18/06/2021
"Onlineမှ စျေးဝယ်ယူခြင်းအပေါ် ဝယ်ယူသူများ၏ သဘောထားအား လေ့လာခြင်း'' Titleနဲ့ စာတမ်းလေး လုပ်နေပါတယ်။ ကူညီဖို့ မေတ္တာရပ်ခံပါတယ်။ သေချာတာကတော့ အများအတွက် အသုံးချတဲ့နေရာမှာလည်း ပြန်အသုံးပြုမှာပါ။
Online မှဈေးဝယ်ယူခြင်းအပေါ် ဝယ်ယူသူများ၏ သဘောထားအားလေ့လာခြင်း။
11/01/2021
“မိုတီဗေးရှင်းလား မိုတီဗေးဂျင်းလား”
၁။ အပြင်မှသည် အတွင်းသို့
ကျွန်တော့်အပေါ် လွှမ်းမိုးမှုကြီးတဲ့ စာရေးဆရာတစ်ယောက်ကို ပြောပါဆိုရင် ဆရာဖေမြင့်ကို ရွေးရပါလိမ့်မယ်။ အဲဒီတုန်းက ဆယ်ကျော်သက်ဘ၀ အဆင်မပြေမှုတွေ၊ မိဘနဲ့ မပြေလည်တာတွေကြောင့် စိတ်ဓါတ်တွေကျ၊ သိမ်ငယ်စိတ်တွေ ဝင်ခဲ့ဖူးပါတယ်။ အဲ့လိုနဲ့ ဆရာဖေမြင့်ရဲ့ စာအုပ်တွေ ဖတ်ဖြစ်တယ်ပေါ့။
စိတ်ဓါတ်တက်တာကတော့ ခဏတစ်ဖြုတ်ပါပဲ။ ဒါပေမဲ့ စာဖတ်သမားရဲ့ မှတ်စု၊ စာအုပ်ကမ္ဘာ စတဲ့ စာအုပ်တွေကတစ်ဆင့် အဲ့လို စာဖတ်တဲ့သူ၊ အတွေးအမြင်ရှိတဲ့သူတစ်ယောက် ဖြစ်ချင်လိုက်တာ ဆိုတဲ့ စိတ်တွေ ဝင်လာခဲ့တယ်။ နောက် သူ့စာတွေကတစ်ဆင့် ပရော်ဖက်ရှင်နယ် ဆိုတာ ဘာလဲ၊ ပရိုတစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ၊ အလုပ်လုပ်တဲ့ပုံစံတွေကို အားကျခဲ့ရတယ်။
မရှက်တမ်း ဝန်ခံံရရင် ကျွန်တော်က ငယ်ငယ်ကတည်းက စာအုပ်စာပေတွေ အများကြီး ဖတ်ခဲ့တဲ့သူ မဟုတ်ဘူး။ ကျောင်းစာပဲ လုပ်တာ။ စာမေးပွဲမှာ အမှတ်များဖို့ အဓိကကိုး။ ဆေးကျောင်း ရောက်တော့လည်း ပိုဆိုးသွားတာပေါ့။ အဲ့လိုလူတစ်ယောက်ကို စာအုပ်စာပေတွေ ဖတ်ရကောင်းမှန်း သိလာစေခဲ့တယ်။
ခုအရွယ်မှာရော Motivation မလိုတော့ဘူးလားဆို လိုတာပေါ့။ စိတ်အားထက်သန်မှုဆိုတာ ကိုယ့်အလုပ်ကို အကောင်းဆုံး လုပ်နိုင်စေဖို့ တွန်းအားပဲ မဟုတ်လား။ ဒါပေမဲ့ အပြင်ကနေ တစ်ယောက်ယောက်က ပြောမှ၊ ရေးမှ တက်ကြွလာတာမျိုး မဟုတ်တော့ဘဲ အတွင်းထဲကနေ လာတဲ့ စိတ်အားထက်သန်မှုမျိုး ဖြစ်လာတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ တန်ဖိုးကို နားလည်တာ၊ ချစ်တာ စတာတွေပေါ့။
ပြောရရင် Motivation ဟာ လိုအပ်ပါတယ်။ သို့သော် ငယ်သေးတဲ့အရွယ်၊ ကျောင်းသူကျောင်းသား အရွယ်မှာတော့ များသောအားဖြင့် အပြင်ကနေ လာတဲ့ တွန်းအားတွေကိုပဲ ယူကြရတယ်။ ဒါကြောင့် တက်ကျမ်းစာအုပ်တွေဟာ အရေးမပါဘူး၊ မလိုအပ်ဘူးလို့တော့ ကျွန်တော် ကျေးဇူးမကန်းချင်သလို ဖတ်နေတဲ့သူတွေကိုလည်း နှိမ်မပြောချင်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအနေအထားကနေ တက်လာတာမို့လို့ပဲ။
■ ■ ■ ■ ■ ■ ■
၂။ ဒီနေ့ခေတ် လူငယ်တွေ
ပြောကြတယ်။ ခုခေတ် လူငယ်တွေ သိပ်ကံကောင်းတာပဲတဲ့။ အခွင့်အရေးတွေ ပွင့်လာတယ်။ လွတ်လပ်တယ်။ ဖြစ်ချင်တာအကုန် ဖြစ်ခွင့်ရတယ်။ ငယ်ငယ်လေးနဲ့ အောင်မြင်နိုင်တယ်။ အချိန်တိုလေးအတွင်း နာမည်ကြီးနိုင်တယ်။
ဒါပေမဲ့ မေ့ထားဖို့ မသင့်တာက ခုခေတ်လူငယ်တွေကြားထဲမှာ Inequality ဆိုတဲ့ မညီမျှမှုဟာ သိပ်ကြီးလာတယ် ဆိုတာပဲ။
မိဘက မပြည့်စုံရင်၊ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား မလှရင်၊ သူများသုံးသလို မသုံးနိုင်ရင် ဆယ်ကျော်သက် သဘာ၀ သိမ်ငယ်ကြတာပါပဲ။ ဒါပေမဲ့ အရင်ခေတ်က သုံးနိုင်စွဲနိုင်သူ သိပ်မရှိတော့ ခံသာသေးတယ်။ ဘတ်စ်ကားနဲ့ ကျောင်းတက်သူက ၇ ယောက်၊ ကိုယ်ပိုင်ကားနဲ့ လာသူက ၃ ယောက်။ ခုခေတ်ကျ ကိုယ်ပိုင်ကားနဲ့ လာတဲ့သူက ၈ ယောက်။ ဘတ်စ်ကားနဲ့က ကိုယ်ရယ်၊ နောက်တစ်ယောက်ရယ်ပဲ ဖြစ်လာတဲ့အခါ အဆင်မပြေတော့ဘူး။ သိမ်ငယ်စိတ်က ပိုကြီးလာတယ်။ ကိုယ့်ဘဝကိုယ် အားမရတော့ဘူး။
တစ်ဖက်မှာလည်း ခေတ်က တအားတိုးတက်လာတယ်။ ရုပ်ဝတ္ထု ဆန်လာတယ်။ လိုချင်စရာတွေ များလာတယ်။ ဘယ်သူ့ကြည့်လိုက် ကြည့်လိုက် လှနေတယ်။ ပစ္စည်းကောင်းကောင်းတွေ သုံးနေကြတယ်။
ဆိုတော့ ဒီခေတ်က လူငယ်တချို့အတွက် အခွင့်အလမ်း ပိုများလာပေမဲ့၊ တချို့အတွက်တော့ ပိုပြီး စိတ်ဓါတ်ကျစရာ ဖြစ်လာတယ်။ ဘဝတွေက မတူညီတဲ့အခါ ရတဲ့ အခွင့်အလမ်းချင်းလည်း မတူတော့ဘူး။
ချမ်းသာတဲ့ မိဘက ပေါက်ဖွားလာတဲ့ လူငယ်ဟာ ပညာကောင်းကောင်း သင်ခွင့်ရမယ်။ နိုင်ငံရပ်ခြားကို အလည်အပတ်တွေ သွားဖူးမယ်။ ငယ်ငယ်လေးနဲ့ အမြင်ကျယ်မယ်။ နယ်က ကလေးတွေ၊ တိုင်းရင်းသားဒေသက လူငယ်တွေမှာတော့ ဆယ်တန်းလေး အောင်ဖို့တောင် အနိုင်နိုင်။ အင်္ဂလိပ်စာဆိုလည်း အတော်အားနည်းကြတယ်။ နည်းပညာဆိုရင်တောင် စကားလုံးက ကြီးပါသေးတယ်။ Microsoft Word, Excel, Powerpoint တောင် သေချာမသုံးတတ်ကြဘူး။ ဒါဖြင့် မေးမယ်။ သင်တန်းတွေကျ တက်တယ်လေ၊ ဘာလို့ မလုပ်တတ်ရတာလဲ။ ရှင်းပါတယ်။ သင်ပြီး ပြန်လေ့ကျင့်စရာ လပ်ပ်တော့ပ်မှ မရှိတာ။
အဲ့လို အုပ်စု ၂ စုကြားထဲက ကွာဟချက်က သိပ်ကြီးလာတဲ့အခါ၊ လူငယ်အများစုဟာ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ ရမနေတဲ့အခါ၊ အဲ့လိုရခဲ့တဲ့ လက်တစ်ဆုပ်စာ လူတွေက သူတို့အတွက် Idol တွေ ဖြစ်လာကြတယ်။
■ ■ ■ ■ ■ ■ ■
၃။ Motivational speaker တွေရဲ့ ပြဿနာ
Motivational speaker တော်တော်များများကို ကြည့်လိုက်ရင် မိဘချမ်းသာတဲ့ Rich kid တွေ ဖြစ်နေကြတာ များတယ်။ ဒါ သူတို့အပြစ်လည်း မဟုတ်ဘူး။ မိဘဆိုတာ ရွေးချယ်လို့ ရတာမျိုးမှ မဟုတ်တာ။ နောက်ပြီး သူတို့ဘဝမှာလည်း သူ့အတိုင်းအတာနဲ့သူ အဆင်မပြေမှုတွေ၊ ရုန်းကန်ရတာတွေ၊ အခက်အခဲတွေ ရှိကြတာပဲ။
ဒါပေမဲ့လည်း မိဘက ချမ်းသာတဲ့အတွက် သူတို့ရဲ့ တာထွက်မှတ်ကိုက ကျန်တဲ့လူ တော်တော်များများ တစ်နေ့ရောက်မယ်လို့တောင် မမှန်းရဲလောက်တဲ့ နေရာ ဖြစ်နေပြီ။
မိဘက ဘာအရင်းအနှီးမှ မပေးပါဘူးဆိုရင်တောင် မိဘချမ်းသာတဲ့အတွက် သူတို့ဟာ ငယ်ငယ်ကတည်းက လူဝင်ဆံ့တယ်။ အသိုင်းအဝိုင်း ကျယ်တယ်။ ဘယ်သူ့သားလို့ မိတ်ဆက်လိုက်တာနဲ့ကို တော်တော်များများ အဆင်ပြေသွားပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်။ နိုင်ငံရပ်ခြားတွေ သွားဖူးမယ်။ စီးပွားရေးဆိုတာ ဘယ်လိုလုပ်ရသလဲ သိတယ်။
ပြောချင်တာက မိဘချမ်းသာတယ်ဆိုတာ ငွေတစ်ခုတည်း ချမ်းသာတာ မဟုတ်ဘူး။ သားသမီးတွေကို Personality ကောင်းစေတယ်။ Exposure ရစေတယ်။ Network ကျယ်စေတယ်။ ဒီအနေအထားကနေ စပြီး ပြိုင်ပွဲဝင်ရတာ။
သူတို့ကို အားကျနေသူတွေကျတော့ အစိုးရဝန်ထမ်း မိဘကနေ ပေါက်ဖွားလာတာမျိုး ဖြစ်ရင်ဖြစ်နေမယ်။ ရန်ကုန်ကိုတောင် မရောက်ဖူးတဲ့သူတွေ ပါကောင်းပါမယ်။ (အားလုံးတော့ မဟုတ်ပေမဲ့) အဲ့လို မတူညီတဲ့ ဘဝတွေကို ထည့်မစဉ်းစားဘဲ သူတို့ရဲ့ ဖြတ်သန်းမှုအပေါ် အခြေခံပြီးပဲ ဟောပြောနေကြတာက ပြဿနာ ဖြစ်လာတယ်။ နားထောင်လို့တော့ ကောင်းတယ်။ ဒါပေမဲ့ လက်တွေ့မှာ အံမဝင်ဘူး။ Career achievement မရှိတဲ့သူဆို ပိုတောင်မှ ဆိုးသေးတယ်။
■ ■ ■ ■ ■ ■ ■
၄။ ပရိသတ်နောက်ကို လိုက်၊ ပိုက်ဆံတွေ ပိုက် ... ဒါပေမဲ့
အများစုဟာ ပညာရေး အားနည်းတယ်။ ဒီတော့ Google မှာ အလွယ်တကူ ရှာလို့ရတဲ့ စာလေးတွေ ဘာသာပြန်ပြီး ရေးရုံနဲ့ကို အားပေးခံရတယ်။ အဲ့လိုနဲ့ ပရိသတ်နောက် လိုက်ရင်းနဲ့ သူတို့ကိုယ်တိုင် Comfort zone ထဲ ပြန်ရောက်နေကြတယ်။ ၂၀၁၅ တုန်းကလည်း “သင် ရှုံးနိမ့်သွားတာ မဟုတ်ပါဘူး၊ မအောင်မြင်သေးတာပါ”။ ၂၀၁၇ ရောက်တော့လည်း “၇ ခါလဲရင် ၈ ခါ ပြန်ထ”။ ၂၀၂၁ ရောက်တဲ့အထိလည်း ဒီလိုစကားတွေ ပြောနေ၊ ရေးနေတုန်းပဲ။
အနုပညာလောကလိုပေါ့။ ပေါကားတွေကို လူတွေအားပေးတော့ အဲဒါတွေပဲ ရိုက်ကြ။ အဲ့လိုနဲ့ ပိုပိုကောင်းအောင် ဖန်တီးမယ်ဆိုတဲ့ အားထုတ်မှုမျိုး မရှိတော့ဘဲ Comfort zone ထဲ ရောက်သွားပြီး ဖန်တီးမှု အဆင့်အတန်းတွေ နိမ့်နိမ့်လာတယ်။ Production Quality တွေ ပိုကောင်းလာပေမဲ့ Content Quality တိုးတက်မှုနှုန်းကတော့ အောက်ကို ထိုးစိုက်လာတယ်ပေါ့။
■ ■ ■ ■ ■ ■ ■
၅။ စဉ်းစားပြီးမှ လက်ခံ
တကယ်တော့ ကျွန်တော်တို့ စာတွေရေးတယ်၊ ဟောပြောကြတယ် ဆိုတာ ကိုယ့်အတွေ့အကြုံကို လက်ဆင့်ကမ်းတာပဲ။
ဥပမာ ကျွန်တော်တို့ တစ်နေရာရာ သွားမယ်။ ကျွန်တော်က ပြည်လမ်းကနေ သွားတော့ ကားပိတ်တယ်။ အဲဒီအခါ နောက်ကနေ လိုက်လာမဲ့သူတွေကို "ပြည်လမ်းက မလာနဲ့၊ အင်းယားလမ်းက လာ" လို့ လှမ်းပြောလိုက်တော့ နောက်က လာရတဲ့သူတွေဟာ ကျွန်တော့်လို မမှားတော့ဘူး။ ဒါမှမဟုတ်လည်း "ပြည်လမ်းကနေ လာခဲ့" လို့ ပြောလိုက်မယ်။ ဒါဆို ကျွန်တော့်တုန်းကလို စမ်းတဝါးဝါး မဖြစ်တော့ဘူး။
ဒါပေမဲ့ အခါခပ်သိမ်းတော့ ဘယ်မှန်ပါ့မလဲ။ ကျွန်တော် သွားတုန်းကကျ ဒီလမ်းက ကားပိတ်ပြီး သူတို့အလှည့်ကျ ချောင်ချင်ချောင်နေမယ်။ ကျွန်တော့်တုန်းက ချောင်ပြီး သူတို့လာမှ ပိတ်သွားတာလည်း ဖြစ်ရင်ဖြစ်မယ်။
ဥပမာ ကျွန်တော်ဆိုရင် ဘယ်နှနှစ်အတွင်း ဘာဖြစ်ရမယ် ဆိုပြီး ရည်မှန်းချက်တွေ မရှိဘူး။ ဘာလို့လဲဆိုတော့ ကြိုတင်ခန့်မှန်းထားတိုင်း လွဲတတ်လို့။ နောက်တစ်လစာလောက်ပဲ ခေါင်းထဲ ရှိတယ်။ ကိုယ့်အတွက်ကတော့ ဒီပုံစံက ကောင်းတယ်။ အလုပ်ဖြစ်တယ်။ စိတ်လည်း ချမ်းသာရတယ်ပေါ့။ သို့သော် အဲဒါကိုပဲ အမှန်ပါ ဆိုပြီး ပြောနေလို့တော့ မရဘူး။ စနစ်တကျ ရည်မှန်းချက်တွေ ချပြီး ဘဝမှာ အောင်မြင်နေတဲ့သူတွေလည်း တစ်ပုံကြီးပဲလေ။
ဒါကြောင့် လူငယ်တွေကို ပြောချင်တာက ဘယ်သူပြောတာမှ တစ်ထစ်ချ မယုံနဲ့။ ကျွန်တော်တို့အားလုံးဟာ ကိုယ့်အတွေ့အကြုံအပေါ် အခြေခံပြီးပဲ ပြောနေကြတာ။ နားထောင်၊ စဉ်းစား၊ ကိုယ်နဲ့ကိုက်တာ ကိုယ်ယူ။ အဲ့လိုပုံစံမျိုးက အကောင်းဆုံးပဲ။
ဥပမာ Comfort zone ကနေ ထွက်ပါ ဆိုတာ မမှန်ဘူးလားဆို မှန်တယ်။ တချို့တွေ အဖွဲ့အစည်း တစ်ခုတည်းမှာ နှစ်ရှည်လများ အလုပ်လုပ်တယ်။ ရာထူး ထပ်တိုးဖို့ မရှိသလို၊ လစာလည်း များများစားစား မတိုးတော့ဘူး။ သူလုပ်နေကျ အလုပ်တွေကိုပဲ လုပ်နေရတဲ့အတွက် ဘာမှလည်း ကြီးကြီးမားမား ခေါင်းမရှုပ်တော့ဘူး။ ဒါသည် Comfort zone ပဲ။ အေးအေးဆေးဆေးလေး ခေါင်းမရှုပ်ချင်လို့ ဒီမှာပဲ ဆက်လုပ်မယ်ဆို ရပေမဲ့ တိုးတက်ချင်ရင်တော့ ဒီထဲက ထွက်ရမယ်။
သို့သော် သူများတွေ ထွက်လိုက်တဲ့ Comfort zone ဆိုတာ အဖေ့ဆီက သိန်း ၁၀၀ တောင်းပြီး လုပ်ငန်း စလုပ်လိုက်တာမျိုး။ အဆင်မပြေရင် အဲ့ Zone ထဲ အချိန်မရွေး ပြန်ဝင်လို့ ရတယ်။ ကိုယ်တွေ ထွက်လိုက်တဲ့ Comfort zone ဆိုတာ ထွက်လိုက်ပြီးတာနဲ့ လုံးဝပျောက်ပျက်သွားမဲ့ နေရာမျိုး ဖြစ်နေလား။ သေချာ စဉ်းစားကြည့်သင့်တယ်။
မှတ်ထားပါ။ သူ့ပုစ္ဆာအတွက် မှန်နေတဲ့ အဖြေကို ကိုယ့်ကို မေးထားတဲ့ ပုစ္ဆာမှာလည်း မှန်မှာပဲ ဆိုပြီး လာဖြေချင်လို့ မရပါဘူး။
■ ■ ■ ■ ■ ■ ■
၆။ လူငယ်လူကြီးများသို့
ဒါကြောင့် ညီတို့၊ ညီမတို့ အရင်ဆုံး ဘာစလုပ်သင့်လဲဆိုရင် 'အင်္ဂလိပ်စာ' လုပ်ပါ။ အင်္ဂလိပ်စာဆိုတာ ကမ္ဘာကြီးနဲ့ ထိတွေ့ဖို့အတွက် တံတားတစ်စင်းပဲ။
တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ဖို့ မဟုတ်သေးဘူး။ Google လောက် ကြည့်နိုင်တယ်၊ TED Talk လို ဟောပြောပွဲတွေကို စာတန်းမထိုးဘဲ နားလည်တယ် ဆိုရင်ကို အတော်လေး ဟုတ်နေပြီ။ (ရုပ်ရှင်ကားတွေကမှ ဗန်းစကားတွေ ပါသေးတယ်။ ဟောပြောပွဲတွေက အများအားဖြင့် ရိုးရိုးရှင်းရှင်းလေးတွေ ပြောကြတာ။) အဲ့လိုသာဆို အခု ညီတို့၊ ညီမတို့ တခုတ်တရ လိုက်မှတ်နေတဲ့ စကားတွေဟာ ဘာမှကို မဟုတ်ပါလား ဆိုတာ ကောင်းကောင်း သဘောပေါက်သွားလိမ့်မယ်။
အခု ၁၀ တန်းအောင်ထားတယ်။ တက္ကသိုလ်ကို အဝေးသင်ဖြစ်ဖြစ် တက်နေတယ်ဆို တခြားမလုပ်နဲ့။ အဲဒါလေး အရင်စလုပ်။ နယ်ကမို့ ရန်ကုန်လာမှ အင်္ဂလိပ်စာသင်တန်း တက်လို့ရမှာဆိုတဲ့ ခေတ်လည်း ကုန်သွားပြီ။ ငွေကုန်ကြေးကျ ဒီလောက်မများတော့ဘူး။
ညီတို့ ညီမတို့မှာ ရှိတဲ့ ရင်းမြစ်တွေက သူများတွေလောက် မပေါများဘူး။ (Limited resource ပေါ့) ဒီတော့ ၅ ထောင်၊ ၁ သောင်းလောက်ကအစ ကိုယ့်ရှေ့ရေးအတွက် တကယ်လိုအပ်တာကို ဦးစားပေးပြီး သုံးစေချင်တယ်။ သူများတွေ သုံးသလို မသုံးနိုင်တာကို မရှက်နဲ့။ ကိုယ့်ဘဝနဲ့ကိုယ်ပဲ။
နောက်ပြီး စာများများဖတ်။ နွားခြေရာခွက်ထဲက ဖားသူငယ်လိုပဲ။ စာမဖတ်ရင် အမြင်မကျယ်ဘူး။ သူများပြောသမျှ အဟုတ်ထင်မယ်။ အထင်ကြီးနေမိမယ်။
ဆရာလင်္ကာရည်ကျော်ရဲ့ ပန်းဒေါင်းဝတ္ထုထဲမှာ ရေးထားသလို ကြက်မတွေက ဥလေးတစ်ဥလောက် ဥပြီးရင်ကို အော်မဆုံးဘူး၊ ငါးတွေကတော့ ဥပေါင်းများစွာ ဥထားတာတောင် ဘာသံမှ မထွက်ဘူးတဲ့။ ဒါကြောင့် အဲ့လို နယ်ပယ်အသီးသီးက ‘ငါး’တွေကိုလည်း လူငယ်တွေအတွက် အသံထွက်စေချင်တယ်။ ဒါမှ သူတို့ စံထားသင့်တဲ့ Idol တွေကို ပိုပြီး ထိတွေ့ခွင့်ရမယ်။ မီဒီယာတွေအနေနဲ့လည်း အဲ့လို’ငါး’တွေကို ရှာဖွေပြီး လူငယ်တွေအတွက် မိတ်ဆက်ပေးစေချင်တယ်။
Comfort Zone ထဲ ရောက်နေတဲ့ Motivational Speaker တွေကိုလည်း အဲဒီထဲကနေ ထွက်လာစေချင်တယ်။ အရည်အချင်း ရှိပြီးသား လူတွေမို့ ကိုယ့်ကိုယ်ကိုယ်လည်း မြှင့်တင်ရင်း ကိုယ့်ရဲ့ Follower တွေကိုလည်း ဆွဲခေါ်သွားစေချင်ပါတယ်။
တကယ်တမ်းတော့ ဒီလိုကိစ္စတွေဟာ နိုင်ငံနဲ့ချီပြီး ပြဿနာရှိနေတာကို ပြနေတယ်လို့ မြင်မိပါတယ်။ ပညာရေးစနစ် အားနည်းတာ၊ လူငယ်တွေမှာ အခွင့်အလမ်း မရှိတာ၊ ဆင်းရဲချမ်းသာ ကွာဟတာ၊ မညီမျှမှုတွေ ရှိနေတာ စသဖြင့်ပေါ့။
ဒါကြောင့် လူငယ်တွေ ကြိုးစားကြပါ ဆိုတဲ့ စကားတွေနဲ့တင် မလုံလောက်ဘဲ သူတို့အတွက် 'ပတ်ဝန်းကျင်ကောင်းတစ်ခု' ဖန်တီးပေးဖို့လည်း လိုပါတယ်။ ပတ်ဝန်းကျင်ကောင်း ဆိုတဲ့နေရာမှာလည်း ပညာရေးစနစ်တွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေအပြင် သူတို့ကို မနှိမ်ဘဲနဲ့ တွဲခေါ်ရှင်းပြပေးမဲ့ တတ်သိနားလည်သူတွေလည်း ပါတယ် ဆိုတာကို သိစေချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၀.၁.၂၀၂၁
Photo credit
29/09/2020
#နောက်ဆုံးတိုက်ပွဲ
ရန်ကုန်မှာရှိသော လှည်းနေလှေအောင်း မြင်းဇောင်းမကျန် (လူ 7သန်း) တစ်ဦးတစ်ယောက်ချင်းစီ အတူပါဝင် စည်းကမ်းလိုက်နာပြီး တိုက်မှသာ နိုင်မယ့်
"နောက်ဆုံးတိုက်ပွဲ"ပါ၊ နောက်ဆုံးတစ်ကြိမ် အတူတိုက်ရအောင်ပါ။
စစ်တဲ့ပုံစံပြောင်းတာရယ် NHL ရဲ့ overload ကိုလျှော့တာမို့ ဒီနေ့ 390- ကျော်ပဲ တွေ့မှာပါ
လူလျော့စစ်ထားလို့ပါ Antigen Test တွေ Kit တွေနဲ့ စစစ်တော့မှာမို့ နောက်ရက်တွေ ထောင်ချီထွက်လာမှာပါ။
ပိုးတွေ့လူနာနဲ့ ဆေးရုံကုတင်လုံလောက်အဆင်ပြေနေပါတယ်
-အောင်မြင့်မိုရ် ကုတင် 500
-ရိုးမ (၂)
ပြင်ဆင်ပြီးပါပြီ
-ယဉ်ကျေးမှုတက္ကသိုလ်
-ရန်ကင်းပညာရေးကောလိပ်
-နယ်စပ်စည်ပင်သင်တန်းကျောင်း များ ပြင်ဆင်လျှက်ရှိပါတယ်
-YCC
-Fortune Plaza တို့ကိုလည်း ကြည့်ထားပါတယ်။
အောင်မြင့်မိုရ်မှာ သံဃာတော်များကို ဝိနည်းနဲ့အညီကုသပေးနိုင်ရန်စီစဉ်ထားပါတယ်။ လိုအပ်လာရင် သာသနာရေးနဲ့ပူးပေါင်းပြီး ဗိမ္မာန်တော်များမှာ ထားရှိပါမယ်။ 1000-1500 စာ စီစဉ်ထားပြီးပါပြီ။
Oxygen နဲ့ ကုသမှုလိုအပ်လာရင် သီးခြားဆေးရုံစီစဉ်ထားပါတယ်။
သရက်တောကျောင်း ဒီနေ့ SWOT အပါး 100ကျော် ယူနေပါပြီ။ တပ်မတော်(ဆေး)နဲ့ ညှိနှိုင်းပြီး ကုသဖို့ပို့သင့်တာပို့နေပါတယ်။ သူတို့ဆီကနေရာ 500-1000 စာလောက်ထပ်ရပါမယ်။
အတိုင်ပင်ခံရဲ့ ညွှန်ကြားမှုနဲ့အညီ ဒီတစ်ပတ် Containment "နောက်ဆုံးတိုက်ပွဲ"တိုက်ဖို့ အင်နဲ့အားနဲ့ အစွမ်းကုန်ပြင်ဆင်နေပါတယ်။
လမ်းပေါ် ကားပေါ် ရပ်ကွက်ထဲ အိမ်ထဲ(ထမင်းကို တစ်ယောက်တည်းစားပါ မျက်နှာချင်းဆိုင် အတူမစားပါနဲ့) လိုက်နာရမယ့်စည်းကမ်းတွေလိုက်နာပြီး သည်းခံခွင့်လွှတ်ပြီး အစွမ်းကုန်တိုက်ပေးကြပါ။
အရေးအကြီးဆုံးအချိန်ပါ၊ အနူးအညွတ်မေတ္တာရပ်ခံပါတယ်၊ နောက်ဆုံးတစ်ကြိမ် အတူတိုက်ရအောင်။
ဒီတစ်ပတ်ထိန်းနိုင်မှ ရန်ကုန်ကိုထိန်းနိုင်ပါမယ်။ တစ်နိုင်ငံလုံးကို ထိန်းနိုင်ပါမယ်။
(Dr. ဇော်ဝေစိုး 28.9.20)
18/09/2020
"လူဖြစ်တာ(human being)နဲ့ လူသားဆန်ဆန်ပြုမှုနေထိုင်တာ(being human) က အများကြီး ကွာခြားမှုရှိတယ် အဲ့ဒါကို လူအနည်းငယ်လောက်ပဲ နားလည်ကြတယ်"(Steve Job)
17/09/2020
မင်းကို မွေးတုန်းက လူတွေက ချစ်ကြတယ်၊
မင်းသေသွားတဲ့အခါမှာလည်း လူတွေချစ်အောင်လုပ်ရမယ်၊ အဲ့ဒီနှစ်ခုကို မသေခင် အကောင်းဆုံး ထိန်းထားနိုင်ရမယ်။ (Steve job)
16/09/2020
"မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ
ဝေးဝေးကို သွားချင်ရင်တော့ ၂ ယောက်အတူတကွသွားပါ"
(Steve Jobs)
15/09/2020
အစားအသောက်ကို
ဆေးလိုစားပါ မဟုတ်ရင်တော့၊
ဆေးကို အစားသောက်လို စားနေရလိမ့်မယ်။
(Steve Job)
09/09/2020
ကိုယ်ချင်းစာနာစိတ် တစ်ခုကို လက်ကိုင်ထားရင်ပဲ
အင်မတန်မြင့်မြတ်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ