P. E.S Education service

P. E.S Education service ပညာရေးဝန်ဆောင်မှု

28/06/2022

Molecule တစ်လုံးထဲမှာရှိတဲ့atom
တွေကြားထဲမှာရှိတဲ့ ဆွဲအား
Molecule တစ်လုံးနဲ့အခြား Molecule
တစ်လုံးခြားမှာရှိတဲ့ဆွဲအား
ဘယ်ဟာက Intermolecular attractive force
ဖြစ်ပြီး ဘယ်ဟာက Intramolecular attractive force
ဖြစ်ပါသလဲ။

•••H---Cl•••H---Cl•••H----Cl•••
HCl molecule အတွင်း Hနဲ့ Cl ကြားဆွဲတဲ့အားကို
Intramolecular attractive force လို့ခေါ်ပါတယ်။
H က Cl ထက် more electropositive ဖြစ်တယ်။
Cl က more electronegative ဖြစ်လို့ Clပေါ်မှာ
slightly negative charge ဖြစ်နေပြီး H ပေါ်မှာ
slightly positive ဖြစ်နေလိမ့်မယ်။ တနည်းအားဖြင့်
H နဲ့ Clကြားကcovalent bondလုပ်ထားတဲ့
shared electron တစ်စုံဟာကြားတဲ့တဲ့မှာမနေဘဲ
Cl ဘက်မှာရောက်နေလို့ Clက slightly (-) ဖြစ်နေ
တာပါ။ ဒါကြောင့် H ပေါ်မှာဆန့်ကျင်ဘက်
slightly(+) ဖြစ်နေတာပါ။ဒါကြောင့် HClmolecule
ကClဟာ(-) charge ရှိနေလို့ နောက် HCl တစ်လုံး
က(+)charge ရှိနေတဲ့Hကိုသွားဆွဲမယ်။အဲ့ဒီmolecule
တစ်လုံးနဲ့ တစ်လုံးကြားကဆွဲအားဟာ အဲ့ ပစ္စည်းရဲ့
physical state ကိုဆုံးဖြတ်ပေးတယ်။
Intermolecular attractive force အလွန်ကြီး
ရင်melting point မြင့်တဲ့ solid ( ဥပမာ ionic
compound) ဖြစ်ပြီးintermolecular ငယ်ရင်
အရည်သို့မဟုတ်အငွေ့ဖြစ်မှာပါ။
note အပေါ််မှာပြထားတဲ့ HCl မှာ ••• သည် intermolecular attractive force ကို ရည်
ညွှန်းပြီး ------ line သည် moleculeတွင်းရှိ
intramolecular attractive force ကိုရည်
ညွှန်းသည်။

credit Saya San

Credit to Dr Soe Kyaw KyawUnit factors Method ===============unit factors Method ကို dimensional analysis သို့မဟုတ် Fact...
16/06/2022

Credit to Dr Soe Kyaw Kyaw
Unit factors Method
===============
unit factors Method ကို dimensional analysis သို့မဟုတ် Factor-Label Method ဟုလည်း ခေါ်ပါတယ်။

ထို method သည် တန်ဖိုးများကို ပြောင်းလည်ခြင်းမလုပ်ဘဲ ကိန်းဂဏန်း တစ်ခုမှ တစ်ခုသို့ ကိန်းဂဏန်း တစ်ခုခုဖြင့် မြှောက်နိုင်သည် ဟူသော အချက်ကို အသုံးပြု၍ ပုစ္စာများကို ဖြေရှင်းသော နည်းပညာ တစ်ခု ဖြစ်ပါသည်။

ဆိုလိုသည်မှာ unit system ကို အဓိကမထားဘဲ unit changes ကိုသာ အဓိကထားပြီး ပြောင်းလည်၍ တန်းဖိုး ကို calculator အသုံးပြု၍ မြှောက်ကာ အသုံးပြုခြင်းဖြစ်ပါတယ်။ အလွယ်ကူဆုံး မြန်မာစကားနဲ့ ပြောရရင် တူညီသော unit များကို ပိုင်းဝေ နှင့် ပိုင်းခြေမှာထားပြီး ‌ခြေဖျက်ခြင်းဖြင့် တွက်ရသော နည်းပညာဖြစ်ပါတယ်။

ထိုကြောင့် ထို နည်းပညာအသုံးပြုသောအခါ unit factors ကို ပြုလုပ်တတ်ရပါမည်။

unit factors ကို ပြုလုပ်ရာတွင် မိမိ လိုချင်သော သိူ့မဟုတ် မိမိ စိတ်ဝင်စားသော အရာ၏ တူညီသော သို့မဟုတ် ညီမျှ‌သော unit ဆက်သွယ်ချက်မှ unit factors နှစ်ခုကို ပြုလုပ်နိုင်ရမည် ဖြစ်သည်။

unit ဆက်သွယ်ချက်ဖြစ်သော အလွယ်အကူဆုံးနှင့် ဥပမာပြုရရင် ၁ ပေ = ၁၂ လက္မ ဖြစ်ပါသည်။

ထို ဆက်သွချက်မှ မိမိ အနေအဖြင့် factors နှစ်ခု ကို ပြုလပ်နိုင်ပါသည်။ ၁ ပေ/ ၁၂ လက္မ နှင့် ၁၂ လက္မ / ၁ ပေ ဖြစ်ပါသည်။ ထို နေရာတွင် အပိုင်းကိန်း ဖုန်း နှင့် ရေးရန် မလွယ်ကူ၍ မျဉ်းစောင်း (/)ကို အသုံးပြုထားခြင်းဖြစ်သည်။
အပိုင်းဝေ နှင့် အပိုင်းခြေ ပုံစံ ဖြစ်ပါသည်။

နောက်ဥပမာ တစ်ခုပြောရရင် solution unit ဖြစ်သော molarity ဖြစ်ပါသည်။ 1 molarity နှင့် ညီမျှသော unit မှာ 1 mol per dm3 ဖြစ်ပါသည်။ ထိုအခါ factors ပြုလုပ်သောအခါ 1 mol / 1 dm3 နှင့် 1 dm3 / 1 mol ဟူသော factors နှစ်ခု ရရှိပါမည်။

ထို factors နှစ်ခုထဲ မှ တစ်ခုကို ပေးထားသော တန်ဖိုးဖြင့် မြှောက်၍ အသုံးပြု သွားခြင်းဖြစ်ပါတယ်။

ထို method သည် မြန်မာပြည်ရှိ တက္ကသိုလ်များတွင် အထူးသဖြင့် ဓာတုဗေဒအထူးပြုတွင် သင်ကြားနေသည်မှာ လွန်ခဲ့သော နှစ် ၂၀ ခန့်ကတည်းက အသုံးပြု တွက်ချက်နေပါပြီ။ ပညာရေးတက္ကသိုလ်တွေမှာလည်း ထိုနည်းသာ သင်ကြားရပါတယ်။

အ‌ခြေခံတွင် old text အရ ၃ ချက် တွက်နည်းကိုသာ အသုံးပြုခြင်း formula အစားထိုး အသုံးပြုခြင်း unit မတူလျင် ပြောင်းလဲ တွက်ချက် ခြင်းသာ ဓာတုဗေဘာသာရပ်တွင် အသုံးပြုခဲ့ကြပါတယ်။

သို့သော်လည်း ယခု အခြေအနေမှာ unit factors method ကို သိရမည့် အ‌ခြေအနေ အချိန်အခါ ရောက်ပါပြီ။
ထပ်မံရှင်းပြရလျင်
ဥပမာ (၁) ၃ ကိုက်တွင် လက္မ မည်မျှနှင့် ညီမျှပါသနည်း။

ထိုမေးခွန်းအတွက် unit ဆက်သွယ်ချက်မှ unit factors များကို ပြုလုပ်ရပါမည်။ unit များကို ကျော်ခွ မလုပ်ဘဲ စဉ်းစာရပါမည်။ ပေးထားတာက ‌ကိုက် ဖြစ်ပါသည်။ မေးတာက လက္မ ဖြစ်ပါသည်။ ထိုအခါ ကိုက် နှင့် လက္မ ကြားမှာ ပေ ဆိုသော ဆက်သွယ်ချက် ရှိပါတယ်။ ထိုအခါ ကိုက် မှ ပေ ပေ မှ လက္မ ပြောင်းပေးရပါမည်။

ကိုက်နှင့်ပေ ဆက်သွယ်ချက်အရ ၁ ကိုက် = ၃ ပေ ဖြစ်ပါသည်။ ထိုအခါ ၁ ကိုက် / ၃ ပေ သို့မဟုတ် ၃ ပေ/၁ ကိုက် factors နှစ်ခုရပါမည်။

ထိုနောက် ပေ နှင့် လက္မ ဆက်သွယ်ချက်အရ ၁ပေ = ၁၂ လက္မ ဖြစ်ပါသည်။ ထိုအခါ ၁ပေ/၁၂ လက္မ နှင့် ၁၂ လက္မ/၁ပေ factors နှစ်ခု ရပါမည်။

ထိုအခါ ၃ ကိုက် အား တန်ဖိုးမပြောင်းဘဲ ၃ ပေ/ ၁ ကိုက် factors နှင့် မြှောက်ရပါမည်။ (factors နှစ်ခုမှာ ပေးချက် ကိုက်ဖြစ်၍ အပိုင်းခြေ ကိုက်ကိုသာ အသုံးပြုရမည်။)

ထိုအခါ ကိုက်နှင့် ကိုက် unit ကိုခြေသောအခါ unit ပေ သာ ကျန်ပါမည်။ မိမိ လိုချင်တာက လက္မ ဖြစ်သောအခါ ထိုအခါ ဆက်၍ ၁၂ လက္မ/ ၁ပေ factor နှင့်ဆက်မြှောက်ရပါမည်။

ထိုအခါ
? လက္မ = ၃ ကိုက် × ၃ ပေ/၁ ကိုက် ×
၁၂ လက္မ/၁ပေ = ၁၀၈ လက္မ

ဆက်သွယ်ချက် တစ်ခုစီတိုင်းမှာ factors နှစ်ခု ရှိပါမည်။ factors နှစ်ခုမှ တစ်ခုကို အသုံးပြုရမည်ကို သိရပါမည်။

တက္ကသိုလ်မှာ ပထမနှစ်ကို သင်ခဲ့ရတာ သုံးခါသာ ရှိဘူးပါတယ်။ အလုပ် စ ဝင်သော မြိတ်ကောလိပ်မှာ တစ်ခါ။ လ/ထ ကထိက ရာထူးတိုးတိုးချင်းမှာ တစ်ခါ။ ထားဝယ်မှာ တစ်ခါ။ ဒါပေမဲ့ မေဂျာ မဟုတ်ပါ။ minor သာ သင်ရပါတယ်။ ကျန်တာက အတန်းကြီးပါ။ အတန်းကြီးလာလို့ unit factors လေး ပြောင်းသင်ကြည့်တာ မရပါ။ တကယ်တော့ unit factors သင်တော့မယ်ဆိုရင် ပုစ္စာတွေကို မရှင်းခင် unit factors ကို သီးသန့် တစ်ချိန် မိမိ ဥပမာ များဖြင့် သင်သင့်ပါတယ်။ ထိုမှ မဟုတ် ပုစ္စာတွေ နဲ့ သာ ရောသင်ရင်တော့ ရင်တော့ မရပါမယ်။

ကလေးတွေကို unit တွေ မြင်တတ်အောင် unit တွေ ပြောင်းတတ်အောင် unit factors များ ပြုလုပ်တတ်အောင် unit ဆက်သွယ်ချက်များ သိအောင် ပထမ သင်ကြား လေ့ကျင့် ပေးရပါမယ်။

ကျွန်တော် ပထမနှစ်သင်တုန်းက unit factors method အကြောင်း theory ကို ရှင်းပြပြီးမှ ဒီ method ကို နားလည်အောင် လုပ် ဒီ method ဟာ တိုကြောင်း အချိန်ကုန် သက်သာကြောင်း အရင်ကလို ၃ ချက် တွက်နည်းနဲ့ စာတွေကို ဘလာပွ ရေးစရာ မလို ကြောင်း ရှင်းပြပါတယ်။

နောက်ဆုံး လွယ်လွယ်မှတ်ရရင် မိမိလိုချင်သော unit ကို ရောက်အောင် သွားရန် ပိုင်းဝေ မှာ ရှိရင် ပိုင်းခြေမှာထား ပိုင်းခြေမှာ ရှိရင် ပိုင်းဝေ မှာ factor ကိုထား တူ နေသော ပေါ်အောက် unit တွေကို ခြေ ပြီး နောက်ဆုံး မိမိ လိုချင်သော unit သာ ကျန်ပါမည်။ တန်ဖိုးများကို calculator နှင့်သာ တွက် ရုံပါဘဲ။
(သင်္ချာက calculator ကိုင်ခွင့်ရပြီဖြစ်၍ ဓာတုဗေဒလည်း calculator နှင့် တွက် လို့ရပါပြီ)

ထပ်မံပြောရရင် အခု method သည် ဓာတုဗေဒဘာသာရပ်တွင် နောက်ပိုင်းမှာ အသုံးများလာပါတယ်။ အခု ရှင်းပြချက်က အရာ တစ်ခုအပေါ်မှာသာ ဖြစ်ပြီး။ အရာ တစ်ခုထည့် ပိုသော အထူးသဖြင့် ဓာတ်ပြုခြင်း နဲ့ ပတ်သက်သော ရှင်းလင်းချက် မပါဝင်ပါ။

ယခု online ပေါ်မှာ new text book တွေကို ပလူပျံအောင် တင်လာသောအခါ chapter 2 မှာ unit factors method ကို အသုံးပြု၍ နမူနာ တွက်ပြထားတာကို မြင်လိုက်ရသောအခါ တွက်တာကတော့ တွက်ကြပါမယ်။ သင် တာကြတော့ သင်ကြပါမယ်။ ထို အတူ မိမိ လူမျိုးက အရိုးဆွဲ တတ်သော နည်းကိုသာ လက်ကိုင်ထားတတ်ကြပါတယ်။ ထိုကြောင့် သိပြီးသားသူတွေ မဟုတ်ဘဲ မသိသေးသော ဆရာဆရာမအတွက် ရေးလိုက်ခြင်းဖြစ်ပါတယ်။

ထပ်မံ အကြံပြလိုသည်မှာ Google မှာ ရှာပြီး unit dimensional method လို ရိုက်ပြီး video များ ကြည့်ကြပါ။

အညတရ ဆရာစိုး

05/06/2022

scalar လို့ ပြောရင်
Scalar ➡ Only magnitude (no direction)

Vector လို့ ပြောရင်
Vector ➡ Magnitude + direction

Tensor လို့ပြောရင်
Tensor ➡ Magnitude+direction + additional data

ပြောချင်တာက Tensor ပါ

Tensor အကြောင်းမပြောမီ သိထားရမှာက

Vector
ပမာဏ နဲ့ single direction (one dimension) ရှိရင်
vector လို့ သတ်မှတ်တာပါ......

Tensor ဆိုတာ scalar နဲ့ Vector လို့ပဲ physical properties ကို ဖော်ပြတဲ့ မတ္တာ တစ်ခုပါပဲ

Tensor ကို rank or order နဲ့ သတ်မှတ်ပါတယ်
(N-dimensional matrix ) လို့ပြောလဲရပါတယ်
Tensor ရဲ့
rank or order ကို number of directions in dimensional space နဲ့ ခွဲပါတယ်

အလွယ်ပြောရရင် direction
အရေအတွက်နဲ့ ခွဲတယ်ပေါ့ဗျာ
ဒါကြောင့်
scalar နဲ့ vector လည်း tensor မှာပါဝင်ပါတယ်

ဥပမာ

Scalar
direction မရှိ ( ဝင်ရိုးမရှိဘူးပေါ့)
zero dimension ပေါ့
ဒါကြောင့် scalar ကို
0 rank (order) tensor
0-dimensional tensor လို့ခေါ်တယ်ပေါ့ဗျာ

vector
-single direction ( 1-axis)
-one dimension ပေါ့
ဒါကြောင့် vector ကို
1st rank (order) tensor
1-dimensional tensor လို့ ခေါ်တယ်

matrix ( 2 dimensional array)
- two directions ( 2-axis)
ဒါကြောင့်
matrix ( 2 dimensional array)ကို
2nd rank (order) tensor
2-dimensional tensor လို့ခေါ်တယ်
(e.g. Stress ပေါ့)

အဲ့လိုပဲ....3-dimensional array ဆို
three directions (3-axis)
3rd rank (order) tensor
3-dimensional tensor ပေါ့ဗျာ....
(e.g. piezoelectricity ပေါ့)

scalar , vector နဲ့ သာမန် matrix တို့က
tensor ဆိုတာ မှန်ပါတယ်

သို့သော်
2 dimensions အထက်ကိုမှ
တကယ့် tensor စစ်စစ်လို့
ကောက်ချက်ချကြပါတယ်

😀 အလည်သွားချင်တာက

vector နဲ့ tensor ရောထွေးစရာမရှိပါ 😀

စာကြွင်း

N-dimensional matrix လို့
ပြောလည်းရတယ်ဆိုတာက
Tensor ကို matrix ပုံစံနဲ့ ဖော်ပြကြလို့ပါ

စာရှည်သွားလားဗျ
အတတ်နိုင်ဆုံး အတိုချုပ်တော့
ရေးလိုက်တာပဲ....

တကယ်တော့....ကျနော်လည်း
ဘာမှမသိဘူး......
မေးခွန်းရှိလို့ ရွှီး ရတာပေါ့ဗျာ 😂😂😂😂
Credit to saya ZMT thway

နိုင်ငံရေးအခြေအနေ၊ ရောဂါအခြေအနေနှင့် အဘက်ဘက်က အခက်အခဲများကြောင့် တစ်နိုင်ငံလုံးခက်ခဲနေကြတာကို P.E.S Education group အနေန...
07/05/2022

နိုင်ငံရေးအခြေအနေ၊ ရောဂါအခြေအနေနှင့် အဘက်ဘက်က အခက်အခဲများကြောင့် တစ်နိုင်ငံလုံးခက်ခဲနေကြတာကို P.E.S Education group အနေနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။
အကယ်၍ ပညာရေးကို စိတ်ဝင်စားပြီး ပြန်လည်တက်ရောက်လိုတဲ့ ကျောင်းသားဟောင်း ကျောင်းသားသစ်များရှိရင်တော့
P.E.S Education centre ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း သတင်းပေးချင်ပါတယ်။ ပညာသင်ကြေးတစ်ဝက်သွင်းထားတဲ့ကျောင်းသားဟောင်းများနဲ့ စနစ်သစ်ပညာရေးကိုနည်းစနစ်ကျကျ အခြေခံပါပါလေ့လာသင်ယူလိုသော ကျောင်းသားများကို
ဖိတ်ခေါ်ပါတယ်။

ပြန်လည်ဖွင့်လှစ်မည်သင်တန်းများ...............
၁။ အကြောင်းကြောင်းကြောင့် မဖြေဖြစ်လိုက်ရတဲ့ တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းကျောင်းသားများ
(ကျောင်းတက်စရာမလိုဘဲ အဆောင်တွင်သာ ဆရာများ စာသင်နည်းပြများဖြင့် ကြပ်မတ်သင်ကြားပါမည် )

၂။ စနစ်သစ် Grade 11

၃။စနစ်သစ် Grade 10 (ယခင် အဋ္ဌမတန်းအောင်)

၄။အလယ်တန်း(Grade 6,7,8,9 )ဘာသာစုံ

အသေးစိတ်ကို 09 957522114 @@ 09979740344 တို့သို့ ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။
ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းကြပါစေ။
.Education

PES education Centre ၏ ပင်တိုင်ဆရာကြီးဦးသန်းမြင့် ဆုံးပါးသွားခြင်းအတွက် အထူးဝမ်းနည်းမိပါကြောင်းခင်ဗျာ။
14/11/2021

PES education Centre ၏ ပင်တိုင်ဆရာကြီး
ဦးသန်းမြင့် ဆုံးပါးသွားခြင်းအတွက် အထူးဝမ်းနည်းမိပါကြောင်းခင်ဗျာ။

31/10/2021

သီတင်းကျွတ် လာကန်တော့ကြသော တပည့်များနှင့် မလာဖြစ်ကြသော တပည့်များအားလုံး ကပ်ရောဂါအပေါင်းမှ ကင်းဝေးပြီး လိမ်မာယဥ်ကျေးကာ မိဘကျေးဇူးကို အထူးသိတတ်သော သားသမီးများဖြစ်ကြပါစေ။

Hello. English for Youth sessionကနေ ကြိုဆိုပါတယ်နော်။ မင်မင်ဒီနေ့မှာ Youthတို့အတွက် အရမ်းအကျိုးရှိစေမယ့် Englishစာနဲ့ ပတ...
05/06/2021



Hello. English for Youth sessionကနေ
ကြိုဆိုပါတယ်နော်။ မင်မင်ဒီနေ့မှာ Youthတို့အတွက် အရမ်းအကျိုးရှိစေမယ့် Englishစာနဲ့ ပတ်သက်တဲ့အကြောင်းအရာကို မျှဝေပေးမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Englishစာ levelက ဘယ်လောက်levelထိ ရှိနေလဲဆိုတာ ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့ Online Testလေးတွေကို အခမဲ့ဖြေကြည့်ရင်း ကိုယ့်ရဲ့English Levelကို စမ်းသပ်ကြည့်လိုက်ရအောင်။ Onlineကနေ အခမဲ့Testလုပ်ကြည့်လို့ရမယ့် Websitesကောင်း ၁၀ခုကို linkတွေနဲ့တကွ မင်မင်မျှဝေပေးလိုက်ပါတယ်နော်။ ဖြေပြီးရင် ကိုယ့်levelဘယ်လောက်ရှိလဲဆိုတာ commentမှာပြန်ပြီး မျှဝေပေးသွားပါဦး🤩

1. British Council Online English Level Test

https://learnenglish.britishcouncil.org/online-english-level-test

2. Cambridge English - Test your English

https://www.cambridgeenglish.org/test-your-english/

3.English Tag - English Level Test

https://www.englishtag.com/tests/level_test.asp

4. Exam English

https://www.examenglish.com/leveltest/grammar_level_test.htm

5. English Score - British Council

https://www.englishscore.com/

6. Language Level - Free English Level Test

https://www.languagelevel.com/english/

7. Oxford Online English - English Level Test

https://www.oxfordonlineenglish.com/english-level-test

8. ABA English

https://www.abaenglish.com/en/english-level-test/

9. International House - English Language Level Test

https://ihworld.com/learn/ih-english-language-level-test/

10. ILS English - Test your English Level

https://www.ilsenglish.com/quicklinks/test-your-english-level



🔥ENGLISH VERSION BELOW🔥>

Hello. Welcome from English for Youth session. Today I am going to share an article about English writing that will be very useful for Youth. To test your English level, take a free online test to test your English level. Here are 10 great websites that you can test for free online with links. After answering, please share your level in the comment 🤩

1. British Council Online English Level Test

https://learnenglish.britishcouncil.org/online-english-level-test

2. Cambridge English - Test your English

https://www.cambridgeenglish.org/test-your-english/

3.English Tag - English Level Test

https://www.englishtag.com/tests/level_test.asp

4. Exam English

https://www.examenglish.com/leveltest/grammar_level_test.htm

5. English Score - British Council

https://www.englishscore.com/

6. Language Level - Free English Level Test

https://www.languagelevel.com/english/

7. Oxford Online English - English Level Test

https://www.oxfordonlineenglish.com/english-level-test

8. ABA English

https://www.abaenglish.com/en/english-level-test/

9. International House - English Language Level Test

https://ihworld.com/learn/ih-english-language-level-test/

10. ILS English - Test your English Level

https://www.ilsenglish.com/quicklinks/test-your-english-level



Do you want to improve your English for work or for your studies? Start by taking our free English grammar and vocabulary test to help you find your level.

Credit Newstain🔳 String Theory ၏ အတက်အကျ။    ကျွန်တော် ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား အချိန်တုန်းက ဆူးလေ လမ်းမပေါ်က အဟောင်...
22/01/2021

Credit Newstain

🔳 String Theory ၏ အတက်အကျ။

ကျွန်တော် ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား အချိန်တုန်းက ဆူးလေ လမ်းမပေါ်က အဟောင်းစာအုပ်ဆိုင်တွေမှာ သိပ္ပံစာအုပ်တွေ လိုက်ရှာရှင်း စိုးစိုး (အင်္ဂပူ) ရေးတဲ့ အိုင်းစတိုင်းရဲ့ နှစ် ၁၀၀ ပြည့်မှာ ထုတ်ဝေခဲ့တဲ့ အိုင်းစတိုင်းအလွန်စကြဝဠာ ဆိုတဲ့စာအုပ်ကို တွေ့ခဲ့တယ်။ ဒီစာအုပ်ထဲမှာ ခေတ်ပေါ်သီအိုရီတွေအပြင် ကျွန်တော်တစ်ခါမှ မသိမမြင်ဖူးတဲ့ String Theory အကြောင်းလေးပါလာတယ်။ ဒီသီအိုရီမှာက ကျွန်တော်တို့ အထက်တန်းကျောင်းတုန်းက သိခဲ့သလိုမျိုး အခြေခံအမှုန်တွေဆိုတာ အခြေခံတည်ဆောက်ပုံတွေမဟုတ်ဘဲ စွမ်းအင်လေးတွေရဲ့ တုန်ခါမှုကို အခြေခံပစ္စည်းလေးတွေ အဖြစ် ပုံဖော်ထားတယ်။

ကျွန်တော် အဲ့အချိန်တုန်းက ထင်ခဲ့တာက ဒီသီအိုရီက စကြဝဠာကြီးရဲ့ အရာရာအတိုင်းသီအိုရီများလားပေါ့။ ဘာလို့လဲဆို စာအုပ်တော်တော်များများမှာလည်း String Theory ဟာ အရာရာတိုင်းရဲ့ သီအိုရီတစ်ခုအဖြစ် ရေးသားနေကြတယ်။ ဒါပေမယ့် ကျွန်တော့်အထင်နဲ့ အမြင်နဲ့ဟာ လွဲမှားနေခဲ့ရတယ်။ String Theory ပေါ်လာတာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ ဆိုပေမယ့် အခုအချိန်ထိ တိကျတဲ့ အဖြေတစ်ခုကို မရရှိသေးဘူး။

တစ်ချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ သီအိုရီတစ်ခုဟာ ဘာကြောင့်မှေးမှိန်သွားရသလဲဆိုတာကိုတော့ ကျွန်တော်က ဒီနေ့မှာ ဖော်ပြသွားပေးမှာဖြစ်ပါတယ်။ (အခုရက်ပိုင်း စာအုပ်ကိစ္စလေးတွေ ရှုပ်နေလို့ ဆောင်းပါးရှည်တွေမတင်နိုင်တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်ဗျို့။) The Rise and the Fall of String Theory ဆိုတဲ့ ဆောင်းပါးလေးကိုတော့ Steve Nadis က Discover Magazine ၌ ရေးသားထားတာ ဖြစ်ပြီး ဘာသာပြန် ဖော်ပြလိုက်ပါတယ်။

🔳 Theory of Everything
(အရာရာတိုင်းရဲ့ သီအိုရီ)

String Theory ဟာ ရူပဗေဒမှာ တစ်ခေတ်တစ်ခါတုန်းက လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ သီအိုရီတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် နဲ့ ၁၉၉၀ ခုနှစ်လောက်မှာ ယင်းသီအိုရီဟာ ဘုရားသခင်ရဲ့ အကန့်အသတ်မဲ့တဲ့ ဆုလာဘ်တစ်ခုအဖြစ် မြင်ခဲ့ကြတာ ဖြစ်ပါတယ်။ ယင်းရဲ့ ဆိုလိုရင်းမှာတော့ ဒြပ်ထုနဲ့ စွမ်းအင်ဟာ အရင်ကသိခဲ့သလို အမှုန်လေးတွေနဲ့ တည်ဆောက်ထားတာမဟုတ်ဘဲ အခြေခံအားဖြင့် အလွန်သေးငယ်သော တန်ခါနေတဲ့ ကြိုးမျှင်လေးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်သလို သီအိုရီအနေနဲ သဘာဝရဲ့ အားလေးမျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးနိုင်မယ်လို့ ယူဆခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ တချို့သော ရူပဗေဒပညာရှင်တွေဟာ String Theory ကို အရာရာတိုင်းရဲ့ သီအိုရီ (Theory of Everything) အဖြစ် အကြိုဂုဏ်ပြုကြခဲ့ပါသေးတယ်။

နှစ်ပေါင်းများစွာကြာအောင် String Theory ရဲ့ ဦးဆောင်သူ တစ်ဦးဖြစ်ခဲ့တဲ့ ဟာဗတ်တက္ကသိုလ်မှ ရူပဗေဒပညာရှင် အင်ဒရူး စထရောင်း မင်ဂါ (Andrew Strominger) ကနေပြီးတော့ အစောပိုင်း စိတ်အားထက်သက်ခဲ့သူတွေကို အမှတ်ရတဲ့ အနေနဲ့ String Theory စတင်ကျော်ကြားလာခဲ့ချိန်တုန်းက ကြေငြာချက်တစ်ခုရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ ရူပဗေဒမှာရှိတဲ့ ပြဿနာအားလုံကို ဖြေရှင်းနိုင်ခဲ့ပြီး နောက်ဆုံးသော သီအိုရီတစ်ခုဟာ ငါတို့လက်ထဲ ရောက်ရှိခဲ့ပြီဆိုတဲ့ အဆိုပေါ့ လို့ သူကပြောပါတယ်။

အင်ဒရူးအနေနဲ့ ဒီလိုအခိုင်အမာပြောဆိုမှုမျိုးဟာ ၁၉၈၀ လို အချိန်မျိုး၌တောင် ပြိုကွဲသွားနိုင်တယ်ဆိုတာကို သိနေခဲ့ပါတယ်။ နောက်တော့ အသေအချာပါပဲ ယင်းနှစ်တွေ တစ်လျှောက်မှာ သံသယရှိတဲ့သူတွေဟာ စိမ့်ထွက် ပျံ့နှံ့လာခဲ့ပါတယ်။ တစ်စုံတစ်ယောက်ကမျှ String Theory ကို အတည်ပြုနိုင်ဖို့ လက်တွေ့စမ်းသပ်ချက်မလုပ်ဆောင်နိုင်ခဲ့သလို တစ်စုံစစ်ယောက်ကမျှလည်း ဒီသီအိုရီကို ဆန့်ကျင်ဖို့ လက်တွေ့စမ်းသပ်ချက်မလုပ်ဆောင် နိုင်ခဲ့ကြပါဘူး။

ဒီလိုနဲ့ဆန့်ကျင်မှုတွေဟာ ၂၀၀၆ ခုနှစ်လောက်မှာ အမြင့်ဆုံးရောက်ရှိလာခဲ့ပြီး နာမည်ကြီး စာအုပ်တွေနဲ့ ဆောင်းပါးတွေမှာ String Theory ကို အပြင်းအထန် တိုက်ခိုက်လာကြပါတော့တယ်။ သို့ပေမယ့် String Theory ဟာ ပရိတ်သတ်ရဲ့ အာရုံစိုက်မှုမှ စွန့်ခွာသွားခဲ့တယ်ဆိုပေမယ့်လည်း လုံးဝကြီးပျောက်ကွယ်သွားခဲ့တာတော့ မဟုတ်ပါဘူး။ ဒီသီအိုရီက ဆက်လက်တိုးတက်နေပြီး ပိုမိုကောင်းမွန်လာကာ ပိုမို နားလည်လာနေပြီလို့ နယူးဂျာစီရှိ ပရင်စတင် သင်တန်းကျောင်းမှ ဂျူအန် မယ်လ်ဒယ်စီနာ (Juan Maldecena) က ဆိုပါတယ်။

ယနေ့ခေတ် String Theory ပညာရှင်တော်တော်များများဟာ လှပမှုထက် အသုံးဝင်မှုကို ပိုပြီး ဦးစားပေးတဲ့ ချဉ်းကပ်မှုကို ဦးတည်နေကြပြီး သူ့ရဲအလားအလာရှိတဲ့ အရာတွေထက် လက်တွေ့မျက်မြင်ပေါ်မှာ ပိုပြီး ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ တချို့သော ပညာရှင်တွေဟာ String Theory ရဲ့ နည်းလမ်းတွေကို သင်္ချာဘာသာရပ်မှ ပြဿနာတွေအတွက် အသုံးချနေကြပြီ ဖြစ်ပါတယ်။ စထရောင်း မင်ဂါ ကတော့ တွင်းနက်တွေအတွက် ပိုပြီး နက်နဲတဲ့ အယူအဆတွေကို ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားနေပြီး တချို့တွေကတော့ ယခုအချိန်ထိ String Theory အပေါ်၌သာ မှီခိုနေသေးပြီး အမှုန်ရူပဗေဒ (Particle Physics) နဲ့ ဒြပ်သားတွေရဲ့ Exotic State မှ မျှော်လင့်မထားတဲ့ အကူအညီတွေများ ရနိုင်မလားလို့ မျှော်လင့်နေကြပါတယ်။

ဒီလို ကွဲပြားခြားနားတဲ့ လုပ်ဆောင်ချက်တွေမှ ရလဒ်အနေဖြင့် ထွက်ပေါ်လာတာကတော့ String Theory ဟာ ကျွန်တော်တို့ ထင်ထားသလို အရာရာတိုင်းရဲ့ သီအိုရီ (Theory of Everything) တစ်ခုမဟုတ်ပဲ တစ်စုံတစ်ခုရဲ့ သီအိုရီတော့ ဖြစ်ရမယ် လို့ စထရောင်း မင်ဂါ လို့ ဆိုပါတယ်။

🔳 ပုံးကွယ်နေသော ဒိုင်မန်းရှင်းများ။
(Hidden Depths)

စထရောင်း မင်ဂါက အောင်မြင်တဲ့လမ်းကြောင်းပေါ်မှာ လျှောက်ခဲ့ရတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး။ သူက စကြဝဠာကြီးကို သီအိုရီရူပဗေဒပညာအားဖြင့် သက်သေပြနိုင်ဖို့အတွက် ၁၉၇၀ ခုနှစ် နှစ်များတွင် ဟားဗတ်တက္ကသိုလ်မှ နှစ်ကြိမ်တိုင်အောင် ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ MIT ကျောင်းဆင်းတစ်ယောက်အနေနဲ့ စထရောင်း မင်ဂါကို String Theory လိုမျိုး အန္တရာယ်များတဲ့ ဘာသာရပ်ကို ရှောင်ရှားဖို့အတွက် ပြောဆိုခဲ့ကြသော်လည်း သူက ဒီအကြံဉာဏ်တွေကို လက်မခံခဲ့ပါဘူး။ စွန့်းစားခန်းဟာ နောက်ဆုံးတော့ အောင်မြင်ခဲ့ပါပြီ။ ၁၉၈၅ ခုနှစ် သူ့ရဲ့ Ph.D ဘွဲ့ကို ရရှိပြီး သုံးနှစ်အကြာမှာတော့ First string evolution ဆိုတဲ့ စာတမ်းမှာ တွဲဖက်ရေးသားသူအဖြစ် ပါဝင်ခဲ့ပါတယ်။

String Theory ရဲ့ပင်မသွေးကြောကတော့ ဒိုင်မန်းရှင်း ၁၀ ခု (သို့) ၁၁ ခုပါဝင်တဲ့ စကြဝဠာအတွင်းမှာ တုန်ခါနေတဲ့ သဘာဝရဲ့ အခြေခံအကျဆုံး ယူနစ်လေးတွေဖြစ်တဲ့ ကြိုးမျှင်လေးတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရင်းနှီးပြီးသာ ဒိုင်မန်းရှင်းသုံးခုအပြင် အချိန်ဒိုင်မန်းရှင်းနဲ့ တခြားပုန်းကွယ်နေတဲ့ ကျွန်တော်တို့ မမြင်နိုင်လောက်အောင် ခွေလိပ်နေသော ဒိုင်မန်းရှင်း ၆ ခု (သို့) ၇ ခုတို့ ဖြစ်ကြပါတယ်။ ဒီလို အလွန့်ကို သေးငယ်တဲ့ ဒိုင်မန်းရှင်းလေးတွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားတဲ့ ရူပဗေဒ ဘောင်အတွင်းရောက်လာအောင်လို့ နည်းလမ်းတစ်ခုခုနဲ့ လိုက်ဖက်ညီအောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

စထရောင်း မင်ဂါနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကနေပြီးတော့ ဒီလိုခွေလိပ်နေတဲ့ ပုံသဏ္ဌာန်လေးဟာ ကလာဘီ ရော ဟင်းလင်းပြင် (Calibi-Yau Space) လို့ခေါ်တဲ့ ဒိုင်မန်းရှင်း ခြောက်ခုရှိတဲ့ သင်္ချာဝတ္ထုလေးတစ်ခု ဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အမှုန်တစ်ခုရဲ့ ဒြပ်ထု၊ အားသက်ရောက်မှုနဲ့ တခြားသော အခြေခံဂုဏ်သတ္တိတွေဟာ ဒီရစ်ခွေနေတဲ့ ဟင်းလင်းပြင်လေးရဲ့ ပုံသဏ္ဌာန်နဲ့ ဂျီဩမေတြီပေါ်မှာ မူတည်နေပါတယ်။

မကြာခင်မှာ String Theory ပညာရှင် တွေဟာ ပြောင်မြောက်ဖွယ် တွေ့ရှိမှုတစ်ရပ်ကို ပြလုပ်နိုင်ခဲ့ကြပါတယ်။ Calibi-Yau Space ကို အထူးနည်းလမ်းတွေဖြင့် လှည့်ပတ်စေခြင်းအားဖြင့် မတူကွဲပြားတဲ့ ပုံသဏ္ဌာန်ရှိတဲ့ ပြောင်းပြန်ပုံရိပ်တွေကို ထုတ်လုပ်နိုင်ခဲ့ကြပါတယ်။ အံဩဖို့ကောင်းတာ တစ်ခုကတော့ ဒီတစ်ခုခုနဲ့တစ်ခုခြားနားနေတဲ့ Calibi-Yau ပုံပန်းသွင်ပြင်တွေဟာ ဆွေမျိုးတော်စပ်နေပြီး တူညီတဲ့ရူပဗေဒတစ်ခုကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ သီအိုရီ ရူပဗေဒပညာရှင်တွေကတော့ ပြောင်းပြန် ဘက်ညီခြင်း Mirror symmetry လို အမည်ပေးထားပါတယ်။

သိပ္ပံပညာရှင်တွေက အလျင်အမြန်ပဲ ယခုတွေ့ရှိခဲ့တဲ့ ဘက်ညီမှုအသစ်က အမျိုးမျိုးသော ဖြေရှင်းမရတဲ့ သင်္ချာပုစ္ဆာတွေသို့ လိပ်မူနိုင်ဖို့အတွက် အသုံးချနိုင်တယ်ဆိုတဲ့ အကြောင်းကို လေ့လာသိရှိခဲ့ကြပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ ရူပဗေဒပညာရှင် ဖီးလစ်ပ် ကန်ဒီးလတ်စ် (Philip Candelas) နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ရာစုနှစ်တစ်ခုကျော်ကြာ ပြဿနာတစ်ခုဖြစ်တဲ့ Calibi-Yau ဟင်းလင်ပြင်အတွင်းမှာ စက်လုံးဘယ်နှစ်ခုဝင်ဆံ့နိုင်မလဲဆိုတဲ့ အဖြေအား Mirror symmetry ကို အသုံးပြုပြီးတော့ ဖြေရှင်းနိုင်ခဲ့ပါတယ်။

သင်္ချာပညာရှင်တွေလည်း ဒီဆန်းသစ်တဲ့ အနုပညာသို့ ခုန်ဝင်လာခဲ့ပြီး ဂျီဩမေတြီတွေကို ရေတွက်ရာ၌ တခြားသော မဖြေရှင်းနိုင်တဲ့ ပြဿနာများဖြစ်တဲ့ များသောအားဖြင့် အလွန်ရှပ်ထွေးတဲ့ မျက်နှာပြင်နှင့် သုံးဖက်မြင် ပုံစံများ၌ မျဉ်းကြောင်းများနှင့် အကွေးမျဉ်းများကို ရေတွက်ခြင်းတို့၌ Mirror symmetry ကို အသုံးပြုခဲ့ကြပါတယ်။ Mirror symmetry ဟာ ဒီလိုအခက်တွေ့နေရတဲ့ နယ်ပယ်တွေကို ပြန်လည်နုပျိုသက်ဝင်စေခဲ့ပြီး ယင်းနဲ့ပတ်သက်ပြီး သုတေသနပြုမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒီလိုတိုးတက်မှုတွေမှတစ်ဆင့် ဒီအိုင်ဒီယာကို အကျဉ်းချုပ်ပြီးတော့ ဖော်မြူလာတစ်ခုတည်းမှာ ဖော်ပြနိုင်ဖို့အတွက် ပြုလုပ်ခဲ့ကြပါတယ် လို့ ဘရန်ဒီရက်စ် တက္ကသိုလ်မှ သင်္ချာပညာရှင် ဘွန်းဂ် လီယန် (B**g Lian) က ဆိုပါတယ်။ ဂျီဩမေတြီ၊ အယ်ဂျီဘရာရစ်ခ် နဲ့ Mirror symmetry ရဲ့ ရူပဗေဒဆိုင်ရာ ပုံရပ်တို့ဟာ တစ်နေရာတည်းမှာ စုဆုံတော့မှာပါ။

🔳 တွင်းနက် အတွင်းသတင်း။
(Blackhole Revelation)

စထရောင်း မင်ဂါ တွဲဖက်ရေးသားခဲ့တဲ့ ၁၉၉၆ စာတမ်းကနေပြီးတော့ Mirror symmetry ဘယ်လိုအလုပ်သလဲဆိုတာနဲ့ပတ်သက်ပြီး သင်္ချာနည်းအားဖြင့် ဖြေရှင်းချက်ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း သူအဓိကဆောင်ရွက်နေတဲ့ အရာကတော့ String Theory ကို အသုံးပြုခြင်းဖြင့် တွင်းနက်တွေရဲ့ အတွင်းပိုင်းကို အတွင်းကျကျသိမြင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနယ်ပယ်နဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ တစ်ခုကို အဖြေရှာနိုင်ဖို့အတွက် သူနဲ့ သူ့ရဲ့ဟားဗတ်လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ကမ်ရမ် ဗာဖာ (Cumrun Vafa) တို့ကနေပြီးတော့ ၁၉၇၀ ခုနှစ်အစောပိုင်းလောက်တုန်းက စတီဖင်ဟော့ကင်းနဲ့ ဂျေကော့ ဘတ်ကင်စတိုင်း (Jacob Bekenstein) တို့ ရှာတွေ့ခဲ့တဲ့ ပဟေဠိတစ်ခုကို စူးစမ်းရှာဖွေခဲ့ကြပါတယ်။
ယင်းမတိုင်ခင်အချိန်ထိတော့ သိပ္ပံပညာရှင်တွေအနေနဲ့ တွင်းနက်တွေဟာ အလွန်ရိုးရှင်းတဲ့ အရာဝတ္ထုတွေလို့သာ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဟင်းလင်ပြင်အတွင်းမှ တွင်းကြီးတွေဖြစ်ပြီး သူတို့ကို Variable သုံးခုဖြစ်တဲ့ ဒြပ်ထု၊ စပင်နဲ့ လျှပ်စစ်ဓာတ်တို့နဲ့ သာအပြည့်အဝ ဖော်ပြနိုင်တာ ဖြစ်ပါတယ်။ အိုင်းစတိုင်းရဲ့ General Relativity, Thermodynamics နဲ့ Quantum Theory တို့ကို အသုံးပြုပြီးတော့ ဘတ်ကင်စတိုင်းနဲ့ ဟော့ကင်းတို့ဟာ ဖော်မြူလာတစ်ခုကို တွက်ထုတ်နိုင်ခဲ့ပြီး အံ့ဩဖို့ကောင်းစွာပဲ တွင်းနက်တွေဟာ အင်ထရိုပီမြင့်ကြောင်း ပြသနိုင်ခဲ့ကြပါတယ်။ အင်ထရိုပီဆိုတာကတော့ အရာဝတ္ထုတစ်ခုရဲ့ အတွင်း၌ အမှုန်တွေ ဘယ်လိုနည်းလမ်းတွေနဲ့ စီစဉ်နိုင်သလဲဆိုတာကို တိုင်းတာခြင်း ဖြစ်ပါတယ်။ တခြားတစ်မျိုးဆိုရသော် တွင်းနက်ရဲ့အတွင်းပိုင်းတည်ဆောက်ပုံဟာ အရမ်းကိုရှုပ်ထွေးပြီး အလွန်ကြီးမားတဲ့ Potential State တစ်ခုအဖြစ် ယူဆလို့ ရပါတယ်။ ဘတ်ကင်စတိုင်းနဲ့ ဟော့ကင်းဖော်မြူလာမှ အင်ထရိုပီအတွက် တိကျတဲ့အဖြေတစ်ခုကို ရရှိခဲ့ပြီး ဖြစ်နိုင်ခြေရှိတဲ့ အတွင်းပိုင်းအခြေအနေတွေကို ဖော်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်လောက်မှာ စထရောင်း မင်ဂါနဲ့ ဗာဖာတို့ကနေပြီးတော့ တွင်းနက်တွေအတွက် အလွန်သေးငယ်တဲ့ မြင်ကွင်းကနေ ပုံဖော်ဖို့အတွက် String Theory ဘက်လှည့်ခဲ့ပါတယ်။ အတွင်းဘက်မြင်ကွင်းကို မြင်နိုင်ဖို့ သူတို့ရဲ့ နည်းလမ်းက ကန်းဒီးလတ်စ်ရဲ့ အလုပ်တုန်းကလိုပဲ Calibi-Yau Space အတွင်း ဝင်ဆံ့နိုင်တဲ့ စက်လုံးအရေအတွက်ကို ရေတွက်ခြင်းနဲ့ ဆင်တူပါတယ်။ နောက်တော့ စထရောင်း မင်ဂါနဲ့ ဗာဖာတို့ရဲ့ အဖြေဟာ ဘတ်ကင်စတိုင်း-ဟော့ကင်း ရလဒ်နဲ့ လုံးဝကိုက်ညီနေခဲ့ပါတယ်။ ဒီဟာက String Theory ရဲ့ အဓိကအောင်ပွဲတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သီအိုရီနဲ့မှ မချဉ်းကပ်နိုင်တဲ့ တွင်းနက်တွေရဲ့ အတွင်းပိုင်းတည်ဆောက်ပုံကို လေ့လာနိုင်ဖို့ သဲလွန်စတွေကို ထောက်ပံ့ပေးနိုင်လို့ ဖြစ်ပါတယ်။

စထရောင်း မင်ဂါက ဒီထပ်ပိုပြီး သိနိုင်အောင် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ဗာဇာ နဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တို့ကနေပြီးတော့ အလွန်လျင်မြန်စွာ လည်ပတ်နေတဲ့ တွင်းနက်များဟာ Conformal symmetry တစ်ခုရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ Conformal symmetry ဆိုတာကတော့ တချို့သော ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတွေဟာ တွင်းနက်ရဲ့ အရွယ်အစားပေါ်မမူတည်ဘူးလို့ အကြမ်းအားဖြင့် ဆိုလို့ရပါတယ်။ စထရောင်း မင်ဂါ အနေနဲ့ ဆက်တိုက်ဆိုသလိုပဲ အရင်တုန်းက သတိမပြုမိခဲ့တဲ့ ဒီဘက်ညီမှုကနေ ခန့်မှန်းမှုများစွာကို ပြုလုပ်ဖို့အတွက် အသုံးချနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ယခုလက်ရှိ၌ တွင်းနက်တစ်ခုရဲ့ နယ်နိမိတ်မှ ထွက်ပေါ်လာတဲ့ လျှပ်စစ်သံလိုက်ရောင်ခြည်တွေရဲ့ ပြင်းအားကိုတိုင်းတာနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ နောင်နှစ်အနည်းငယ်အတွင်း Event Horizon Telescope အလုပ်စလုပ်တဲ့အချိန်မှာ နက္ခတ္တဗေဒပညာရှင်တွေအနေနဲ့ ဒီရောင်ခြည်တွေကို တိုက်ရိုက်တိုင်းတာပြီး စမ်းသပ်စစ်ဆေးနိုင်လိမ့်မယ်လို့ စထရောင်း မင်ဂါက ဆိုပါတယ်။

ဒီလိုမျိုးပဲ String Theory ကနေ တစ်ဆင့် ရရှိလာတဲ့ တခြားသော နည်းလမ်းတွေကို အသုံးပြုပြီးတော့ စထရောင်း မင်ဂါရဲ့အဖွဲ့ဟာ သိပ်သည်းတဲ့ အာကာသဝတ္ထုတွေဖြစ်တဲ့ ကြယ်တစ်စင်း တွင်းနက်အတွင်းသို့ ကျဆင်းတဲ့အခါ ထွက်ပေါ်လာသော ဒြပ်ဆွဲလှိုင်းတွေရဲ့ ရောင်စဉ်ကိုတွက်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီခန့်မှန်းချက်ကိုတော့ အနာဂတ်ကာလ နောင်နှစ်ပေါင်း ၂၀ လောက်ကြာမှာ ထွက်ပေါ်လာမယ့် Laser Interferometer Space Antenna ကနေ အတည်ပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စထရောင်း မင်ဂါအနေနဲ့ Conformal symmetry ရဲ့ သက်သေအထောက်အထားတွေကို Laser Interferometer Gravitational-Wave Observatory ၌ မြင်တွေ့နိုင်မယ်လို့ ယုံကြည်နေပါတယ်။ နက္ခတ္တဗေဒပညာရှင်တွေဟာ သူတို့နားမလည်နိုင်တဲ့ ဒေတာတွေနဲ့ ပြည့်နှက်နေနိုင်ပြီး String Theory မှ ရရှိလာတဲ့ အိုင်ဒီယာတွေကို အသုံးပြုပြီးတော့ ဒီဟာတွေကို အလင်းပြနိုင်မှာ ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။

🔳 ကဲကုလပ်စ် အသစ်။
(A New Calculus)

ဒီအချိန်အတွင်းမှာပဲ တခြားသော ရူပဗေဒပညာရှင်တွေဟာ String Theory ရဲ့ နည်းပညာကို သူတို့လေ့လာနေတဲ့ Extreme Matter State တွေဖြစ်တဲ့ အမှုန်တိုက်ခွဲစက်တွေ၌ ထုတ်လုပ်သော အလွန်ပြင်ထန် ပူပြင်းတဲ့ ပလပ်စမာတွေကနေ ပကတိအပူချိန်လောက်၌ ဓာတ်ခွဲခန်းများတွင် ဖန်တီးထားသော ပစ္စည်းများအထိ အသုံးပြုနေကြပါတယ်။

အလွန်အေးခဲတဲ့ အပူချိန်၌ထွက်ပေါ်လာသော ရုပ်ဝတ္ထုတစ်ခုရဲ့ ထူးခြားတဲ့အသွင်အပြင်ကို လေ့လာနေသော ရူပဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ အင်ဒရူး ဂရင်း (Andrew green) ကနေပြီးတော့ String Theory ထဲကို ဝင်ရောက်ဖို့တစ်ခါမှ စိတ်တောင်မကူးမိခဲ့ပါဘူး။ ဝင်ခဲ့မိတော့လည်း တော်တော်လေး အကျိုးရှိတယ်ဆိုတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီသီအိုရီက လောကအမှန်တရားရဲ့ နားလည်နိုင်တဲ့ သီအိုရီတစ်ခုတော့မဟုတ်ပေမယ့် ရူပဗေဒနယ်ပယ်အသီးသီးမှာ အသုံးဝင်မယ့် သင်္ချာနည်းစနစ်တွေကို တိုးတက်စေခဲ့တဲ့ သီအိုရီတစ်ခုတော့ ဖြစ်ပါတယ်။

ချဉ်းကပ်မှုအများစုထဲမှာတော့ ဒိုင်မန်းရှင်းအမြင့် ဂျီဩမေတြီတွေပါဝင်ပါတယ်။ သူက ဆက်လက်ပြီးတော့ အရင်တုန်းက အယ်ဂျီဘရားရစ် ဖော်မြူလာ (Algebraic formulation) တွေ၌သာ ရှိခဲ့တဲ့ အရာတွေကို ဂျီဩမေတြီပုံတွေအဖြစ် ပုံဖော်နိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။ ဂရင်းကတော့ String Theory ကို ကဲကုလပ်စ်အသစ် လို့ တင်စားထားပြီး ဒီသီအိုရဲ့ အိုင်ဒီယာတွေက နောက်ဆုံးမှာတော့ သီအိုရီရူပဗေဒရဲ့ စံအသုံးအဆောင်ပစ္စည်းတွေကို ဆက်သွယ်ပေးနိုင်မယ်လို့ သူကဆိုပါတယ်။

စထရောင်း မင်ဂါကလည်း သဘောတူပါတယ်။ ရူပဗေဒပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က အရာရာတိုင်းရဲ့ နောက်ဆုံးသော သီအိုရီတစ်ခုကို မတွေ့ရှိခဲ့ကြပေမယ့် သူကတော့ String Theory ကို ဒီလိုမျိုးသော သီအိုရီတစ်ခု ထွက်ပေါ်လာဖို့အတွက် အစမှတ်တစ်ခုအဖြစ် မြင်တယ်လို့ ဆိုပါတယ်။ ဒီမေးခွန်းအတွက် အဖြေဟာ အလှည့်အပြောင်းဘယ်လိုပဲ ဖြစ်နိုင်ပါစေ String Theory ကတော့ လုံးဝစေ့စပ်လို့မရဘူးလို့ ထင်ရခဲ့တဲ့ အရာတွေကို ဆက်သွယ်ပေးနိုင်ကြောင်း သက်သေ သာဓကတွေ ပြသခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ်စောင့်ကြည့်ရမယ့် အသစ်သစ်တွေလည်းရှိသေးတာကြောင့် String Theory က လုံးဝကြီး ခေတ်မရှိတော့တာ တော့မဟုတ်ဘူးဆိုတာ အသိအသာကြီးပါပဲ။

ကဲ စာဖတ်သူတို့ကော ဘယ်လိုထင်သလဲဗျာ။ String Theory ဟာ တကယ်ပဲ အရာရာတိုင်းရဲ့ သီအိုရီတစ်ခုပဲလား။ ဒါမှမဟုတ် အပိုင်းအစတစ်ခုပဲလားဆိုတာကိုတော့ ကွန်းမန့်မှာ ရေးခဲ့ကြပါဦးနော်။

Photos are credited to Google
သိပ္ပံဆောင်းပါးများ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

Edited by Watty G
ကိုးကား

While the novel theory may never live up to the early hype, its innovative tools have helped scientists for decades, and the best may be yet to come.

လူသိပ် မသိတော့ပြီဖြစ်သော လျှပ်စစ်တိုက်ပွဲတခု(သို့မဟုတ်) AC & DC...........................အယ်ဒီဆင်လို့ ဆိုလိုက်တာနဲ့ တီထ...
20/01/2021

လူသိပ် မသိတော့ပြီဖြစ်သော လျှပ်စစ်တိုက်ပွဲတခု
(သို့မဟုတ်) AC & DC...........................

အယ်ဒီဆင်လို့ ဆိုလိုက်တာနဲ့ တီထွင်ပါရဂူကြီး အမှတ်ရကြပြီး သူရဲ့ထောင်နဲ့ချီတဲ့ တီထွင်မှုတွေထဲက လူသိအများဆုံး တီထွင်မှုကတော့ မီးသီးဖြစ်မယ် ထင်ပါတယ်။ တကယ်လည်း အယ်ဒီဆင်ဟာ နေနတ်သားရဲ့ပါဝါအစွမ်းကို လူသားတွေကို ပေးနိုင်ခဲ့သူပါ။ နယူးရော့ခ်မြို့ကြီးရဲ့ညဟာ သူ့ကြောင့် နေ့ဖြစ်ခဲ့ရပါတယ်။ အယ်ဒီဆင်က Edison General Electric ကုမ္ပဏီထောင်ပြီး နယူးရော့ခ်မြို့ကြီးကို မီးလုံးပေါင်း 2000 ကျော်နဲ့ လင်းစေခဲ့တယ်။

ဒါပေမဲ့ အယ်ဒီဆင် မီးပေးခဲ့တာ ဒီနေ့ခေတ်မှာလို AC နဲ့ မဟုတ်ပါဘူး၊ DC ပါ။ မကြာခင်မှာပဲ ဂျော့ချ်၀တ်စ်တန်ဟောက်စ် (George Westinghouse)ရဲ့ AC နဲ့ မီးပေးတဲ့ စနစ်ပေါ်လာပါတယ်။ အယ်ဒီဆင်က AC ကို လုံးလုံးစိတ်မ၀င်စားပါဘူး။ သူက လျှပ်စစ်ရဲ့ အနာဂတ်ဟာ DC ပဲလို့ ယုံပါတယ်။ ၀တ်စ်တန်ဟောက်စ်ကတော့ AC မွ AC ပါ။ အဲဒီ့ကစလို့ AC vs DC တိုက်ပွဲ စပါတော့တယ်။ အထူးသဖြင့် အယ်ဒီဆင်က AC ကို ရစရာမရှိအောင် ပြောပြီး လူတွေ ထိပ်လန့်အောင်လည်း ခြောက်ပါတယ်။ ဒါပေမဲ့ တိုက်ပွဲဟာ ဆယ်နှစ်လောက်ပဲကြာပါတယ်။ အယ်ဒီဆင်ရဲ့ DC ဟာ AC ကို အရံှုးပေးလိုက်ရပါတယ်။ ဘာလို့ပါလဲ ... ။

အဲဒါကို သိဖို့ AC နဲ့ DC တို့ရဲ့ သေဘာသဘာ၀ကို သိဖို့လိုပါတယ်။

DC ဆိုတာက direct current ... ဦးတည်ရာတစ်ဖက်တည်း စီးတဲ့ကောင်။ AC ဆိုတာကေတာ့ alternating current တနည်းအားဖြင့် ဦးတည်ရာ အမြဲပြောင်းနေတဲ့ ပြန်လှန်လျှပ်စီးပါ။

DC က မြင်သာ ထင်သာရှိပါတယ်။ ဥပမာ ဘက္ထရီက ထုတ်ပေးတာ direct current ပေါ့။ သူ့ရဲ့ဦးတည်ရာ တစ်ဖက်တည်းပဲ (ဥပမာ လွ်ပ္စီးက အမြဲတန်း အဖိုငုတ်ကနေ အမငုတ္ကို သွားမယ်)။ အဲ AC ကြတော့ အဲလိုမဟုတ်ဘဲ သူ့ရဲ့ current direction ဟာ အမြဲပြောင်းနေပါတယ်။ ဥပမာ ဂျနေရေတာက ထုတ်ပေးတဲ့ current ဟာ AC ပါ။ နို့ .... ဘာလို့အဲလို အမြဲပြောင်းနေရတာလဲ။

အဲဒါကို သိဖို့ လျှပ်စစ်နဲ့ သံလိုက်တို့ရဲ့ အဆက်အစပ်ကို သိရပါ့မယ်။

သံလိုက်တုံးကြီးမှာ ရှိနေတဲ့ သံလိုက်ဓာတ်နဲ့ မိုးကြိုးပစ်လို့ ဖြစ်လာတဲ့ လျှပ်စစ်ဓာတ်ဟာ အရင်တုန်းက ဘာမွ မဆိုင်ခဲ့ပေမယ့် 19 ရာစု အစရောက်တော့ ဖာရာဒေးတို့၊ မက်ဆဲ၀ဲလ်တို့၊ လင့်ဇ်တို့၊ ဟက်ဇ်တို့လို ဉာဏ်ကြီးဉာဏ်ကျယ်တွေကြောင့် သူတို့ဟာ ခွဲမရတဲ့ အမွှာတွေဖြစ်တယ်ဆိုတာကို သိခွင့်ရလာခဲ့တယ်။ 1819 မွာ current စီးနေတဲ့ ဝါယာကြိုးရဲ့ ဘေးမှာ သံလိုက်စက်ကွင်းရှိတယ်ဆိုတာကို ခရစ်တင်းအော်စတက် (Hans Christian Orested)က တွေ့ခဲ့ပြီး သံလိုက်စက်ကွင်းကနေ current ကို ထုတ်ပေးတယ်ဆိုတဲ့ ပြောင်းပြန် တွေ့ရှိချက်ကို မိုက်ကယ်ဖာရာဒေးလ်က 1831 မွာ တွေ့ခဲ့တယ်။ 1864 မွာ မက်စ်၀ဲလ် (James Clerk Maxwell)က သံလိုက်စက်ကွင်းနဲ့ လျှပ်စစ်စက်ကွင်းဟာ တခုနဲ့တခု ထောင့်မတ်ကျနေတဲ့ (ခွဲမရတဲ့) ကောင်တွေဖြစ်တယ်ဆိုတာကို ပြောနိုင်ခဲ့ပြီး လျှပ်စစ်သံလိုက်နဲ့ ပတ်သက်တဲ့ အခြေခံသချၤာညီမျှခြင်းတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

တခွန်းတည်းပြောရရင် သံလိုက်စက်ကွင်းရှိရင်လျှပ်စစ်စက်ကွင်းရှိပြီး လျှပ်စစ်စက်ကွင်းရှိရင် သံလိုက်စက်ကွင်းရှိပါတယ်။

တကယ်လို့ လျှပ်စစ်အမှုန်လေးတစ်ခုကို သံလိုက်စက်ကွင်းထဲ ဖြတ်သန်းစေမယ်ဆိုရင် အဲဒီ့အမှုန်လေးဟာ သေချာပေါက် အားသက်ရောက်ခြင်း ခံရပါမယ်။ အားဘယ္ဘက္ကို သက်ရောက်မလဲဆိုတာကို သေချာပေါက် ပြောလို့ ရပါတယ်။ သံလိုက်စက်ကွင်းရဲ့ direction က အရှေ့နဲ့ အနောက် ဆိုပါစို့။ တနည်းအားဖြင့် အရှေ့ဘက်နံရံက မြောက်၀န်ရိုးစွန်းဖြစ်ပြီး အေနာက္ဘက္နံရံက တောင်၀န်ရိုးစွန်းဖြစ်မယ်ဆိုပါစို့။ အဖိုလျှပ်စစ်အမှုန်လေး အဲဒီ့နံရံကြားကို တောင်ကနေ မြောက်ဘက်ကို ဖြတ်ပြီး ၀င်လာမယ်ဆိုပါစို့။ ဒါဆို လျှပ်စစ်အမှုန်လေးဟာ အပေါ်ဖက်ကို ကန်အတင်ခံရပါလိမ့်မယ်။ (တကယ်လို့ negative charge ဆိုရင်တော့ အောက်ဘက်ကို စိုက်ဆင်းသွားပါလိမ့်မယ်) တကယ်လို့ လျှပ်စစ်အဖိုလေးဟာ မြောက်ကနေ တောင်ကို ၀င်လာတယ်ဆိုရင်တော့ အောက်ကို စိုက်ဆင်းသွားပါလိမ့်မယ်။ (ဒါ ဆယ်တန်းမှာ သင်ရတဲ့ Left-hand Rule ပါ)

ဒါကြောင့်လည်း အမှုန်တခု လျှပ်စစ်ဓာတ် ရှိမရှိ စမ်းရှိရင် သံလိုက်စက်ကွင်းထဲ ဖြတ်စေပါတယ်။ ကွေ့သွား၀ိုက်သွားရင် လျှပ်စစ်ဓာတ် ရှိလို့ပါ။ ပြီးတော့ ဘယ္ဘက္ကို ကွေ့သွားသလဲဆိုတာကို ကြည့်ပြီး positive လား negative လားလို့ သေချာပေါက် ပြောနိုင်ပါတယ်။

ရှည်မှာစိုးလို့ ... တိုတိုပဲ ဆက်ပြောပါ့မယ်။ တကယ်လို့ အဲဒီ့နံရံနှစ်ခုကြားမှာ လျှပ်စစ် current ကို တောင်ကနေ မြောက်၊ မြောက်ကနေ တောင် ပတ်စီးအေင် လုပ်ထားမယ်ဆိုရင် .... ဆလင်ဒါကွိုင်ပုံ ခွေထားမယ်ဆိုရင် (တောင်ကနေ မြောက်ကို စီးနေချိန်မှာ) အပေါ်ကို ကန်အတင်ခံရပြီး (မြောက်ကနေ တောင်ကို စီးချိန်မှာ) အောက်ကို ဆွဲအချခံရပါလိမ့်မယ်။ ဒါဆို လည်အားတစ်စုံဖြစ်သွားပြီး တပတ်လည်သွားပါလိမ့်မယ်။ (ပုံကို ကြည့်ပါ) အဲဒါဟာ လျှပ်စစ်မော်တာတွေရဲ့ အခြေခံပါပဲ။

နို့ ပြောင်းပြန်အနေနဲ့ current ကို မစီးစေဘဲ အတွင်း ကွိုင်ကိုပဲ လည်စေမယ်ဆိုရင်ရော .... ဟုတ်ကဲ့ ... အဲဒီ့ထဲမွာ current ဖြစ်လာပါ့မယ်။ ဖြစ်လာတဲ့ current ဟာ မြောက်ကနေ တောင်၊ တောင်ကနေ မြောက် အမြဲ ပြောင်းနေပါလိမ့်မယ်။ ဒါ ဂျနရေတာရဲ့ သေဘာပါ။ ပြီးတော့ ဒါ လျှပ်စစ်ထုတ်ယူတဲ့ အခြေခံနည်းပါပဲ။ (ရေအား၊ လေအား၊ ကျောက်မီးသွေး၊ နျူကလီးယား .. ဘာနည်းနဲ့ ထုတ်ထုတ် ဒီပုံစံအတိုင်းပါပဲ) ကျနော်တို့အနေနဲ့ကလည်း လွ်ပ္စစ္ကို သံလိုက္ကေနပဲ ထုတ်လို့ ရတာဆိုတော့ ထြက္လာတဲ့ current ဟာ ဒီအတိုင်းပဲ ဖြစ်နေပါတယ်။ current direction က အမြဲပြောင်းနေတာမို့ သူ့ကို AC (alternating current)လို့ ခေါ်ပါတယ်။

ဒီမှာလည်း တချက်ပြောချင်ပါသေးတယ်။ current direction ပြောင်းတယ်လို့ ပြောပဲမယ့် current ဟာ တောင်ကနေ မြောက်ကို စီးလိုက်၊ နောက် မြောက်ကနေ တောင်ကို စီးလိုက်လို့ မယူစေချင်ပါဘူး။ potentail အနိမ့်အမြင့် (တနည်းအားဖြင့် plus minus) ပြောင်းသွားတယ်လို့ပဲ ယူစေချင်ပါတယ်။ ဥပမာ ဘက်ထရီနဲ့ ပြောမယ်ဆို ငုတ်လေးတွေဟာ အဖိုငုတ်ဖြစ်လိုက်၊ အမငုတ်ဖြစ်လိုက် ဖြစ်နေခြင်းပါ။

ဒါဆို ဘာလို့ AC လည်း ဆိုတာ ရှင်းပါပြီ။ ဒါပေမဲ့ ဘာလို့ အယ်ဒီဆင်ရဲ့ DC က ကျဆုံးသွားရတာလဲ။ ... မှန်ပါတယ် .... AC မွာ အဓိကက နိုင်ဖဲတစ်ချပ် ရှိပါသေးတယ်။ အဲဒါကေတာ့ AC ရဲ့ ဗို့အားကို Transformer ဆိုတဲ့ ပစ္စည်းနဲ့ အတင်အချ လုပ်နိုင်တာပါပဲ။ အဲလို လုပ်နိုင်တော့ ဘာဖြစ်တုန်း။ ဗို့အားကို အများကြီးတင်လိုက်တဲ့အခါ ပါဝါဆုံးရံှုးမှု နည်းသွားပါတယ်။ လွယ်လွယ်ပြောရရင် ဗို့အားကို တင်လိုက်တဲ့အခါ current နည်းသွားပြီး လျှပ်စစ်ဓာတ် လေလွင့်ဆုံးရံှုးမှု နည်းသွားပါတယ်။ ဒါကြောင့် ေ၀းေ၀းကိုလည်း ပို့နိုင်ပါတယ်။ (နို့မို့ရင် ဝါယာကြိုးရှည်လေလေ ခုခံမှုများပြီး လေလွေင့်ဆုံးရံှုးမှု များလေလေပါ) ဒါကြောင့် လောပိတက လွှတ်ပေးလိုက်တဲ့ current ဆို ဗို့အား သောင်းဂဏန်းရှိပါတယ်။ တကယ်လို့သာ ဗို့အား ရာဂဏန်းလောက်နဲ့သာ ပို့ရင် ရန္ကုန္လို အေ၀းကြီးကို ရောက်လာစရာ အကြောင်းကို မရှိပါဘူး။

ဒါ ... AC နဲ့ နိုင်ဖဲ ဖြစ်ပြီး DC ရဲ့ ကျဆုံးခန်းပါပဲ။ DC ရဲ့ ဗို့အားကို Transformer နဲ့ မြှင့်လို့ မရပါဘူး။ ဒီတော့ စကတည်း လေလွင့်မှု နည်းအောင် ဝါယာကြိုးအတုတ်ကြီးတွေ သုံးရပါတယ်။ ဒါတောင် အေ၀းကြီး မပို့နိုင်ပါဘူး။ အဓိပ္ပာယ်က DC နဲ့သာ ဖြန့်မယ်ဆို ရပ်ကွက်တစ်ခုအတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခု လိုပါ့မယ်။ အယ်ဒီဆင်ဟာ နယူးရော့ခ်ကြီးကို မီးပေးဖို့ DC စက်ရုံပေါင်း 121 ရုံ တည်တောက်ခဲ့ရပါတယ်။

1892 မွာ အက်ဒီဆင်ဟာ DC နဲ့ လျှပ်စစ်ဓာတ်အား ဖြန်လတဲ့ ကိစ္စကို လက်လျှော့လိုက်ပြီ သူ့ရဲ့ကုမ္ပကို AC ကုမ္ပဏီတစ်ခုနဲ့ ပေါင်းလိုက်ရပါတယ်။ သူကိုယ်တိုင်လည်း အကြီးအကဲ ရာထူးက ထွက်ပေးလိုက်ရပြီး ကုမ္ပဏီမှာပါတဲ့ သူ့ရဲ့နာမည်ကိုလည်း ဖြုတ်ပေးလိုက်ရပါတယ်။ အခု အမေရိကရဲ့ လျှပ်စစ်ဈေးကွက်ေ၀စု အများဆုံး ရထားတဲ့ General Electric (GE)ဆိုတာ အဲဒီ့ကုမ္ပဏီပါပဲ။

ဒီနေရာမှာလည်း AC နဲ့ DC တိုက်ပွဲဆိုတာ power distribution ကိစ္စကိုသာ ပြောတာပါ။ တကယ္က ကျနော်တို့ သုံးနေတဲ့ electric circuit တွေရဲ့ အခြေခံက DC ပါ။ ဒါပေမဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်ယူအခါ ထြက္လာတာကေတာ့ AC ပါ။

Credit to ရူပဗေဒဆောင်းပါးများ
Saya Htay Min Khaing

Address

ငန်းတေးလမ်းမကြီး
Mawlamyine
NO.396

Website

Alerts

Be the first to know and let us send you an email when P. E.S Education service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category