Prudent Learning Centre - PLC

Prudent Learning Centre - PLC Providing Educational Programs and Services with care and thought for the brighter future!

AyarNet Wifi Service ကုမ္ပဏီမှာ ပြုလုပ်တဲ့ Staff Training 👩‍💻🙋‍♂️🙋‍♀️🙋 မွန်းကြပ်​နေတဲ့၊ ​ရှောင်လွှဲလို့မရတဲ့ အ​ခြေအ​နေ​တ...
06/11/2024

AyarNet Wifi Service ကုမ္ပဏီမှာ ပြုလုပ်တဲ့ Staff Training 👩‍💻🙋‍♂️🙋‍♀️🙋
မွန်းကြပ်​နေတဲ့၊ ​ရှောင်လွှဲလို့မရတဲ့ အ​ခြေအ​နေ​တွေကြား.. အ​တွေး​လေး​တွေမှန်ဖို့၊ ဘဝမှာကြုံလာတဲ့challengesတွေကို ရင်ဆိုင်အ​ဖြေရှာတတ်ဖို့၊ အလုပ်မှာစိတ်ထားလေး​တွေထားတတ်ဖို့.. အ​တွေးအ​ခေါ်​တွေ၊ အ​တွေ့အကြုံ​တွေ မျှ​ဝေ​ပေးဖြစ်ခဲ့ပါတယ်.. တစ်​နေ့လုံးအလုပ်လုပ်ပြီး ည​နေမှလုပ်ရ​ပေမယ့် သူတို့​တွေအိပ်မငိုက်ကြဘူး 🥰

ပန်းမြတ်သဇင်ပိုးထည်တိုက်မှာ ဒုတိယအကြိမ်လုပ်ပေးဖြစ်တဲ့ Personal Development and Customer Service Training 👩‍💻စိတ်ထား​လေး​...
21/10/2024

ပန်းမြတ်သဇင်ပိုးထည်တိုက်မှာ ဒုတိယအကြိမ်လုပ်ပေးဖြစ်တဲ့ Personal Development and Customer Service Training 👩‍💻
စိတ်ထား​လေး​တွေထားတတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်​ရော သူများကို​ရော တန်ဖိုးထားချစ်ခင်ဖို့၊ customers​​တွေကိုဂရုစိုက်တတ်ဖို့၊ အချိန်​လေး​တွေစီမံခန့်ခွဲတတ်ဖို့.. သူတို့​တွေရဲ့လိုအပ်ချက်​ပေါ်မူတည်ပြီး ဆွေး​​နွေးပေးဖြစ်ခဲ့တယ် 💞
ဒီ့ထက်မက တိုးတက်​အောင်မြင်ပါ​စေ ပန်းမြတ်သဇင် 🥰

ပန်းမြတ်သဇင် ပိုးထည်ဆိုင်မှာ မ​နေ့ကလုပ်​ပေးဖြစ်တဲ့ ဝန်ထမ်း​တွေအတွက် training​လေး..အများကြီး​ရောင်း​ကောင်းပါ​စေရှင့် 🥰
07/03/2024

ပန်းမြတ်သဇင် ပိုးထည်ဆိုင်မှာ မ​နေ့ကလုပ်​ပေးဖြစ်တဲ့ ဝန်ထမ်း​တွေအတွက် training​လေး..
အများကြီး​ရောင်း​ကောင်းပါ​စေရှင့် 🥰

Myanmar Shenmo Education (စိန်​မော့ပေသီးသင်္ချာသင်တန်း​ကျောင်း)အတွက်လုပ်​ပေးဖြစ်တဲ့ staff training❣️အနယ်နယ်အရပ်ရပ်က ဆရာ/...
29/12/2023

Myanmar Shenmo Education (စိန်​မော့ပေသီးသင်္ချာသင်တန်း​ကျောင်း)အတွက်လုပ်​ပေးဖြစ်တဲ့ staff training❣️
အနယ်နယ်အရပ်ရပ်က ဆရာ/မ​တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်​ အဆင်​ပြေ​ပြေ​လေး သင်ကြား/သင်ယူ ​ဆွေး​နွေးဖြစ်ပါတယ် 💞
ဆရာ/မတို့ လက်​တွေ့ဘဝမှာအသုံးတည့်ကြပါ​စေလို့ 🥰

ကျွန်မတို့ဘဝမှာ မဖြစ်မ​နေရင်ဆိုင်ရမယ့် Challenge​sတွေ၊ ပြသနာ​တွေကအမြဲလိုလိုရှိပါတယ်။ ဒီကာလက အ​ပြောင်းအလဲ​တွေ များပြားမြန...
04/11/2023

ကျွန်မတို့ဘဝမှာ မဖြစ်မ​နေရင်ဆိုင်ရမယ့် Challenge​sတွေ၊ ပြသနာ​တွေကအမြဲလိုလိုရှိပါတယ်။ ဒီကာလက အ​ပြောင်းအလဲ​တွေ များပြားမြန်ဆန်လွန်းပြီး အချိန်နဲ့တ​ပြေးညီ အသည်းအသန်လိုက်ရတဲ့​ခေတ်မို့ စိတ်​ပန်းလူပန်းတွေလည်းဖြစ်ရတယ်။

ဘယ်ကိစ္စမဆို ကိုယ့်ရဲ့အ​တွေးအမြင်၊ ခံယူချက်​၊ ယုံကြည်ချက်တွေ​ပေါ် မူတည်ပြီး လုပ်ရပ်​တွေ၊ ရလာဒ်​တွေဖြစ်လာတာဖို့ အ​တွေးအမြင်မှန်ဖို့ အရမ်းကိုအ​ရေးကြီးပါတယ်။

Prudent Learning Centreက​ပေးတဲ့ staff training​တွေက လူတစ်​ယောက်ချင်းစီရဲ့ personality(ကိုယ်ရည်ကိုယ်​သွေး​)တွေ တိုးတက်ပြီး မိသားစုမှာ​ရော အလုပ်ခွင်မှာ​ပါ စိတ်​ထားတွေထားတတ်ဖို့၊ ပြသနာ​တွေကို အပြုသ​ဘော​ဖြေရှင်းတတ်ဖို့၊ ကိုယ့်ကိုယ်ကို​လေးစားဖို့နဲ့ အများကို​လေးစားဖို့​​တွေ ရည်ရွယ်ပါတယ်။ ​သို့မှသာ ကျန်းမာပျော်ရွှင်တဲ့ ပတ်ဝန်းကျင်​လေးတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

အဲ့အ​နောက်မှာ​တော့ လုပ်ရပ်​ကောင်း​တွေနဲ့ရလာဒ်​ကောင်း​တွေ လိုက်လာကြမှာမလွဲပါဘူး။ 💞🤝💖

Thane Private School, Mawlamyineက ဆရာမ​တွေကို ဒီ​နေ့လုပ်​ပေးဖြစ်တဲ့ staff training❣️အနာဂတ်​ခေါင်း​ဆောင်လေး​တွေကို သင်​ပေ...
27/10/2023

Thane Private School, Mawlamyineက ဆရာမ​တွေကို ဒီ​နေ့လုပ်​ပေးဖြစ်တဲ့ staff training❣️
အနာဂတ်​ခေါင်း​ဆောင်လေး​တွေကို သင်​ပေး​နေတဲ့ဆရာမ​တွေမို့ တန်ဖိုးထား​လေးစားပါတယ် 🙏🤍
​ကောင်းမွန်​​သောအနာဂတ်ဆီ နိုင်သ​လောက်ဝန်ထမ်းရင်း ​အတူရှေ့ဆက်ကြမယ်ဆရာမတို့​ရေ 💪💞

18/10/2022

ကိုယ်သင်​ပေး​နေတဲ့က​လေး​တွေ အင်္ဂလိပ်စာမှာ အမှတ် ၉၀​ကျော်​တွေရကြတယ်ဆို​တော့ ​ပျော်တာ​ပေါ့လို့ 🤗
ကြိုးစား​ပေးကြလို့ ​ကျေးဇူးပါက​လေးတို့​ရေ 🥰
အင်္ဂလိပ်စာကို 4skillsရရင် ​ကျောင်းစာက ​အေး​ဆေး​ပေါ့ ​နော 😊

ကျွန်မချစ်ခင်ရတဲ့မိတ်ဆွေတွေနဲ့ စကားတွေပြောဖြစ်တဲ့အခါတိုင်း PLCရဲ့ Customer Service နဲ့ပတ်သက်တဲ့ sharing လေးလုပ်ပေးဖို့တေ...
16/07/2022

ကျွန်မချစ်ခင်ရတဲ့မိတ်ဆွေတွေနဲ့ စကားတွေပြောဖြစ်တဲ့အခါတိုင်း PLCရဲ့ Customer Service နဲ့ပတ်သက်တဲ့ sharing လေးလုပ်ပေးဖို့တောင်းဆိုကြပါတယ်။
ကျွန်မလည်း Customer Service ကို စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ customer serviceဆိုတာ ရောင်းသူ၊ ဝယ်သူဆက်ဆံရေးတင်မက မိသားစုအချင်းချင်း၊ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း စသဖြင့် နေရာတိုင်းမှာ လိုအပ်လို့ပါ။ နူးညံ့သိမ်မွေ့သလို နေရာတိုင်း၊ လူတိုင်းအတွက်လိုအပ်တဲ့ subject တစ်ခုပါ။
တစ်ရက်တော့ Customer Service ကိုစိတ်ဝင်စားပြီး ဒီSubject ကိုတစိုက်မတ်မတ်လေ့လာခဲ့တဲ့၊ customer serviceအတွေ့အကြုံတွေလည်းအများကြီးရှိတဲ့ အစ်မ ဒေါ်အေးမြတ်မိုးနဲ့စကားပြောဖြစ်ကြရင်း အစ်မရဲ့sharing တွေကို PLCရဲ့အစီအစဥ်တစ်ခုအနေနဲ့ မိတ်ဆွေအားလုံးကို မျှဝေပေးလိုစိတ်ဖြစ်မိပါတယ်။ အားလုံးအတွက်အကျိုးရှိမယ်လို့ ယုံကြည်စိတ်ပြင်းပြစွာနဲ့ PLCရဲ့Customer Service Sharing Session လေးကို Augustလထဲမှာ လုပ်ဖို့စီစဉ်ထားပါတယ်။
ပျော်ပျော်ပါးပါး ဆွေးနွေးရင်း သင်ယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင့်🥰

သင်တန်းကာလ - 4, 5, 11,12 August 2022
(ကြာသာပတေး၊ သောကြာ ၂ရက်၂ပတ်ပါ)
သင်တန်းအချိန် - 7:00 - 8.30pm
သင်တန်းကြေး - 20000 ကျပ်သာ

သင်တန်းတက်ရောက်လိုသူများ အောက်က link မှာ စာရင်းပေးသွင်းနိုင်ကြပါပြီနော်!
(To a better service, better life 💞)
https://docs.google.com/forms/d/1qxnoi-L0dCw3AzVntreMwct07w8GrSSOscBorW58rTw/edit
(၃ဦးနှင့်အထက် group discount များလည်းရှိလို့ cbမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။)

ပညာ​ရေးက လူ​တွေရဲ့ဘဝကို အ​ကောင်း၊ အဆိုး အ​ကြောင်းအကျိုး​ဝေဖန်ပိုင်းခြား​စေနိုင်သလို ဘဝအတွက်အလွန်မှအ​ရေးပါတာ​ကြောင့် ဒီfi...
23/06/2022

ပညာ​ရေးက လူ​တွေရဲ့ဘဝကို အ​ကောင်း၊ အဆိုး အ​ကြောင်းအကျိုး​ဝေဖန်ပိုင်းခြား​စေနိုင်သလို ဘဝအတွက်အလွန်မှအ​ရေးပါတာ​ကြောင့် ဒီfieldထဲကို ပံ့ပိုး​ပေးဖို့၊ ဖြည့်ဆည်း​ပေးဖို့ဆိုတဲ့စိတ်နဲ့ဝင်ပါတယ်။ ဘာပဲလုပ်လုပ် ကိုယ့်ဘက်ကတတ်နိုင်တာကို အ​ကောင်းဆုံးလုပ်​ပေးမယ် 💪💞
လော​လောဆယ် Prudent Learning Centreမှာ English 4skills အတန်း​တွေ online​ရော၊ အပြင်မှာ​ရောရှိပါတယ်။ customer serviceသင်တန်း​တွေလည်း လာဖို့ရှိပါတယ်လို့ 🥰

Address

Mawlamyine

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959793762005

Website

Alerts

Be the first to know and let us send you an email when Prudent Learning Centre - PLC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Prudent Learning Centre - PLC:

Shortcuts

Share

Category