28/11/2025
မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း(အခမဲ့)အတန်း ကို စိတ်ဝင်စားပြီး အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့်အလမ်းတစ်ခုအဖြစ်ရချင်သူများအတွက် သင်တန်းသားများခေါ်ယူနေပါပြီ။
အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ (၅) ရက်တိုင်တိုင် သင်ကြားမဲ့ FREE Class ဖြစ်ပြီး ရက်ပေါင်း (၁၉)ရက် ကြာမြင့်မှာပဲ ဖြစ်ပါတယ်။
တက်ရောက်မဲ့သူတွေအနေနဲ့ အမည်၊ အသက်၊ ဖုန်းနံပါတ်နဲ့ တက်ရောက်လိုတဲ့ အကြောင်းရင်း တွေကို Upward Training Center ရဲ့ Page Messenger ကိုဖြစ်စေ ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
💯တက်ရောက်မယ့်သူအနေနဲ့ အနည်းဆုံး အသက် (၁၈) နှစ်မှ အသက်(၄၀) အတွင်းဖြစ်ဖို့လိုအပ်ပြီး ပညာအရည်အချင်း မူလတန်းအဆင့်မှ ဘွဲ့ရအထိ တက်ရောက်နိုင်ပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ဖို့လိုအပ်ပါတယ်။
သင်တန်းစမည့်ရက် ၉-၁၂-၂၀၂၅ (အင်္ဂါနေ့)
သင်ကြားရမည့်ချိန် - တနင်္လာနေ့မှမှ သောကြာနေ့အထိ(မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ)
သင်တန်းတက်ရောက်ရမည့်နေရာ - ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(စက်စဲ)
#ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေးသင်တန်း
#ပညာဒါနသင်တန်း