08/06/2024
-잖아요
ဤ စကားလုံးအား နားထောင်နေသောသူက သိထားပြီးသား အနေအထားအဖြစ် ပြောသူဘက်မှ စောဒကတက်လိုသောအခါ သတိပေးလိုသောအခါ သုံးသည်။ အပြောပုံစံတွင်သာ အသုံးပြု ပြီး အရေးပုံစံတွင် မသုံးပါ။ ထို့ပြင် Formal ပုံစံတကျ ပြောဆိုရာတွင် မသုံးပါ။ (အရပ်သုံးပုံစံဖြစ်ပြီး ရုံးသုံးစကားစသည်တွင် အသုံးမပြုပါ။)
• 저 가수를 왜 좋아해요?
ဟို အဆိုတော်ကို ဘာလို့ ကြိုက်တာလဲ။
- 노래도 잘하고 멋있잖아요.
သီချင်းလည်း အဆိုကောင်းပြီး ရုပ်ကလည်း ချောတာကိုး။(သိရဲ့သားနဲ့)
• 예린 씨가 일본어를 정말 잘하네요!
ရဲလင်းက ဂျပန်စကားကို တကယ်ကို ကောင်းကောင်း ပြောတတ်လိုက်တာနော်။
- 예린 씨는 일본에서 공부했잖아요. 지난번에 예린 씨가 말했는데 생각 안 나요?
ရဲလင်းက ဂျပန်နိုင်ငံမှာ သင်ခဲ့တာပဲလေ။ အရင်တစ်ခါ ရဲလင်းက ပြောထားတာ မမှတ်မိဘူးလား။
•이번에도 양간 씨가 1등을 했네요?
ဒီတစ်ခါလည်း ယန်းဂန်က ပထမ ရပြန်ပြီနော်။
-양간 씨는 항상 열심히 공부하잖아요.
ယန်းဂန်က အမြဲတမ်း စာကြိုးစားတယ်လေဗျာ။
- 네, 맞아요. 양강 씨는 언제나 열심히 공부하지요.
ဟုတ်ကဲ့။ မှန်ပါတယ်။ ယန်းဂန်က အချိန်တိုင်း ကြိုးစားပြီး စာလေ့လာတယ်နော်။
•수진 씨가 언제 고향으로 돌아가지요?
စူဂျင်းက ဘယ်တော့ ဇာတိကို ပြန်သွားမှာလဲနော်။
- 지난주 토요일에 돌아갔잖아요.
ပြီးခဲ့တဲ့ စနေက ပြန်သွားပြီပဲလေဗျာ။
- 아, 맞아요. 수진 씨 배웅하러 공항에도 같이 갔었지요?
အာ။ ဟုတ်သားပဲ။ စူဂျင်းကို လိုက်ပို့ဖို့ လေဆိပ်ကိုတောင် အတူ သွားခဲ့တာပဲ။
• 세여 씨가 집에 온다고 해서 복숭아를 좀 샀어요.
စယ်ယောက အိမ်ကို လာမယ်ဆိုလို့ မက်မုံသီး နဲနဲ ဝယ်ခဲ့တယ်။
- 그 친구는 복숭아 알레르기가 있잖아.
အဲဒီ သူငယ်ချင်းက မက်မုံသီး အလာဂျစ်(ဓါတ်မတည့် ယားယံတာ) ရှိတယ်လေကွာ။
- 아, 그랬죠? 깜빡했네요.
အာ၊ ဟုတ်သားပဲနော်။ အမှတ်တမဲ့ဖြစ်သွားတာပဲ။
***
ဤ စကားလုံးအသုံးပြုမှုကို တစ်ဖက်သားက မိမိအကြံပြုချက်အား မလိုက်နာ၍ အဆင်မပြေခြင်း တစုံတရာပေါ်ပေါက်လာသောအခါ ပြစ်တင်ကြိမ်းမောင်းလိုသည့် အနေဖြင့်လည်း သုံးသည်။
• 엄마, 어떻게 해요? 학교에 늦겠어요.
အမေရေ။ ဘယ်လို လုပ်ရမလဲ။ ကျောင်းနောက်ကျတော့မှာပဲ။
- 그래서 어제 일찍 자라고 했잖아.
ဒါကြောင့်မို့ မနေ့က စောစော အိပ်ပါလို့ ပြောသားပဲ။
• 그 남자가 알고 보니 정말 나쁜 사람이었어요.
အဲဒီ လူ(ယောင်္ကျား)က သိသွားတော့ တကယ် ဆိုးတဲ့လူ ဖြစ်နေခဲ့တယ်။
- 그거 봐요. 내가 뭐라고 했어요. 그 사람 나쁜 사람 같다고 했잖아요.
အဲဒါကြည့်လေ။ ငါက ဘာပြောခဲ့လဲ။ အဲဒီလူ ဆိုးတယ်နဲ့ တူတယ်လို့ ပြောရဲ့သားနဲ့။
Korean Grammar In Use
Win Stars