Kyi Kan Pyin High School

Kyi Kan Pyin High School This is a High school, it's located Kyi Kan Pyin , Maungdaw Township in rakhine state of myanmar.

17/12/2022

Some useful instructions 📌
from to short
use speaking with someone 😜
't use by writing

မောင်တောမြို့နယ် မြောက်ဘက်ရှိ ကျီးကန်ပြင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဖြစ်ပါသည်။ #ဓာတ်ပုံအမှတ်တရများ #အမှတ်တရ...
09/08/2022

မောင်တောမြို့နယ် မြောက်ဘက်ရှိ ကျီးကန်ပြင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဖြစ်ပါသည်။

#ဓာတ်ပုံအမှတ်တရများ
#အမှတ်တရ
#ဓာတ်ပုံစုဆောင်းမှုများ

09/07/2022

ပညာရေးညံ့တဲ့ နိုင်ငံတွေရဲ့
အကြီးမားဆုံးပြသနာကတော့
စာသင်တဲ့အလုပ်ကို
ဘယ်သူမဆိုဝင်လုပ်လို့ရတယ်ဆိုပြီး
ထင်မြင်ယူဆခြင်းပါပဲ။
ဒါကျက် ဒါဖြေနဲ့ကြီးလာတော့
သူများကိုလည်း
ဒါကျက် ဒါဖြေလုပ်ပေးလိုက်ရင်
စာသင်ခြင်းမည်၏လို့ တစ်‌ကြောင်းစွဲဝါဒ
ဆုပ်ကိုင်လာခြင်း‌ကြောင့်ဖြစ်ရတာပါ။
ပညာရေးမှာ သိထားသင့်တဲ့
ကလေးစိတ်ပညာတွေ
သင်ကြားရေးနည်းစနစ်တွေ
ဘာမှမလိုအပ်ဘူးလို့ထင်လာမယ်
အဲ့ဒါတွေကျင့်သုံးနေတဲ့လူတွေကိုလည်း
ဘာတွေလုပ်နေမှန်းမသိပါဘူးကွာလို့
ထင်မြင်လာမယ်။

အလွတ်ကျက်‌ဖြေပညာရေး စနစ်နဲ့
ကြီးပြင်းလာရပြီး
စာဖတ်အားကလည်း နည်းတဲ့အခါ
စိတ်ဓါတ်ပိုင်းဆိုင်ရာတွေမှာ တစ်‌ကြောင်းစွဲ
တစ်လမ်းသွား စိတ်ဓါတ်တွေနဲ့
သူတစ်ပါးအပေါ်
‌ဖေးမကူညီဖို့ဝေးစွာအဆုံး
အသာစီးရလိုစိတ်တွေများလာပါတယ်။
စကားပြောတဲ့အခါ
ပညာသာရင် ပညာနဲ့ အသာစီးပြီးစကားကိုပြော၊
ရာထူးသာရင် ရာထူးနဲ့၊
ငွေကြေးသာရင် ငွေကြေးနဲ့
နာမည်ကျော်ကြားမှုသာရင်
နာမည်ကျော်ကြားမှုနဲ့
တစ်ဖက်သားအပေါ်
အသာစီးပြောဆိုဆက်ဆံလာပါတယ်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်နေပြီ
တည်ငြိမ်အေးချမ်းနေပြီဆိုတဲ့ အ‌ခြေ‌အနေကို
ကြည့်လိုက်ရင်
အပြန်အလှန်လေးစားတန်ဖိုးထားမှု‌
‌တွေကို တွေ့ရပါလိမ့်မယ်။
ပညာရေးညံ့တဲ့အခါမှာ လူတွေ
လူမှုဆက်ဆံရေးမှာ
အာဏာရှင်ဆန်လာကြပါတယ်။
တကယ်တော့
အပြန်အလှန်တန်ဖိုးထားလေးစားခြင်းကနေ
တစ်ယောက်ချင်းစီရဲ့ အရည်အသွေးတွေကို
ဖော်ထုတ်ပြီး လူမှန်နေရာမှန်ဖြစ်မှသာ
လူမျိုးမြင့်ပြီး နိုင်ငံမြင့်လာမှာပါ။
အခုတော့ ဝေးလေစွ

ပညာရေးကို ပေါ့ပေါ့တွေးလျှင် ဆင်းရဲတွင်းနက်မည်။


27/06/2022

တစ်ခေတ်ပြန်ထလာသော ကျောင်းကျူရှင်များ
မိမိအမြင်သာ(မည်သူ့ကိုမှ ပြောလိုခြင်းမဟုတ်ပါ)

(စေတနာရှေ့ထားသင်ပေးနေသော ဆရာဆရာမများမပါ) တစ်ချို့ ကျူရှင်တွေ ကျူရှင်တွေ ခေါ်လိုက်ကြတာ။
ကျူရှင်ခေါ်တာ အပြစ်မပြောပါဘူး။

ဒါပေမယ့် ကျူရှင်မတက်တဲ့ ကလေး၊ သူ့ကျူရှင်မတက်ဘဲ တခြားကျူရှင်တက်တဲ့ကလေးတွေကို ခွဲခြားဆက်ဆံတာတွေကြားလာရတယ်။ စိတ်မကောင်းဘူး။
(အကုန်လုံးကို ဆိုလိုခြင်းမဟုတ်ပါခင်ဗျာ)

မိဘတွေခမျာ သူတို့ထားချင်တဲ့ကျူရှင်လည်း ထားရ
‌အတန်းပိုင်ဆီလည်း မထားမနေထားရ နှစ်ခါကုန်။

ကလေးတွေလည်း ဟိုကျူရှင်ပြေးလိုက်၊ ပြန်လာ နောက်ကျူရှင်ပြေးတက်လိုက်ရနဲ့ မြင်နေရတယ်။ အရင်ခေတ်ပျက်ကို ပြန်ရောက်နေသလိုပဲ။

တစ်နေ့က ကလေးတစ်ယောက်ကပြောတယ်။ ကျနော်တို့ကို စာဆိုခိုင်းတာ မရလို့တဲ့ သူ့ကျူရှင်က တစ်ယောက်ကို ဆိုပြလိုက်စမ်းဆိုပြီး ပြောတယ်တဲ့။

သူ့ကျူရှင်မတက်ရင် မကြည့်ဘူးတို့၊ ဆရာမက သမီးကို စကားမပြောဘူးတို့ ကြားလာရတယ်။

ကလေးတွေမျက်နှာသာရဖို့ မိဘတွေမှာလည်း လိုက်လျောလာရတယ်။

တကယ်စေတနာအပြည့်နဲ့ သင်တဲ့ဆရာ ဆရာဆရာမတွေလည်းအများကြီးပါ။လေးစားအားကျရပါတယ်ခင်ဗျာ။

တစ်ချို့တော်တော်လေးဆိုးလို့ပါ။

တခြားနယ်တွေမှာရော အဲ့လိုပဲလားခင်ဗျာ။

ဝင်ဆွေးနွေးပေးတဲ့ စကားသံလေးများကြားချင်ပါတယ်ခင်ဗျာ။

By: Koko Naing

ငြင်းလည်းအပို၊ ရှင်းလည်းအပို===================အထင်လွဲခံရပြီးဘာမှပြန်မပြောခြင်းဟာ သဘောထားကြီးမူ တစ်မျိုးပါ။အဖြစ်အပျက်မှန...
25/06/2022

ငြင်းလည်းအပို၊ ရှင်းလည်းအပို
===================

အထင်လွဲခံရပြီး
ဘာမှပြန်မပြောခြင်းဟာ
သဘောထားကြီးမူ တစ်မျိုးပါ။

အဖြစ်အပျက်မှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။

စိတ်ထိခိုက်သွားပြီး
ဘာမှပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းမူ တစ်မျိုးပါ။

မေတ္တာရဲ့ အအေးအနွေးဟာ
အချိန်ကသာ သက်သေပြ
သွားပါလိမ့်မယ်။

အစော်ကားခံလိုက်ရပြန်ပြီး
ဘာမှပြန်မပြောခြင်းဟာ
ခွင့်လွတ်ခြင်းတစ်မျိုးပါ။

အကျင့်ကောင်းတယ်
မကောင်းဘူးဆိုတာ
အချိန်က ရှင်းလင်း
ပေးသွားပါလိမ့်မယ်။

ဘာကိစ္စအတွက်ပဲဖြစ်ဖြစ်
စိတ်လောပြီးမငြင်းဆိုပါနှင့်။

ဘာအကြောင်းအရာကိုမှ
စိတ်လောပြီး မရှင်းပြပါနှင့်။

နားလည်ပြီးသားသူအတွက်
ရှင်းပြဖို့ မလိုအပ်သလို
နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပိုဖြစ်နေတတ်တယ်။

စကားပြောတတ်ဖို့ ( ၂ ) နှစ်ပဲ
သင်လိုက်ရပေမဲ့
ပါးစပ်ပိတ်တတ်ဖို့ ကြိုးစားတာ
အနှစ် ( ၅၀) ပြည့်တော့မယ်။

၀မ်းနည်းစရာကောင်းတာက
အခုထက်ထိ ပါးစပ်က
လွှတ်ကနဲ ဖြစ်လို့ ကောင်းတုံး

ဘ၀ အမြင့်ဆိုတာ
ပညာဘယ်လောက်တတ်တယ်။

ဗဟုသုတ ဘယ်လောက်ရှိတယ်
ဆိုတာနဲ့ မသက်ဆိုင်ပါ။

ဒေါင်ကျကျ ၊ ပြားကျကျ
အပြုံးအပျက်တဲ့ မဟာသဘော
ထားမျိုးကို ဆိုလိုပါတယ်။

စိတ်သဘောထားကြီးတယ်ဆိုတာလည်း
သင်လူဘယ်လောက်များများသိတယ်။

ဘယ်လောက်များများ ခင်မင်တာနဲ့လည်း
မသက်ဆိုင်ပါ။

သင်လူဘယ်လောက်များများကို
လက်ခံ ခွင့်လွတ်နိုင်တာနဲ့
ပိုမိုသက်ဆိုင်ပါတယ်။

လောကနိယာမအရ...
အနစ္နာခံတဲ့လူဟာ
နောက်ဆုံးတကယ် မနစ်နာသလို..
ငြင်းခုံမူမှာ အရူံးပေးတဲ့လူဟာလည်း
နောက်ဆုံးတကယ် မဆုံးရူံးပါဘူး။


#ပညာရှိအဖိုးအို

အကောင်းဆုံးသော အကောင်းဆုံးအရာများဖြင့် လက်ဆောင်အဖြစ် ကောင်းချီးပေးပါသည်။မင်းအတွက် ဂုဏ်ယူဖို့ လုံလောက်တာထက်ပိုတယ်။ ဆက်ပြီ...
21/06/2022

အကောင်းဆုံးသော အကောင်းဆုံးအရာများဖြင့် လက်ဆောင်အဖြစ် ကောင်းချီးပေးပါသည်။

မင်းအတွက် ဂုဏ်ယူဖို့ လုံလောက်တာထက်ပိုတယ်။ ဆက်ပြီး တောက်ပြောင်နေပါ။

ဂုဏ်ယူပါတယ် မောင် မူဟာမတ်ရော်အိစ်

၆ ဘာသာဂုဏ်ထူးအပြင် မွန်ပြည်နယ် ပထမနဲ့ တစ်နိုင်ငံလုံး ဆဌမ ရရှိသူဟာ မြန်မာ့စစ်တုရင်လက်ရွေးစင်တစ်ဦးဖြစ်နေမော်လမြိုင်၊ ဇွန်...
21/06/2022

၆ ဘာသာဂုဏ်ထူးအပြင် မွန်ပြည်နယ် ပထမနဲ့ တစ်နိုင်ငံလုံး ဆဌမ ရရှိသူဟာ မြန်မာ့စစ်တုရင်လက်ရွေးစင်တစ်ဦးဖြစ်နေ

မော်လမြိုင်၊ ဇွန် ၁၇

၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဘာသာစုံ(၆ဘာသာ) ဂုဏ်ထူးနဲ့အောင်မြင်ခဲ့တဲ့ မပန်းပြည့်သခင်ဟာ ရွှေမြိုင် ကိုယ်ပိုင်အထက်တန်းကျောင်းကဖြစ်ပြီး အထက ၁၂ မော်လမြိုင်စာစစ်ဌာနကနေ ဝင်ရောက်ဖြေဆိုခဲ့ဖြစ်ပါတယ်။

မပန်းပြည့်သခင်ဟာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ရမှတ် (၅၅၀) မှတ်ရရှိပြီး အမှတ်အများဆုံးရရှိသူ​တွေထဲမှာ အဆင့်(၆) ဆဋ္ဌမ နဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအပြင် မွန်ပြည်နယ်မှာတော့ ပြည်နယ်အဆင့် ပထမ အမှတ်အများဆုံးရရှိခဲ့သူ ဖြစ်ပါတယ်။

ဘာသာစုံဂုဏ်ထူးအပြင် တစ်နိုင်ငံလုံးအတိုင်းအတာအ​ပြင် မွန်ပြည်နယ်မှာပါ အမှတ်အများဆုံးရရှိခဲ့တဲ့ မပန်းပြည့်သခင်ဟာ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ရဲ့ မြန်မာ့လက်ရွေးစက်ကစားတစ်မားတစ်ယောက်လည်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဦးမောင်မောင်လွင်က "မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး
နိုင်ငံတကာပြိုင်ပွဲတွေ သွားရောက်ယှဥ်ပြိုင်ခဲ့တဲ့
မြန်မာ့လူငယ်စစ်တုရင်လက်ရွေးစင် မပန်းပြည့်သခင်
၂၀၂၂ တက္ကသိုလ်၀င်တန်းစာမေးပွဲမှာ ဘာသာစုံ(၆ဘာ သာ) ဂုဏ်ထူးနဲ့အောင်မြင်ပြီး စုစုပေါင်းရမှတ် ၅၅၁ မှတ်နဲ့ မွန်ပြည်နယ် ပထမ မြန်မာတနိုင်ငံလုံးဆဌမ ရရှိခဲ့တဲ့အတွက် အထူး၀မ်းမြောက်စွာ ချီးကျူးဂုဏ်ပြုအပ်ပါတယ်" လို့ ဂုဏ်ပြုစကားကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြောဆိုထားပါတယ်။

ဒါ့ပြင် ဦးမောင်မောင်လွင်က "စစ်တုရင်ကစားတဲ့ကလေးတွေဟာ တကယ်လုပ်ရင် ပညာရေးမှာလည်းအောင်မြင်ကြကြောင်းကို ၆ဘာသာ ၅ဘာသာ ဂုဏ်ထူးများစွာနဲ့အောင်မြင်ခဲ့ကြပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ
ထိပ်တန်းကနေရာယူအောင်မြင်နေကြတဲ့ အကို အမတွေရဲ့ခြေရာကိုနင်းရုံသာမက သာလွန်အောင်စွမ်းဆောင်ပြနိုင်ခဲ့တာ အောင်မြင်မှုမှတ်တိုင်ကြီးတစ်ခုပါ။

အနာဂါတ်ဘ၀ခရီးမှာလည်း အောင်မြင်မှုအကြီးကြီးတွေဆက်လက်ရရှိပြီး မိဘဆွေမျိုးသားချင်းသာမက
နိုင်ငံတော်ကပါဂုဏ်ယူရတဲ့ နိုင်ငံ့ဂုဏ်ဆောင်သမီးရတနာဖြစ်ပါစေကြောင်း မေတ္တာအပြည့်နဲ့ဆုမွန်ကောင်းတောင်းအပ်ပါတယ်လို့လည်း ရေးသားထားခဲ့ပါသေးတယ်။


#စစ်တုရင်လက်ရွေးစင်
#တက္ကသိုလ်ဝင်တန်း

17/06/2022

Congratulations
Two students passed from kyi kan pyin both are my favorite telented students.
1.မောင်သိန်ငွေ
2.ရော်ရှိတ်အူလ္လါ

A massive congratulations our village brother (Maung Thein Ngwe + Azas Uddin)Specially thank you for your great hard wor...
17/06/2022

A massive congratulations our village brother (Maung Thein Ngwe + Azas Uddin)Specially thank you for your great hard work and accomplishment.We are really proud of you.

16/06/2022

May Allah pass you all students with good marks .

Myanmar Education Research Department

Address

Maungdaw

Website

Alerts

Be the first to know and let us send you an email when Kyi Kan Pyin High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category