Harmony Learning Hub

Harmony Learning Hub You are not alone in your journey of learning. We are with you in any circumstances.

Advantages and disadvantages of living abroadကိုယ့်မွေးဖွားရာ နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတစ်နိုင်ငံမှာ ခဏတဖြုတ်သော်လည်း...
06/05/2023

Advantages and disadvantages of living abroad

ကိုယ့်မွေးဖွားရာ နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတစ်နိုင်ငံမှာ ခဏတဖြုတ်သော်လည်းကောင်း၊ အ​ခြေချပြောင်းရွှေ့သော်လည်းကောင်း နေထိုင်ကြတာ ဒီဘက်ခေတ်မှာ အထူးအဆန်း မဟုတ်တော့သလို 'နိုင်ငံခြားတိုင်းပြည်မှာ နေထိုင်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုး' ဆိုတဲ့ ခေါင်းစဥ်ဟာ စဥ်းစားသင့်တဲ့ ခေါင်းစဥ်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်ပတိုင်း​ပြည်မှာ ပညာဆီးပူးလိုတဲ့ ကျောင်းသားများနှင့် အခြားနိုင်ငံမှာ အလုပ်လုပ်ဖို့ ​ပြင်ဆင်နေတဲ့သူတွေအတွက် မဖြစ်မနေ စဥ်းစားသင့်ပါတယ်။

Harmony Learning Hub ရဲ့ Pre-intermediate ကျောင်းသားတွေက "The advantages and disadvantages of living abroad" ဆိုတဲ့ ခေါင်းစဥ်တဲ့ writing assignment မှာ စာပုဒ်နှစ်ပုဒ်​ရေးရပါတယ်။
လက်တွေ့ အသုံးဝင်တဲ့ အကြောင်းအရာတစ်ခုဖြစ်တဲ့ နိုင်ငံခြားတိုင်းပြည်မှာ နေထိုင်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုး တွေကို English skills နဲ့ ပေါင်းစပ်ပြီး လေ့ကျင့်ဖို့ အခွင့်အရေးဖြစ်ပါတယ်။

Academic English writing ရဲ့ သော့ချက်ဖြစ်တဲ့
➡sentence structures
➡main ideas နဲ့ supporting ideas တွေနဲ့ paragraphs ဖွဲ့စည်းပုံတွေကို လက်တွေ့အသုံးချပြီး လေ့လာသင်ယူကြမှာပါ။
ဒီလိုလေ့လာသင်ယူဖို့ အချိန်နဲ့ အားစိုက်မှု လိုအပ်ပါတယ်။ လေ့လာလိုစိတ်လည်းရှိတယ်၊ အချိန်တစ်ခုကိုလည်း သတ်သတ်မှတ်မှတ်ပေးနိုင်ပြီး အားစိုက်မှု အပြည့်နဲ့ ကြိုးစားမယ်ဆိုရင် အဂ်လိပ်စာ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် အသုံချနိုင်မှာပါ။
Pre-intermediate level မှာ ဒီလို writing assignment မျို ၂၅ ခု ရေးရပါတယ်။

မှတ်ချက်။ ကျောင်းသားသစ် လက်မခံကေသးပါ။

Academic English အတန်းသစ် မကြာခင် ဖွင့်ပါ့မည်။Elementary - January first weekPre-Intermediate - March first week Interme...
06/12/2022

Academic English အတန်းသစ် မကြာခင် ဖွင့်ပါ့မည်။

Elementary - January first week
Pre-Intermediate - March first week
Intermediate - March first week
မှာ စတင်မှာ ဖြစ်ပါတယ်။

အတန်းချိန် (zoom)-
Elementary - 7 pm (Friday)
Pre-Intermediate - 7 pm (Sunday)
Intermediate - 7 pm (Saturday)
zoom အတန်ပြီးရင် အပတ်စဥ် assignments ရှိပါတယ်။

စိတ်ဝင်စားသူများ enrollment process နဲ့ စတင်နိုင်ပါတယ်။

📞 09425298134

သင်းတန်းအကြောင်း အသေးစိတ်ကို link မှာ ဝင်ကြည့်နိုင်ပါတယ်။
https://www.facebook.com/107775224949436/posts/117445093982449/?mibextid=Nif5oz

ကျောင်းသားတွေရဲ့ products တွေပါ။Harmony အတွက် အမှတ်တရပေမယ့် မူလပိုင်ရှင်က ကျောင်းသားတွေပဲ ဖြစ်ပါတယ်။
11/11/2022

ကျောင်းသားတွေရဲ့ products တွေပါ။

Harmony အတွက် အမှတ်တရပေမယ့် မူလပိုင်ရှင်က ကျောင်းသားတွေပဲ ဖြစ်ပါတယ်။


What is the purpose of teaching?စာသင်ကြားခြင်းရဲ့ ရွည်ရွယ်ချက် တစ်နည်း စာသင်ပြီး ကျောင်းသားတွေအပေါ် ဘယ်လိုမျှော်လင့်သလဲ?...
10/09/2022

What is the purpose of teaching?

စာသင်ကြားခြင်းရဲ့ ရွည်ရွယ်ချက် တစ်နည်း စာသင်ပြီး ကျောင်းသားတွေအပေါ် ဘယ်လိုမျှော်လင့်သလဲ?

စာသင်ကြားခြင်းရဲ့ အဓိက ရည်ရွယ်ချက်က အသင်ခံရတဲ့ ကျောင်းသားတွေအပေါ် တိုးတက်ပြောင်းလဲမှု တစ်စုံတရာအတွက် ရည်ရွယ်ပြီး သင်ကြားတယ်လို့ မှတ်ယူလို့ရပါတယ်။ တိကျတဲ့ မျှော်မှန်းချက်ကတော့ program တစ်ခုနဲ့တစ်ခု ကွဲပြားနိုင်ပါတယ်။ သို့သော် ယေဘူယအားဖြင့် ကျောင်းသူကျောင်းသားတွေဟာ

1. Be inquirers
2. Be thinkers
3. Be knowledgeable
4. Be communicators
5. Be open-minded
6. Be reflective
7. Be balanced
8. Be principled
9. Be risk-takers
10. Be independent learners
11. Be responsible
(စဥ်းစားမိသလောက်ပါ) စတဲ့ ကိုယ်အရည်အသွေးအားကောင်းအောင် လေ့ကျင့်ပေးရတယ်လို့ မှတ်ယူပါတယ်။

Teacher teaches students. Teacher does not teach textbooks.

"စာကုန်သွားပြီ" "စာကုန်အောင်သင်နေတယ်" ဆိုတာတွေကို မကြာခဏကြားမိလို့ သတိပြုမိသွားတာပါ။ ခရီးရှည် ခရီးကြမ်းကို လမ်းလျှောက်သွားတဲ့အခါ တုတ်ကောက်ကို အကူအနေနဲ့ သုံးသလိုပဲ textbooks တွေကိုလည်း စာသင်တဲ့အခါမှာ အကူအနေတဲ့ သုံးတယ်လို့ ထင်ပါတယ်။ အဓိကက ကျောင်းသူကျောင်းသားတွေမှာ ကိုယ်ရည်ကိုယ်သွေး တိုးတက်ပြောင်းလဲဖို့ဟာ စာသင်ကြားရတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။

Yee Yee Cho

English language learners တို့ ခုတလော စာဖတ်ဖြစ်ပါသလား။ အင်္ဂလိပ်စာ လေ့လာသင်ယူနေတဲ့ သူတွေက အင်္ဂလိပ်စာကို မဖြစ်မနေ ဖတ်နေရ...
11/05/2022

English language learners တို့ ခုတလော စာဖတ်ဖြစ်ပါသလား။ အင်္ဂလိပ်စာ လေ့လာသင်ယူနေတဲ့ သူတွေက အင်္ဂလိပ်စာကို မဖြစ်မနေ ဖတ်နေရမှာပါ။

Harmony ရဲ့ Pre-Intermediate ကျောင်းသားတွေက ဒီတပတ်မှာတော့ သူတို့နှစ်သက်တဲ့ စာအုပ်တစ်အုပ်ကို discussion မှာ recomment ပေးမှာပါ။ သူတို့အတန်းဖော်တွေကို သူတို့ recommend ပေးတဲ့စာအုပ်ကို ဘာကြောင့် ဖတ်သင့်လဲ ဆိုတာ ရှင်းပြမှာပါ။

ဒါ့ပြင်
When I arrived, she cooked.
When I arrived, she was cooking.
When I arrived, she had cooked.

ဝါကျ ၃ ကြောင်းရဲ့ ကွဲးပြားခြားနားမှုတွေကို identify လုပ်ပြီးတော့ retelling story ဆိုတဲ့ ခေါင်းစဥ်နဲ့ ပုံပြင်တစ်ပုဒ် ပြောထားတဲ့ video နဲ့ assignment လုပ်ခြင်းဖြင့် past simple, past continue, past perfect တို့ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

English language learners တွေက အင်္ဂလိပ်စာကို ဒီလိုလေ့ကျင့်ဖြစ်ပါသလား။ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ လေ့ကျင့်နေကြတယ်ဆိုရင် ဝမ်းသာစရာပါ။

English language skills တိုးတက်ကောင်းမွန်ကြပါစေ။

သား၊သမီးတွေရဲ့ ပညာရေးအတွက် မိဘများ စဉ်းစားနေပါလာ?📣 အသက် ၁၂ နှစ်နှင့် အထက် တက်နိုင်သော Academic English ( ပညာရေးကို အခြခံ...
02/04/2022

သား၊သမီးတွေရဲ့ ပညာရေးအတွက် မိဘများ စဉ်းစားနေပါလာ?
📣 အသက် ၁၂ နှစ်နှင့် အထက် တက်နိုင်သော Academic English ( ပညာရေးကို အခြခံတဲ့ အင်္ဂလိပ်စာ ) အတန်း Harmony Education Center မှာ တက်နိုင်ပါပြီ။

⏹ ပညာရေးကို အခြေခံသော Academic English ဖြစ် တာကြောင့် English 4 skills ကို
⭐ research
⭐ analysis
⭐ comparing and contrasting
⭐ decision making
⭐ evaluation
⭐ creation
စသည့္ စစ်မှန်သော ပညာရေးတွင် လိုအပ်သော စွမ်းရည်များဖြင့် ပူးတွဲ လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါသည်။

⏹ တပတ် ၂ ရက် zoom ဖြင့် သင်ကြားမှာဖြစ်ပြီး စာသင်ချိန် တစ်ချိန်ပြီးတိုင်း assignments အတွက် ၅-၆ နာရီခန့် အချိန်ပေး စာလုပ်ရမှာဖြစ်လို့ ကျောင်းသားတွေအတွက် အမှန်တကယ် ထိရောက်တဲ့ သင်ယူမှု ရရှိမှာဖြစ်ပြီး၊ self-study လို့ခေါ်တဲ့ ကိုယ်တိုင်သင်ယူမှု အားကောင်း စေမှာ ဖြစ်ပါတယ်။
Assignments မှာ
⭐ reading
⭐ writing
⭐ discussion
⭐ video recording
⭐ grammar and vocabulary test တို့ ပါဝင်ပါတယ်။ assignments တွေကို အမှတ်ပေးစည်းမျဉ်းနဲ့ စနစ်တကျ အမှတ်ပေးမှာဖြစ်ပြီး အမှတ်ပေါင်း 80% ရမှသာ နောက် level တစ်ခု တက်ခွင့်ရမှာ ဖြစ်တဲ့အတွက် အင်္ဂလိပ်စာ အမှန်တကယ် တတ်ကျွမ်းစေမှာ ဖြစ်ပါတယ်။

⏹ online class ဖြစ်လို့ အဆင်မပြေမှာ စိုးရိမ်နေပါသလား?
Online class ရဲ့ အားသာချက်တွေထဲက technology နဲ့ ပညာသင်ယူရခြင်းပါ။ ၂၁ ရာစု ပညာရေးမှာ technology နဲ့ ကင်းကွာလို့ မရနိုင်တော့ပါ။ ယခုသင်တန်းမှာ ကျောင်းသူ ကျောင်းသားများ zoom အပြင်
⭐ google form/doc
⭐ google classroom
⭐ flipgrid
⭐ padlet
စသော technology တွေနဲ့ assignments လုပ်ရမှာ ဖြစ်လို့ အမှန်တကယ် အကျိုးရှိမယ့် online class ဖြစ်ပါတယ်။

⏹ ဖွင့်လှစ်မည့် အတန်းတွေက
⭐ Beginner
⭐ Elementary
⭐ Pre-Intermediate
⭐ Intermediate
⭐ Upper-Intermediate
တို့ ဖြစ်ပါတယ်။ Placement test ဖြေပြီး ကျောင်းသားတွေရဲ့ level နဲ့ ကိုက်ညီတဲ့အတန်းမှ စတက်ရမည် ဖြစ်ပါသည်။

အသေးစိတ်ကို
Page messenger
09425298134 တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဖြေးဖြေးနဲ့ ပုံမှန် လေ့လာလိုသူများအတွက် link ထဲက အတန်းတွေကို ဝင်ရောက်ကြည့်နိုင်ပါသည်။

https://www.facebook.com/107775224949436/posts/143676488025976/

Reading with purposeဘာအတွက် စာဖတ်ရတာလဲ? တစ်နည်းအားဖြင့် ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စာဖတ်​ကြတာလဲ? စာဖတ်ခြင်းကနေ ဘာကို ရချင်ပ...
08/02/2022

Reading with purpose

ဘာအတွက် စာဖတ်ရတာလဲ? တစ်နည်းအားဖြင့် ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စာဖတ်​ကြတာလဲ? စာဖတ်ခြင်းကနေ ဘာကို ရချင်ပါသလဲ?

မှတ်ချက်။ အင်္ဂလိပ်စာ ဖတ်ခြင်အတွက် အဓိက ရည်ရွယ်ပါတယ်။

Reading for reasons

စာဖတ်ရတဲ့ အဓိကအကြောင်းအရင်း ၃ ခုရှိပါတယ်။
⏹ To learn and understand new information
အသစ်သစ်သော အ​ကြောင်းအရာတွေကို သင်ယူဖို့၊ နားလည် တတ်ကျွမ်းဖို့ဖြစ်ပါတယ်။

⏹ To find specfic information
သိလိုသော သို့မဟုတ် သိဖို့လိုအပ်​သောအကြောင်းအရာများကို ရှာဖွေတွေ့ရှိရန်ဖြစ်ပါတယ်။

⏹ To entertain
စိတ်အပန်းဖြေဖို့ သို့မဟုတ် အပျင်းဖြေစေဖို့ စာဖတ်ခြင်းဖြစ်ပါတယ်။

Reading strategies

စာဖတ်တဲ့အခါမှာ အသုံးများတဲ့ စာဖတ်နည်း ၃ နည်းက
Scanning
Skimming
Careful reading တို့ ဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့ စာဖတ်ရတဲ့ အကြောင်းအရင်းနဲ့ ကိုက်ညီတဲ့ စာဖတ်နည်းကို ရွေးချယ်တတ်ခြင်းက skillful reader လို့ခေါ်တဲ့ စာဖတ်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့ အထောက်အကူများစွာ ရစေပါတယ်။

Skillful Readers

စာဖတ်ကျွမ်းကျင်သူတစ်ယောက်က စာဖတ်ခြင်းဆိုင်ရာ ကျွမ်းကျင်ခြင်း ၄ ချက်နှင့် ပြည့်စုံပါတယ်။ တစ်နည်းအားဖြင့် ထိုအချက် ၄ ခုနဲ့ ပြည့်စုံအောင် လေ့ကျင့်ထားကြပါတယ်။ (၄ ချက် မက များနိုင်ပါတယ်။ ဒီစာထဲမှာ ၄ ချက်ကိုပဲ ဖော်ပြပေးမှာ ဖြစ်ပါတယ်။)

1. Be able to read fluently
Skillful reader တစ်ယောက်က သွက်သွက်လက်လက် စာဖတ်နိုင်တာ အထူးပြောစရာမလိုပါ။ သွက်သွက်လက်လက် စာဖတ်နိုင်ဖို့ လေ့ကျင့်ရမယ့် နည်းလမ်းက ခဏခဏစာဖတ်ပေးဖို့ (read often) နဲ့ အသံထွက် စာဖတ်ခြင်း (read aloud) တို့ပဲ ဖြစ်ပါတယ်။

2. Be able to identify words
စာဖတ်တဲ့အခါမှာ (အထူးသဖြင့်အင်္ဂလိပ်စာ ) စာလုံးအသစ် တွေ့ရှိခြင်းက ပုံမှန်ဖြစ်စဥ်ပါ။ စာလုံးအသစ် မတွေ့ဘူးဆိုရင် ဖတ်​​နေတဲ့စာက မိမိရဲ့ level ထက် နိမ့်နေတာမျိုးဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ skillful readers တွေက စာဖတ်နေရင်း တွေ့ရတဲ့ စာလုံးသစ် တစ်နည်းအားဖြင့် မရင်းနှီးသော စာလုံးတွေရဲ့ အဓိပါယ်ကို မှန်းဆဖော်ထုတ်နိုင်စွမ်းရှိကြပါတယ်။ ထိုသို့ မှန်းဆဖော်ထုတ်နိုင်မှသာ စာဖတ်ဖို့ရာ စိတ်အားထက်သန်မှု၊ စိတ်ဝင်စာမှုကို ပိုအားကောင်းစေပါတယ်။ သို့မဟုတ်ပဲ စာလုံးအသစ်တွေ့တိုင်း dictionary ကိုသာ အားကိုးတကြီး ပြေးကြည့်နေလျှင် စာဖတ်ချင်စိတ် လျော့လာနိုင်ပါတယ်။

စာလုံးအသစ်တွေကို မှန်းဆဖော်ထုတ်နိုင်ဖို့ skillful readers တေွက ဘာလုပ်ကြသလဲ? ဘယ်လိုလေ့ကျင့်ကြသလဲ? ဒီအကြောင်း နောက်အခွင့်အခါသင့်ရင် ပြန်လည်ရေသား တင်ပြပါမယ်။

3. Becoming engaged into context
Skillful readers တွေရဲ့ နောက်ထပ် အားထုတ်မှု တစ်ခုက ဖတ်နေတဲ့စာထဲက အကြောင်းအရာတွေနဲ့ သူတို့ရဲ့ လက်တွေ့ဘဝနဲ့ ချိတ်ဆက်တွေးတောခြင်း ဖြစ်ပါတယ်။ ဥပမာ စာထဲမှာ နေရာတစ်နေရာအကြောင်း ဖတ်ရရင် အဲနေရာကို သွားချင်သလားဆိုတဲ့ မေးခွန်းမျိုး သူတို့ကိုသူတို့ မေးတတ်ပါတယ်။ စာထဲက တချို့ ဇာတ်ကောင်တွေက သူတို့ပတ်ဝန်းကျင်မှာ ရှိသလားလို့ ဆက်စပ်တွေးတောတတ်ကြတယ်။ သူတို့ဖတ်နေတဲ့စာက အကြောင်းအရာတွေနဲ့ သူတို့ဘဝကြားမှာ relationship တစ်ခုကို တည်ဆောက်ထားတာပါ။

4. Understanding what you read
မိမိဖတ်နေတဲ့စာ နားလည်ဖို့ လိုအပ်တယ်ဆိုတာ အထူးပြောစရာမလိုပေမယ့် နားလည်အောင် ဘယ်လိုလုပ်မလဲ။ နားလည်မှန်းသိအောင် ဘယ်လို စမ်းစစ်မှာလည်းဆိုတာ စဥ်းစားစရာ အချက်ပါ။ skillful readers တွေက သူတို့ဖတ်တဲ့စာ ပိုနားလည်အောင် တစ်နည်း နားလည်ရလွယ်ကူအောင် စာမဖတ်ခင် စာထဲက title တေွ၊ subtitles တွေ၊ ပံုတွေနဲ့ ပုံထဲက caption တွေကို အရင်ကြည့်ပြီး (Preview လုပ်ခြင်း) သူတို့ရဲ့ background knowledge နဲ့ ချိတ်ဆက်တွေးပါတယ်။ Activating prior knowledge လို့ စာထဲမှာ ပြောထားပါတယ်။ တဆက်ထဲမှာပဲ စာထဲ အကြောင်းအရာတွေကို မှန်းဆခြင်း (Predict)၊ အာရုံဖြင့် ပုံဖော်ခြင်း (Visualize)၊ main idea(s) တွေကို ရှာဖွေခြင်းတွေ လုပ်ကြပါတယ်။ စာဖတ်ပြီး review ရေး​​ခြင်း၊ summary ရေးခြင်း နဲ့ diagram ရေးဆွဲခြင်းတွေက စာထဲက အကြောင်းအရာတွေကို နားလည်မှုအပေါ် စမ်းစစ်နိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
Skillful readers တွေဖြစ်ဖို့ ကြိုးစားကြပါစို့။

Yee Yee Cho Chai
February 8, 2022
Ref: Glencoe, Literature, Reading with Purpose

2022 မှာ အင်္ဂလိပ်စာကို အခြေခံက စ​တက်ချင်တဲ့သူတွေ​ေရာ၊ level မြှင့်လိုသူတေွအတွက်ပါ တက်ရောက်နိုင်မယ့် အင်္ဂလိပ်စာ အတန်းတွ...
07/01/2022

2022 မှာ အင်္ဂလိပ်စာကို အခြေခံက စ​တက်ချင်တဲ့သူတွေ​ေရာ၊ level မြှင့်လိုသူတေွအတွက်ပါ တက်ရောက်နိုင်မယ့် အင်္ဂလိပ်စာ အတန်းတွေ Harmony က ဖွင့်လှစ်ပေးနေပါတယ်။

📣 ဘာအတန်း​တွေ တက်နိုင်လဲ?
Elementary
Pre-Intermediate
Intermediate အတန်းတွေ ဖွင့်ထားပါသည်။

📣 ဘယ်လိုတက်ရမှာလဲ?
➡Step 1 - enrollment form ဖြည့်ခြင်း

➡Step 2 - placement test ဖြေခြင်း

➡Step 3 - Placement test က ရရှိသော အတန်းအတွက် registration form ဖြည့်ခြင်း

➡Step 4 - registration form လက်ခံရရှိသော ကျောင်းသားများကို class schedule နဲ့ course syllabus ပို့ပေးမှာဖြစ်ပြီး အတန်းချိန်အတိုင်း သင်တန်းစတက်နိုင်ပါပြီ။

📣 သင်တန်းကာလကကော?

Elementary - 24 weeks
Pre-Intermediate - 36 weeks
Intermediate - 36 weeks

Level တခုမှာ ကျွမ်းကျင်ဖို့နှင့် နောက် level တခု ဆက်တက်နိုင်ဖို့ လုံလောက်တဲ့ အချိန်နှင့် ကြိုးစားအားထုတ်မှု မဖြစ်မနေ လိုအပ်ပါတယ်။ textbooks က စာပြီးဖို့ထက် စာတတ်ဖို့ကို ရည်ရွယ်ထားတဲ့အတွက်ပါ။

📣 သင်တန်းကို အစအဆုံး တက်ရမှာလား?

မဟုတ်ပါ။ ကြိုက်တဲ့အချိန် drop out လုပ်လို့ရပါတယ်။

📣 ဘယ်လိုသင်မှာလည်း?

zoom class တစ်ပတ် တစ်ရက်အပြင် assignments တစ်ပတ်စာကို ကျောင်းသားများ အင်္ဂလိပ်စာလေ့ကျင့်ဖို့ ပြင်ဆင်ပြီး တစ်ပတ်တစ်ကြိမ်ပို့ပေးမှာဖြစ်ပါတယ်။ assignments တွေကို တိကျတဲ့ အမှတ်ပေးစဥ်းမျဥ်းနဲ့ စနစ်တကျ သတ်မှတ်ပြင်ဆင်ပြီး guidances နှင့် feedback ကိုလည်း အသေးစိတ် ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။
Assignments မှာ
⏹Reading
⏹Writing
⏹Discussion
⏹Grammar and vocabulary test
⏹Video clip ပါဝင်ပါတယ်။

📣 သင်တန်းကြေး?
Enrollment process အတွက် 5,000 ကျပ်
Elementary - 20,000 ကျပ် (တစ်လ)
Pre-Intermediate - 25,000 ကျပ် (တစ်လ)
Intermediate - 30,000 ကျပ် (တစ်လ)

Zoom class အချိန်
Elementary - 6 pm to 8 pm (Friday)
Pre-Intermediate - 6 pm to 8 pm (Saturday)
Intermediate - 6 pm to 8 pm (Sunday)

စုံစမ်းရန်-
[email protected]
09425298134

Online class ဆိုရင် zoom ကနေ သင်ကြားတယ်ဆိုတာ အားလုံးသိကြမှာပါ။zoom အတန်းအပြင် writing အတွက် လေ့ကျင့်ချင်တယ်ဆိုရင် Harmon...
26/11/2021

Online class ဆိုရင် zoom ကနေ သင်ကြားတယ်ဆိုတာ အားလုံးသိကြမှာပါ။

zoom အတန်းအပြင် writing အတွက် လေ့ကျင့်ချင်တယ်ဆိုရင် Harmony က ဖွင့်တဲ့ အတန်းကို တက်ကြည့်ပါလို့ ပြောပါရစေ။

ဒါ့ပြင် speaking, reading with purposes နဲ့ discussion forum မှာလည်း အဂ်လိပ်စာတွေကို အပြည့်အဝ လေ့ကျင့်ခွင့် ရမှာဖြစ်ပါတယ်။

ဒီလိုလေ့ကျင့်တဲ့နေရာမှာ ကျောင်းသားတွေအတွက် ထိရောက်တဲ့ guidance နဲ့ feedback တွေကိုလည်း ပံပိုးပေးမှာ ဖြစ်ပါတယ်။

အသေးစိတ် သိချင်ရင်တော့

harmony.mawlamyine.2021@gmail
Page message
Ph- 09425298134 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သင်တန်းဘယ်လိုတက်ရလဲဆိုတာ သိချင်ရင်တော့ အောက်က link မှာ ဝင်ကြည့်နိုင်ပါတယ်။

https://www.facebook.com/107775224949436/posts/117445093982449/

အင်္ဂလိပ်စာသင်တန်း ကြော်ငြာပါ။အင်္ဂလိပ်စာ ပြင်ဆင်ထားချင်တယ်Writing ကို ဘယ်ကစရေးရမှန်းမသိ၊ ရေးထားတာတွေ အဆင်ပြေပါ့မလားမသိ ...
10/11/2021

အင်္ဂလိပ်စာသင်တန်း ကြော်ငြာပါ။

အင်္ဂလိပ်စာ ပြင်ဆင်ထားချင်တယ်
Writing ကို ဘယ်ကစရေးရမှန်းမသိ၊ ရေးထားတာတွေ အဆင်ပြေပါ့မလားမသိ ဖြစ်နေတယ်
အင်္ဂလိပ်လို ပြောချင်ပေမယ့် ဘယ်ကစပြောရမလဲ၊ ဘာပြောရမှန်းမသိဖြစ်နေတယ် ဆိုရင် Harmony ရဲ့ အင်္ဂလိပ်စာသင်တန်းက ကူညီပေးနိုင်မလားဆိုတာ အောက်က link မှာ တချက်ကြည့်လိုက်ပါ။ သင်တန်းအကြောင်း အသေးစိတ်ပါပါတယ်။

https://www.facebook.com/107775224949436/posts/117445093982449/

အချိန်တိုအတွင်း တတ်​မယ်လို့ မျှော်လင့်ချက် မပေးလိုပါ။ သင်တန်းမှာ zoom class မှ သင်ကြားပို့ချပြီး ကျောင်းသားတွေက
1. Discussion forum မှာ သက်ဆိုင်ရာ ခေါင်းစဥ်အလိုက် ဝင်ဆွေး​ေနွွးရပါမယ်။
2. Writing assignments (paragraph, essay, letter)တွေ လုပ်ရပါမယ်။
3. Speaking အတွက် သင်ခန်းစာပါ အကြောင်းအရာတွေကို video record လုပ်ပြီး assignment တင်ရပါတယ်။
4. Reading အတွက် ဖတ်ရတဲ့ အကြောင်းအရာအပေါ် understanding, analysing နဲ့ evaluation practice တွေလည်း ပါပါတယ်။
5. Grammar and vocabulary test လည်း လုပ်ရပါတယ်။ ဒီအတွက် တစ်ပတ်မှာ စာလုပ်ဖို့ ၄ နာရီကနေ ၆ နာရီခန့် အချိန်ပေးဖို့လည်း လိုအပ်ပါတယ်။

သင်တန်းက ကိုယ်နဲ့ ကိုက်ညီတယ်ဆိုရင် ဆက်သွယ်လိုက်ပါနော်။

သီတင်းကျွတ်ပိတ်ရက်မှာ အနားယူပြီး အတန်းတွေ ပြန်စနေပါပြီ။နိုဝင်ဘာမှာ စတက်ဖို့ register လုပ်ထားတဲ့ ကျောင်းသားအသစ်တွေကို ကြိ...
28/10/2021

သီတင်းကျွတ်ပိတ်ရက်မှာ အနားယူပြီး အတန်းတွေ ပြန်စနေပါပြီ။

နိုဝင်ဘာမှာ စတက်ဖို့ register လုပ်ထားတဲ့ ကျောင်းသားအသစ်တွေကို ကြိုဆိုပါတယ်။

သင်တန်းအကြောင်း သိချင်ရင်တော့ link မှာ ဝင်ကြည့်နိုင်ပါတယ်။ 👇👇👇

https://www.facebook.com/107775224949436/posts/117445093982449/

သီတင်းကျွတ်လပြည့်​ေန့ရဲ့ သီတင်းပတ်ကို Harmony Education Center ရဲ့ အလုပ်ပိတ်ရက်အဖြင့် သတ်မှတ်ပါသည်။ ကျောင်းသူကျောင်းသားမ...
19/10/2021

သီတင်းကျွတ်လပြည့်​ေန့ရဲ့ သီတင်းပတ်ကို Harmony Education Center ရဲ့ အလုပ်ပိတ်ရက်အဖြင့် သတ်မှတ်ပါသည်။

ကျောင်းသူကျောင်းသားများ သီတင်းကျွတ် အခါသမယတွင် မိမိချစ်ခင်သူ မိသားစုများနှင့် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။

ဒီတပတ်မှာ​တော့ assignment deadlines လည်းမရှိသလို zoom class လည်း ပိတ်ထားသည့်အတွက် ပေါ့ပေါ့ပါးပါး အနားယူနိုင်ကြပါစေ။

Happy Thadingyut Festival!

Address

Mawlamyine

Telephone

+959425298134

Website

Alerts

Be the first to know and let us send you an email when Harmony Learning Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Harmony Learning Hub:

Shortcuts

Share

Category