SKY LINE Korean Language Center

SKY LINE Korean Language Center No (224) , 3 လမ်း, မြိုင်သာယာရပ်ကွက် ,
မော်လမ?

15/02/2026

🚨တာမြစ်အသားတွေ သယ်ဆောင်ပါကဒဏ်ငွေ ၀မ် သိန်း(၁၀၀)...အရေးပေါ် ၀က်အပြင်းရောဂါအခြေအနေ...

📌ကိုရီးယားနိုင်ငံရဲ့ ဝက်မွေးမြူရေး အချက်အချာဒေသတွေဖြစ်တဲ့ 정읍၊ 김천နဲ့ 홍성တို့မှာ အာဖရိကဝက်အပြင်းဖျားရောဂါ(ASF) အပြင်းအထန် စတင်ကူးစက်နေပြီ ဖြစ်ပါတယ်။

📌ဒီရောဂါကြောင့် ဝက်ခြံ (၃)ခုမှာ ဝက်များသေဆုံးမှုရှိခဲ့ပြီး အစိုးရမှ လက်ရှိမှာ အရေးပေါ်ကာကွယ်ရေးနဲ့ ပိုးသတ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေရပါတယ်။

📌အထူးသဖြင့် ဝက်အများဆုံးမွေးမြူတဲ့ 충남နဲ့ 홍성ဒေသမှာ ရောဂါပိုးတွေ့ရှိတာကြောင့် ကူးစက်မှုပိုမိုကျယ်ပြန့်လာမှာကို သက်ဆိုင်ရာက စိုးရိမ်နေကြပါတယ်။

📌ဒီရောဂါကြောင့် လေဆိပ်နဲ့ ဆိပ်ကမ်းတွေမှာ အသားထုတ်ကုန် စစ်ဆေးမှုတွေကို ယခင်ကထက် ပိုမိုတင်းကျပ်စွာ စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

📌ကိုရီးယားကို လာကြမယ့်သူတွေအနေနဲ့ ဝက်သားပါတဲ့ အစားအစာများကို သယ်ဆောင်ခြင်း မပြုကြဖို့နဲ့ သယ်ဆောင်ကြမယ်ဆိုစင်လဲ သေခြာစုံစမ်းကြဖို့ တိုက်တွန်းလိုပါတယ်။

📌တားမြစ်ထားတဲ့ အသားထုတ်ကုန်တွေကို သယ်ဆောင်လာတာ စစ်ဆေးတွေ့ရှိရင် ဒဏ်ငွေ ဝမ် သိန်း (၁၀၀)အထိ အပြင်းအထန် ချမှတ်ခံရနိုင်ပါတယ်။

📌ဒါကြောင့် ကိုရီးယားရောက် မြန်မာလုပ်သားများအနေနဲ့ မိမိတို့ရဲ့ လုပ်အားခများနဲ့ ဗီဇာအခက်အခဲမဖြစ်စေဖို့ အစားအစာသယ်ဆောင်ခြင်းကိစ္စကို အထူးဂရုစိုက်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

🙏မှီငြမ်း다문화가족
#다문화가족 #၀က်အပြင်းရောဂါ #한국 #외국인노동자

12/02/2026

제106회 한국어능력시험 응시원서(기관보관용) The Test of Proficiency in Korean Application Form 사진 Photograph (3㎝×4㎝) ※ 접수번호 Application No. ① 시험수준 Test Level 한국어능력시험 (TOPIK) TOPIK I □ TOPIK II □ ② 수험번호 Registration No. ③ .....

79ကြိမ်မြောက်မွန်အမျိုးသားနေ့😍😍😍😍😍
01/02/2026

79ကြိမ်မြောက်မွန်အမျိုးသားနေ့😍😍😍😍😍

16/01/2026
15/01/2026
13/01/2026
12/01/2026

နိုင်ငံပေါင်းစုံကအလည်ခွင့်ပြန် PJ passport သမားတွေကို အလုပ်သမားရေးဝန်ကြီးဌာနတစ်ခုတည်းက စာစီစာရိုက် လုပ်နေရလို့
ခွင့်ပြန်သမားများ ၂လအထက် ၃လ လောက်မှပဲ မိမိပြန်လာမယ့်ရက် ကို ရနိုင်တော့မှာ ဖြစ်သလို Telegram ကနေ မိမိနာမည်ပါမှသာ ထွက်ရမှာဖြစ်ပါတယ်။

နည်းပညာ zero level ဖြစ်နေသော အစိုးရဌာန၏ လုပ်ဆောင်မှုကြောင့် PJ passport ကိုင်ဆောင်သူများ နိုင်ငံအသီးသီးမှ အနည်းဆုံး ခွင့်၃လ ရမှ ပြန်ကြပါခင်ဗျာ။

တခြားနိုင်ငံမှာ မိနစ်ပိုင်းနဲ့ ပြီးတဲ့ကိစ္စကို မိမိနိုင်ငံက ၃လလောက်အချိန်ပေးရတဲ့အတွက်
မဖြစ်မနေမှ ပြန်ကြပါ။ မဟုတ်ရင်ကိုယ့်နည်းကိုယ့်ဟန် နဲ့ပြန်ပါ။

👉🏻ပြင်ဆင်ရမယ့်စာရွက်စာတမ်းများ

၁။ Passport မိတ္တူ
၂။ 재직증명서 အလုပ်ထောက်ခံစာ
၃။ 휴가원 အလုပ်ခွင့်စာ
၄။ မြန်မာလေဆိပ်အဝင် immigration က passport မှာထုပေးတဲ့တံဆိပ်တုံးစာမျက်နှာ မိတ္တူ
၅။ OWIC ရှေ့/နောက် မိတ္တူ
၆။၂၅% ငွေလွှဲထားကြောင်း အထောက်အထား။
၇။လေယာဉ်လက်မှတ် မိတ္တူ

OWIC နဲ့ပတ်သက်တာပဲ ဖြစ်ဖြစ်
တစ်ခုခုစုံစမ်းချင်တာဖြစ်ဖြစ်
ဖုန်းဆက်မေးကြပါ။

(နေပြည်တော်)အလုပ်သမားရေးရာဌာန
067 -430183, 067-430442, 067-430185

E9 ညီကိုမောင်နှမ လိုအပ်သူများအတွက်
POEA ဖုန်း
09401993746
09950458761

ပြန်ထွက်ရမယ့်နေ့ မိမိနာမည်ပါမပါ ဓာတ်ပုံက QR ကုတ်ဖတ်ပြီး နာမည်စစ်ဆေးလို့ရပါတယ်။

#အလည်ပြန်

SKY  LINE ကိုရီးယားဘာသာသီးသန့်သင်တန်းမှ ကိုရီးယားနိုင်ငံသို့  D2,D4 ဗီဇာဖြင့် ကျောင်းသွားတက်ကြမည့် ကျောင်းသား/သူများအတွက...
14/11/2025

SKY LINE ကိုရီးယားဘာသာသီးသန့်

သင်တန်းမှ

ကိုရီးယားနိုင်ငံသို့ D2,D4 ဗီဇာဖြင့်

ကျောင်းသွားတက်ကြမည့် ကျောင်းသား/သူများအတွက်

Level-1 သင်တန်းအား

Date- ( 17 . 11 . 2025 )နေ့

Time- (09:00 AM- 11:00 AM)

တနင်္လာ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး

တစ်ပတ် ( ၃ )ရက်ဖြင့် စတင်ဖွင့်လှစ်

သင်ကြားပေးသွားမည်ဖြစ်ပါသဖြင့်

လာရောက်စာရင်းပေး အပ်နှံတက်ရောက်နိုင်ပါပီနော်

#အသေးစိတ်သိရှိလိုပါက

Ph - 095660188

နှင့်

SKY LINE Koeran Language Center
( Facebook Page) Messenger များမှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

22/10/2025

အလုပ်ခေါ်စာရရှိသူများ သိရှိရန်

08/09/2025
07/09/2025

ယနေ့ည လအပြည့်ကြတ်မည်ဖြစ်ပြီး မြန်မာနိုင်ငံက မြင်တွေ့ရမည်

ယနေ့ စက်တင်ဘာ (၇)ရက် ညပိုင်းမှ စက်တင်ဘာ (၈)ရက် နံနက်ပိုင်းအထိ လအပြည့်ကြတ်ခြင်းဖြစ်စဉ် ဖြစ်ပွားမည်ဖြစ်ပြီး ယင်းဖြစ်ကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်ဖြစ်ကြော င်း မြန်မာ့နက္ခတာရာနှင့် သိပ္ပံပညာဝါသနာရှင်များအသင်းက အသိပေးထားသည်။

လအပြည့်ကြတ်မည့် အဆင့်တခုတည်းကို (၁)နာရီနှင့် (၂၂) မိနစ်ကြာ မြင်တွေ့ရမည်ဖြစ်ပြီး လကြတ်ခြင်းဖြစ်စဉ်အစအဆုံး၏ ကြာမြင့်ချိန် (၅) နာရီ (၂၇)မိနစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။

မြန်မာ့နက္ခတာရာနှင့် သိပ္ပံပညာဝါသနာရှင်များအသင်းက လစတင်ကြတ်ချိန် မှ ပြီးဆုံးချိန်အထိ အချိန်အပိုင်းအခြားအလိုက် ဖော်ပြထားပြီး၊ စက်တင်ဘာ (၇) ရက် ည(၉) နာရီ (၅၈)မိနစ်တွင် စတင် လကြတ်မည်ဖြစ်ကာ လတစ်စိတ်တစ် ပိုင်း စတင်ကြတ်ချိန် ည (၁၀)နာရီ(၅၇) မိနစ်၊ လအပြည့်စ တင် ကြတ်ချိန် ည (၁၂)နာရီတိတိ၊ လအပြည့်အကြတ်ဆုံးအချိန် နံနက် (၀၀)နာရီ (၄၁)မိနစ်၊ လအပြည့်ကြတ်ခြင်း ပြီး ဆုံးချိန် နံနက် (၁)နာရီ (၂၂)မိနစ်၊ လတစ်စိတ်တစ်ပိုင်းကြတ်ခြင်း ပြီးဆုံးချိန် နံနက် (၂)နာရီ (၂၆) မိ နစ်၊ လကြတ်ခြင်းဖြစ်စဉ် ပြီးဆုံးချိန် စက်တင်ဘာ (၈) ရက် ၊ နံနက် (၃)နာရီ (၂၅)မိနစ်ဖြစ်သည်ဟု အသိပေးထားသည်။

လကြတ်ချိန်အတွင်း လမှာ သွေးနီရောင်ပြောင်းသွားတတ်ကာ ယင်းသိူ့ပြောင်းလဲခြင်းသည် နေရောင်က ကမ္ဘာ့လေထုကို ဖြတ်သွားချိန် နေရောင်အတွင်းပါရှိသည့်အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း စ‌သော အရောင်များမှာ လေထုအတွင်း Refr act (အလင်းယိုင်) သွားခြင်းကြောင့် ကျန်နေသည့် အနီရော င်ကသာ လပေါ်ကို ကျရောက်လာခြင်းကြောင့် အနီရောင်ပြောင်းလဲသွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လကြတ်ခြင်းဖြစ်စဉ်များမှာ တစိတ်တပိုင်း လကြတ်ခြင်း၊ အပြည့်လကြတ်ခြင်းရှိသည့် အလျောက် ယခုဖြစ်ပေါ်မည့် လကြတ်ခြင်းသည် အပြည့်အဝ လကြတ်ခြင်းဖြစ်သည်ဟုဆိုသည်။

တစ်နှစ်လျှင် လကြတ်ခြင်းဖြစ်စဉ် (၂) ကြိမ်မှ (၃) ကြိမ်ခန့်အထိဖြစ်ပေါ်တတ်ပြီး ယခုလကြတ်ခြင်းသည် ဒုတိယမြော က်လကြတ်ခြင်းဖြစ်ကြောင်း သိရသည်။

ပထမ(၁)ကြိမ် လကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံက မမြင်လိုက်ရ‌သော်လည်း ယခုတစ်ခေါက်ဖြစ်ပေါ်မည့် လကြတ်ခြင်းဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာလူဦးရေ သန်းပေါင်း (၇၀၀၀) ခန့် မြင်တွေ့ရမည်ဖြစ်ကြောင်း မြန်မာ့နက္ခတာရာနှင့် သိပ္ပံပညာဝါသနာရှင်များအသင်းက အသိပေးထားသည်။

Address

No (224) 3လမ်း မြိုင်သာယာရပ်ကွက် မော်လမြိုင်မြို့, 095660188
Mawlamyaing

Opening Hours

09:00 - 17:00

Telephone

095660188

Website

Alerts

Be the first to know and let us send you an email when SKY LINE Korean Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category