Mandalay TESOL Centre

Mandalay TESOL Centre Mandalay TESOL is a leading TESOL hub in Upper Myanmar.

We offer internationally recognised teacher trainings including TKT and TESOL, and also serve as an approved Cambridge English Preparation Centre.

Free Online Webinar Series 12 (FOWS12) စာရင်း လက်ခံပြီ။Title: Constructivism in Education: Creating Meaningful Learning ...
23/07/2026

Free Online Webinar Series 12 (FOWS12)
စာရင်း လက်ခံပြီ။

Title: Constructivism in Education: Creating Meaningful Learning Experiences

Presenter : Tr Hnin Nwe Aung

Tr Hnin Nwe Aung is an educator with experience in English and Science teaching. She is passionate about curriculum development, teacher training, and creating meaningful learning experiences for students.

She holds a BSc in Geology, a Postgraduate Diploma in English, and a Diploma in TESOL.

She is interested in innovative teaching approaches, educational leadership, and professional development for teachers.

Participants တွေ သိသွားမည့် အချက်တွေ

1.become aware of the basic ideas of constructivism.
2.understand key concepts of constructivist learning theory.
3.Use constructivist strategies in the classroom.
4.Create meaningful learning experiences for students.

(50) ဦး သာ လက်ခံပါမည်။

If interested, the registration link is in the first comment.

TKT Exam ဖြေချင်သူများစာရင်း လက်ခံပါပြီ။Exam date :19 September 2026Registration deadline: 31 July 2026For details, call...
23/07/2026

TKT Exam ဖြေချင်သူများ
စာရင်း လက်ခံပါပြီ။

Exam date :19 September 2026

Registration deadline: 31 July 2026

For details, call us at 0943178279 or 09940008279.

Note:
British Council Mdy မှာ စာရင်းသွင်းပါမည်။

2nd TESOL Conference (Part 3)
22/07/2026

2nd TESOL Conference (Part 3)

ဆရာ့စာအုပ် မှာချင်သူများအတွက် comment မှာ google form ထည့်ထားပေးပါတယ်။ ရန်ကုန်ဆို အင်းဝ၊ စိတ်ကူးချိုချို နဲ့ ရာပြည့် ။မန...
22/07/2026

ဆရာ့စာအုပ် မှာချင်သူများအတွက် comment မှာ google form ထည့်ထားပေးပါတယ်။

ရန်ကုန်ဆို အင်းဝ၊ စိတ်ကူးချိုချို နဲ့ ရာပြည့် ။

မန်းလေး ဆို စိတ်ကူးချိုချို ရနိုင်။

2nd TESOL Conference (Part 1)
21/07/2026

2nd TESOL Conference (Part 1)

ကျေးဇူးတင်လွှာ19 July မယ် 2nd TESOL Conference ကြီး အောင်မြင် ပြီးမြောက်ခဲ့ပါပြီ။ Anonymous Feedback တွေအရ လာတက်ကြသူတွေရ...
20/07/2026

ကျေးဇူးတင်လွှာ

19 July မယ် 2nd TESOL Conference ကြီး အောင်မြင် ပြီးမြောက်ခဲ့ပါပြီ။

Anonymous Feedback တွေအရ
လာတက်ကြသူတွေရဲ့ 82.8% ဟာ highly satisfied ကို ရွေးချယ် ထားတာ တွေ့ရပါတယ်။

1. လာတက်ကြတဲ့ participants တွေ ဘာတွေ ပြောထားကြသလဲ။

“making new friends and sharing experiences “
“It was really like a family gathering! “စတဲ့ comments တွေ တွေ့ရတယ်။

Theme ဖြစ်တဲ့ Building a Stronger ELT community ပေါ်လွင်စေပါတယ်။

2. လက်တွေ့ကြတဲ့ သင်ကြားရေး နည်းစနစ် တွေ ကိုယ်စီ ရင်ဝယ်ပိုက် ချက်ချင်း အသုံးတည့် စေတယ် ဆိုတဲ့ အချက်ကို ပြောပြထားတာ တွေ့ရပါတယ်။

3. Speakers တွေနဲ့ Workshop Presenters တွေရဲ့ ထိရောက်မှုကို အထူး ချီးကျူး ထားတာ လာတက်သူတွေရဲ့ comments မှာ တွေ့ရပါတယ်။

4. Conference Workshopတွေမှာ လက် ချာ ပုံစံတွေ မဟုတ်ဘဲ group discussions တွေ၊ interactive activities တွေ၊ Q&A sessions ၊ hands-on learning နဲ့ ideas တွေ ပြောခွင့် ဆိုခွင့် ရတာကို တန်ဖိုး ထား နှစ်သက်ကြောင်း feedback မှာ တွေ့ရ။

5. Conference စီစဉ် ထားမှု နဲ့ပတ်သက်ပြီး ကောင်းသတင်းမွှေး။ မနက် registration ကစ၊ ညနေပွဲ ပြီးချိန်ထိ စနစ်တကျ စီစဉ် နိုင်ကြောင်း ချီးကျူး ပြောဆိုထားကြ။ ဥပမာ
“Exceptionally well-organised” ဆိုပြီး participant တဦးရေးထား။

6. သူတို့အတွက် အင်မတန် အကျိုးရှိ၊ အဓိပ္ပါယ် ရှိကြောင်း participant တဦးက ဒီလိုရေးထားပါတယ်။
“ Today was a truly a happy and meaningful day for me. I gained a much deeper clearer understanding of what I want to become.”

နောက်တဦးက
“ I learned that small things matter. I am not alone. I am doing well.”

Feedback ပါ ကောင်းသတင်း credits ပိုင်ရှင်က Mandalay TESOL မဟုတ်ပါဘူး။

All credits go to ..

ဒီ Conference မှာ ဝိုင်းဝန်း ကူညီ ပေးကြတဲ့

1. Our Speakers တွေ

2. အနယ် နယ် အရပ်ရပ် ကလာကြတဲ့ presenters တွေ

3. Project showcase researchers တွေ

4. Volunteer Team နဲ့ KGI က အဖွဲ့

5. Co-sponsors တွေနဲ့

6. မိုးထဲ မပျက် မကွက် လာတက်ကြတဲ့ participant တွေ

7. နောက်ကွယ်ကနေ ကူညီ စောင့်ရှောက် လမ်းညွှန်ပေးနေတဲ့ ကိုယ့် မိတ်ဆွေတွေ ကြောင့်ပါ။

2026 မှာ ကိုယ့် မန္တလေးကနေ ဒုတိယ အကြိမ်မြောက် TESOL Conference လေးက လာတက်ကြတဲ့ သူအများအတွက် အကျိုးရှိ၊ ထိရောက် ၊ကျေနပ် နှစ်သက် အားရကြတယ် ကြားရတဲ့အတွက် အထူးပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။

အများစု အကြံပြုထားတဲ့ အတိုင်း လူများများ တိုး လက်ခံနိုင်ဖို့ ကိုလည်း ကြိုးစား စီစဉ်ပါ့မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Conference Organising Team

TESOL TPs under observation!Tr Emma is presenting a lesson. Teach. Learn and grow together!
18/07/2026

TESOL TPs under observation!

Tr Emma is presenting a lesson.

Teach. Learn and grow together!

TESOL TPs are being observed. Tr Anna is teaching a grammar lesson. Teach.Learn and Grow Together.
18/07/2026

TESOL TPs are being observed.

Tr Anna is teaching a grammar lesson.

Teach.Learn and Grow Together.

TESOL TPs in action.Tr May Htar is teaching a grammar lesson in the context of locating people and objects.Teach. Learn ...
18/07/2026

TESOL TPs in action.

Tr May Htar is teaching a grammar lesson in the context of locating people and objects.

Teach. Learn and grow together!

Cheers,

18/07/2026

2nd TESOL Conference Day မနက်ဖြန် ဆို ရောက်ပြီ။

စိတ်ဝင်တစားမေးသူကမေး၊ စာရင်းပေးသူကပေးကြဖြင့်။ စောင့်နေခဲ့သော ရက်။

စာရင်း ပေးချိန် မမှီလိုက်သူတို့လည်း ရှိ။ စိတ်မကောင်း ဖြစ်ရပါသည်။

မနက်ဖြန် အတွက် ပြင်ဆင်နေသူတို့လည်း ပြင်ဆင်နေကြပြီ။

အဝေးကနေ တကူးတက လာတက်ကြသူတွေလည်းပါ၏။ သူတို့ ခရီး ဒီနေ့ကတည်းက စပြီထင့်။ မန္တလေးမှ ကြိုဆိုလျက်။

Theme ဖြစ်တဲ့ Growing Together: Building a Stronger ELT Community ဆိုတဲ့အတိုင်း

အရောင်အသွေး အစုံအလင်၏။
Teaching context ပေါင်းစုံပါ၏။
အတွေ့အကြုံ အနုအရင့် မျှတစွာပေါင်းစပ် မိပြီ။

Backdrop & Photo Booth ဒီနေ့ ဆင်ပြီ။
ဆိုင်ကယ်တွေ အပ်နှံဖို့ ကတ် တွေ ready
Lunch အတွက် မှာပြီး။
Volunteer Team ဒီနေ့ တွေ့မည်။
MC နှစ်ဦး တွေ့ရမည်။
BC library booth စီစဉ် ထား။
ကိုယ့် စာအုပ် အရောင်း booth ထည့်။
Presentation Room Tickets တွေလည်း ရပြီ။

လာတက်ရသူတွေတိုင်း
Featured workshop အပါအဝင် ကြိုက်ရာ workshop 3 ခု ရွေးချယ် တက်နိုင်သည်။

Project showcase တခု တက်နိုင်သည်။ တရက် တာ အတွင်း workshop 5 ခု တက်နိုင်မည့် အခွင့်ရ၏။

ကြားတွင် မအီအောင် 2 coffee breaks & snacks တွေ ပါမည်။

အပိတ်တွင် ကံစမ်းမဲ အစီအစဉ် ရှိဦးမည်။

မနက်ဖြန် အတွက် အဆင်သင့် ဖြစ်နေပါပြီ။ အွဲဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီနေကြသူ တဦးချင်းကို လည်း ကျေးဇူးတင်လျက်။

တွေးမိတိုင်း ရင်ခုန် စိတ်လှုပ်ရှား စရာ။

မနက်ဖြန် 2nd TESOL Conference Day ရောက်ပြီ။

Address

Mandale

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+95943178279

Website

Alerts

Be the first to know and let us send you an email when Mandalay TESOL Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Mandalay TESOL Centre:

Shortcuts

Share