Myanmar Bitcoin Learning

Myanmar Bitcoin Learning Online မှာ ပိုက်ဆံရှာချင်တဲ့ newbie တွေအတွက်

🌚🌚
22/05/2021

🌚🌚

  basic trading
16/05/2021

basic trading

New to ?

We've got tutorial videos that show you how to deposit, trade, withdraw, and more!

➡️ bit.ly/How-To-Binance

ခုမှ airdrop စလုပ်သူတွေအတွက်ပါဗျာတခြားထွေထွေထူးထူးမတွေးပါတဲ့Airdrop တွေလိုက်လုပ်ကြည့်ပါဗျာလုပ်ရင်းနဲ့ နားလည်သွားမှာပါAir...
27/09/2020

ခုမှ airdrop စလုပ်သူတွေ
အတွက်ပါဗျာ
တခြားထွေထွေထူးထူးမတွေးပါတဲ့
Airdrop တွေလိုက်လုပ်ကြည့်ပါဗျာ
လုပ်ရင်းနဲ့ နားလည်သွားမှာပါ

Airdrop အတွက်လိုအပ်တဲ့
App တွေက Telegram, twitter, trust wallet
Medium, reddit, linkin and gmail...
အဲတာတွေလိုအပ်ပါတယ်ဗျာ
Apps တွေ down ဖို့ download link👇🏻👇🏻
https://write.as/gwxan67r9nsf5

28/05/2020

မြန်မာဖုန်းနံပါတ်ဖြင့် paypal thai bussiness account ဖွင့်နည်းကို အပြည့်အစုံလုပ်ပြပေးထားပါတယ်ခင်ဗျာ။ Don't click the link https://bit.ly/2uH6Q74 Personal Fac...

24/05/2020

Atoken wallet ကို trust wallet ထဲ ထည့်နည်းလေးပါ
1 mins ပဲ ရှိပါတယ်ဗျာ

ဗဟုသုတရရန် ရည်ရွယ်ပါတယ်။Cryptocurrency ဆိုတာဘာလည်း?▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄Cryptocurrency ဆိုတာ medium exchange (ကြားခံလဲလှယ...
15/05/2020

ဗဟုသုတရရန် ရည်ရွယ်ပါတယ်။

Cryptocurrency ဆိုတာဘာလည်း?
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Cryptocurrency ဆိုတာ medium exchange (ကြားခံလဲလှယ်နိုင်တဲ့) digital-asset (ဒစ်ဂျစ်တယ်ထုတ်ကုန်တစ်ခု) ပဲဖြစ်ပါတယ်။

Cryptocurrency ရဲ့ အဓိက အားသာချက်က
- လုံခြုံစိတ်ချရတဲ့ ငွေလွှဲပြောင်းခြင်းတွေကို ပြုလုပ်လို့ရတယ်
- စာရင်း လိမ်လည်လို့မရတဲ့ ငွေစာရင်း မှတ်တမ်းရှိတယ်
- ထို စာရင်းကို ကြားလူတစ်ယောက်က ၀င်ရောက် ဖျက်ဆီးလို့မရဘူး၊
အတု လုပ်လို့မရဘူး။
- ကမ္ဘာအနှံ့သို့ အချိန်တိုအတွင်း အချိန်မရွေး လွှဲပြောင်းနိုင်တယ်။

Crypto ဆိုသည်မှာ လျှို့ဝှက် သော စစ်သုံး စကားဝှက်မှဆင်းသက် လာတယ်။
ယခင် စစ်သုံး လျှို့ဝှက် သတင်းပို့ သော နည်းစနစ်ကို တိုးမြှင့်တီထွင်ရာမှ
Digital code များကို ငွေကြေးကဲ့သို့ သတ်မှတ်လွှဲပြောင်းနိုင်တာကြောင့်
Crypto + currency ဟုခေါ်ဆိုရခြင်းဖြစ်ပါတယ်။

2008 ခုနှစ်ခန့်မှာ Satoshi Nakamoto ဆိုတဲ့ ကွန်ပြူတာပညာရှင် တစ်ယောက်ဟာ Bitcoin ဆိုတဲ့ internet သုံး ကြားခံ ငွေကြေးတစ်ခု အကြောင်း စာတမ်းတစ်ခု ကို အနာဂါတ် ငွေကြေး၀န်ဆောင်မှု အဖြစ် အင်တာနက်ပေါ်မှာ စတင် တင်ပြခဲ့ တယ် ။

ထို စာတမ်းကို Bitcoin Whitepaper လို့ ခေါ်ပါတယ်။

https://bitcoin.org/bitcoin.pdf

Bitcoin ရဲ့ အနာဂါတ် ရည်မှန်းချက် ၊ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ထို Bitcoin ကို ရေးသားထားတဲ့ code တွေကို အများပြည်သူလေ့လာနိုင်ဖို့ မိတ်ဆက်ခဲ့ပါတယ်။

Blockchain ဆိုတာဘာလည်း?
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ထို Bitcoin digital code များကို လွှဲပြောင်းသိမ်းဆည်းပေးတာကတော့
Blockchain ဆိုတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။

Blockchain ဆိုတာဟာ ကျနော်တို့ mobile banking တွေရဲ့ ငွေလွှဲစာရင်း ပုံစံမျိုး ပါပဲ။
မတူညီတာကတော့ သာမန် mobile ငွေလွှဲပြောင်းခြင်းတွေကို Bank တွေရဲ့ Data centerကနေ လိုသလိုထိန်းချုပ်နိုင်ပြီး ၀င်ရောက်ပြုပြင် ဖျက်ဆီးနိုင်ပါတယ်။
ဒီလို ထိန်းချုပ်လို့ရတဲ့ နည်းပညာကို centralized chain လို့ခေါ်ပါ တယ်။

user တွေရဲ့ ငွေပမာဏ ကိန်းဂဏန်းများရဲ့ data တွေကို မူလ server ထဲမှာပဲ သိမ်းဆည်းထားတာကြောင့် ဗဟိုထိန်းချုပ်မှု စနစ်လို့ခေါ်တာ ဖြစ်ပါတယ်။

Blockchain ဆိုတာကတော့ data တွေကို ဗဟို server ထဲက database ထဲမှာသိမ်းထားတာမျိုး မဟုတ်ပဲ အင်တာနက် လိုင်းရှိတဲ့ ဘယ်နေရာမှာမဆို user တွေ ရဲ့ data တွေကို ဖြန့်ကြတ် သိမ်းဆည်း ထားတာဖြစ်လို့ ဘယ်သူ က မှ ထိန်းချုပ်လို့ မရပါဘူး။

user တစ်ယောက်ခြင်းကသာလျှင် မိမိ digital code တွေကို စီမံနိုင်ပြီး လိုသလို လွှဲပြောင်း ပေး နိုင် ၊ လက်ခံနိုင်မှာ ဖြစ်ပါတယ်။

user တစ်ယောက် လွှဲပြောင်းခဲ့သော data ဟာ အင်တာနက်ပေါ်မှာ စာရင်း တစ်ခုအနေနဲ့ ပေါ်လာ ပါတယ် ။
ထို စာရင်းကို ledger သို့မဟုတ် block လို့ ခေါ်ဆိုပါတယ်။
ထိုကဲ့သို့ user များစွာရဲ့ data တွေကို စုပေါင်းသိမ်းဆည်း လိုက်တဲ့ အခါမှာ တော့ အားလုံးကို ဆက်လိုက်တဲ့ chain လိုဖြစ်ပြီး Blockchain လို့ခေါ်တာ ဖြစ်ပါ တယ်။

ထို လွှဲပြောင်းခဲ့တဲ့ စာရင်းဇယား block များကို လူတိုင်းပွင့်လင်းမြင်သာ စွာ ကြည့် ရှူ့ နိုင် အောင် blockchain website မှာ ပြသပေးထား ပါတယ်။
ဘယ်နေ့ ဘယ်အချိန်မှာ ဘယ် ပမာဏ ကို လွှဲခဲ့လည်းဆိုတာ ကြည့်ရှု နိုင် ပါတယ်။

https://blockchain.info/

Blockchain မှာ 2 ပိုင်း ရှိပါတယ်။
Block + chain (Block ဆိုတာ မှတ်တမ်းတစ်ခု ၊ chain ဆိုတာ ဆက်ပေးတာ)
သာမန် server တွေမှာ ငွေလွှဲပြောင်းမှုတွေကိုအလွယ်တကူ ပြု ပြင်လို့ရတယ်။
Blockchain နဲ့ ပြုလုပ်မယ်ဆိုရင်တော့ငွေလွှဲ အချက်အလတ် တွေကို Block တစ်ခုစီမှာ ခွဲ သိမ်း ထားပြီး ထို block တွေကြား က ဆက်သွယ်မှုကို လျှို့ဝှက် သင်္ကေတ(Hash)နဲ့ ခံထားတယ်။

ထို Hash ဟာ ရှေ့ Block နောက် Block တွေ ကို ဆက်သွယ်ပေး တယ်။
တကယ်လို့ ထို Block တွေကြား အချက်အလတ်သစ်ထပ်ထည့် မယ်ဆိုရင် ထို Hash တွေရဲ့ဆက်သွယ်မှ ပျက်ဆီးပြီးBlockchain ရပ်တန့်သွားမယ်။
ဒါကြောင့် လုပ်ပြီးသား transaction ကို ပြုပြင်လို့မရဘူး။

လုံခြုံတယ်။

Bitcoin
▄▄▄▄▄

Bitcoin ဆိုတာ cryptocurrency ဖြစ်ပါတယ်။
ထို Bitcoin ဆိုတာ အမည် သတ်မှတ်ချက်သာ ဖြစ်ပါ တယ်။
ထို Bitcoin ရဲ့ တကယ့် ပုံစံ အမှန်မှာ ငွေလွှဲပြောင်းသိမ်းဆည်း တဲ့ Blockchain ဆိုတာဖြစ်ပါ တယ်။
ထို Blockchain ထဲမှာပဲ Bitcoin ပမာဏတွေ ငွေလွှဲ ပြောင်းမှု တွေ ဖြစ်နေတာ ဖြစ်ပြီး user များဟာ သင့်တော် ရာ wallet တွေနဲ့ သိမ်းဆည်း လွှဲပြောင်းကြ တာဖြစ်ပါ တယ်။

Bitcoin တွေကို သိမ်းဆည်းတဲ့ wallet ဆိုတာဟာ blockchain စနစ်ရဲ့ အစိတ် အပိုင်းတွေဖြစ်ပါတယ်။
ထို wallet တွေမှာ ပိုင်ရှင်သာသိတဲ့ private key နဲ့ လွှဲပြောင်း ရာမှာသုံးတဲ့ public key ဆိုတာရှိပါတယ်။
လွှဲပြောင်းမှုမှာ ပို့ရမယ့်လိပ်စာအဖြစ် public key ကို သုံးရ ပါ တယ်။

ထို wallet မှ Bitcoin ငွေပို့ကြောင်း ပို့လိုက်တဲ့ digital signal လေးတွေဟာ internet network ထဲ ရောက်သွားပြီး ထို signal code လေးတွေ ကို တန်ဖိုးတကယ်ရှိမရှိစစ်ဆေး တွက်ချက် မှတ်တမ်းတင်ကာ လက်ခံသူရဲ့ wallet ဆီ ပို့ဆောင်ရပါတယ်။

ဒီလို ကြားမှာ စစ်ဆေးတွက်ချက်ပြီး အဖြေထုတ်ပေးတာကို mining လုပ်တယ်လို့ခေါ်တာဖြစ်ပါတယ်။

cryptocurrency ကိုတူးဖော်ခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Mining လုပ်တယ်ဆိုတာ ဟာ ငွေလွှဲ လာ တဲ့ code တွေကို အဖြေထွက်ဖို့ တွက်ချက်ရတဲ့ ဖြစ်စဉ်ကို ဆိုလို တာဖြစ်ပါတယ်။
ပို့ချင်တိုင်း ပို့လို့ ရ နေရင် bitcoin ဆိုတာ တန်ဖိုးရှိ မလာနိုင်ပါ ဘူး။
ပို့ဆောင်လိုက်တဲ့ သူဆီက ထွက်သွားတဲ့ digital code ပမာဏ ဟာ ပို့သူဆီမှာ အနှုတ် ပြ သွားမှာ ဖြစ်ပြီး ထို code တွေဟာ internet network ထဲရောက် သွားမှာဖြစ်ပါ တယ်။
ဒီလို ရောက်လာတဲ့ code တွေဟာ ထို ပို့သူ အနေနဲ့ ယခင်က ပို့ပြီးသား code တွေဟုတ်မဟုတ်ဆိုတာကို network ထဲမှာ တွက်ချက်စစ်ဆေးပါတယ်။
တကယ်လို့ ထိုသူဆီက ပို့ခဲ့ပြီးသား code တွေဆိုရင် လက်ခံ မပို့ပေးပါဘူး။
ဒီလို စစ်ဆေး မှ သာ လျှင် Bitcoin တွေဟာ ၂ခါ ထပ် အပို့မခံ ရပဲ တန်ဖိုး ရှိနေ မှာဖြစ်ပါတယ်။
ဒီလို network ထဲမှာ စစ်ဆေး ပြီး တန်ဖိုးရှိကြောင်းသတ်မှတ်ပြီး ရင်တော့ ထို code တွေကို လက်ခံသူရဲ့ wallet ထဲပို့ပေးလိုက်ပြီး ထို လွှဲပို့ခြင်း ဖြစ်စဉ်ကို block အနေနဲ့ မှတ်တမ်း တင်ပါတယ်။

ထိုကဲ့သို့ တွက်ချက်ပေးသော သူကို Miner လိုခေါ်ဆိုရပါတယ်။

Miner ဆိုတာ
▄▄▄▄▄▄▄▄

Bitcoin miner ဆိုတာ ဟာ တွက်ချက် သူ ပဲ ဖြစ်ပါတယ်။
သူအဖြေမှန်အောင်တွက်နိုင်ရင်ထိုငွေလွှဲပို့ခြင်းဖြစ်စဉ် ပြီးမြောက် ပါတယ်။
ဒီလို အဖြေမှန်အောင် တွက်ချက် ပေးနိုင်ဖို့ အတွက် ကွန်ပျူတာ ရဲ့ တွက်ချက်တဲ့ အစိတ်အပိုင်းတွေကို အဓိက လုပ်ပေးတဲ့ Graphic card တွေကို အသုံးပြုရပါ တယ်။
ထို Graphic card တွေဟာ တွက်ချက်ခြင်း တွေကို ပြုလုပ်ရတာ မို့ စွမ်းအင်ကို သုံးစွဲရပါတယ်။
ထိုကဲ့သို့ သုံးစွဲရသော စွမ်းအင် စရိတ် ကွန်ပျူတာ စရိတ်တွေ အတွက် bitcoin စဖန်တီးစဉ်ကထဲကပင် ငွေလွှဲခြင်းများပါတဲ့ block တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်သူအတွက် ပေးရန် ဆုငွေစနစ်ကို blockchain programထဲတွင် ထည့်သွင်း ရေးခဲ့ပြီးဖြစ်ပါတယ်။

ပုံမှန်အားဖြင့် 10 မိနစ်ကို 1 block ပြီးမြောက်ရပြီး ထို block တစ်ခုမှာ ငွေလွှဲခြင်းအကြိမ် 1800 လောက်ပါ၀င်တယ်။
ဆုငွေအနေနဲ့ 1block ကို 50 Bitcoin စပေးခဲ့ရာမှ 4 နှစ် တစ်ခါ တစ်၀က်လျှော့ စနစ်ဖြစ်လို့ ယခုအခါ 12.5 bitcoin ရရှိပါမယ်။

ထိုကဲ့သို့ တွက်ချက်သူ နည်းနေစဉ်မှာတော့ code တစ်ခုကို တစ်ယောက်ခြင်း ဖြေရှင်းရသောကြောင့် လွယ်ကူနေသော်လည်း တွက်ချက်သူများလာသောအခါ code တစ်ခုကို လူ10 ယောက် ဝိုင်းတွက်သလို ဖြစ်လာပါတယ်။
ထိုအခါအဖြေကို အရင် ဦးအောင်ရဖို့ ဒီထက် စွမ်းအင်ကောင်း တဲ့ ကွန်ပျူတာ တွေ သုံးစွဲလာရပါတယ်။
ဒီလို ဖြစ်လာတဲ့အခါ ပါဝါပိုကြီးသူသာ ပိုရသလိုဖြစ်လာတဲ့ အတွက် လူတိုင်း မလုပ်နိုင်သလိုဖြစ်လာပါတယ်။
ပါဝါ ပိုကြီးသူတွေသာ ရတဲ့ mining ကို solo mining လို့ ခေါ် ပါတယ်။

ယနေ့မှာတော့ လူတိုင်းလည်း ပါ၀င်နိုင်အောင် ဘုံ mining server တစ်ခုဆီသို့ ကွန်ပျူတာ တစ်ခုခြင်းဆီမှပါဝါများလွှဲပြောင်း ပေးရုံနဲ့ တူးဖော်လို့ရတဲ့ pool mining စနစ်ကို လုပ်ဆောင်နေ ကြပါတယ်။

ရရှိလာသော ဆုများကိုတော့ % များဖြင့် ခွဲဝေယူကြပါတယ်။

တူးတဲ့စက်ဆိုတာ
▄▄▄▄▄▄▄▄▄

Mining စက်ဆိုတာ အမည်ကြောင့် ဘယ်လို စက်ကြီးလည်း ထင်နေတာပါ။
တကယ်တော့ mining ဆင်တယ်ဆိုတာ ကွန်ပျူတာ ဆင်တာနဲ့ တူတူပါပဲ။
ပုံမှန်အားဖြင့် ကွန်ပျူတာမှာ Desktop ရှိမယ်။
ဘေးမှာ system box ကြီးပါမယ်။
ထို system box ထဲမှာ hardware တွေပါမယ်။
Mining မှာ အဓိက သုံးတာ ထို System Box ထဲ က Graphic card ရဲ့ တွက်ချက်မှု စွမ်းရည်ကိုပါ။
ထို graphic card ဆိုတာ game ဆိုင်တွေမှာ သုံးတဲ့ card ကို ဆိုလိုတာပါ ။
ဒါပေမယ့် Graphic card တခုထဲနဲ့ မလုံလောက်တော့ Graphic card အများကြီးကို တပ်ဆင်ဖို့ extension လုပ်ပြီး ဆင်ရတယ်။

ဒါကြောင့် mining စက်ဆိုရင် Graphic card တွေဆင်ထားတာ ကို မြင်ရတာဖြစ်ပါတယ်။

Mining လုပ်တဲ့အခါမှာ ကွန်ပျူတာ လို တပ်ဆင်ပြီး တူးဖော် ကြတာ ကို သိရှိပြီး ဖြစ်တဲ့အတွက် mining လုပ်ရာကနေရနိုင်တဲ့ အကျိုးအမြတ်ကို သိဖို့လိုတယ်။
ပုံမှန်အားဖြင့် တူးဖော်သူများတဲ့အခါ ရလာတဲ့ ခွဲတမ်း နည်းတက် ပေမယ့် မိမိ တူးဖော်နေသော coin ရဲ့ စျေးနှုန်း က တိုးတက်လာ တယ်ဆိုရင် အကျိုးအမြတ် ရနှုန်းက ပိုမို များပြားတက်ပါတယ်။
Graphic card တစ်ခုရဲ့ မီးသုံးအားဟာ120wt လောက်ရှိပါတယ်။
Mining လုပ်နေသူတစ်ယောက်ရဲ့ တစ်လ မီတာခ ဟာ တစ်လ ရတဲ့ ၀င်ငွေထဲ က 20% လောက်ပေးရပါတယ်။
တစ်လကို 10သိန်းဖိုးတူးနိုင်ရင် 2 သ်ိန်းဖိုး မီတာခ ဆောင်ရတဲ့ သဘောဖြစ်ပါတယ်။
တစ်လကို စုစုပေါင်း အရင်းအနှီးရဲ့ 8% ကနေ 13% လောက်ထိ စျေးနှန်းပေါ် မူတည်ပြီး ပြန်၀င်ငွေရနိုင်ပြီး။
Coin စျေးတွေတက်လာရင် 8 လနဲ့ အရင်းကြေတက်ပြီး ပုံမှန်ဆို တစ်နှစ်ကြာ ပါတယ်။
သာမန် လုပ်ငန်းတွေထက်တော့ သာတဲ့ အမြတ်ရနိုင်တာမို့ အကျိုးရှိနိုင်ပါတယ်။
နိုင်ငံတော်အနေနဲ့ ကွန်ပျူတာ နှင့် ဆက်စပ် ပစ္စည်းများမှ ကမ္ဘာ့ အဆင့် ရင်းနှီးမြုပ်နှံမှုတစ်ခုကို မြေတောင်မြှောက်ပေးနိုင်ပါတယ်။

Bitcoin ရဲ့ စီးပွားရေးစနစ်(ecosystem)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Bitcoin ရဲ့ စီးပွားရေးလည်ပတ်ပုံစနစ်ကို လေ့လာတဲ့အခါ
1- Mining
2- Exchanges
3- Wallets
4- Payments
5- ATM
6- Financial Services
စတာတွေပါ၀င်တာကိုတွေ့ရပါတယ်။

1-Mining Ecosystem

Graphic card ထုတ်လုပ်သော company များရဲ့ တစ်နှစ် ရောင်း အားဟာ 5 ဘီလီယံလောက်ရရှိကြပါတယ်။
အထူးသဖြင့်cryptocurrency တူးဖော်သူများ၀ယ်ယူခြင်းကြောင့် ရရှိတာဖြစ်ပါတယ်။
ဒါဟာ cryptocurrency တွေကြောင့်ရတဲ့ အကျိုးအမြတ် ဖြစ်ပါ တယ်။

အလားတူပဲ Antminer ရောင်းချသော တရုတ် company ရဲ့ တစ်နှစ်စာ အမြတ်ဟာ 5 ဘီလီယံ ရှိပါတယ်။

ဒီလုပ်ငန်းကြီးတွေ လည်ပတ်မှု ကြောင့် cryptocurrency ထဲ ငွေကြေးလည်ပတ်မှုတွေ ဖြစ်ပေါ်စေပါတယ်။
ဒါဟာ ecosystem ဖြစ်ပါတယ်။

2-Exchanges Ecosystem

Cryptocurrency ကို local ငွေနဲ့လဲလှယ်ပေးရာမှ ၀န်ဆောင်ခ ရရှိသော လုပ်ငန်းများလည်း ကမ္ဘာအနှံ့ များစွာရှိနေပါတယ်။

3-Wallet

Cryptocurrency များ လွှဲပြောင်းမှုကို ၀န်ဆောင်မှုပေးရာမှ အကျိုး မြတ်ရရှိနေသော လုပ်ငန်းများလည်း ရှိပါတယ်။

4-Payments

Cryptocurrency ဖြင့် ငွေချေ ၀ယ်ယူနိုင်သော payment ၀န်ဆောင် မှုများ လည်း ရှိနေပါတယ်။

5- ATM

ATM များ မှ အလွယ်တကူငွေထုတ်ယူနိုင်အောင် ၀န်ဆောင်မှု ပေးရာမှလည်း အကျိုးမြတ်များ ရရှိနေပါတယ်။

6- Financial Services
ကမ္ဘာ အနှံ့ငွေ လွှဲ ၀န်ဆောင်မှုများလည်း လုပ်ဆောင်နိုင်ရာက အကျိုးအမြတ်များ ရရှိနေကြပါတယ်။

ထို ecosystem များရှိနေခြင်းဟာ Bitcoin ကို ၀ယ်လိုအား ၊ ရောင်းလိုအား မျှတနေစေပါတယ်။

Bitcoin စျေးကွက်စလာပုံ
▄▄▄▄▄▄▄▄▄▄▄▄▄▄

satoshi nakamoto ဟာ Bitcoin 1သန်း ကို ပထမဆုံး Block အနေနဲ့ စတင် မှတ်တမ်းတင်တူးဖော်ပြီးနောက်သူ့ရဲ့ bitcoin source code တွေကို public မှာ တင်ထားခဲ့ပြီး ပျောက်ကွယ် သွားခဲ့ပါတယ်။

Bitcoinကို စုစုပေါင်း 21 သန်း ထုတ်လုပ်မယ်လို့ program ရေးထားခဲ့တာ ဖြစ်ပါတယ်။

ကျန်ရှိခဲ့သော သန်း 20 ကို အခြား computer programmer များက Bitcoin ရဲ့ source code မှ ယူကာ စမ်းသပ် တူးဖော်ခဲ့ပြီး payment အနေနဲ့ အပျော် သဘော စမ်းသုံးခဲ့ကြပါတယ်။
2011 ခုနှစ်မှာ ပီဇာတစ်ခုကို bitcoin 10000 နဲ့ စတင် ၀ယ်ယူ ခဲ့ပါတယ်။

ထို့နောက်မှာ Bitcoin ကို internet ပေါ်က computer programmer များရဲ့ ကြားခံ ငွေတစ်ခုအနေနဲ့ အသုံးပြုလာ ရာကနေ 2013 မှာcrypto stockmarket အဖြစ် တင်ကာ လူတိုင်း၀ယ်လို့ရအောင်ပြုလုပ်ပေးခဲ့ပါတယ်။

ထိုအချိန်မှ စတင်ကာ အခြား crypto များလည်း ပေါ်ပေါက်လာ ပြီး ယနေ့မှာ crypto ပေါင်း 1500 လောက်နဲ့ coinmarket ကြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

Bitcoin ကိုလက်၀ယ်ရရှိနည်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Bitcoin digital code ကို ရရှိနိုင်တဲ့ နည်းလမ်း ၂ နည်းရှိပါတယ်။
1- ၀ယ်မယ်
2- တူးမယ်

၀ယ်ယူတယ်ဆိုတာကို ၂ နေရာမှာ လုပ်လို့ရပါတယ်.။
1- မိုင်းတူးစုဆောင်းသူတွေဆီက၀ယ်တယ်(offline)
2- Exchange တွေဆီနေ၀ယ်တယ်(online)

Exchange တွေဆီမှာ၀ယ်ဖို့ visa,master,credit card တွေကို သုံးပြီး ၀ယ်နိုင် ပါတယ်။ နောက်ပိုင်းမှာတော့ credit card ကို ပေးမသုံးပဲ မိမိစာရင်းရှိငွေ visa, master card တွေနဲ့သာ ၀ယ်စေပါတယ်။

Bitcoin ကို တန်ဖိုးမြင့်တက်စေနိုင်တဲ့၀ယ်ယူစုဆောင်းစရာasset အနေနဲ့ လက်ခံလာကြတဲ့ အခါ ၀ယ်ယူစုဆောင်းသူလည်း ပိုမို များပြားလာပါတယ်။

Exchange တွေကနေ visa card တွေနဲ့ ၀ယ်ယူတဲ့အခါ bank တွေက ထို ၀န်ဆောင်ခ ကို အခြား ၀န်ဆောင်ခတွေထက် ပိုမို ယူဆောင်ကြပါတယ်။

Bitcoin ကို အဓိက ၀ယ်ယူစုဆောင်းသူ ၂ မျိုးရှိပါတယ်။
1- Institutional investors(ကြီးမားသော investorများ)
2- Retail investors ( တနိုင်တပိုင် investor များ)

Institutional investor များဟာ စျေးကွက်ကို အဓိက ထိန်းချုပ် ထားနိုင်တဲ့ အထိ စျေးကွက်ဝေစုကို ရယူထားနိုင်ကြပါတယ်။

ထိုသူများ ၀ယ်လိုက်လျှင် စျေး ထိုးတက်သွားပြီး ရောင်းလျှင် စျေကျတက်တယ် လို့ ယေဘူယျ ယူဆရပါမယ်။

Bitcoin ကို အသုံးပြ ုနေပုံ
▄▄▄▄▄▄▄▄▄▄▄▄▄▄

Bitcoin ကို အသုံးပြုပုံ 2 မျိုးရှိပါတယ်။
1-၀ယ်ယူစုဆောင်ဖို့(အိမ်မြေ ၊ ရွှေ စတာတွေ၀ယ်စုသလို)
2-payment အနေနဲ့ သုံးဖို့

ထို ၂ ခုဟာ သတ်ဆိုင်ရာနိင်ငံအပေါ်မူတည်ကွဲပြားပါသေးတယ်။
အချို့နိုင်ငံတွေဟာ ၀ယ်ယူစုဆောင်းတာကို လက်ခံပေမယ့် payment အနေနဲ့ လက်မခံတာမျိုး ရှိသလို
အချို့နိုင်ငံများကတော့ ၂ မျိုးလုံးလက်ခံ ကြပါတယ်။

Legal digital asset လို့ သုံးနှုန်းတက်ပြီး
Not allow payment လို့ သတ်မှတ်တက်ကြပါတယ်။

Cryptocurrency ကို တရား၀င်စေသောနည်းလမ်းများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

နိုင်ငံ တစ်ခုနဲ့ တစ်ခု bitcoin အပေါ် သဘောထားမတူကြသလို ထိုသဘော ဟာအချိန်တိုင်း ပြောင်းလဲနေပါတယ်။

ဗဟိုဘဏ် အချို ရဲ့ cryptocurrency အပေါ် အမြင်ဟာ နိုင်ငံခြား သုံးငွေ ဆိုတဲ့ အမြင် ရှိနေပါတယ်။

ဒီလို ဆို ရင် နိုင်ငံခြားသုံးငွေ ဆိုင်ရာ ဥပဒေနဲ့ အဆင်မပြေနိုင် ပါဘူး။

Cryptocurrency ကို လက်ခံလာတဲ့ နိုင်ငံကြီးတွေကတော့ crypto ကို နိုင်ငံခြားသုံးငွေလို့ မမြင်ပါဘူး။

2 မျိုး ခွဲခြားထားတာတွေ့ရပါတယ်။
1- Digital medium exchange အနေနဲ့မြင်တယ်(amazon စျေး၀ယ်codeလို)
2- Digital asset အနေနဲ့မြင်တယ်(အိမ်ခြံမြေ လို asset)

US လို နိုင်ငံကြီးတွေက Digital medium exchange အနေ နဲ့ရော crypto asset အနေနဲ့ရော လက်ခံကြပါတယ်။

တချို့နိုင်ငံတွေကတော့ commodity(asset)ထဲ သတ်မှတ် ပြီး regulate လုပ်ကြတယ်။

Commodity ဆိုတာ Stock exchange ခေါင်းစဉ်အောက်က အစုရှယ်ရာ၊ ရွှေ ၊ ဒေါ်လာ ၊ ရေနံ စတာတွေဖြစ်ပါတယ်။

Crypto currency ကို Digital asset လို့ သတ်မှတ်ပြီး ခွင့်ပြု လိုက်တာ ဖြစ်ပါ တယ်။

စင်္ကာပူ မှာ ဆိုရင် Bitcoin အတွက် အလွယ်တကူ ငွေလဲနိုင် အောင် Bitcoin ATM 25 ခု လုပ်ပေးထားတယ်။

Exchanger တွေကို အခွန် ကောက် ယူ ကြပါတယ်။

ထို Exchanger တွေဟာ local bank တွေနဲ့ ချိတ်ဆတ်မှု ရှိရ ပါတယ်။

ယေဘူယျအားဖြင့် local bank တွေ နိုင်ငံတကာ အဆင့်မှီ ၀န်ဆောင်မှု တွေ ရှိလာနိုင်မှ local crypto exchange တွေ တိုးတက်လာတာတွေ့ရပါတယ်။

Cryptocurrency ဆိုတဲ့ အမည်ကြောင့် currency အဖြစ် ရောထွေးမှုမဖြစ် အောင် Digital asset လို့သာ သုံးနှုန်းကြတာ ကို တွေ့ရပါတယ်။

Cryptocurrency ကိုထိန်းချုပ်ခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Cryptocurrency ကို ထိန်းချုပ်ဖို့ စဉ်းစားရင် အားသာချက်တွေ ကို ရနိုင်တဲ့ နည်းလမ်းဘက်ကို ပညာပိုပေးပြီး အားနည်းချက် တွေဘက်ကို တော့ ထိန်းချုပ် ရမှာဖြစ်ပါတယ်။

Cryptocurrency ကို နိုင်ငံခြား သုံးငွေ ဆိုတာထက် Digital asset အနေနဲ့သာ သုံးသပ် ဆုံးဖြတ်ရတာ ပို အမြင် ရှင်းပါ လိမ့််မယ်။

Local exchanger များကို စနစ်တကျ မှတ်ပုံတင်စေပြီး local exchanger website တွေမှာ မှတ်ပုံတင်လာမယ့် user များရဲ့ KYC ကို မဖြစ်မနေ တောင်း ခံရမှာဖြစ်ပါတယ်။

တစ်ယောက်ခြင်းစီရဲ့ ၀ယ်ယူတဲ့ပမာဏ ရောင်းချတဲ့ ပမာဏ မှတ်တမ်းတွေ ရှိမှ သာလျှင် လိုအပ်ပါက တိုက်ဆိုင် စစ်ဆေးနိုင် မှာဖြစ်ပါတယ်။

Exchanger များစီမှအခွန် ကောက်ယူ ရ မှာ ဖြစ်ပါတယ်။

Exchanger တိုင်းမှာ user တွေ သိရမယ့် risk warning တွေကို ရှင်းလင်းစွာ ပြသထားရမှာဖြစ်ပါတယ်။

သတ်ဆိုင်ရာဗဟိုဘဏ် အနေနဲ့ မိမိ ခွင့်ပြုနိုင်တဲ့cryptocurrency ပုံစံကို ကြေငြာပေးရမှာ ဖြစ်ပါတယ်။

Digital asset အနေနဲ့သာ ခွင့်ပြုနိုင်မယ်ဆိုရင် payment အနေ နဲ့ တားမြစ်ရမှာ ဖြစ်ပါတယ်။

Cryptocurrency ကြောင့် ဖြစ်နိုင်တဲ့ငွေမဲခဝါချမှုကို ထိန်းချုပ်ခြင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Cryptocurrency ကြောင့် ဖြစ်လာနိုင်တဲ့ transaction တွေမှာ ပြည်ပသို့ အထွက် ပြည်ပမှ အ၀င် ၂ မျိုးသာရှိပါတယ်။
အ၀င်ရောအထွက်ရော Local exchanger စီမှာ ငွေသားပြောင်း လဲမှု မဖြစ်မနေလုပ်ရမှာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ bitcoin payment လက်ခံခြင်းမရှိတာဟာ local ငွေကြေးကို မဖြစ်မနေလိုအပ်မှာ ဖြစ်လို့ ပြည်ပကို ပို့လျှင် local exchanger ထံမှာ Bitcoin ကို ၀ယ်ယူဖို့လိုပြီး ပြည်ပမှ ၀င်လာ လျှင်လည်း local exchanger ထံမှာ ငွေသားလဲယူရမည်ဖြစ်ပါ တယ်။
ဒါကြောင့် KYC စနစ်ရှိသော Local exchanger များရှိနေဖို့ အရေးကြီးတာဖြစ်ပါတယ်။

Blockchain နည်းပညာ အသုံး၀င်မှုများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Blockchain နည်းပညာ ရဲ့ အသုံး၀င်မှုကို နားလည်နေမှ အသုံးပြု မှုကို နားလည်မှာ ဖြစ်ပါတယ်

Blockchain ဆိုတာ ရှေ့မှာ ရှင်းပြခဲ့သလို ပါပဲ အင်တာနက် ထဲက computer တိုင်း မှာ ရှိနေနိုင်တယ်။
Bitcoin တို့လို cryptocurrency တွေဟာ ထို blockchain နဲ့ တည်ဆောက်ရ တဲ့ mobile,website application တွေသာ ဖြစ်ပါတယ်။

Blockchain ကို ထပ်သုံးနိုင်တဲ့ နေရာတွေကတော့
1- ပိုင်ဆိုင်မှု စာချုပ်စာတန်းတွေ
2- သဘောတူညီမှု စာချုပ်တွေ
3- မဲ ပေး စနစ်တွေ
စတာတွေ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှု စာချုပ်
▄▄▄▄▄▄▄▄▄

ပိုင်ဆိုင်မှုစာချုပ်တွေလုပ်တဲ့အခါမှာ စာရွက်တွေနဲ့ လုပ်ရင် ပြုပြင် ရ လွယ်တယ်
Blockchain နဲ့ ပြုလုပ်မယ်ဆိုရင်တော့ စာချုပ်ပါ အချက်အလတ် တွေကို Block တစ်ခုစီမှာ ခွဲ သိမ်း ထားပြီး ထို block တွေကြား က ဆက်သွယ်မှုကို လျှို့ဝှက် သင်္ကေတ(Hash)နဲ့ ခံထားတယ်။ ထို Hash ဟာ ရှေ့ Block နောက် Block တွေကို ဆက်သွယ် ပေး တယ်။
တကယ်လို့ ထို Block တွေကြား အချက်အလတ်သစ် ထပ်ထည့် မယ်ဆိုရင် ထို Hash တွေရဲ့ ဆက်သွယ်မှ ပျက်ဆီးပြီး ထို Blockchain ရပ်တန့်သွားမယ်။
ဒါကြောင့် လုပ်ပြီးသား စာချုပ်ကို ပြုပြင်လို့မရဘူး။
လုံခြုံတယ်။

Smart Contract
▄▄▄▄▄▄▄▄▄▄

ပုံမှန်အားဖြင့် အရောင်းအ၀ယ်စာချုပ်ချုပ်တဲ့အခါမှာ ဘယ်နေ့ ဘယ်ရက်မှာ ငွေ ပေးမယ်ဆိုတာတွေကို ချူပ်ဆိုကြတယ်။
ဒီလိုချုပ်ဆိုမှုတွေက စာရွက်ပေါ်မှာပဲမို့ ပျက်ပြယ်သွားတဲ့ အခါ တရားရုံး စရိတ် တွေပါထပ်ကုန်တယ်
ဒီလို မဖြစ်ရအောင် Blockchain နဲ့ ချုပ်ဆိုကြတယ်။
Blockchain နဲ့ smart contract ရေးလိုက်မယ်ဆိုရင် ဘယ်နေ့ ဘယ်အချိန်မှာ ငွေချေမယ်ဆိုတဲ့ သဘောတူညီမှု Block နဲ့ ၂ ဖက် ရဲ့ bank account တွေကို ချိတ်ဆတ်ပေးလိုက်တယ်။
အချိန်စေ့တာနဲ့ အလိုလို ငွေလွှဲပေးမှာဖြစ်တယ်။

ဒါဟာ စာချုပ်စာတန်း တွေကို ပိုမို ခိုင်မာလာစေတယ်။

Voting
▄▄▄▄

Online ကနေ မဲပေးခြင်းကို လုပ်ဆောင်နေကြပေမယ့် မဲခိုးလို တဲ့အခါ hacker တွေ အကူညီနဲ့ အလွယ်တကူ လုပ်လို့ရတဲ့ အ တွက်ကြောင့် အဆင်အပြေပါဘူး။

Blockchain စနစ်နဲ့ မဲပေးတဲ့အခါမှာတော့ ဒီလို မဲစာရင်းတွေကို hack လို့မရသ လို ပြုပြင်လို့လည်းမရတဲ့အတွက် Blockchain ကို မှန်ကန်တဲ့ရွေးကောက်ပွဲတွေ မှာ သုံးနိုင်မှာဖြစ်ပါတယ်။

သိရှိရန်လိုအပ်သော အချက်များကို သာ ဖော်ပြထားခြင်းဖြစ်ပါတယ်။
to original

#ခရစ်တို 😀😀😀

02/05/2020

ကျနော် ဒီ Pageထောင်ထားတဲ့ အဓိက ရည်ရွယ်လေးတွေပြောပြချင်ပါတယ် ခင်ဗျာ

၁ အချက်။ ။ ကျနော်ရှာဖွေ သိရှိထားတမျှကိုKnowledge sharing လုပ်ပေးဖို့
အဓိက ရည်ရွယ်ထားပါတယ်။

၂ အချက်။ ။တဖက်တလမ်းက passive income ရအောင် online မှာ ပိုက်ဆံဘယ်လိုရှာလို့ရလဲ ဆိုတာ သိစေချင်ပါတယ် ခင်ဗျာ ။

၃ အချက်။ ။Online earning ကို စိတ်ဝင်စားပီး
ဘယ်ကနေစလုပ်ရမှန်းမသိဖြစ်နေတယ်သူတွေ
ကို တဖက်တလမ်းက ကူညီပေးဖို့ ရည်ရွယ်ပါတယ်ဗျာ။

မှတ်ချက် ။ ။ ကျနော်လည်း သင်ယူနေဆဲသူတယောက်ပါဗျာ၊ ဆရာတယောက်လည်းမဟုတ်တလို ကိုယ်ကိုကိုယ် လည်း ဆရာတယောက်လို မသတ်မှတ်ထားပါဘူး။

ပီးတော့ တချိူ့က Page ကို referal ရချင်လို့ ထောင်ထားတယ် ထင်ကြပါတယ်၊
ကျနော်ကိုယ်တိုင်က refer ရှာရတာ စိတ်မဝင်စားတလို့ referal post လည်း တင်တာရှာပါတယ်ဗျာ ။

ကျနော် အဓိက ရည်ရွယ်ချက်ကတော့ လူတိုင်း
Online ကနေ ဝင်ငွေတခုခု ရှာလို့ရတယ် ဆိုတဲ့
Knowledge လေး ရစေချင်တာပါ ခင်ဗျာ။

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ။

ဒီည 11 PM ကျရင် ဒီ page မှာ newbie တွေအတွက်မသိ နားမလည်တာတွေလာမေးလို့ရအောင်Live လွင့်ပီး ရှင်းပြပေးသွားမှာ ဖြစ်ပါတယ် ခင်ဗ...
01/05/2020

ဒီည 11 PM ကျရင် ဒီ page မှာ newbie တွေအတွက်
မသိ နားမလည်တာတွေလာမေးလို့ရအောင်
Live လွင့်ပီး ရှင်းပြပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ

Live လွင့်တဲ့ အချိန်ချက်ချင်း သိရအောင်
Page ကို like and follow လုပ်ထားပေးနိုင်ပါတယ် ခင်ဗျာ...

Address

Mandale

Opening Hours

Monday 09:00 - 17:00
Tuesday 23:00 - 17:00
Wednesday 23:00 - 17:00
Thursday 23:00 - 17:00
Friday 23:00 - 17:00
Saturday 23:00 - 17:00
Sunday 23:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Myanmar Bitcoin Learning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category