18/02/2024
လူခါးတောင်းကျိုက်ရင် ကူလီပဲဖြစ်မှာပေါ့
စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ တစ်ပါးသူရဲ့အမှားကို
ကိုယ်ဆက်မမှားအောင်လုပ်တာ
တစ်ပါးသူရဲ့အတွေ့အကြုံကို
ကိုယ့်အတွေ့အကြုံအဖြစ်ရယူတာပဲ
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ
သင်ခန်းစာကို ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ
သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက်နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့
ကိုယ်တိုင်မှားမှ မှားမှန်းသိရင်
ခွေးသာသာဖြစ်သွားမှာပေါ့
စာကြည့်တိုက်တစ်တိုက်ဖွင့်ရင်
အချုပ်ထောင်မှာ လူငါးယောက်လျော့မယ်
စာဖတ်တဲ့လူဟာ
အသိအဉာဏ်အားကောင်းလာတယ်
အနည်းဆုံး
မိဘတွေ ဆုံးမရတာသက်သာတယ်
မင်းကိုမင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတို့တစ်တွေ
ဗဟုသုတကိုရှာဖွေပါ
လေ့လာပါ
ဆည်းပူးပါ
စာဖတ်ပါ
တစ်ပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ
ဘဝကို
ဦးနောက်ကိုဦးစားပေးတဲ့စာမျိုး
များများ ဖတ်စေချင်တယ်..!!
ဆရာဦးအောင်သင်း
#စာပေဟောပြောပွဲ
#အောင်သင်း