံခိုင်းပါ။
-ဟင်းကိုကိုယ်ပိုင်ချက်တတ်အောင် သင်ထားပေးပါ။
-ကားရေဆေး တတ်အောင် သင်ထားပေးပါ။
-ကိုယ်သုံးတဲ့ ပိုက်ဆံကို ရှာတတ်အောင် part-time အလုပ်လုပ်ခိုင်းပါ သို့ အလုပ်လုပ်ခိုင်းရင် မုန့်ဖိုးပေးပါ။

မိဘတွေက ဘာမှ မခိုင်းရက်လို့
အိမ်မှာ မိဘကပဲလုပ်ပေးတာ အခိုင်းအစေတွေ လုပ်ပေးတာ အခန့်သားနေပြီး ကြီးပြင်းလာတာ ဘာအလုပ်မှမလုပ်ဖူးတဲ့ ကလေးတွေဟာ
ကိုယ့်ဘာသာ နေရစီမံခန့်ခွဲရမယ်ဆိုရင်
များသောအားဖြင့် အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျတာတွေ ကြုံတွေ့ရပါတယ်။

အထူးသဖြင့် တခြားနိုင်ငံမှာ ကျောင်းသွားတက် စာသွားသင် အလုပ်သွားလုပ်ရမယ်ဆို ဘာမှ မချက်တတ်လို့ နေ့တိုင်းခါက်ဆွဲပြုတ်လဲ ဘယ်သူမှ ရေရှည် မစားနိုင်ကြပါဘူး။ အပြင်မှာပဲ အမြဲစားရတာလည်း ငြီးငွေ့ဖို့ကောင်းလှပါတယ် အိမ်ဖော်ကိုလည်း နိုင်ငံခြားမှာ အတူတူခေါ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ကိုယ့်တကိုယ်ရေ တကာယအလုပ်ကို ကိုယ်တိုင်လုပ်တတ်မှ ဖြစ်မှာပါ။

ကျောင်းတဖက်နဲ့ part-time အလုပ် လုပ်ရမယ်ဆိုလည်း အိမ်အလုပ်ဝိုင်းကူပေးနေကြသူတွေဟာ ပိုမိုအကွက်မြင်ပြီး အလုပ်ထဲမှာ လိုက်လျောညီထွေစွာနေတတ်လုပ်တတ်
ကြပါတယ်။

ငယ်စဉ်ကတည်းက အသက်အရွယ်အလိုက်ဖြေးဖြေး သင်ကြားပေးသွားခြင်းဖြင့် indepedence & mature မြန်မြန်ဖြစ်စေမှာ ဖြစ်ပါတယ်။

မိဘနဲ့ နောင်တချိန် အတူမနေရလည်း Basic Life Skills တွေ တတ်ထားရင် ကိုယ့်ဘာသာ အောင်အောင်မြင်မြင် နဲ့ survive ဖြစ်နိုင်ကြမှာပါ။

မေမေတို့ရော ကလေးတွေကို အိမ်အလုပ် တကိုယ်ရေတကာယ အလုပ်လုပ်ခိုင်းကြပါသလား။

လုပ်ခိုင်းသင့်တယ်လို့ကော ထင်ပါသလား မန့်ခဲ့ပေးပါအုံးနော်

ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

မေတ္တာဖြင့်


from America

credit: :original uploader

မိုးရွာ‌တဲ့ နေ့ တစ်နေ့လိုအပ်တဲ့ ပစ္စည်းလေးတွေဆေးရောင်လှလှ ခြယ်ကြမယ်  အမှတ် (148)ပဲခူးချောင်ရပ် ဝတ်ကြီးလမ်း‌။ မော်လမြိုင်...
17/06/2024

မိုးရွာ‌တဲ့ နေ့ တစ်နေ့
လိုအပ်တဲ့
ပစ္စည်းလေးတွေဆေးရောင်လှလှ ခြယ်ကြမယ်

အမှတ် (148)ပဲခူးချောင်ရပ်
ဝတ်ကြီးလမ်း‌။ မော်လမြိုင်မြို့

21/04/2023
20/02/2023

Circle Time

လွတ်လပ်ရေးနေ့ သင်ခန်းစာ အကြောင်း
06/01/2023

လွတ်လပ်ရေးနေ့ သင်ခန်းစာ အကြောင်း

06/01/2023

သားငယ် သမီးငယ်များ လိမ်မာရေးခြား ရှိပြီး
ဘာသာတရားရိုသေကိုင်းရှိုင်းတက်ရန်

Address

Mawlamyine

Telephone

+9675507912

Website

Alerts

Be the first to know and let us send you an email when New Light Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to New Light Preschool:

Shortcuts

Share

Category