မော်လမြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့

  • Home
  • Myanmar
  • Mawlamyine
  • မော်လမြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့

မော်လမြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မော်လမြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့, Education, Mawlamyine.

04/01/2026

ရာမညဖက်ဒရယ်ပညာ​ရေး​ကျောင်း
၂၀၂၆ -၂၀၂၇ ပညာသင်နှစ်
Batch 5 အတွက် ​ကျောင်းအပ်လက်ခံခြင်း

အထက်အ​ကြောင်းအရာပါကိစ္စနှင့် စပ်လျဥ်း၍ ရာမညဖက်ဒရယ်ပညာ​ရေး​ကျောင်း၏
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ( Batch 5 ) အတွက် Kg မှ Grade 11 အထိ တန်းခွဲများအားလုံးကို
၂၀၂၆ခုနှစ်၊ ​ဇန်နဝါရီလ ( ၁ ) ရက်​နေ့မှ ​ဇန်နဝါရီလ ( ၇ ) ရက်​နေ့အထိ ​ကျောင်းအပ်လက်ခံ​ပေးသွားမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ရာမည ဖက်ဒရယ်ပညာ​ရေး​ကျောင်းသည်အမျိုးသားညီညွတ်​ရေးအစိုးရ
-ပညာ​ရေးဝန်ကြီးဌာန( NUG-MOE )မှ အသိအမှတ်ပြုထား​သော ပြည်သူ့ပညာ​ရေးကျောင်းအဖြစ် ရပ်တည်လာခဲ့ပြီး CDM ကျောင်းသား ​ကျောင်းသူများ၏ ကြားကာလ ပညာသင်ကြားနိုင်​ရေးအ
တွက် Online မှတစ်ဆင့်ပညာသင်ကြား​ပေးခဲ့သည်မှာ ယခုဆိုလျင် ပဥ္စမ အကြိမ်​မြောက်ကျောင်းအပ်လက်ခံပြီး ပညာသင်ကြား​ပေးမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ CDM ​ကျောင်းသား​ကျောင်းသူများအ​နေဖြင့် ကြားကာလတွင် မိမိတို့၏
ပညာသင်ယူခွင့်များ မဆုံးရှုံး​စေရန် သတ်မှတ်ထား​သော အချိန်ကာလအတွင်းကျောင်းအပ်နိုင်ရန်အတွက် Google Form များကို ရာမညဖက်ဒရယ်ပညာ​ရေးကျောင်း၏ FacebookPage Messenger နှင့် မွန်ပြည်နယ် ၁၀ မြို့နယ် ပညာ​ရေးဘုတ်အဖွဲ့များ၏ page Messenger တို့တွင် ​တောင်းယူဖြည့်သွင်းပြီး ​ကျောင်းအပ်နိုင်မည်ဖြစ်​ကြောင်း အသိ​ပေး​ကြေညာအပ်ပါသည်။
​ Grade 3 မှ Grade 11 အထိ ကျောင်းသားအသစ်များအားလုံးသည် သက်ဆိုင်ရာအတန်း
များအတွက် ဝင်ခွင့်စာ​မေးပွဲများ ​(အင်္ဂလိပ် နှင့် သင်္ချာ ) နှစ်ဘာသာ ဖြေဆိုရပါမည်။
(ဥပမာ-Grade 3 ကို တက်​မည့်​ကျောင်းသားများသည် Grade 2 မှ အင်္ဂလိပ် နှင့် သင်္ချာ ကို ​ဖြေဆို
ရပါမည်။ ဝင်ခွင့်​ဖြေဆို​အောင်မြင်​သော​ကျောင်းသားများကို သက်ဆိုင်ရာအတန်းများတွင် အတန်း
တက်ခွင့်​ပေးမည်ဖြစ်ပြီး ဝင်ခွင့်​ဖြေဆိုခြင်း မ​အောင်မြင်ပါက တစ်ဆင့်နိမ့်​​​သော အတန်းများတွင်
တက်​ရောက်ခွင့်ပြုမည် ဖြစ်ပါသည်။​

ကျောင်းအပ်လက်ခံမည့် ​နေ့ရက် - ၂၀၂၆ ခုနှစ်၊ ​ဇန်နဝါရီလ၊ ၁ ရက်
​ကျောင်းအပ်လက်ခံမည့်အတန်း - Kg မှ Grade 11 အထိ
​ကျောင်းအပ် ​Form ပိတ်မည့်​နေ့ရက် - ၂၀၂၆ ခုနှစ်၊ ​ဇန်နဝါရီလလ၊ ၇ ရက်

​ကျောင်းအပ်ရန် ဆက်သွယ်နိုင်​သော မြို့နယ်အလိုက် ပညာ​ရေးဘုတ်အဖွဲ့များ၏ page Link များ
👉👉

​၁။ မော်လမြိုင်မြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/F7H6wVaBJJ8n1gCe/?mibextid=qi2Omg

၂။ မုဒုံမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/profile.php?id=61556598330430&mibextid=ZbWKwL

၃။ သံဖြူဇရပ်မြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/ZTCVRpgD2F4ePRjA/?mibextid=qi2Omg

​၄။ ရေးမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/p8yJzSs9ncc2AECi/?mibextid=qi2Omg

​​၅။ ချောင်းဆုံမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/bEadGTVrDiqEhv46/?mibextid=qi2Omg

၆။ ကျိုက္မ​ရောမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
http://www.facebook.com/kyaikmayawboe

​၇။ ပေါင်မြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/mcckS2KKRL1rRfR1/?mibextid=qi2Omg

၈။ ဘီးလင်းမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/2hjVGXq3GU1Evk58/?mibextid=qi2Omg

၉။ သထုံမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/mEsTuZLZjezaATzr/?mibextid=qi2Omg

၁၀။ ကျိုက်ထိုမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/wfAoZDRhUvxRLxtv/?mibextid=qi2Omg

10/10/2024

ရာမညဖက်ဒရယ်ပညာ​ရေး​ကျောင်း
၂၀၂၄-၂၀၂၅ ပညာသင်နှစ်
Batch 4 အတွက် ​ကျောင်းအပ်လက်ခံခြင်း

အထက်အ​ကြောင်းအရာပါကိစ္စနှင့် စပ်လျဥ်း၍ ရာမညဖက်ဒရယ်ပညာ​ရေး​ကျောင်း၏
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ( Batch 4 ) အတွက် Kg မှ Grade 11 အထိ တန်းခွဲများအားလုံးကို
၂၀၂၄ခုနှစ်၊ ​အောက်တိုဘာလ ( ၁၀ ) ရက်​နေ့မှ ​အောက်တိုဘာလ ( ၁၉ ) ရက်​နေ့အထိ ​ကျောင်းအပ်လက်ခံ​ပေးသွားမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ရာမည ဖက်ဒရယ်ပညာ​ရေး​ကျောင်းသည်အမျိုးသားညီညွတ်​ရေးအစိုးရ
-ပညာ​ရေဝန်ကြီးဌာန( NUG-MOE )မှ အသိအမှတ်ပြုထား​သော ပြည်သူ့ပညာ​ရေးကျောင်းအဖြစ် ရပ်တည်လာခဲ့ပြီး CDM ကျောင်းသား ​ကျောင်းသူများ၏ ကြားကာလ ပညာသင်ကြားနိုင်​ရေးအ
တွက် Online မှတစ်ဆင့်ပညာသင်ကြား​ပေးခဲ့သည်မှာ ယခုဆိုလျင် စတုတ္ထအကြိမ်​မြောက်ကျောင်းအပ်လက်ခံပြီး ပညာသင်ကြား​ပေးမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ CDM ​ကျောင်းသား​ကျောင်းသူများအ​နေဖြင့် ကြားကာလတွင် မိမိတို့၏
ပညာသင်ယူခွင့်များ မဆုံးရှုံး​စေရန် သတ်မှတ်ထား​သော အချိန်ကာလအတွင်းကျောင်းအပ်နိုင်ရန်အတွက် Google Form များကို ရာမညဖက်ဒရယ်ပညာ​ရေးကျောင်း၏ FacebookPage Messenger နှင့် မွန်ပြည်နယ် ၁၀ မြို့နယ် ပညာ​ရေးဘုတ်အဖွဲ့များ၏ page Messenger တို့တွင် ​တောင်းယူဖြည့်သွင်းပြီး ​ကျောင်းအပ်နိုင်မည်ဖြစ်​ကြောင်း အသိ​ပေး​ကြေညာအပ်ပါသည်။
​ Grade 3 မှ Grade 11 အထိ ကျောင်းသားအသစ်များအားလုံးသည် သက်ဆိုင်ရာအတန်း
များအတွက် ဝင်ခွင့်စာ​မေးပွဲများ ​(အင်္ဂလိပ် နှင့် သင်္ချာ ) နှစ်ဘာသာ ဖြေဆိုရပါမည်။
(ဥပမာ-Grade 3 ကို တက်​မည့်​ကျောင်းသားများသည် Grade 2 မှ အင်္ဂလိပ် နှင့် သင်္ချာ ကို ​ဖြေဆို
ရပါမည်။ ဝင်ခွင့်​ဖြေဆို​အောင်မြင်​သော​ကျောင်းသားများကို သက်ဆိုင်ရာအတန်းများတွင် အတန်း
တက်ခွင့်​ပေးမည်ဖြစ်ပြီး ဝင်ခွင့်​ဖြေဆိုခြင်း မ​အောင်မြင်ပါက တစ်ဆင့်နိမ့်​​​သော အတန်းများတွင်
တက်​ရောက်ခွင့်ပြုမည် ဖြစ်ပါသည်။​

ကျောင်းအပ်လက်ခံမည့် ​နေ့ရက် - ၂၀၂၄ ခုနှစ်၊ ​အောက်တိုဘာလ၊ ၁၀ ရက်
​ကျောင်းအပ်လက်ခံမည့်အတန်း - Kg မှ Grade 11 အထိ
​ကျောင်းအပ် ​Form ပိတ်မည့်​နေ့ရက် - ၂၀၂၄ ခုနှစ်၊ ​အောက်တိုဘာလ၊ ၁၉ ရက်
ဝင်ခွင့်စာ​မေးပွဲ​ဖြေရမည့်​နေ့ရက်
● 26.10.2024 ( အင်္ဂလိပ်စာ ) နံနက် ၉း၀၀ နာရီမှ ၁၀း၀၀ နာရီအထိ
● 27.10.2024 ( သင်္ချာ ) နံနက် ၉း၀၀ နာရီမှ ၁၀း၀၀ နာရီအထိ

​ကျောင်းအပ်ရန် ဆက်သွယ်နိုင်​သော မြို့နယ်အလိုက် ပညာ​ရေးဘုတ်အဖွဲ့များ၏ page Link များ
👉👉

​၁။ မော်လမြိုင်မြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/F7H6wVaBJJ8n1gCe/?mibextid=qi2Omg

၂။ မုဒုံမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/profile.php?id=61556598330430&mibextid=ZbWKwL

၃။ သံဖြူဇရပ်မြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/ZTCVRpgD2F4ePRjA/?mibextid=qi2Omg

​၄။ ရေးမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/p8yJzSs9ncc2AECi/?mibextid=qi2Omg

​​၅။ ချောင်းဆုံမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/bEadGTVrDiqEhv46/?mibextid=qi2Omg

၆။ ကျိုက္မ​ရောမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
http://www.facebook.com/kyaikmayawboe

​၇။ ပေါင်မြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/mcckS2KKRL1rRfR1/?mibextid=qi2Omg

၈။ ဘီးလင်းမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/2hjVGXq3GU1Evk58/?mibextid=qi2Omg

၉။ သထုံမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/mEsTuZLZjezaATzr/?mibextid=qi2Omg

၁၀။ ကျိုက်ထိုမြို့နယ်ပညာ​ရေးဘုတ်အဖွဲ့
https://www.facebook.com/share/wfAoZDRhUvxRLxtv/?mibextid=qi2Omg

28/02/2024

အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ (CBBE) ၏ ပထမအကြိမ် ရန်ပုံငွေကံစမ်းမဲဖွင့်ပွဲအခမ်းအနားကို ယနေ့ည မြန်မာစံတော်ချိန် ၆ နာရီတိတိတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယခု page တွင်လည်းတိုက်ရိုက်(Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။

အခြေခံပညာပညာရေးဘုတ်အဖွဲ့များကော်မတီ ( CBBE )

07/02/2024

အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ (CBBE) မှပြုလုပ်ကျင်းပမည့် Stress Management သင်တန်းကိုဖော်ပြပါနေ့ရက်၊အချိန်များတွင် Dr.Patrick(M.B.B.S) မှ
ပို့ချပေးသွားမည်ဖြစ်ပါသဖြင့် သင်တန်းတက်ရောက်လိုသည့် ဆရာ/မ များ၊ကျောင်းသား/သူ များအနေဖြင့် ( ၉ ၊ ၂ ၊ ၂၀၂၄ ) ရက်နေ့နောက်ဆုံးထား၍ ပူးတွဲပါ Google Form သို့ဖြည့်သွင်းပေးပါရန်အကြောင်းကြားအပ်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSepi_lWxkb8hQ_iHnsVLHDYxXGk2IKiU_cCz31347R3rzqj_g/viewform?usp=sf_link

အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ ( CBBE )

06/02/2024
25/01/2024

မြန်မာ့နွေဦးတက္ကသိုလ် - Myanmar Nway-Oo University (MNOU)
Faculty of Earth Sciences
Department of Geosciences
(Board of Education - Geosciences)

“GIS Basics Course သင်တန်းဖွင့်လှစ်ကြောင်းကြေညာခြင်း”

မြန်မာ့နွေဦးတက္ကသိုလ်မှ တော်လှန်ရေးဘက်တော်သား ကျောင်းသူ၊ ကျောင်းသားများအတွက် ရည်ရွယ်ကာ ပထမအကြိမ် GIS (Geographic Information System), Short course သင်တန်းအား ဖွင့်လှစ်ပါမည်။

GIS စနစ်၏ အသုံးဝင်ပုံများ
GIS (Geographical Information System) ဆိုသည်မှာ လိုအပ်သည့် မြေပြင်ဆိုင်ရာ အခြေအနေများကို ရရှိရန် သင့်လျော်သည့် Map များ၊ သက်ဆိုင်ရာ အချက်အလက်များနှင့် လိုအပ်သည့် Softwareများ ပေါင်းစပ်ကာ ဖေါ်ပြခြင်းစနစ် ဖြစ်သောကြောင့် နယ်ပယ် အတော်များများတွင် အသုံးပြုနိုင်ပါသည်။ သက်ဆိုင်ရာ software များကို အသုံးပြု ခြင်းဖြင့်
(၁)သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာမှုအတွက် သင့်လျော်ရာလမ်းကြောင်းများ ရှာဖွေ ဆုံးဖြတ်ခြင်း၊
(၂) လိုအပ်သော တည်နေရာများရှာဖွေရန် နှင့် ဆက်သွယ်ရေးကွန်ယက်များ တည်ဆောက်နိုင်ခြင်း
(၃)မြေဆီလွှာဒေတာများကို ပိုင်းခြားစိတ်ဖြာခြင်းဖြင့် စိုက်ပျိုးရေးအတွက် အကျိုးပြုစေခြင်း
(၄) မြစ်ချောင်းစီးဆင်းမှု အနေအထား၊ သစ်တောဖုံးလွှမ်းမှုဧရိယာ၊ ကုန်းမြေ အနေအထား ပြောင်းလဲမှု စသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်မျာကို လေ့လာနိုင်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းမှု နှင့် သယံဇာတ ကာကွယ်မှုကို မြှင့်တင်နိုင်ခြင်း
(၅) မီးလောင်ခြင်း ၊ ရေကြီးခြင်၊ မုန်တိုင်းတိုက်ခတ်ခြင်း စသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် စီမံခန့်ခွဲမှုကို အထောက်အကူပြုခြင်း
(၆) ပထဝီဝင်နှင့် ဘူမိဗေဒသုတေသနပညာရှင်များသည် လိုအပ်သောဧရိယာရှိ မြေဆီလွှာကို ခွဲခြမ်းစိတ်ဖြာရန်၊ ကျောက်အမျိုးအစားတည်ရှိမှုကို ခွဲခြားစိစစ်ရန်၊ ငလျင်ဆိုင်ရာ အချက်အလက် များကို အကဲဖြတ်ရန်၊ သက်ဆိုင်ရာ Map များ ပြုလုပ်ရန်နှင့် သုံးဘက်မြင်ပုံရိပ်များကို ရေးဆွဲရန် အသုံးပြုနိုင်ခြင်း
(၇) ကျန်းမာရေးနှင့် ရောဂါဘယပျံ့ပွားမှုအန္တရာယ် အချက်အလက်များ ကို သုတေသန ပြုလုပ်နိုင်ခြင်း
(၈) စီးပွားရေးလုပ်ငန်းရှင်တို့အတွက် သင့်လျော်သောလုပ်ကွက်နေရာ၊ ဆက်သွယ်ရေး လမ်းကြောင်း၊ လူဦးရေ ထူထပ်မှု စသည်တို့ကို GIS data များမှ စူးစမ်းနိုင်ပြီး လုပ်ငန်းများ တိုးချဲ့နိုင်ခြင်း
(၉) စစ်ဘက်နှင့် ကာကွယ်ရေးဆိုင်ရာ နယ်ပယ်များတွင် အရေးပါသော အချက်အလက်များ (တည်နေရာ၊ မြေမျက်နှာပြင်၊ လမ်းကြောင်းအကွာအဝေး၊ အရပ်မျက်နှာ၊ ခရီးလမ်းကြာချိန် စသည်.) တို့ကို ခန့်မှန်း တွက်ချက်နိုင်ခြင်း စသဖြင့် သက်ဆိုင်ရာနယ်ပယ်များတွင် အသုံးချနိုင်ပါသည်။


ဒီသင်တန်းမှာဘယ်သူတွေကသင်ကြားမှာလဲ။
မြန်မာ့နွေဦးတက္ကသိုလ်ရဲ့ ဘူမိသိပ္ပံဌာန၊ ကြားကာလပညာသင်ကြားရေး ဘုတ်အဖွဲ့မှ ဆရာ၊ ဆရာမများမှ သင်ကြားပေးမှာ ဖြစ်ပါသည်။

သင်တန်းမှာ ဘယ်လိုအကြောင်းအရာတွေ သင်ကြားမှာလဲ။
➢ GIS (Geographic Information System)ရဲ့ အခြေခံသဘောတရားတွေ,
➢ GPS (Global Positioning System) Instrument ကိုင်တွယ် အသုံးပြုပုံ နှင့် Base Camp software နှင့် ချိတ်ဆက် အသုံးပြုနည်းများ။
➢ GEP (Google Earth Pro)အသုံးပြုနည်းများ
➢ Global Mapper softwareကို အသုံးပြုပြီး Georeferencing ပြုလုပ်နည်း
➢ ArcGIS softwareကို အသုံးပြုပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် လိုအပ်သော မြေပုံအမျိုးအစားများကို ရေးဆွဲ ထုတ်လုပ်နည်းများ
စသဖြင့် လေ့လာရမှာ ဖြစ်ပါသည်။

သင်တန်းပြီးမြောက်သွားတဲ့အခါ ဘယ်လိုအသုံးချနိုင်မလဲ။
ယခု GIS Basics course အဆင့်တွင်
➢ GPS (Global Positioning System) Instrument အမျိုးအစားများ၊ ကိုင်တွယ် အသုံးပြုပုံ, GPS မှ dataများကို ကွန်ပျူတာသို့ ထည့်သွင်းပြီး Base Camp software နှင့် ချိတ်ဆက်အသုံးပြုနည်းများ ကို နားလည်သွားပါမည်။
➢ GEP (Google Earth Pro) software အသုံးပြုနည်းအမျိုးမျိုးကို နားလည် တတ်ကျွမ်း သွားပါမည်။
➢ Global Mapper softwareကို အသုံးပြု၍ Georeferencing ပြုလုပ်နည်း တတ်မြောက်သွားပါမည်။
➢ ArcGIS softwareကို အသုံးပြုပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် လိုအပ်သော မြေပုံအမျိုးအစားများ ရေးဆွဲ ထုတ်လုပ်နိုင်ပါမည်။

သင်တန်းကာလက ဘယ်လောက်ကြာမြင့်မှာလဲ။
သင်တန်းကာလက ရက်သတ္တ (၁၀)ပတ် ဖြစ်ပြီး၊ ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီ တတိယအပတ်မှာ စတင်သင်ကြားကာ ဧပြီလ တတိယပတ်တွင် ပြီးဆုံးပါမည်။
ဘယ်လိုပုံစံနဲ့သင်တန်းပေးမှာလဲ။
မြန်မာ့နွေဦးတက္ကသိုလ်၏ Google meet မှ အပတ်စဉ် စနေ၊ တနင်္ဂနွေ ရက်များတွင် ဆွေးနွေးပို့ချမှု တစ်နာရီခန့် ပြုလုပ်ပေးမည် ဖြစ်ပါသည်။ Google Classroom တွင် ဆရာ၊ဆရာမများနှင့် ကျောင်းသူကျောင်းသားများအား ကုဒ်နံပါတ်များနှင့် ထည့်သွင်းပေးထား၍ သင်ခန်းစာ ဗီဒီယိုဖိုင်များ၊ ကိုးကားစာညွှန်းဖိုင်များ၊ Assignmentများအား ကျောင်းသူကျောင်းသားများ၏ သင်ယူရမည့် အချိန်နှင့် တပြေးညီ တင်ထားပေးမှာ ဖြစ်ပါသည်။

သင်တန်းပြီးဆုံးလျင် အသိအမှတ်ပြုမှု ဘယ်လိုရရှိမလဲ။
ကျောင်းသားများ၏ သတ်မှတ်နာရီများအတွင်း သင်ယူခြင်း၊ Assignment ပေးပို့ခြင်းစသည့် အလုပ်များပြီးမြောက်သူများ အား Certificate သင်တန်းဆင်းလက်မှတ် အပ်နှင်းမှာဖြစ်ပါသည်။
-
ဒီသင်တန်းကို ဘယ်သူတွေ တက်ရောက်ခွင့်ရှိမှာလဲ။
CDM ပြုလုပ်ထားတဲ့ ပထဝီဝင်နှင့် ဘူမိဗေဒ အထူးပြု (4th year, H2, H3, Q, M1, M2 သင်တန်းနှစ်) ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခွင့်ရမှာ ဖြစ်ပါသည်။ ပထမဦးဆုံးအသုတ် ဖြစ်တဲ့အတွက်ကြောင့် ကျောင်းသူ၊ ကျောင်းသား (၃၀)ဦး ကိုသာ လက်ခံ သင်ကြားမှာမို့ စောနိုင်သမျှစောစော ကျောင်းအပ် စာရင်း သွင်းဖို့လိုအပ်ပါသည်။

သင်တန်းကြေးက ဘယ်လောက်ကုန်ကျမှာလဲ။
သင်တန်းကြေး ပေးသွင်းစရာမလိုပါ။

သင်တန်းကို ဘယ်လိုမှတ်ပုံတင်စာရင်းသွင်းမလဲ။
Google form တွင် (၂၀.၁.၂၀၂၄) ရက်နေ့မှ (၃၁.၁.၂၀၂၄) ရက်နေ့အထိ စာရင်းပေးသွင်းရမှာ ဖြစ်ပြီး (၅.၂.၂၀၂၄)ရက်နေ့တွင် တက်ရောက်ခွင့်ရသူများအား အီးမေးလ်ဖြင့် အကြောင်းကြား ပါမည်။ မေးလ်တွင် သင်တန်းအပ်နှံရမည့် form link ထည့်သွင်းပေးပါမည်။ (၆.၂.၂၀၂၄) ရက်နေ့မှ (၁၅.၂.၂၀၂၄)ရက်နေ့ အတွင်း အပ်နှံရပါမည်။ ပြီးစီးသူများကို ကုဒ်နံပါတ်ချပေးကာ စာသင်ခန်းအတွင်း တက်ရောက်ခွင့်ပေးမှာ ဖြစ်ပါသည်။

သင်တန်းစတင်တက်ရောက်ရမည့်ရက်၊ အချိန်
၁၇.၂.၂၀၂၄ (Saturday) တွင် သင်တန်းကာလ စတင်မည်ဖြစ်ပြီး Google meet သို့ ဝင်ရောက်ရမည့် link ကို ၁၆.၂.၂၀၂၄ တွင် mail မှ တဆင့်ပေးပို့မည် ဖြစ်ပါသည်။ သင်ခန်းစာနှင့် သက်ဆိုင်သော video များကိုလည်း ယင်းနေ့မှ စတင်ကာ Google Classroom တွင် အပတ်စဉ် တင်ပေးမည် ဖြစ်ပါသည်။

သင်တန်းအပ်ရန် link

https://forms.gle/JJTp9D7iKRDWVM7V9

မြန်မာ့နွေဦးတက္ကသိုလ် (MNOU)

05/01/2024

Yarmanya Federal Education School

2024-2025 ပညာသင်နှစ်၊ Grade 11 သင်ရိုးသစ် နှင့် Grade 12 သင်ရိုးသစ် တန်းခွဲများအတွက် ​ကျောင်းအပ်နိုင်မည့် ​နေ့ရက်များကို အသိ​ပေး​ကြေငြာခြင်း

​ကျောင်းအပ်ရန် Form များကို ​အောက်ပါ မြို့နယ်ပညာ​​ရေးဘုတ်အဖွဲ့များ၏ page Messenger တွင်လည်း ​တောင်းယူဖြည့်သွင်းနိုင်ပါသည်။

https://www.facebook.com/မုဒုံမြို့နယ်-ပညာရေးဘုတ်အဖွဲ့-104365788962073/
https://www.facebook.com/BoardofEducartionThanbyuzayat/

https://www.facebook.com/ရေးမြို့နယ်-ပညာရေး-ဘုတ်အဖွဲ့-104841495252936/

https://www.facebook.com/Board-Of-Education-Thaton-106792131894503/

https://www.facebook.com/Board-of-Education-in-Beelin-Township-104780612240345/

https://www.facebook.com/%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%95%E1%80%8A%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%98%E1%80%AF%E1%80%90%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7-%E1%80%99%E1%80%BD%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-102652115794650/

https://www.facebook.com/Board-Of-Education-Kyaikmaraw-Township-111416868052807/

https://www.facebook.com/KyaikhtoEducation/

https://www.facebook.com/မော်လမြိုင်မြို့နယ်-ပညာရေးဘုတ်အဖွဲ့-105272878096997/

https://m.facebook.com/%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AF%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%8A%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%98%E1%80%AF%E1%80%90%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2-108961028162096/ ​ချောင်းဆုံ

https://www.facebook.com/မုဒုံမြို့နယ်-ပညာရေးဘုတ်အဖွဲ့-104365788962073/

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when မော်လမြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category