RIHEA International School - Online

RIHEA International School - Online ✨

13/04/2023

𝐈𝐆𝐂𝐒𝐄 ဖြေဆိုဖို့အတွက် ဘာသာရပ်များ ရွေးရာဝယ်

Cambridge International Examination မှ စစ်ဆေးသော International General Certificate of Secondary Education (IGCSE) စာမေးပွဲများတွင် ဘာသာစကားများအပါအဝင် ဘာသာရပ်ပေါင်း ၄၀ ကျော်ကို ဖြေဆိုနိုင်သည်။

𝑰𝑮𝑪𝑺𝑬 ဖြေဆိုရာတွင် အောင်ချက် လက်ခံမှု စံနှုန်း
ကမ္ဘာ့ တက္ကသိုလ်အများစု ၏ တသတ်မှတ်တည်း လက်ခံထားသည့် စံနှုန်းမှာ ကျောင်းသား/သူ တစ်ဦးသည် IGCSE စာမေးပွဲတွင် အနည်းဆုံး ၅ ဘာသာ ဖြေဆို အောင်မြင်ရန် လိုအပ်ပါသည်။

- အနည်းဆုံး ၅ ဘာသာ သတ်မှတ်ချက်တွင် English/ Mathematics/ One Science အတွဲ ပါဝင်ရန် လိုအပ်ပြီး အခြား မိမိ စိတ်ဝင်စားသော ဘာသာရပ်များကို ပေါင်းစပ် ရယူနိုင်ပါသည်။

- အောင်မှတ် သတ်မှတ်နှုန်း (Pass Grade) သည် "C" Grade ရရှိရန် လိုအပ်ပြီး စုစုပေါင်း ပေးမှတ်၏ ၆၀% မှ ၆၅% အတွင်း ရရှိရန် လိုအပ်ပါသည်။

IGCSE စာမေးပွဲဖြေဖို့ ဘယ်လို ဘာသာရပ်တွေ စုစည်း ယူသင့်ပါသလဲ

𝗢𝗽𝘁𝗶𝗼𝗻 𝟭 (𝗔𝗹𝗹 𝗠𝗮𝗷𝗼𝗿𝘀)
ESL or EFL, A Maths, E Maths, Physics, Chemistry, Biology (6 subjects)
အထက်ဖော်ပြပါ ဘာသာရပ် ၆ ခုကို ရွေးချယ်ဖြေဆိုထားသော ကျောင်းသား/သူများ အနေနှင့် တက္ကသိုလ်တွင် မည်သည့််ဘာသာရပ်ကိုမဆို ဆက်လက်ရွေးချယ် တက်ရောက်နိုင်သည်။ (Medicine, Biomedical, Engineering, Computer Programmes, IT Engineering, စသည်ဖြင့် Engineering နှင့်သက်ဆိုင်သည့် ဘာသာရပ်မျိုးစုံ, Business Admission, Education, Art စသည်ဖြင့်)

𝗢𝗽𝘁𝗶𝗼𝗻 𝟮 (𝗜𝗧 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴)
အချို့ ကျောင်းသား ကျောင်းသူများက တက္ကသိုလ်တွင် ICT နှင့် သက်ဆိုင်သည့် ဘာသာရပ်များကိုသာ ဆက်လက်တက်ရောက်ရန် စိတ်ဝင်စားပါက
ESL/ EFL, A Maths, E Maths, Physics, Chemistry ဘာသာရပ်များကို မဖြစ်မနေ ရွေးချယ်ရန် လိုအပ်သည်။
Information & Communication Technology(ICT) နှင့် Computer Science ဘာသာရပ်များကို တွဲဖက်ရွေးချယ်ပါက University တွင် ဆက်လက်တက်ရောက်သည့်အခါ ပိုမို လွယ်ကူမှု ရှိနိုင်ပြီး မိမိရွေးချယ်သည့် ဘာသာရပ်တွင်လည်း အမှန်တကယ် စိတ် ဝင်စားမှု ရှိ..မရှိ ကြိုတင်လေ့လာနိုင်ပါသည်။

𝗢𝗽𝘁𝗶𝗼𝗻 𝟯 (𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴)
Electrical, Material, Mechanical, Architecture, Civil, Chemical စသည်ဖြင့် အမျိုးမျိုးသော Engineering Field Study ကို သွားလိုပါက
ESL/ EFL, A Maths, E Maths, Physics, Chemistry ကို အဓိက ထားယူနိုင်ပြီး မိမိ စိတ်ဝင်စားနိုင်မည့် အခြား ဘာသာရပ်များကို ပူးတွဲ ရယူနိုင်ပါသည်။

𝗢𝗽𝘁𝗶𝗼𝗻 𝟰 (𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀, 𝗔𝗿𝘁)
အချို့ကျောင်းသား/သူများ သည် Science ဘာသာရပ်များကို စိတ်ဝင်စားမှု အားနည်းပြီး ကျက်စာဘာသာရပ်များကို စိတ်ဝင်စားပါက
ESL/EFL, A Maths, E Maths, (One Science) နှင့် မိမိတို့ စိတ်ဝင်စားသည့် Business Studies, Accounting, Economics စသည့် ဘာသာရပ်များကို ဆက်စပ်ယူနိုင်ပါသည်။

ဘယ် Option က အကောင်းဆုံးလဲ
ကျောင်းသား/သူ တစ်ဦးချင်း လိုအပ်ချက်များ ကွဲပြားခြားနားသည့် အလျှောက် မိမိတို့ ဆက်လက်ရွေးချယ်တက်ရောက်မှုများမှာလည်း မတူညီနိုင်သဖြင့် ကျောင်းသား/သူ တစ်ဦးချင်း၏ စိတ်ဝင်စားမှု... အားသာချက်များ ရှိသည့် Option ကိုသာ ရွေးချယ်သင့်ပါသည်။

IGCSE စတက်တက်ချင်း ဘယ်နှစ်ဘာသာ ရွေးချယ် တက်ရောက်သင့်သလဲ
- စာမေးပွဲ စံနှုန်းအရ အနည်းဆုံး ၅ ဘာသာ အောင်မြင်ရန် လိုအပ်သည် ဖြစ်ရာ ဖြေဆိုချိန်တွင် ၆ ဘာသာ ဖြေဆိုလျှင် ပိုမိုကောင်းမွန်ပါသည်။
- IGCSE ဖြေဆိုရန် အနည်းဆုံးအချိန် ၁ နှစ် သို့မဟုတ် ၁ နှစ်ခွဲခန့် ပြင်ဆင်ကြသည်ဖြစ်ရာ လေ့လာစဥ်ကာလတလျှောက် ကျောင်းသား/သူများ မှ စိတ်ဝင်စားမှု ပြောင်းလဲနိုင်သည်။
- သို့ဖြစ်ရာ စတက်တက်ချင်း ကာလများတွင် အနည်းဆုံး ၆ ဘာသာ သို့မဟုတ် ၇ ဘာသာရွေးချယ်ပါက ပိုမို ကောင်းမွန်သည်။

IGCSE တွင် ဘာသာရပ် များများ ယူခြင်းက အကျိုးကျေးဇူးရှိပါသလား
- ကျောင်းသား/သူများ မှ သင်ခန်းစာများကို ကောင်းစွာလေ့လာပါက ဘာသာရပ်များများ ယူခြင်းဖြင့် Field of Study ကို ပိုမို ကျယ်ပြန့်စွာ လေ့လာနိုင်သည်။ University တက်ရောက်ရန် ဘာသာရပ်များ ရွေးချယ်ရာတွင် အထောက်အကူ ဖြစ်စေသည်။

- ထို့ထက် ပိုမိုသည့် အကျိုးကျေးဇူးများမှာ Scholarship လျှောက်ထားခြင်း..High Rank University လျှောက်ထားခြင်းများတွင် များစွာ အထောက်အကူဖြစ်စေသည်။

- ဘာသာရပ်များကို ရွေးချယ်နိုင်ရန်

𝗘𝗦𝗟 𝗩𝘀 𝗘𝗙𝗟
- Eng as Second Language (စာမေးပွဲတွင် Four Skills ဖြေဆိုရပြီး Language Skill ကို အလေးထား သင်ကြားသည့် သင်ခန်းစာများကို လေ့လာရမည်။)
- Eng as First Language သည် Language Skill အပြင် ကျောင်းသား/သူများ၏ တွေးခေါ်စွမ်းရည်..သုံးသပ်စွမ်းရည် [Critical & Analytical Skill] ကိုပါ ပူးတွဲ လေ့လာစေသည်။

ESL & EFL တွင် EFL ဘာသာရပ်သည် ပိုမိုခက်ခဲပြီး English အခြေခံကောင်းသော၊ စာရေးခြင်း စာဖတ်ခြင်း စဥ်းစားတွေးခေါ်ခြင်းကို ဝါသနာပါသော ကျောင်းသား/သူ များ တက်ရောက်သင့်သည်။

𝗔 𝗠𝗮𝘁𝗵𝘀 𝗩𝘀 𝗘 𝗠𝗮𝘁𝗵𝘀
- ပုံမှန်အားဖြင့် E Maths ကို ကျောင်းသား/သူ တိုင်း သင်ယူလေ့ရှိပြီး ငယ်စဥ်ကတည်းက သင်ကြားခဲ့သော သင်ခန်းစာများနှင့် များစွာ ဆက်စပ်မှုရှိသည်။

- A Maths သည် အနည်းငယ် ပိုမိုခက်ခဲလေ့ရှိပြီး Maths Foundation ကောင်းသူများ ရွေးချယ်သင်ယူလေ့ရှိသည်။ A Maths ယူခြင်းဖြင့် University တက်ရောက်ရာတွင် Mathematics ဘာသာရပ်ကို ပိုမို လွယ်ကူစေသည်။

- IGCSE ပြီးလျှင် A level ဆက်လက်တက်ရောက်ရန် ရည်ရွယ်ပါက A Maths သည် မဖြစ်မနေ ယူသင့်သည့် ဘာသာရပ်ဖြစ်သည်။

𝗣𝗵𝘆𝘀𝗶𝗰𝘀, 𝗖𝗵𝗲𝗺𝗶𝘀𝘁𝗿𝘆, 𝗕𝗶𝗼𝗹𝗼𝗴𝘆
- Science ဘာသာရပ်များသည် စိတ်ဝင်စားပါက လေ့လာရ လွယ်ကူသော ဘာသာရပ်များ ဖြစ်သည့်အပြင် အောင်မှတ် ဂုဏ်ထူးမှတ် ရလွယ်သည့် ဘာသာရပ်များ ဖြစ်ရာ မိမိ စိတ်ဝင်စားသည့် Science ဘာသာရပ်အား အနည်းဆုံး တစ်ဘာသာ ရွေးချယ်ရန် လိုအပ်သည်။ Engineering Subjects များအား ဆက်လက်တက်ရောက်လိုပါက အနည်းဆုံး Science ၂ ဘာသာရွေးချယ် တက်ရောက်သင့်သည်။

𝗜𝗖𝗧 𝗩𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗦𝗰𝗶𝗲𝗻𝗰𝗲
- ICT Subjects သည် ယနေ့ခေတ်တွင် General Subject တစ်ခုအနေဖြင့် ယူဆလာကြပြီး မည်သူမဆို ရွေးချယ်သင့်ပါသည်။ ICT Subject တွင် Computer ၏ အစိတ်အပိုင်းများ. Email & Internet, Networking အနည်းငယ်, Microsoft Office Suite (Word, Excel, PPT, စသည် အကြောင်းအရာများ), Website ရေးနည်း အခြေခံများကို လေ့လာရမည်။

- Computer Science ဘာသာရပ်သည် Software Engineering, Networking Engineering, Information Analysis စသည့် အကြောင်းအရာများကို စိတ်ဝင်စားသည့် ကျောင်းသား/သူ များ ရွေးချယ်နိုင်သည်။ Computer System, Programme Subject အခြေခံအကြောင်းအရာများကို လေ့လာသင်ယူရမည်။

𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗦𝘁𝘂𝗱𝗶𝗲𝘀 𝗩𝘀 𝗘𝗰𝗼𝗻𝗼𝗺𝗶𝗰𝘀
- Business Studies ဘာသာရပ်သည် လုပ်ငန်းတစ်ခု၏ အခန်းကဏ္ဍများကို စီမံခန့်ခွဲပုံများ (Marketing, HR, Operations & Production), Finance နှင့် နိုင်ငံများအကြား ကူးသန်းရောင်းဝယ်ရေး အခြေခံများကို လေ့လာရမည့် ဘာသာရပ်ဖြစ်သည်။

- Economics ဘာသာရပ်သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အဆောက်အအုံအတွင်း ပါဝင်နေသော စားသုံးသူ အိမ်ထောင်စုများ. လုပ်ငန်းများ..အစိုးရ၏ အခန်းကဏ္ဍ.. နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး အခန်းကဏ္ဍ... ချေးငွေ.. အလုပ်လက်မဲ့ ပြဿနာ.. ငွေကြေးဖောင်းပွခြင်း... ဝယ်လိုအား.. ရောင်းလိုအား.. စျေးနှုန်းများ.. အစိုးရ မူဝါဒများ.. ငွေကြေးလဲလှယ်နှုန်းများ .. စျေးကွက်များ စသည်ဖြင့် နိုင်ငံတစ်နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကြောင်းအရာများကို လေ့လာရမည်။

ထူးခြားချက်မှာ ၂ ဘာသာလုံးသည် ကျက်စာ ဘာသာရပ်များဟု အလွယ်သတ်မှတ်နိုင်သော်လည်း ဖြေဆိုရာတွင် မိမိနားလည်သည့် သီအိုရီ နှင့် မေးခွန်းများကို ဆက်စပ် ဖြေဆိုရသည့် ဘာသာရပ်များ ဖြစ်သဖြင့် စာဖတ်အား နှင့် English Academic Writing Skill ကောင်းရန် လိုအပ်ပါသည်။

𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴
- Accounting အား ယေဘူယျ အားဖြင့် တွက်စာ ဘာသာရပ် အမျိုးအစားဟူ၍ သတ်မှတ်နိုင်သော်လည်း တွက်စာ.. ကျက်စာ ပါဝင်သော ဘာသာရပ်ဖြစ်သည်.. အကြမ်းအားဖြင့် လုပ်ငန်းတစ်ခု၏ ဝင်ငွေ.. ထွက်ငွေ.. ရောင်းအား.. အသုံးစရိတ်.. လုပ်ငန်းမှ ပေးရန် ရရန် စာရင်း လုပ်ငန်း မတည်ငွေ စသည့်ဖြင့် လုပ်ငန်းတစ်ခု၏ စာရင်းဇယားများကို ရေးသားပြုစုပုံများ အကြောင်း သင်ယူရပါမည်။

13/04/2023

IGCSE "O" Level ဆိုတာဘာလဲ??

ပထမဦးဆုံးအနေနဲ့ IGCSE ဆိုတာက “International General Certificate of Secondary Education” ရဲ့ အတိုကောက်စာလုံးဖြစ်ကာ “O” Level ဆိုတာကတော့ Ordinary Level ကိုခေါ်ဆိုတာပဲဖြစ်ပါတယ်။ IGCSE မှာ O-Level နဲ့ A-Level ဟူ၍ အပိုင်း နှစ်ပိုင်းရှိပြီး O-Level ဖြေဆိုအောင်မြင်ပြီးမှသာ A-Level ကိုဆက်လက်တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

IGCSE “O” Level ဟာ နိုင်ငံခြားမှာဆိုရင်‌တော့ အလယ်တန်းပညာရေးပြီးဆုံးကြောင်းလက်မှတ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ဝင်တန်း (10 တန်း) နှင့်ညီမျှပါတယ်။ IGCSE “O” Level ပြီးဆုံးမှသာ ကျောင်းသူ/သားတွေဟာ မိမိတို့ရဲ့ရှေ့ဆက်လျှောက်လှမ်းရမယ့် ပညာရေးလမ်းကြောင်းအတွက် A-Level (သို့) Foundation Courses တွေ၊ Diplomas Courses တွေကို ရွေးချယ်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

“O” Level မှာ Cambridge International Examination (CIE), American Council for Higher Education နဲ့ Edexcel Education ဆိုပြီး သင်ရိုးသုံးမျိုး ရှိပေမယ့် မြန်မာနိုင်ငံမှာကတော့ Cambridge နဲ့ Edexcel သင်ရိုးတွေကိုသာ အများဆုံးဖြေဆိုကြပါတယ်။

✔ Cambridge “O” Level
=-=-=-=-=-=-=-=-=-=-=-=

Cambridge “O” Level ဆိုတာကတော့ Cambridge International Examination (CIE) ရဲ့ သင်ရိုးအတိုင်း သင်ကြားပေးတာပဲဖြစ်ပါတယ်။ Internationally Recognized Course ဖြစ်ပြီး မိခင်ဘာသာစကားမတူညီတဲ့ နေရာအနှံ့အပြားက ကျောင်းသူ/သားတွေအတွက် ရေးဆွဲထားတဲ့ သင်ရိုးဖြစ်တာကြောင့် နိုင်ငံတကာတက္ကသိုလ် တွေကို သွားရောက်ပညာသင်ယူချင်သူတွေအတွက်တော့ အကောင်းဆုံးသော ပညာရေးကိုပေးစွမ်းနိုင်ပါတယ်။

Cambridge “O” Level မှာ ရွေးချယ်သင်ယူစရာ ဘာသာရပ် (၄၀) ကျော်ရှိပြီး ပုံမှန်အားဖြင့် ကျောင်းသူ/သားတွေဟာ (၆) ဘာသာကနေ (၉) ဘာသာအထိရွေးချယ်သင်ယူကြပြီး အချိန် (၂)နှစ်ခန့်ကြာမြင့်ပါတယ်။

နိုင်ငံတော်တော်များများကကျောင်းတွေဟာ သူတို့‌တောင်းဆိုတဲ့တခြား Requirement တွေနဲ့ ပြည့်စုံတယ် ဆိုရင်တော့ Cambridge “O” Level နဲ့ “A” Level တွေကိုလက်ခံပေးကြပါတယ်။ US နဲ့ Canada က ကျောင်းတွေကလည်း Cambridge “O” Level Grade-C အထိလက်ခံပေးပြီး နာမည်ကြီးတဲ့ ကျောင်းတစ်ချို့ကသာ “A” Level နဲ့ “AS” Level ကိုတောင်းဆိုကြတာဖြစ်ပါတယ်။ UK က Universities အများစုကတော့ Cambridge “O” Level ကိုလက်ခံကြပေမယ့် “O” Level ရဲ့ Grade A to E ကိုကြည့်ပြီး ဆုံးဖြတ်လက်ခံကြတာပဲဖြစ်ပါတယ်။

"IGCSE Subject Choice”

IGCSE တက်ချင်တဲ့သူတွေအတွက် subject ဘယ်လိုရွေးရမယ်ဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

☘️IGCSE ဆိုတာဘာလဲ။

IGCSE က High School စာမေးပွဲပါ။ သူက O level နဲ့ A level ဆိုပြီး ရှိပါတယ်။ A level ပြီးရင် university တက်လို့ရပါပြီ။

သူ့မှာက CIE (Cambridge) နဲ့ Edexcel ဆိုပြီး စာစစ်ဌာနနှစ်ခုရှိပါတယ်။ နှစ်ခုလုံးကို university တွေက အသိအမှတ်ပြုတာမို့ စိုးရိမ်စရာမလိုပါဘူး။

IGCSE (O level) ဖြေမယ်ဆိုရင် အနည်းဆုံး၅ဘာသာယူကိုယူပေးရပါတယ်။ Scholarship မှန်းတဲ့သူတွေကတော့ ၇,၈ဘာသာလောက်ထိယူရင်ပိုကောင်းပါတယ်(As or A+s တွေတော့ရရမှာပေါ့နော်)

subjectsရွေးတဲ့အခါ ကိုယ်တက်တဲ့ကျောင်းပေါ်မူတည်ပြီးလည်း ကွဲသွားနိုင်ပါတယ်၊တချို့ကျောင်းတွေက O levelမှာ အကုန်သင်ရပြီး A levelကျမှ ကိုယ်သွားမယ့် fieldပေါ်မူတည်ပြီး မလိုတာတွေဖြုတ် လိုတာတွေ ထပ်ယူကြပါတယ်။တချို့ကျောင်းတွေက O levelစတက်ကတည်းက subjects ရွေးခဲ့လို့ရတယ်ပေါ့နော်(ကိုယ်သွားချင်တဲ့လမ်းကြောင်းက အစကတည်းက သိရင် ဒါကပိုအဆင်ပြေပါတယ်)

☘️Grading System

A* - A Grade 9-7
B - C Grade 6-4
D - G Grade 3-2

☘️ဒီpostမှာကတော့

1. Medicine
2. IT
3. Business
4. Engineering
5. Art
6. General (Haven’t known what to choose)
တက်ချင်တဲ့သူတွေအတွက် subject choice လေးတွေ မျှဝေပေးသွားပါမယ်။

☘️Subjects to choose in igcse to choose if you want to go to…

☘️Medical field
လိုရင်းတိုရှင်းပြောရမယ်ဆိုရင်တော့ Doctorဖြစ်ချင်တဲ့လူတွေသွားတဲ့လမ်းပါ သူက အနည်းဆံုး၇ဘာသာ(at least)ယူပေးရပါတယ်။
ဒါတွေကတော့ မဖြစ်မနေ ယူသင့်တဲ့ လိုအပ်တဲ့ subjectsတွေပါ။
Biology, Chemistry, Physics, Maths(core & extended)English,Human Biology
Doctorမဟုတ်ပေမယ့် တခြား medicalနဲ့သက်ဆိုင်တဲ့ လမ်းကြောင်းတွေ သွားချင်ရင်လည်း biology ကိုထည့်ယူသင့်ပါတယ်

☘️IT
ITဆိုတော့ maths နဲ့ technology ကessential subjectsတွေပါ အဓိကက Maths(core and extended),English Language, Computer science,Information And Communication technology.
Information technology ဖြစ်တာကြောင့် technology နဲ့ဆိုင်တဲ့ အလုပ်တိုင်းမှာ applyလို့ရပါတယ် ဥပမာ-technical architect,network administrator,programmer စတာတွေပါ
ခုeraနဲ့လည်း ညီတယ်လို့ပြောလို့ရပါတယ် ITမှာ degree ရပြီးရင်လည်း skilled degree ဖြစ်တာကြောင့် salaryကမြင့်ပါတယ်

☘️Business
Core subjectsအနေနဲ့ကတော့ English,
Maths(core and extended),Business studies,Accounting,ပါICTလည်း ယူထားသင့်ပါတယ် businessမှာ degreeရသွားရင်business adviser,data analyst,business development manager လုပ်လို့ရပါတယ်
Businessမှာ degreeရသွားရင် ကိုယ်ပိုင်business လုပ်တဲ့အခါ accountingပိုင်း,handlingလုပ်တာ အကုန်အဆင်ပြေသွားမှာပါ အခုနောက်ပိုင်း businessကို minorအနေနဲ့ ယူကြတာများပါတယ်

☘️Engineering
Engineering ဘက်သွားချင်တဲ့သူတွေအတွက် English (ESL or EFL), Maths (core and extended) , Physics နဲ့ Chemistry က ယူကိုယူရမယ့် subjects တွေပါ။ တကယ်လို့ engineering ကိုမှ IT ဘက်နည်းနည်းသွားချင်ရင် ICT or Computer Science ပါတွဲယူသင့်ပါတယ်။ အခုပြောသွားတဲ့ subjectsတွေပဲ ယူမယ့်သူက Medicine သွားလျှောက်လို့တော့မရပါဘူး။ ဘာလို့လဲဆိုတော့ bio နဲ့ပတ်သက်တာ တစ်ခုမှမပါလို့ပါ။

☘️Art

Art ယူမယ်ဆိုရင် EFL(English as a first language)က ပိုသင့်တော်ပါဆယ်။ History နဲ့ Art and Design ကိုလည်း ယူသင့်ပါတယ်။ (Art and Designကို မြန်မာနိုင်ငံမှာ offer ပေးထားတဲ့ကျောင်းတွေ သိပ်မရှိဘူးလို့ထင်ပါတယ်)Maths ကိုတော့ core တစ်ခုယူရင်ကိုရပါပြီ။ ပြီးရင်တော့ Science (Biology or Chemistry or Physics) တစ်ဘာသာ အနည်းဆံုး ယူပေးသင့်ပါတယ်။

☘️General
တကယ်လို့ ကိုယ်က ဘာဖြစ်ချင်တာမှန်း ရေရေရာရာမသိ၊ medicine, ITတို့လို major တွေလည်း စိတ်မဝင်စားရင်တော့ ဒီလို subject လေးတွေ ယူထားတာ အဆင်ပြေပါတယ်။
1. ESL or EFL
2. Maths (core)
3. Business or Economic
4. Physics
5. Chemistry
6. ICT တို့ပါ။

ဒါကတော့ O lvl အတွက် ပြောပြပေးသွားတာဖြစ်ပါတယ်။ A lvl မှာဆိုရင် ပိုပြီး specific ဖြစ်မှာပါ။

ကျောင်းသားများအတွက်ရည်စူးထားတဲ့ International General Certificate of Secondary Education ဟုခေါ်သည့် IGCSE ကိုပဲ Cambridge International Examinations (CIE) အဖွဲ့က IGCSE ဟူ၍ တိုက်ရိုက်အမည်သတ်မှတ်ခေါ်ဆိုကာ IGCSE သင်တန်းများနှင့် စာမေးပွဲများကို ကမ္ဘာတစ်ဝှမ်း ကျင်းပပြုလုပ်ပေးနေခဲ့ကြတာပဲ ဖြစ်ပါသည်။ ၎င်း Cambridge IGCSE ကိုပင် CIE မှ စစ်ဆေးသော စာမေးပွဲဖြစ်၍ CIE ဟူ၍လည်း ခေါ်ဆိုတတ်ကြပါသည်။

မြန်မာနိုင်ငံတွင်မူ ၎င်း Cambridge IGCSE / CIE ကို British Council မှ နှစ်စဉ် တာဝန်ယူစစ်ဆေးပေးလေ့ရှိကာ ၎င်းစာမေးပွဲအား အပြင်ဖြေကျောင်းသားများသည်လည်း ဘာသာရပ်များကို မိမိစိတ်ကြိုက် အပြင်ကျောင်း/ကျူရှင် စသည်များမှတဆင့် IGCSE ဘာသာရပ်များကို လေ့လာသင်ယူကြ၍ Private Candidate များအဖြစ် စာမေးပွဲကြေးပေးသွင်းကာ လွတ်လပ်စွာ ဝင်ရောက်ဖြေဆိုခွင့် ရှိခဲ့ကြပါသည်။ သို့ဖြစ်၍ မည်သည့်ဆရာ မည်သည့်ကျောင်း/ကျူရှင်များမဆို IGCSE သင်တန်းများကို ဖွင့်လှစ် သင်ကြားခွင့်များ ရရှိခဲ့ကြပါသည်။

IGCSE (GCE O Level) နှင့် GCE A Level ဟူ၍ရှိရာ မြန်မာ လက်ရှိ စနစ်သစ် ၉-တန်းနှင့် စနစ်ဟောင်း ၁၀-တန်း (Grade 10 / 11) နှင့် ၈-တန်းအောင်မြင်ပြီးသူများသာမက ၁၀-တန်းအောင်ပြီးထားသူ (နိုင်ငံခြားကျောင်းများသို့ ပညာဆက်လက်သင်ယူလိုသူများ စသည်) ကျောင်းသားများအတွက် IGCSE (GCE O Level) ကို သင်ကြား ဖြေဆိုနိုင်ပါသည်။ ဖြေဆိုအောင်မြင်ပြီးသူများအတွက် ဘဝရည်မှန်းချက် ခရီးဆက်ရန် နည်းလမ်း ၂-သွယ်ရှိပါသည်။

နည်းလမ်း (၁) - ၎င်း IGCSE ကို ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသားများသည် နိုင်ငံရပ်ခြားကောလိပ်များနှင့် စင်ကာပူနိုင်ငံမှာရှိ​သော ပိုလီကျောင်း Polytechnics (စက်မှုလက်မှုကျောင်း) များကို ဆက်လက်တက်ရောက်နိုင်ခွင့်များ ရရှိနိုင်ပါသည်။ ထိုကျောင်းများမှ တဖန် ထူးချွန်စွာအောင်မြင်ခဲ့ပါကလည်း နိုင်ငံခြားတက္ကသိုလ်များကို ဆက်လက်တက်ရောက်နိုင်ခွင့်များ ရရှိနိုင်ပါသေးသည်။

နည်းလမ်း (၂) - ၎င်း IGCSE ကို ဖြေဆိုအောင်မြင်ပြီး၍ နိုင်ငံခြားတက္ကသိုလ်များကို တိုက်ရိုက် တက်ရောက်ရန်အတွက်ကတော့ GCE A Level ကို ဆက်လက် သင်ကြား ဖြေဆို အောင်မြင်ကြရမှာ ဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်းဖြစ်သည့် GCE A Level ကို အောင်မြင်ပြီးမှသာလျှင် နိုင်ငံခြား တက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ရောက် ဆက်လက် ပညာသင်ကြားနိုင်ခွင့်များ ရရှိနိုင်ကြမှာ ဖြစ်ပါသည်။

𝐔𝐊 (အင်္ဂလန်) နိုင်ငံတွင်းစစ်သည့် 𝐆𝐂𝐒𝐄 နဲ့ ယခု 𝐄𝐝𝐞𝐱𝐜𝐞𝐥 𝐈𝐆𝐂𝐒𝐄 (𝐈𝐆) အဆင့်တူ အသိအမှတ်ပြုခံရရဲ့လား, လက်ခံရဲ့လား။
IGCSE များဖြစ်ကြသော Cambridge IGCSE နှင့် Edexcel IGCSE တို့သည် equivalent to GCSE များသာလျှင်ဖြစ်ကြသောကြောင့် GCSE နှင့် အမည်သာမတူ ကျန်အခွင့်အရေးအားလုံး လုံးဝ တူညီကြပါသည်။

ထို့ကြောင့် Edexcel IGCSE ခေါ် IG သည် UK နိုင်ငံတွင်းစစ်သည့် GCSE စာမေးပွဲနှင့် အဆင့်တူ၍ အသိအမှတ်ပြုခံရမှုမှာလည်း လုံးဝ တူညီကြပါသည်ဟူ၍ တကမ္ဘာလုံးရှိ နာမည်ကြီး ကောလိပ် တက္ကသိုလ်များက အသိအမှတ်ပြုလက်ခံထားရှိကြပါသည်။ အင်္ဂလန်နိုင်ငံသား GCSE အောင်မြင်ထားသူနှင့် Edexcel IGCSE အောင်မြင်ထားသူ ၂-ဦးတို့၏ ကောလိပ် တက္ကသိုလ် ကျောင်းဝင်ခွင့်လျှောက်လွှာတို့ကို တူညီသော အခွင့်အရေးများအောက်တွင် ထားရှိစဉ်းစား လက်ခံ ရွေးချယ်လျက် ရှိနေကြပါသည်။

စာမေးပွဲအတွက် အချိန်ဘယ်လောက်ယူ သင်တန်းတက်ရမှာပါလဲ။

IGCSE ဆိုတာသည် အကြမ်းအားဖြင့် ၁၀-တန်း ပညာရေးပါပဲ၊ နိုင်ငံတကာ အသိအမှတ်ပြု ၁၀-တန်း ပညာရေးလို့ ဆိုခဲ့သလိုပါပဲ။ ၁၀-တန်းဖြေဖို့ ၉-တန်းနှင့် ၁၀-တန်း ပေါင်း ၂-နှစ်စာလေ့လာမှသာလျှင် ၁၀-တန်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ကြမှာဖြစ်ပါသည်။ ထို့အတူပင် IGCSE (GCE O Level ) စာမေးပွဲကို အဆင့်မြင့်မြင့် ဖြေဆိုအောင်မြင်နိုင်ကြရန်လည်း စာသင်နှစ် ၂-နှစ်ခန့် သေချာကြိုးစား တက်ရောက်သင်ကြားကာ ကြိုတင်ပြင်ဆင်ပြီးမှသာလျှင် ဝင်ရောက်ဖြေဆိုသင့်ကြသည်ဟု အကြံပြုလိုပါသည်။

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when RIHEA International School - Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category