Lifelong Learning

Lifelong Learning Educational Page

26/10/2025

နိုင်ငံတကာမှာ ကျောင်းတက်ဖို့ အိပ်မက်တွေရှိလား? 🎓✈️

အမေရိကန် High School Diploma (အထက်တန်းအောင်လက်မှတ်) နဲ့ ညီမျှတဲ့ GED လက်မှတ်ကို Lifelong Learning မှာ အချိန်တိုအတွင်း သင်ယူ‌ဖြေဆိုလိုက်ပါ။

GED ဆိုတာ US Education System ကို အခြေခံထားတဲ့ စာမေးပွဲဖြစ်ပြီး၊ ဒီလက်မှတ်နဲ့ ပြည်ပက နာမည်ကြီး တက္ကသိုလ်၊ ကောလိပ်ပေါင်းများစွာကို တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။

Lifelong Learning မှာ လာမယ့် November 3 ရက်နေ့မှာ GED အတန်းသစ် (၂) တန်းကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

📚 GED Foundation Course (3 လ)
GED ဘာသာရပ် ၄ ခု (RLA, Social Studies, Science, Math) ရဲ့ အခြေခံသဘောတရားတွေကို သေသေချာချာ နားလည်အောင် အသေးစိတ် သင်ကြားပေးမယ့် အတန်းဖြစ်ပါတယ်။
သင်တန်းကြေး: 750,000 ကျပ်

🎯 GED Preparation Course (2 လ)
စာမေးပွဲဖြေဆိုဖို့ အဆင်သင့်ဖြစ်အောင်၊ မေးခွန်းပုံစံများနဲ့ လေ့ကျင့်ပြီး အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ဖို့ အဓိက လေ့ကျင့်ပေးမယ့် အတန်းဖြစ်ပါတယ်။
သင်တန်းကြေး: 600,000 ကျပ်

🎉 SPECIAL PROMOTION!
Foundation နဲ့ Preparation (၂) တန်းလုံး တစ်ခါတည်းတွဲအပ်ရင် 50,000 ကျပ် ချက်ချင်း သက်သာခွင့်ရရှိမှာပါ။

ဘာဖြစ်လို့ Lifelong Learning မှာ တက်သင့်တာလဲ???
- အတွေ့အကြုံရှိ ဆရာ၊ ဆရာမများမှ တိုက်ရိုက်သင်ကြားပေးခြင်း။
- စာမေးပွဲကို အမှတ်များများနဲ့ အောင်မြင်ရေးအတွက် အထူးအာမခံချက်ဖြင့် သင်ကြားပေးခြင်း။
- Mawlamyine မြို့တွင်း အတန်းတက်ရုံဖြင့် နိုင်ငံတကာ အဆင့်မီ ပညာရေး အခွင့်အလမ်းများ ရရှိနိုင်ခြင်း။

လူဦးရေကန့်သတ်ထားတာကြောင့် အခုပဲ ဦးဦးဖျားဖျား အတန်းအပ်လိုက်ပါ။
သင်တန်းအပ်နှံရန်နှင့် အသေးစိတ်စုံစမ်းမေးမြန်းရန် Page Messenger (သို့) အောက်ပါဖုန်းနံပါတ်ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

📞 Phone: 09756976027
📍 လိပ်စာ: ခြံအမှတ် (13/C)၊ အရေးပိုင်ကုန်းလမ်း၊ စစ်ကဲကုန်းရပ်ကွက်၊ မော်လမြိုင်မြို့။

GED RLA မှာ Vocabulary ဆိုတာဘာလဲ? 🤔📚စာဖတ်နေရင်းနဲ့ မသိတဲ့စကားလုံးတွေ ကြုံလာရတဲ့အခါမှာ ဘယ်လိုမျိူး နားလည်အောင်လုပ်မလဲ? 🧠✨...
19/10/2025

GED RLA မှာ Vocabulary ဆိုတာဘာလဲ? 🤔📚
စာဖတ်နေရင်းနဲ့ မသိတဲ့စကားလုံးတွေ ကြုံလာရတဲ့အခါမှာ ဘယ်လိုမျိူး နားလည်အောင်လုပ်မလဲ? 🧠✨
Vocabulary question ကို ဖြေဆိုဖို့အတွက် ဘယ်လိုမျိုး steps တွေရှိလဲ? 🚶‍♀️🚶‍♂️

🔤 Vocabulary ဆိုတာဘာလဲ?
GED RLA စာမေးပွဲမှာ မေးခွန်းတွေအများကြီး မေးတဲ့အထဲကမှ vocabulary question ကိုလည်း ဖြေဆိုရပါတယ်။ Vocabulary question ဆိုတာက စကားလုံးတစ်လုံးရဲ့ အဓိပ္ပာယ်ကို အဓိကမေးတဲ့ မေးခွန်းအမျိုးအစားတွေပဲ ဖြစ်ပါတယ်။

Vocabulary ဆိုတာကတော့ ဘာသာစကားတစ်ခုထဲမှာ အသုံးပြုထားတဲ့ စကားလုံးတွေကို ဆိုလိုတာပဲဖြစ်ပါတယ်။ 🗣️ Vocabulary question မှာတော့ စကားလုံးတစ်လုံးကို စာထဲမှာ ဘယ်လိုအသုံးပြုထားလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ အဓိပ္ပာယ်ကို အဖြေရှာရတာပဲ ဖြစ်ပါတယ်။

အဲ့လိုမျိုးအဖြေရှာရတဲ့အခါမှာလည်း စကားလုံးကို စာထဲမှာ မတူအောင် အသုံးပြုထားမှာဖြစ်ပြီး တစ်ခါတစ်လေကျရင်လည်း ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ စကားလုံးတွေလည်း ဖြစ်နိုင်ပါတယ်။

📖 ဒါဆိုရင် စာထဲမှာ ကိုယ်မသိတဲ့ စကားလုံးတွေကြုံလာတဲ့အခါမှာ ဘယ်လိုမျိုးနားလည်အောင် လုပ်ရမလဲ?
Vocabulary question ကိုဖြေတဲ့အခါမှာ စာဖတ်နေရင်းနဲ့ နားမလည်တဲ့ စကားလုံးတွေ တွေ့လာပြီဆိုရင် အဲ့စကားလုံးကို အသုံးပြုထားတဲ့စာထဲမှာပါတဲ့ တခြားသော စကားလုံးတွေ၊ စာကြောင်းတွေကို အသုံးပြုပြီးတော့ နားမလည်တဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကို နားလည်အောင် လုပ်လို့ရပါတယ်။
အဲ့ဒါကို context clue 🕵️‍♀️ ကို အသုံးပြုတယ်လို့ ခေါ်ပါတယ်။

ဥပမာအားဖြင့် –
💬 “It was an idyllic day; sunny, warm and perfect for a walk in the park.”
ဆိုတဲ့ စာကြောင်းထဲက idyllic ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို မသိသော်ငြားလည်းပဲ
sunny ☀️, warm 🌤️, perfect 💯 ဆိုတဲ့ စကားလုံးတွေကြည့်ပြီး
idyllic = perfect/right/good လို့နားလည်လို့ရပါတယ်။

---

🪜 Vocabulary Question ကို ဖြေတဲ့ Steps များ

Step 1: Paragraph ထဲက ပထမစာကြောင်း (သို့) နှစ်ကြောင်းဖတ်ပါ။ 📰
➡️ Topic/theme ကို သိနိုင်ပါတယ်။

Step 2: မဖတ်ခင် Direction နဲ့ Questions တွေကို သေချာဖတ်ပါ။ 👀

Step 3: Text တစ်ခုလုံးနဲ့ Answer Choices တွေကို ဖတ်ပါ။ 📚
➡️ Key ideas ကို နားလည်နိုင်ပါတယ်။

Step 4: Key Information 🔑 ကိုရှာပါ။
➡️ မေးထားတဲ့စကားလုံးနဲ့ သူ့ဘေးနားက စာကြောင်းတွေက အဓိပ္ပာယ်နားလည်ဖို့ ကူညီပါတယ်။

Step 5: The best answer ကို ခန့်မှန်းပြီး ရွေးချယ်ပါ။ ✅

---

💡 Understanding the Question
GED တင်မကပဲ IELTS တို့လို စာမေးပွဲတွေမှာပါ 📝
Text ထဲက စကားလုံးတိုင်းကို နားလည်ဖို့ မလိုပါ။
အဓိကက မေးထားတဲ့မေးခွန်းကို နားလည်ဖို့ပါ။

Comprehension ဆိုတာက 📖
👉 “အကြောင်းအရာတစ်ခုကို ဘယ်လောက်ကောင်းကောင်း နားလည်နိုင်လဲ” ဆိုတဲ့ အရာပါ။

မေးခွန်းကို နားလည်နိုင်ရင်
✅ အဖြေရွေးချယ်တာ ပိုလွယ်ပြီး
✅ ပိုမှန်နိုင်ပါတယ်။

---

👩‍🏫 Teacher Rot Chan
🎓 BA English
📜 CertTeaching IELTS
📜 CertTESOL
📜 CertTESOL Methodology
📜 CertTEYL

---

page - www.facebook.com/LifelongLearning.Edu , www.facebook.com/rotchan.educator
Telegram Channel - t.me/LifelongLearningMyanmar
TikTok - .chan001

---

🌟 ရင်သွေးတို့ရဲ့ ပညာရေးခရီးလမ်းကို အကောင်းဆုံး ပံ့ပိုးလိုသူ မိဘတိုင်းအတွက် 🌟ကိုယ့်သားသမီးရဲ့ အနာဂတ်ပညာရေးအတွက် ဘယ်လိုလမ်...
15/10/2025

🌟 ရင်သွေးတို့ရဲ့ ပညာရေးခရီးလမ်းကို အကောင်းဆုံး ပံ့ပိုးလိုသူ မိဘတိုင်းအတွက် 🌟

ကိုယ့်သားသမီးရဲ့ အနာဂတ်ပညာရေးအတွက် ဘယ်လိုလမ်းညွှန်ပေးရမလဲ၊ ဘယ်လိုထိထိရောက်ရောက် ကူညီပေးနိုင်မလဲဆိုတာ ခေါင်းရှုပ်နေပါသလား? 🤔

ဒါဆိုရင်တော့ Lifelong Learning ကနေ မိဘတွေအတွက် အထူးစီစဉ်ထားတဲ့ "The Guardian Club" ကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။ 👋

ဒီ Club ဟာ သားသမီးတွေရဲ့ ပညာရေးလမ်းကြောင်းမှာ မိဘတွေအနေနဲ့ ပိုမိုကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ဖို့ နည်းလမ်းကောင်းတွေ၊ အတွေ့အကြုံတွေနဲ့ အမြင်သစ်တွေကို အခမဲ့! လာရောက်ဆွေးနွေးနိုင်တဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။

✅ မှန်ကန်တဲ့ ပံ့ပိုးမှုနဲ့ လမ်းညွှန်မှုတွေအကြောင်း လေ့လာနိုင်မယ်။
✅ အခြားမိဘတွေနဲ့ အတွေ့အကြုံဖလှယ်ပြီး အဖြေရှာနိုင်မယ်။
✅ "မိဘဆရာ လက်တွဲညီ" ဆိုတဲ့အတိုင်း ကျောင်းနဲ့ အိမ်ကြားက ပညာရေးကွင်းဆက်ကို အားကောင်းစေမယ်။

စိတ်ဝင်စားတဲ့ မိဘများအားလုံးကို နွေးထွေးစွာ ကြိုဆိုနေပါတယ်။

🗓 နေ့ရက်: ကြားပေးသောနေ့တိုင်း
⏰ အချိန်: မနက်(၉)နာရီမှ (၁၀)နာရီအထိ
📍 နေရာ: ခြံအမှတ်(13/C)၊ အရေးပိုင်ကုန်းလမ်း၊ စစ်ကဲကုန်းရပ်ကွက်၊ မော်လမြိုင်။

အသေးစိတ်သိရှိလိုပါက Page Messenger (သို့) အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
📞 09 756 976 027

#သားသမီးပညာရေး #မိဘဆရာအသင်း

မနက်ဖြန် သောကြာနေ့တွင် ပုံမှန်အတိုင်း Tea & Talk Mawlamyine ရှိမည်ဖြစ်ပြီး GED အတန်းများကတော့ လာမည့်တနင်္လာနေ့အစား မနက်ဖ...
25/09/2025

မနက်ဖြန် သောကြာနေ့တွင် ပုံမှန်အတိုင်း Tea & Talk Mawlamyine ရှိမည်ဖြစ်ပြီး GED အတန်းများကတော့ လာမည့်တနင်္လာနေ့အစား မနက်ဖြန် သောကြာနေ့တွင် အစားထိုးတက်ရမည် ဖြစ်ပါသည်။

ဟေ့... ဘဝမှာ ကိုယ်တကယ်လိုချင်တာကို ဘယ်လိုယူရမလဲသိလား???🤔🤔🤔ဒီသောကြာနေ့ Tea & Talk Mawlamyine မှာ အတူတူ English Speaking လ...
28/08/2025

ဟေ့... ဘဝမှာ ကိုယ်တကယ်လိုချင်တာကို ဘယ်လိုယူရမလဲသိလား???🤔🤔🤔

ဒီသောကြာနေ့ Tea & Talk Mawlamyine မှာ အတူတူ English Speaking လေ့ကျင့်ကြရအောင်။

အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်ပေးနေတဲ့ Tea & Talk Mawlamyine အစီအစဉ်လေးကနေ ကြိုဆိုပါတယ်။ General English Speaking ကနေ IELTS Speaking အထိ အခမဲ့ လေ့ကျင့်ခွင့်ရမယ့် နေရာလေးဖြစ်ပါတယ်။

ဒီအပတ်ရဲ့ ခေါင်းစဉ်ကတော့…
"Manifestation" ဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။

ဘာတွေများ ပြောကြမလဲ?
✔️ ကိုယ့်ရည်မှန်းချက်ကို ဘယ်လို အကောင်အထည်ဖော်မလဲ
✔️ အင်္ဂလိပ်လို ဘယ်လို ထိထိမိမိ ပြောမလဲ
✔️ Speaking Skills တိုးတက်ဖို့ လျှို့ဝှက်ချက်တွေ

Date & Time - August 29၊ Friday (09:00 AM - 10:30 AM)
Address - Lifelong Learning - Mawlamyine Campus (ခြံအမှတ် 13/C၊ အရေးပိုင်ကုန်းလမ်း၊ စစ်ကဲကုန်းရပ်ကွက်၊ မော်လမြိုင်)

စိတ်ဝင်စားရင် လာခဲ့နော်။ လူငယ်တွေချည်း ပြီး အင်္ဂလိပ်စကားကို ရဲရဲဝံ့ဝံ့ ပြောလို့ရတဲ့ နေရာလေးဖြစ်ပါတယ်။

မော်လမြိုင်မြို့က English learners တွေ၊ IELTS ဖြေဆိုမယ့်သူတွေနဲ့ လုပ်ငန်းခွင်ဝင်နေတဲ့ လူငယ်တွေအတွက် Tea & Talk Mawlamyin...
14/08/2025

မော်လမြိုင်မြို့က English learners တွေ၊ IELTS ဖြေဆိုမယ့်သူတွေနဲ့ လုပ်ငန်းခွင်ဝင်နေတဲ့ လူငယ်တွေအတွက် Tea & Talk Mawlamyine ကနေ အစီအစဉ်ကောင်းတစ်ခုနဲ့ ကြိုဆိုလိုက်ပါတယ်။ 👋

K - Knowledge
S - Skills
N - Network
R - Resources
R - Reputation

✅ ဒီမှာ ဘာတွေလေ့ကျင့်ကြမလဲ?
- General English: အင်္ဂလိပ်စကားပြောကို ပိုပြီးတိုးတက်လာစေဖို့ လေ့ကျင့်ကြမယ်။
- IELTS Speaking: IELTS Speaking Test အတွက် လိုအပ်တဲ့ idea တွေနဲ့ confidence ရှိရှိဖြေဆိုနိုင်ဖို့ အတူတူပြင်ဆင်ကြမယ်။

✅ ဘယ်သူတွေ join သင့်လဲ?
- English Speaking Skill တိုးတက်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူများ
- IELTS Speaking အတွက် အမှတ်ကောင်းကောင်းရချင်သူများ
- လုပ်ငန်းခွင်မှာ အင်္ဂလိပ်လို ယုံကြည်မှုရှိရှိ ပြောဆိုဆက်ဆံလိုတဲ့ လူငယ်များ

မိတ်ဆွေသစ်တွေနဲ့ ရင်းနှီးခွင့်ရမယ့်အပြင် ကိုယ့်ရဲ့ အရည်အချင်းတွေကို အမြင်သစ်တွေဖလှယ်ရင်း အတူတူ လေ့ကျင်လိုက်ကြရအောင်။

🗓️ နေ့ရက်: Friday
⏰ အချိန်: မနက် ၉:၀၀ မှ ၁၀:၃၀ ထိ
📍 နေရာ: အမှတ် (၁၃/C)၊ အရေးပိုင်ကုန်းလမ်း၊ စစ်ကဲကုန်းရပ်ကွက်၊ မော်လမြိုင်မြို့။

သူငယ်ချင်းတွေကိုလည်း mention ခေါ်ပြီး အတူတူလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ See you all!



#မော်လမြိုင် #အင်္ဂလိပ်စာ #စကားပြောလေ့ကျင့်ကြမယ်

"မင်္ဂလာပါ! 👋 အင်္ဂလိပ်စကားပြောစွမ်းရည်ကို မြှင့်တင်ပြီး IELTS Speaking ကို ကျွမ်းကျင်ဖို့ အသင့်ပဲလား? Tea & Talk Mawlam...
07/08/2025

"မင်္ဂလာပါ! 👋 အင်္ဂလိပ်စကားပြောစွမ်းရည်ကို မြှင့်တင်ပြီး IELTS Speaking ကို ကျွမ်းကျင်ဖို့ အသင့်ပဲလား? Tea & Talk Mawlamyine မှာ General English နဲ့ IELTS Speaking ကို အခမဲ့ လာရောက်လေ့ကျင့်ဖို့အတွက် လာရောက် join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🗣️✨

ဒီ Saturday မှာတော့ "Being in Your 20s" ဆိုတဲ့ စိတ်ဝင်စားဖွယ် ခေါင်းစဉ်နဲ့ အတူတူလေ့လာ‌လေ့ကျင့်ကြမှာပါ။ ကိုယ့်ရဲ့ အသက် (၂၀) အရွယ်တွေရဲ့ ရင်ခုန်စရာ အိပ်မက်တွေ၊ စိန်ခေါ်မှုတွေ၊ သူငယ်ချင်းတွေနဲ့ အတူတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေ၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ပြောပြဖို့ အကောင်းဆုံး အခွင့်အရေးပဲဖြစ်ပါတယ်။

📅 အချိန်: စနေနေ့၊ မနက် ၉:၀၀ နာရီ - ၁၀:၃၀ နာရီ
📍 နေရာ: အမှတ် (13/C)၊ အရေးပိုင်ကုန်းလမ်း၊ စစ်ကဲကုန်းရပ်ကွက်၊ မော်လမြိုင်မြို့။

အတူတူ လေ့ကျင့်သင်ယူ ဖို့ အခွင့်အရေးကို လက်မလွတ်နဲ့နော်! အားလုံးကို စောင့်မျှော်နေပါတယ်။

ဒီနေ့တော့ Tea & Talk Mawlamyine မှာ "Can We Forget Someone We Loved?" ဆိုတဲ့ topic ကိုပြောခဲ့ကြပါတယ်။ ❤️‍🩹မမေ့နိုင်ဘူး၊ ...
25/07/2025

ဒီနေ့တော့ Tea & Talk Mawlamyine မှာ "Can We Forget Someone We Loved?" ဆိုတဲ့ topic ကိုပြောခဲ့ကြပါတယ်။ ❤️‍🩹

မမေ့နိုင်ဘူး၊ မေ့ပစ်သင့်တယ်၊ မမေ့သင့်ဘူးဆိုတဲ့ ခံယူချက်တွေနဲ့ အမြင်အမျိုးမျိုးကို ဖလှယ်ဆွေးနွေးခဲ့ကြတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။

- တချို့က ကိုယ်ချစ်ခဲ့တဲ့သူကို ဘယ်တော့မှ မေ့လို့မရဘူးလို့ ယုံကြည်ကြတယ်။ သူတို့ရဲ့ဘဝမှာ အမှတ်တရတွေအဖြစ် အမြဲရှိနေမယ်လို့ ဆိုကြပါတယ်။
- တချို့ကတော့ နာကျင်စရာတွေကို ကုစားဖို့အတွက် မေ့ပစ်ဖို့ ကြိုးစားသင့်တယ်လို့ ထင်မြင်ကြတယ်။ ရှေ့ဆက်ဖို့အတွက် မေ့ပစ်ခြင်းက အကောင်းဆုံးနည်းလမ်းလို့ သူတို့က ယုံကြည်ကြပါတယ်။
- တချို့ကလည်း မေ့ပစ်ဖို့ထက် လက်ခံဖို့က ပိုအရေးကြီးတယ်လို့ ဆိုကြပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကို သင်ခန်းစာယူပြီး ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားသင့်တယ်လို့ သူတို့က ပြောပါတယ်။

ကိုယ်ချစ်တဲ့သူကို မေ့ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အမြင်တွေကို နားလည်ခွင့်ရခဲ့ပါတယ်။ နောက်ထပ် ဘယ်လိုခေါင်းစဉ်တွေနဲ့ ဆွေးနွေးကြဦးမလဲဆိုတာ စောင့်မျှော်ပေးကြပါဦး! 😉

“တိုင်းပြည်နှင့်ပြည်သူများ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား ထာဝစဉ် ...
19/07/2025

“တိုင်းပြည်နှင့်ပြည်သူများ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား ထာဝစဉ် လွမ်းဆွတ် ဂုဏ်ပြုအောက်မေ့ပါသည်။”

''We pay eternal tribute to the esteemed leaders who have sacrificed their lives for the independence and sovereignty of our nation and its people.''

GED လက်မှတ်ရှိတာနဲ့ ဘာတွေလုပ်လို့ရမလဲ? 🤔 နိုင်ငံတကာတက္ကသိုလ်တက်ဖို့ အိပ်မက်တွေ တကယ်ဖြစ်လာနိုင်ပြီ!10 တန်းစာမေးပွဲရလဒ်ကြေ...
18/07/2025

GED လက်မှတ်ရှိတာနဲ့ ဘာတွေလုပ်လို့ရမလဲ? 🤔 နိုင်ငံတကာတက္ကသိုလ်တက်ဖို့ အိပ်မက်တွေ တကယ်ဖြစ်လာနိုင်ပြီ!

10 တန်းစာမေးပွဲရလဒ်ကြောင့် စိတ်ဓာတ်ကျနေလား? ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အပြင်ဘက်ကနေ နိုင်ငံတကာ အဆင့်မီ ပညာရေးကို ခြေလှမ်းချင်နေပြီလား?

ဒါဆိုရင်တော့ GED Program ဟာ သင့်အတွက် အကောင်းဆုံးသော အခွင့်အလမ်းတံခါးတစ်ချပ် ဖြစ်လာနိုင်ပါတယ်။ GED ဆိုတာဘာလဲ၊ GED အောင်လက်မှတ်နဲ့ ဘယ်လို အနာဂတ်ခရီးလမ်းတွေကို လျှောက်လှမ်းနိုင်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်! 👇

🎓 GED ဆိုတာဘာလဲ?
GED (General Educational Development) ဆိုတာ အမေရိကန်အစိုးရ အသိအမှတ်ပြု High School Diploma (အထက်တန်းအောင်လက်မှတ်) နဲ့ တရားဝင်တန်းတူတဲ့ အရည်အချင်းစစ် စာမေးပွဲတစ်ခုပါ။ ကမ္ဘာတစ်ဝှမ်းက University, College နဲ့ အလုပ်ရှင်တွေက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားပါတယ်။

🌏 GED အောင်ထားရင် မြန်မာကျောင်းသားတွေအတွက် ဘာအခွင့်အလမ်းတွေရှိမလဲ?
GED လက်မှတ်တစ်ခုတည်းနဲ့ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းတွေ အများကြီး ပွင့်သွားနိုင်ပါတယ်။

1. နိုင်ငံတကာ University တွေကို တိုက်ရိုက်လျှောက်ထားနိုင်ခြင်း
- ဒါက GED ဖြေဆိုသူအများစုရဲ့ အဓိကရည်မှန်းချက်ပါ။ GED ဟာ အမေရိကန်ပြည်ထောင်စုက စတင်ခဲ့တဲ့ High School Equivalency Diploma ဖြစ်တာကြောင့် US, Canada, Australia, UK, Singapore နဲ့ တခြားဥရောပနိုင်ငံတွေက တက္ကသိုလ်တော်တော်များများက လက်ခံအသိအမှတ်ပြုပါတယ်။ ကိုယ်သွားချင်တဲ့ တက္ကသိုလ်ရဲ့ Admission Requirement မှာ GED ကို လက်ခံလားဆိုတာ သေချာအောင်တော့ အရင်စစ်ဆေးဖို့လိုပါတယ်။
- လိုအပ်ချက်: University အများစုက GED အောင်မှတ်အပြင် အင်္ဂလိပ်စာ အရည်အချင်းအတွက် IELTS, TOEFL ရမှတ်ကိုပါ တောင်းတတ်ပါတယ်။ တချို့သော Top University တွေကတော့ SAT ရမှတ်ပါ ပြခိုင်းတာမျိုး ရှိနိုင်ပါတယ်။
💡 Tip: GED ရမှတ်ကောင်းလေ၊ တက္ကသိုလ်ကောင်းကောင်းတွေမှာ Scholarship ရဖို့ အခွင့်အလမ်းပိုများလေပါပဲ။

2. Scholarship နှင့် Foundation Program များ လျှောက်ထားခြင်း 💰
- GED မှာ ရမှတ်ကောင်းကောင်း (ဥပမာ - GED College Ready ဒါမှမဟုတ် GED College Ready + Credit) ရထားရင် တက္ကသိုလ်အသီးသီးက ပေးတဲ့ Scholarship တွေကို လျှောက်ထားနိုင်ပါတယ်။ ဒါ့အပြင် UK, Australia လိုနိုင်ငံတွေမှာ တက္ကသိုလ်မတက်ခင် တက်ရတဲ့ Foundation Program တွေကိုလည်း GED Certificate နဲ့ လျှောက်ထားလို့ရပါတယ်။

3. ပြည်တွင်းရှိ Private University များတွင် တက်ရောက်ခြင်း
- နိုင်ငံခြားသွားဖို့ အဆင်မပြေသေးဘူးဆိုရင်တောင် GED လက်မှတ်က အသုံးဝင်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာရှိတဲ့ နာမည်ရ Private University/College တော်တော်များများက GED လက်မှတ်ကို အသိအမှတ်ပြုပြီး Foundation Year ဒါမှမဟုတ် Degree Program တွေအတွက် ဝင်ခွင့်ပေးနေပါပြီ။

4. ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများ
- ဘွဲ့မယူခင်မှာပဲဖြစ်ဖြစ်၊ ဘွဲ့နဲ့တွဲပြီးပဲဖြစ်ဖြစ် GED လက်မှတ်က CV အတွက်လည်း တန်ဖိုးရှိတဲ့ အရာတစ်ခုပါ။ အထူးသဖြင့် International Companies, NGO/INGO, Tourism & Hospitality, Airline Industry လိုမျိုး နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းခွင်တွေမှာ High School Diploma နဲ့တန်းတူတဲ့ GED လက်မှတ်က ကိုယ်ကို တခြားသူတွေထက် ဦးစားပေးခံရစေနိုင်ပါတယ်။ ကိုယ့်ရဲ့ English proficiency နဲ့ critical thinking skills ကို ပြနိုင်တဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။
- ဘွဲ့မယူခင်မှာပဲဖြစ်ဖြစ်၊ ဘွဲ့နဲ့တွဲပြီးပဲဖြစ်ဖြစ် GED လက်မှတ်က CV အတွက်လည်း တန်ဖိုးရှိတဲ့ အရာတစ်ခုပါ။အထူးသဖြင့် International Companies, NGO/INGO, Tourism & Hospitality, Airline Industry လိုမျိုး နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းခွင်တွေမှာ High School Diploma နဲ့တန်းတူတဲ့ GED လက်မှတ်က ကိုယ်ကို တခြားသူတွေထက် ဦးစားပေးခံရစေနိုင်ပါတယ်။ ကိုယ့်ရဲ့ English proficiency နဲ့ critical thinking skills ကို ပြနိုင်တဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။ကာနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းခွင်တွေမှာ High School Diploma နဲ့တန်းတူတဲ့ GED လက်မှတ်က ကိုယ်ကို တခြားသူတွေထက် ဦးစားပေးခံရစေနိုင်ပါတယ်။ ကိုယ့်ရဲ့ English proficiency နဲ့ critical thinking skills ကို ပြနိုင်တဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

💡 အချုပ်ပြောရရင်...
GED ဆိုတာ ကျောင်းစာမေးပွဲတစ်ခု ကျရှုံးလို့၊ ဒါမှမဟုတ် လက်ရှိပညာရေးစနစ်ကို စိတ်တိုင်းမကျလို့ လမ်းဆုံးသွားပြီလို့ထင်နေတဲ့ ကျောင်းသားတွေအတွက် "Plan B" တစ်ခုမဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ပိုမိုခိုင်မာမြန်ဆန်ပြီး ကမ္ဘာကအသိအမှတ်ပြုထားတဲ့ "Plan A" တစ်ခုအနေနဲ့ ရွေးချယ်နိုင်တဲ့ ခေတ်မီပညာရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့အနာဂတ်ကို စာမေးပွဲတစ်ခုတည်းက ဆုံးဖြတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့ကသာ အဓိကကျတာပါ။
GED ဆိုတာ ကျောင်းစာမေးပွဲတစ်ခု ကျရှုံးလို့၊ ဒါမှမဟုတ် လက်ရှိပညာရေးစနစ်ကို စိတ်တိုင်းမကျလို့ လမ်းဆုံးသွားပြီလို့ထင်နေတဲ့ ကျောင်းသားတွေအတွက် "Plan B" တစ်ခုမဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ပိုမိုခိုင်မာမြန်ဆန်ပြီး ကမ္ဘာကအသိအမှတ်ပြုထားတဲ့ "Plan A" တစ်ခုအနေနဲ့ ရွေးချယ်နိုင်တဲ့ ခေတ်မီပညာရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ကိုယ့်ရဲ့အနာဂတ်ကို စာမေးပွဲတစ်ခုတည်းက ဆုံးဖြတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့ကသာ အဓိကကျတာပါ။

ဒီ Facebook content က ကျောင်းသားတွေနဲ့ မိဘတွေအတွက် GED နဲ့ပတ်သက်တဲ့ အခွင့်အလမ်းတွေကို ရှင်းလင်းပြတ်သားစွာ မြင်သွားစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

GED နဲ့ပတ်သက်ပြီး ဘာတွေသိချင်သေးလဲ? ကိုယ့်ရဲ့ အိပ်မက်တွေကို GED နဲ့ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ ဆွေးနွေးချင်ရင် Comment မှာ မေးမြန်းနိုင်သလို၊ Page Messenger ကနေလည်း အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်! 😊

GED နဲ့ ပတ်သက်ပြီး အမြဲမေးလေ့ရှိတဲ့ မေးခွန်းလေးတွေ လာပါပြီ! 🤔၁။ GED ဆိုတာ ဘာလဲဟင်။ 🎓 GED ဆိုတာကလေ၊ အမေရိကန် အထက်တန်းကျော...
17/07/2025

GED နဲ့ ပတ်သက်ပြီး အမြဲမေးလေ့ရှိတဲ့ မေးခွန်းလေးတွေ လာပါပြီ! 🤔

၁။ GED ဆိုတာ ဘာလဲဟင်။ 🎓
GED ဆိုတာကလေ၊ အမေရိကန် အထက်တန်းကျောင်း ဒီပလိုမာ (U.S. High School Diploma) နဲ့ တူတူပဲလို့ ပြောလို့ရတဲ့ ပညာအရည်အချင်းတစ်ခုပေါ့။ အထက်တန်းပညာရေးကို အကြောင်းကြောင်းကြောင့် မပြီးဆုံးခဲ့တဲ့သူတွေအတွက် တက္ကသိုလ်ပြန်တက်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရဖို့ပဲဖြစ်ဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အထက်တန်းအောင်လက်မှတ်တစ်ခုပါပဲ။ 📜

၂။ GED ကို ဘယ်သူတွေ ဖြေလို့ရတာလဲ။ 🧑‍🎓
ဘယ်သူတွေ ဖြေလို့ရလဲဆိုတော့လေ... အသက် ၁၈ နှစ် ပြည့်ပြီးရင် ဘယ်သူမဆို ဖြေလို့ရတယ်နော်။ ✅ အသက် ၁၆ နှစ်၊ ၁၇ နှစ်လေးတွေဆိုရင်တော့ မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်နဲ့ တခြားစည်းကမ်းချက်လေးတွေတော့ ရှိမှာပေါ့။

၃။ GED မှာ ဘာသာရပ် ဘယ်နှခုလောက် ဖြေရမှာလဲ။ 📚
ဖြေရမယ့် ဘာသာရပ်က စုစုပေါင်း (၄) ခု ရှိတယ်နော်:
- Mathematical Reasoning (သင်္ချာ) 🧮
- Reasoning Through Language Arts (RLA) (အင်္ဂလိပ်စာ) ✍️
- Social Studies (လူမှုရေးသိပ္ပံ) 🌍
- Science (သိပ္ပံ) 🧪

၄။ စာမေးပွဲက ဘယ်လိုပုံစံမျိုးလဲ။ 💻
GED စာမေးပွဲတွေအကုန်လုံးက ကွန်ပျူတာနဲ့ ဖြေရတာပါ။ (Computer-Based Test ပေါ့)။ မေးခွန်းပုံစံတွေကတော့ Multiple Choice, Drag-and-Drop, Short Answer တွေပါမယ်။ Reasoning Through Language Arts (RLA) ဘာသာရပ်မှာတော့ (Essay) တစ်ပုဒ် ဖြေရမှာပါ။ 📝

၅။ အောင်မှတ်ကရော ဘယ်လောက်လဲ။ 🎯
ဘာသာရပ်တစ်ခုကို အမှတ်ပြည့် ၂၀၀ မှာ အောင်မှတ်က ၁၄၅ ပါ။ ဘာသာရပ် ၄ ခုလုံးကို ၁၄၅ မှတ်အထက်ရမှ GED Diploma ကြီးကို ရမှာနော်။ ⭐
- 165-174: GED College Ready 🟢
- 175-200: GED College Ready + Credit 🔵

၆။ မြန်မာနိုင်ငံမှာ GED စာမေးပွဲ ဘယ်နေရာတွေမှာ ဖြေလို့ရလဲ။ 🇲🇲📍
မြန်မာနိုင်ငံမှာဆိုရင် ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ တရားဝင် GED စာမေးပွဲစင်တာ (Official GED Testing Centers) တွေ ရှိပါတယ်။ ဘယ်စင်တာတွေလဲ အတိအကျသိချင်ရင်တော့ GED ရဲ့ official website ဖြစ်တဲ့ GED.com မှာ အသေးစိတ်လေ့လာကြည့်လို့ရတယ်နော်။

၇။ စာမေးပွဲကြေးက ဘယ်လောက်လောက် ကျမလဲ။ 💰
စာမေးပွဲကြေးကတော့ ကိုယ်ဖြေတဲ့နိုင်ငံနဲ့ စာမေးပွဲစင်တာပေါ်မူတည်ပြီးတော့ နည်းနည်းတော့ ကွာနိုင်တယ်။ ပုံမှန်ဆိုရင်တော့ ဘာသာရပ်တစ်ခုကို အမေရိကန်ဒေါ်လာ ၇၅-၈၀ လောက် ကျတတ်တယ်။ အဲဒီတော့ ၄ ဘာသာဆိုရင် ဒေါ်လာ ၃၀၀-၃၂၀ လောက်တော့ ကျနိုင်တာပေါ့။ 💵 (ဒါက စာမေးပွဲဖြေကြေး သက်သက်ပဲနော်၊ သင်တန်းကြေးတွေ မပါသေးဘူး။)

၈။ GED ကို ဘယ်လို ပြင်ဆင်လေ့လာရမလဲ။ 💪
GED Ready™ Practice Test: ကိုယ့်ရဲ့ လက်ရှိအခြေအနေကို စစ်ကြည့်ဖို့အတွက် အကောင်းဆုံးပဲ။ 👍
Online Resources: Khan Academy တို့၊ YouTube Channels တွေမှာ သင်ခန်းစာတွေ အများကြီး ရှိတယ်နော်။ 🧑‍💻
GED Preparation Centers: မြန်မာနိုင်ငံက သင်တန်းကျောင်းတွေမှာ တက်ပြီး ပြင်ဆင်လို့ရတယ်။ 🏫
Self-Study: GED Official Guide စာအုပ်တွေ ဝယ်ပြီး ကိုယ့်ဘာသာကိုယ် လေ့လာလို့လည်း ရတာပဲ။ 📖

၉။ GED လက်မှတ်ရရင် ဘာတွေဆက်လုပ်လို့ရလဲ။ ✨
တက္ကသိုလ်ဝင်ခွင့် 🏛️: အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ ဥရောပနိုင်ငံအများစုက တက္ကသိုလ်တွေက အသိအမှတ်ပြု လက်ခံကြတယ်။ မြန်မာနိုင်ငံက Private University တွေနဲ့ International University တွေကလည်း လက်ခံတာပါပဲ။
အလုပ်အကိုင် 💼: အထက်တန်းအောင်လက်မှတ် လိုအပ်တဲ့ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် လျှောက်ထားလို့ရပြီပေါ့။

Address

Mawlamyine

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959981288387

Alerts

Be the first to know and let us send you an email when Lifelong Learning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Lifelong Learning:

Shortcuts

Share

Category