MyTutor Academy

MyTutor Academy

Share

LearnEnglish as a Second Language Online Courses here for your future!

25/03/2025
18/03/2024

#​​​နွေရာသီ English Writing သီးသန့်သင်တန်း 🌞🌞

Better Writing, Intensive Course

English Level B1& B2 ရှိထားပြီးသူများအတွက် Special Classပါ။👍👍👍

Great opportunity for those who between B1 & B2 level in CEFR!! 👏👏👏

Don't miss up your opportunity to top into your potential and become proficient in Academic Writing and Correspondence Language.

Contents & Objectives
.......................................

💥 Academic Grammar

💥Critical Reading & Writing

💥 Argumentative Essay Writing

💥 Summary of Writes

တက်​ရောက်ရန်အထူးဖိတ်​ခေါ်လိုသူများ 👇👇👇

/11/12 တက်မည့်​ကျောင်းသူ/သားများ
/ IGCSE ​ဖြေဆိုရန်ပြင်ဆင်​နေသူများ
Paper/ Termpaper/ Assignment ​ရေးမည့်သူများ

သင်တန်းအချိန်ဇယား 🕰

​​နွေရာသီ (2)လ ( April & May)

​Tue, Wed, Thurs (5.00pm to 6.00pm)

Zoom မှသင်ကြားပို့ချမည်ဖြစ်သည်။

သင်တန်း​ကြေး 100,000 kyats

Early Birds (5)ဦးအတွက် 30% Discount ​ပေးမည်ဖြစ်လို့ အမြန်စာရင်း​ပေး အပ်နှံနိုင်ပါပြီ။

အ​သေးစိတ်ဆက်သွယ်​မေးမြန်ရန်/
စာရင်း​ပေးရန် 👇👇👇

09978016051

13/03/2024

Writing ​ရေးတဲ့အခါ လှပ​နေဖို့အတွက် အနည်းဆုံးသိကိုထားရမည့်/ ထည့်သုံးရမည့် စကားပုံ​လေး​​​တွေပါ။

06/03/2024

သိထားဖို့လိုသည့် Academic Qualification & Educational Qualification ခြားနားချက်တချို့👍

စာ​ပေ​လောကတွင်ကျင်လည်သူများ၊ ပညာ​ရေးရပ်၀န်းတွင်ရှင်သန်သူများက Academic Qaulification ရှိထားဖို့ရာဖြစ်ပြီး။

Educational Qaulification က​တော့ သက်ဆိုင်ရာနယ်ပယ်အလိုက် အတတ်ပညာ အသိပညာပိုမိုတိုးပွားရန်အတွက် ကြိုးစားဖို့ရာဖြစ်တယ်။

အတိုချုပ်ဖော်ပြချက်သာဖြစ်သည်။

02/03/2024

Academic English Writing!!
➖➖➖➖➖➖➖➖➖➖
Academic writing is always formal in style. Do not use idioms, colloquial phrases, constricted versions of words using apostrophes (for example: don’t, didn’t, haven’t) or informal words, phrases or slang.

Academic English writes words in full and normally structures sentences within paragraphs and paragraphs within longer bodies of work, such as essays and dissertations.

Introduction❓
➖➖➖➖➖

An academic essay will always begin with an introduction. This is a paragraph (or multiple paragraphs for a longer academic piece) that introduces your topic and the main themes that it will cover.

The introductory paragraph/s always end with your thesis statement, that is, the research question that you are going to be examining in the essay.

This statement will tell the reader exactly what you will be trying to find out or explore in your essay.

Literature Review❓
➖➖➖➖➖➖➖
In a longer piece of academic research, after the introduction comes the literary review. The literary review is a review of the important literary that has already been published on your subject.

The main points that have already been discovered and the most important writers writing about you topic should be included here.

You should also state how your work will fit into existing research, complement it and expand current knowledge on the subject.

Main Body ❓
➖➖➖➖

If your academic essay is shorter, your literary review will be shorter or you may assess other work within the main body of you essay, which is the next part.

The main body of your essay is where you start to examine your ideas in relation to other work and really get into developing your argument.

The length of this main section will depend on your exact assignment and the aims of your research. It could range in length from three or four paragraphs to many chapters.

Each paragraph in the main body should build on the previous paragraph and keep relevant to your thesis statement, each section addressing different issues that relate to the main focus of the essay: your thesis.

Conclusion❓
➖➖➖➖➖

The conclusion will summarise the findings in your essay and relate them back to your introduction, explaining how you have succeeded in your aims and answering (if an answer is possible) your original thesis statement/question.

Often, an essay will not have an answer as such, and your conclusion instead will simply bring together your findings and offer some kind of closure. The closure may even simply pose another related question or the conclusion that no answer is possible.

Appendices❓
➖➖➖➖➖

The appendix (or appendices if there is more than one) is where you put all of your supporting materials.

These materials could include interview transcripts, graphs, charts and any further information that is relevant to your essay or dissertation but not included in the main body.

Source 👇👇
https://www.myenglishlanguage.com/


29/02/2024

ခါးပြတ်​နေ​သောပညာ​ရေးကို GEDဖြင့်​ဆက်ပါ....

09978016051 09960068684


14/02/2024

What is GED???


13/02/2024

နွေရာသီပညာဒါန

Pre GED Summer Class

GED ​ဖြေပြီး ​နိုင်ငံတကာမသိမှတ်ပြုအထက်တန်း​​အောင်လက်မှတ်ဖြင့် ပြင်ပနိုင်ငံများတွင် ​တက္ကသိုလ်ပဲတက်တက်/ အလုပ်ပဲသွားလုပ်လုပ်/ တက္ကသိုလ်တက်ရင်းအလုပ်ပဲလုပ်လုပ် စသဖြင့်ရည်ရွယ်ထားကြသူများအတွက် 🙋‍♂️🙋‍♀️🙋

GED ဘာသာရပ်အားလုံးအတွက် အ​ခြေခံကို အ​ခြေခိုင်မာမှုရှိ​ထားမှ GED ​တန်းကိုတက်​ရောက်သည့် အခါသင်ခန်းစာအခက်ခဲမရှိ အချိန်ကာလကြာမြင့်ခြင်းမရှိဘဲ လွယ်ကူလျှင်မြန်​စေမည်ဖြစ်လို့ Pre GED Classကို တက်​ရောက်သင့်ပါသည်။ 🧑‍🏫👩‍🏫

ပညာဒါနဖွင့်​ပေးရသည့်ရည်ရွယ်ချက်က​တော့

အားလုံးသိထားတဲ့အတိုင်း GED တန်း​တွေ​တော်​တော်များများဟာ ​စျေးမြင့်ပါတယ် မိမိတို့အ​နေဖြင့် အတန်းတက်ပြီးမှ စာမလိုက်နိုင်လို့​သော်လည်း​ကောင်း တစုံတရာအခက်ခဲရှိလာပါက ​ငွေ​ကြေးဆုံးရှုံးမှု​​တွေဖြစ်​စေပါတယ်။ ဒါ​ကြောင့် စာ​တွေကခတ်​နေမလား မိမိဟာတကယ်​ရော သင်ယူဖို့၊ စာ​မေးပွဲ​ဖြေဖို့၊ စိတ်အားထက်သန်ပါသလားဆိုတာ​လေးကို သိဖို့အတွက် ​ငွေ​ကြေးဆုံးရှုံးမှု​တွေမရှိ​အောင် အရင်ဆုံး Pre GEDတန်း​လေးကို ​တက်ကြည့်​စေချင်​သော ​စေတနာပါ။ 🤍🤍

သင်တန်းကာလ
​နွေရာသီ March & April & May

Online Class, Zoom App မှ သင်ကြားပို့ချမည်။

အပတ်စဥ် Mon to Thurs
Session I (3.00pm - 4.30pm)
Session II (10.am - 11.30am)

ပိုမိုအ​သေးစိတ်သိလိုပါက
Messenger (သို့) 09978016051 သို့ဆက်သွယ်နိုင်ပါသည်။



#ပညာဒါန

Photos from PINMA Dual Programme, High School's post 24/11/2022
Photos from MyTutor Academy's post 30/01/2022

Congratulations 🎉❣️👏

Free Fee Foundation အမှတ်စဉ် (၁) Online သင်တန်းတက်ခွင့်ရရှိသူများ...

We proudly mention Facebook-Accounts of those who have engaged with the requirements of access to FFF online class Batch 1!

Wish best!

24/09/2021

Legal Terms
(ဥပဒေဆိုင်ရာ စကားလုံးများ စုစည်းမှု)

Civil Cases Name

Suit For Declaration - မြွတ်ဟကြေညာပေးစေလိုမှု

Suit For Cancellation - ပယ်ဖျက်ပေးစေလိုမှု

Suit For Possession - လက်ရောက်ရလိုမှု

Suit For Specific Performance - ပဋိညာဉ်အတိုင်း ဆောင်ရွှက်ပေးစေလိုမှု

Suit For Rectification of Instruments - စာချုပ်စာတမ်းပြင်ဆင်ပေးစေလိုမှု

Suit For Rescission of Contract - စာချုပ်ဖျက်သိမ်းပေးစေလိုမှု

Suit For Setting Aside Decree Obtained by Fraud - ဒီဂရီပယ်ဖျက်ပေးစေလိုမှု

Suit For Setting Aside Ex-Parte Decree Obtained by Fraud - တစ်ဖက်သက်ရယူထားသော ဒီဂရီပယ်ဖျက်ပေးစေလိုမှု

Suit For Perpetual Injunction - ထာ၀ရတား၀ရမ်းရလိုမှု

Suit For Ejecting a Licensee - အခမဲ့ထားသူအား နှင်ထုတ်လိုမှု

Suit For Administration - အမွေပုံစီမံခန့်ခွဲပေးစေလိုမှု

Suit For Partition - ပစ္စည်းခွဲဝေပေးစေလိုမှု

Suit For Divorce and Partition - လင်မယားကွာရှင်းပေးစေလိုမှုနှင့် ပစ္စည်းခွဲဝေပေးစေလိုမှု

Suit For Restitution of Conjugal Right - လင်မယားပြန်ပေါင်းသင်းလိုမှု

Suit For Mortgage Money - ပေါင်နှံခြင်းနှင့် စပ်လျဉ်းသည် အပေါင်ကြေးငွေရလိုမှု

Suit For Sale Mortgage Property - အပေါင်ပစ္စည်း ရောင်းချလိုမှု

Suit For Redemption - အပေါင်ပစ္စည်းရွေးနှုတ်လိုမှု

Suit For Foreclosure - ရွေးနှုပ်ခွင့် ပိတ်ပင်လိုမှု

Suit For Money, Compensation, Maintenance - ငွေကြေး၊ လျော်ကြေး၊ စရိတ် ရလိုမှု

Suit For Money Under Trust - ယုံကြည်အပ်နှံထားသည့်ငွေရလိုမှု

Suit For Money Lent - ချေးငွေရလိုမှု

Suit For Torts - တရားမနစ်နာမှု

Suit For Malicious Prosecution - ဂုဏ်သရေ ထိခိုက်နစ်နာစေသောကြောင့် နစ်နာကြေးရလိုမှု

Suit For Compensation for Breach of Promise to marry - ထိမ်းမြားလက်ထပ်ရန် ကတိပျက်ကွက်၍ လျော်ကြေးရလိုမှု

Suit For Maintenance - မယားနှင့် ကလေးစရိတ်ငွေ ရလိုမှု

Suit For Account - စာရင်းရှင်းလင်းပေးစေလိုမှု

Suit For Dissolution of Partnership and Account - အစုစပ်လုပ်ငန်းကို ဖျက်သိမ်း၍ စာရင်းရှင်းလင်းပေးစေလိုမှု

Suit For Liquidation - စာရင်းရှင်းဖျက်သိမ်းပေးစေလိုမှု

A
Assault - လက်ရောက်မှု
Agreement - သဘောတူညီချက်
Abduction - လူကို သွေးဆောင်ခေါ်ယူမှု
Abolish - ရုပ်သိမ်းသည်။ ပယ်ဖျက်သည်။
Absconder - တရားခံပြေး၊ ၀ရမ်းပြေး
Acquittal - တရားသေလွှတ်ခြင်း
Advocate - တရားလွှတ်တော် ရှေ့နေ
Affidavit - ကျမ်းကျိန်လွှာ
Amnesty - အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်
Appellant - အယူခံ၀င်သူ
Arbiter - ခုံသမာဓိ လူကြီး
Article - ပုဒ်မ၊ အပိုဒ်
Assessor - ရာဖြတ်
Attorney general - နိုင်ငံတော် ရှေ့နေချုပ်
Avowal - ၀န်ခံချက်
Application - လျှောက်လွှာ
Advocacy - ရှေ့နေပညာ၊အမှုလိုက်ပညာ
Applicant - လျှောက်ထားသူ
Acquittal - တရားသေလွှတ်ခြင်း
Accomplice - ကြံရာပါ
Adultery - မယားခိုးမှု
Appeal Case - အယူခံမှု
Appellant - အယူခံတရားလို
Appeal - အယူခံခြင်း
Admission - ၀န်ခံချက်
Abettor - အားပေးကူညီသူ
Acceptance - လက်ခံချက်
Acquittal - တရားသေလွှတ်ခြင်း
Amnesty - ပြစ်မှုများဖြေလွှတ်ခြင်း
Adjoumment - အမှုရက်ရွှေ့ဆိုင်းခြင်း
An Invitation to Offer - ကမ်းလှမ်းရန် ဖိတ်ခေါ်ချက်
At The Desire Of The Promisor - ကတိပြုသူ၏ အလိုအတိုင်း
A unilateral Mistake - တစ်ဖက်သက်မှားယွင်းမှု
anticipatory breach of contract - အချိန်မတိုင်မှီ ပဋိညာဉ် ပယ်ဖျတ်ခြင်း
alteration of contract - ပဋိညာဉ်ကို ပြောင်းလဲပြင်ဆင်ခြင်း
A decree for specific performance - သီးခြားသက်သာခွင့် အတွက် ဒီဂရီ
An injunction - တားဝရမ်း
Application - လျှောက်လွှာ
Applicant - လျှောက်ထားသူ
Appellant - အယူခံတရားလို
Appeal Case - အယူခံမှု
Accomplice - ကြံရာပါ
Advocacy - အမှုလိုက်ပညာ, ရှေ့နေပညာ
Acquittal - စွဲချက်တင်ပြီးအပြီးအပြတ်လွှတ်ခြင်း ( အရပ်အခေါ် တရားသေလွှတ်သည် )
Attention - သတိ
Agreement of lease - အငှါးစာချုပ်
A mere right to sue - တရားစွဲဆိုခွင့်
Actionable claim - တရားစွဲ တောင်းနိူင်သော အခွင့်အရေး

B
By waiver - ရပိုင်ခွင့်ကို ကတိရသူက စွန့်လွှတ်ခြင်း
By accord and satisfaction - သဘောတူညီမှုရယူ၍ ကျေနပ်အောင် ဆောင်ရွက်ခြင်း
By refusing tender of performance - တစ်ဖက်မှ ဆောင်ရွက်ပေးရန် ကမ်းလှမ်းချက်ကို ငြင်းပယ်ခြင်း
By imfossibility - ဆောင်ရွက်ရန် မဖြစ်နိူင်
Bailor - ခေတ္တအပ်နှံသူ
Bailee - ခေတ္တအပ်နှံခံရသူ
Beneficiary - အကျိုးခံစားခွင့်ရှိသူ
Bail - အာမခံပေးခြင်း
Bribery - လာဘ်စားမှု
Benamidar - ပိုင်ဆိုင်သည့် လက္ခဏာ ရှိသူ
Bachelor of laws - ဥပဒေဘွဲ့ ။ အတိုကောက် LL.B (legum Baccalaureus)
Banishment - ပြည်နှင်ဒဏ်ပေးခြင်း
Bill of mortality - သေစာရင်း
By election - ကြားဖြတ် ရွေးချယ် တင်မြှောက်ပွဲ
Binami - အမည် ငှါး
Bonafide - ပိုင်ရှင်အစစ်မဟုက်သည့် လက်ရှိပိုင်သူ

C
Complainant - တရားလို ( ရာဇဝတ်မှု )
Confession - တရားခံ၏ဖြောင့်ချက်
Cabinet - ၀န်ကြီးများအဖွဲ့၊ အစိုးရအဖွဲ့
Canvassing - မဲဆွယ်ခြင်း
Capital punishment - သေဒဏ်စီရင်ခြင်း
Census - သန်းခေါင်စာရင်း
Civil law - တရားမ ဥပဒေ
Condemnation - ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း
Confession - ဖြောင့်ချက်
Convention - လွှတ်တော်အစည်းအဝေးများ၊ ညီလာခံ၊ နိုင်ငံအချင်းချင်းကြား ချုပ်ဆိုသည့် စာချုပ်
Contract of indemnity - လျော်ဒဏ်ခံရန် ပဋိညာဉ်
Contract of gurantee - အာမခံ ပဋိညာဉ်
Contract of bailment - ခေတ္တအပ်နှံမှုဆိုင်ရာ ပဋိညာဉ်
Contract of agency - ကိုယ်စားလွဲအပ်သော ပဋိညာဉ်
Creditor - မြီးရှင်
Communication - အကြောင်းကြားခြင်း
Co- Accused - ပူးတွဲတရားခံ
Confession - ဖြောင့်ချက်
Cheating - လိမ်လည်မှု
Conviction - ပြစ်မှုထင်ရှားခြင်း
Civil suit - တရားမမှု
Criminal case - ပြစ်မှု (ရာဇ၀တ်မှု)
Complainant -( ရာဇဝတ်မှု) တရားလို
Counter Proposal - တုံ့ပြန်ကမ်းလှမ်းချက်
Consideration - အဖိုးစားနား
Coercion - အနိူင်အထက်ပြုလုပ်ခြင်း
Contingent Contract - အနာဂါတ်ပေါ်မှုတည်သော ပဋိညာဉ်

D
Defendant - တရားခံ /တရားပြိုင်
Dacoity - ဓားပြမှု
Discharge - တရားရှင်လွှတ်ခြင်း
Defendant - (တရားမမှု ) တရားပြိုင်
Decision - ဆုံးဖြတ်ချက်
Dismissal - ပယ်ချခြင်း ၊ ပ,လပ်ခြင်း
Discharged - တရားရှင်လွှတ်ခြင်း
Definite Offer - သီးသန့် ကမ်းလှမ်းချက်
Damages - လျော်ကြေး
Discharge by performance - ပဋိညာဉ် အတိုင်း ဆောင်ရွက် ပြီးဆုံးခြင်း
Dispensed with or excused by any law - ဥပဒေ တစ်ရပ်ရပ်က ပြီးဆုံးစေရန် ခွင့်ပြုခြင်း
Discharge by breach - ပဋိညာဉ် ချိုးဖောက်သည့်အတွက် ပြီးဆုံးခြင်း
De facto - အမှန်တကယ် အာဏာရှိသူ။
Dead beat - ငွေပေးချေရန် ရှောင်တိမ်းနေသူ။
De novo - အမှုကို အစမှ ပြန်လည် စစ်ဆေးခြင်း
Derivative evidence - တစ်ဆင့်ကြား သက်သေခံချက်
Discrimination - လူမျိုး၊ နိုင်ငံသား၊ ဘာသာ အသက် စသဖြင့် ခွဲခြားဆက်ဆံခြင်း
Divorce agreement - ကွာရှင်းစာချုပ်
Debtor - မြီးစား
Decree - ဒီကရီရေးဆွဲခြင်း
Discovery and Inspection - ထုတ်ဖေါ်စစ်ဆေးခြင်းနှင့်ကြည့်ရှုစစ်ဆေးခြင်း
Defendant - တရားခံ /တရားပြိုင်
Dismissal - ပယ်ချခြင်း ၊ ပ,လပ်ခြင်း
Discharged - စွဲချက်မတင်မီလွှတ်ခြင်း( အရပ်အခေါ် တရားရှင်လွှတ်သည် )

E
Evidence - သက်သေခံချက်
Easement - သက်သာခွင်
Ex*****on - ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ခြင်း (သို့မဟုတ်) ဇာရီပြုလုပ်ခြင်း
Edict - အမိန့်တော်၊ အမိန့်ကြေငြာချက်
Ejectment - အိမ်ခြံမြေကို လက်၀ယ် သိမ်းပိုက်ထားသူအား ဖယ်ရှားပေးရန်တရားစွဲဆိုခြင်း
Embezzlement - ယုံကြည် အပ်နှံထားသည့် အများပိုင်ရန်ပုံငွေကိုအလွဲသုံးစားလုပ်ခြင်း
Enforce - ဥပဒေအား အတည်ပြုသည်။
Expatriation - နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်း
Expropriation - တစ်ဦးတစ်ယောက်၏ ပစ္စည်း (သို့မဟုတ်) အခွင့်အရေးကို နိုင်ငံတော်က သိမ်းယူခြင်း
Express Acceptance - အတိအလင်း လက်ခံခြင်း
Examination - စစ်ဆေးခြင်း
Eye witness - မျက်မြင်သက်သေ
Embezzlement - အလွဲသုံးစားပြုမှု
Equivocation - လီဆယ်မှု
Extortion - ခြောက်လှန့်တောင်းယူမှု
Evidence - သက်သေခံ
Express contract - အတိအလင်းပြုသည့် ပဋိညာဉ်
Express Promise - အတိအလင်းရရှိထားသည့် ကတိ
Executed Consideration - ဆောင်ရွက်ပြီး အဖိုးစားနား
Executory Consideration - ဆောင်ရွက်ရန် အဖိုးစားနား
Effect of Refusal to Accept offer of Performances - အကောင်အထည်ဖော်ရန် ကမ်းလှမ်းချက်ကို လက်ခံရန် ၏ အကျိုးသက်ရောက်မှု
Effect of Refusal to perform promise wholly - ကတိ တစ်ရပ်လုံးကို အကောင်အထည်ဖော်ရန် ငြင်းဆိုခြင်း၏ အကျိုးသက်ရောက်မှု

F
Frustration contract - အချည်းနှီးဖြစ်သွားတဲ့ ပဋိညာဉ်
Forebearance to Exercise a Right - တရားစွဲခွင့် ရှိလျက်သားနှင့်တရား မစွဲဘဲနေခဲ့မှု
Forebearance - တရား မစွဲဘဲနေမှု
False evidence - မမှန်သက်သေ
Forgery - လိမ်လည်အတုပြုမှု
Fraud - လိမ်လည်ခြင်း
Free Consent - လွတ်လပ်သော သဘောဆန္ဒ
Falsify - အလွဲအမှား ပြောဆိုသည်။
Fee simple - မြေယာကို အပြီး အပိုင် ပိုင်ဆိုင်ခြင်း ဘိုးဘွားပိုင်မြေ
Felon - သေဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်သူ
Fetter - သံခြေကျင်း
Force majeure - မလွန်ဆန်နိုင်သော/ မတားဆီးနိုင်သော ဖြစ်ရပ်
Forfeiture - ဥပဒေချိုးဖောက်မှုအတွက် ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်
သိမ်းယူခြင်း
Full bench - စုံညီ ခုံရုံး
Final Decree - အမှုကို အပြီးအပြတ်စီရင်သည့် အပြီးအသတ်ဒီကရီ
First Hearing and Striking of Issues - အမှုစတင်ကြားနာစစ်ဆေးခြင်းနှင့် ရုံးကောက်ချက်များထုတ်ခြင်း၊

G
Gallows - ကြိုးစင် ၊ စက်တိုင်
Gaoler/ jailer - ထောင်ပိုင်
General verdict - အရှုံးအနိုင်ကိုသာ ဆုံးဖြတ်သော စီရင်ချက်
Gift deed - မေတ္တာဖြင့် ပေးကမ်းခြင်း စာချုပ်
Grievance - မတရားမှု
Guardian and ward - အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူ
General Offer - ယေဘုယျ ကမ်းလှမ်းချက်

H
Homicide - လူသေမှု
Hearing - အများပြည်သူရှေ့မှောက်တွင် ကြားနာ စစ်ဆေးခြင်း
Heir - အေမြစား၊ အေမြခံ
Hush money - နှုတ်ပိတ်ခ
House -breaking - အိမ်ဖောက်ထွင်းမှု
House -trespass - အိမ်ကျော်နင်းမှု
Hurt - နာကျင်စေမှု

I
Implead - တရားမကြောင်းအရ တရားစွဲဆိုသည်။ ဥပဒေနှင့်အညီ ပြစ်မှုကြောင်းအရ
တရား စွဲဆိုသည်။
Impound - အမှုများတွင် တရားရုံးက သက်သေခံပစ္စည်းကို သိမ်းဆည်းထားခြင်း
Impunity - ပြစ်ဒဏ်မှ ကင်းလွတ်ခြင်း (သို့မဟုတ်) အကာအကွယ်ပေးခြင်း
Investigation - စုံစမ်းမေးမြန်းခြင်း
Implied contract - သဘောသက်ရောက်သည့် ပဋိညာဉ်
Implied Pormise - သဘောသက်ရောက်သည့် ကတိ
Implied Acceptance - သဘောသက်ရောက်သည့် လက်ခံခြင်း
Insolvent - လူမွဲ
Institution 0f Suit - အမှုစွဲဆိုခြင်း
Issue and Service of Summons - ရုံးခေါ်စာထုတ်ခြင်း နှင့် ဆင့်စာချအပ်ခြင်း

J
Judgment - စီရင်ချက်ချမှတ်ခြင်း
Joint transfer for consideration - အဖိုးစားနား အတွက် ပူးတွဲ၍ လွှဲပြောင်းခြင်း
Judgement - စီရင်ချက်
Judgement creditor - တရားနိုင်
Jurisdiction - စီရင်ပိုင်ခွင့်အာဏာ

K
Kidnapping - ပြန်ပေးမှု

L
Litigation - တရားစွဲဆိုခြင်း
Last resort - နောက်ဆုံး အယူခံမှု ပြင်ဆင်မှု ၀င်ရောက်ရာ တရားရုံး
Law report - တရားစီရင်ထုံးများ
Leading questions - နိမိတ်ပြ မေးခွန်းများ
Lease - အငှားစာချုပ်
Legatee - သေတမ်းစာအရ အမွေဆက်ခံ ရရှိသူ။ အမွေစား အမွေခံ
Legislature - ဥပဒေပြု လွှတ်တော်
Lien - သိမ်းယူထားပိုင်ခွင့်
Lodge - စွဲချက် ကန့်ကွက်လွှာတင်သည်။ အဆိုတင်သွင်းသည်။
Liquidated damages - အတိအကျ သက်မှတ်ထားသော လျော်ကြေး
Lawyer - ရှေ့နေ
Lis pendens - အမှုမပြီးမှီ လွှဲပြောင်းခြင်း

M
Merger - ပူးပေါင်းခြင်း
Murder - လူသတ်မှု
Mace bearer - ကျိုင်းကိုင် အရာရှိ
Magistrate - ပြစ်မှုဆိုင်ရာ တရားသူကြီး
Malignare - အသရေဖျက်ခြင်း
Mandate - တရားရုံး၏ အမိန့်
Memorandum of appeal - အယူခံလွှာ
Miscarriage of justice - တရားရေး မဏ္ဍိုင် တိမ်းစောင်းခြင်း
Mortgage - ပေါင်နှံခြင်း
Mug book - ပြစ်ဒဏ်ကျဖူးပြီးသော တရားခံများ မှတ်တမ်းစာအုပ်
Mischief - အကျိုးဖျက်စီးမှု
Misrepresentation - အလွဲပြောဆိုခြင်း
Mistake - မှားယွင်းခြင်း
Mistake of fact - အကြောင်းအရာ မှားယွင်းခြင်း
Mistake of law - ဥပဒေမှားယွင်းခြင်း
Modes of discharge of a contract - ပဋိညာဉ် ပြီးဆုံးစေသောနည်းလမ်း

N
Non Disclosure - ထုပ်ဖော်ပြောကြားခြင်း မပြုခဲ့ခြင်း
Naked Agreement - အဖိုးစားနား မပါတဲ့ ကတိ
Nolle proseque. အမှုရုပ်သိမ်းခြင်း
Negligence - တာ၀န် ပျက်ကွက်မှု၊ ပေါ့လျော့မှု
Negotiable instrument - လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း
Nomography - ဥပဒေ ရေးဆွဲခြင်း အတတ်ပညာ
Non cognizable offence - ရဲ အရေးယူပိုင်ခွင့် မရှိသော ပြစ်မှု
Nonsuit - တရားလိုက စွဲဆိုထားသော အမှုကို ပြန်လည် ရုပ်သိမ်းခြင်း
Notary public - စာချုပ်စာတမ်း သက်သေခံ အရာရှိ
Novation - အသစ်အစားထိုးခြင်း

O
Order - အမိန့် , ညွှန်ကြားချက်
Operation of transfer - ပစ္စည်း လွှဲပြောင်းချက် အတည်ဖြစ်ခြင်း
Ostensible owner - ပိုင်ရှင် ဖြစ်ရန် လက္ခဏာ ရှိသူ
Oath - ကျမ်းသစ္စာ၊ ကျမ်းသစ္စာ ကျိန်ဆိုခြင်း
Observe – ဥပဒေကို လိုက်နာသည်။
Offender - ပြစ်မှု ကျူးလွန်သူ၊ ဥပဒေ ချိုးဖောက်သူ
Ordinance - တစ်ချက်လွတ်အမိန့်။ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်
Omission - မပြုလုပ်ဘဲနေမှု

P
Plaintiff - (တရားမမှု ) တရားလို
Plaint - ဆိုလွှာ
Pardon, exemption - ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်
Plea - ထုချေချက်
Promise - ကတိ
Proposal - ကမ်းလှမ်းချက်
Promisor - ကတိပြုသူ
Promisee - ကတိရသူ
Past Consideration - အတိတ်ကာလ အဖိုးစားနား
Prospective Consideration - မျှော်မှန်းထားသော အဖိုးစားနား
Pardon - ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း
Parole - ကတိ ခံ၀န်ချုပ်ဖြင့် လွှတ်သည်
Patent - မူပိုင်ခွင့်
Pawnbroker - အပေါင်ခံသူ
Peculation - ပြည်သူပိုင်ပစ္စည်းကို အလွဲသုံးစား ပြုလုပ်ခြင်း
Penalty - ပြစ်ဒဏ်
Plaint - အဆိုလွှာ
Plaintiff - တရားမမှုတွင် တရားလို
Pleader - ရှေ့နေ၊ အဆိုအချေများကို ပြုစုပေးသူ
Plenary action - အမှုကို အစအဆုံး စစ်ဆေးခြင်း
Plenipotentiary - အာဏာကုန် လွှဲအပ်ခြင်း ခံရသူ
Political asylum - နိုင်ငံရေး ခိုလှုံခွင့်
Polyandry - လင်ယောက်ျားတစ်ဦးထက် ပို၍ ယူခြင်း
Polygamy - မယား တစ်ယောက်မက ယူခြင်း
Polygraph - အလိမ်ဖော်စက်
Post mortem examination - သေဆုံးသူ၏ အလောင်းကို စစ်ဆေးခြင်း
Posthumous award - ကျဆုံးသွားပြီးနောက် ချီးမြှင့်ခံရသော ဘွဲ့ထူး၊ ဂုဏ်ထူး
Pregnancy per alium - တရား၀င် လက်ထပ်ပေါင်းသင်းနေစဉ်အတွင်း မိမိခင်ပွန်းမှ အပအခြားသူနှင့် ပေါင်းသင်းမိ၍ ကိုယ်၀န်ရှိလာခြင်း
Private defence - လူနှင့် ပစ္စည်းများကို ကာကွယ်ခုခံပိုင်ခွင့်
Proforma dedendant - အဖြည့်ခံ တရားပြိုင်။ အမည်ခံ တရားပြိုင်
Promissory note - ငွေပေးချေရန် ကတိစာချုပ်
Prosecutor - ဥပဒေအရာရှိ။ နိုင်ငံတော်၏ ကိုယ်စား ပြစ်မှုများတွင် လိုက်ပါဆောင်ရွက်သောသူ
Public domain - အစိုးရပိုင်မြေ
pursuer - လိုက်လံ ဖမ်းဆီးသူ
Penalty - ငွေဒဏ်
Plaint - ဆိုလွှာ
Perpetual injunction - ထာဝစဉ် တားဝရမ်း
Plaintiff - တရားလို ( တရားမမှု )
Parties - အမှုသည်များ
Production of Evidence and Argument - သက်သေခံချက်အထောက်အထားတင်ပြခြင်း နှင့် လျှောက်လဲချက်ပေးခြင်း
Preliminary Decree - နောက်ထပ်ဆောင်ရွက်ရန် ကျန်ရှိသည့်ပဏာမဒီကရီ
Persons competent to transfer - ပစ္စည်းလွှဲပြောင်းခွင့် ရှိသူများ
Part Performance - တစ်ပိုင်းတစ်ပျက် ဆောင်ရွက်ပြီးဖြစ်ခြင်း

Q
quantum - ဆုံးရှုံးနစ်နာမှုကြောင့် ရရှိသော ငွေကြေးပမာဏ
queen’s evidence - တရားလိုဘက်အတွက် တရားခံမှ သက်သေခံချက် ပေးခြင်း
quitam action - နိုင်ငံတော်အတွက် (သို့မဟုတ်) မိမိအတွက် တရားစွဲဆိုခြင်း
Quasi Contract - သဏ္ဏန်ဆောင် ပဋိညာဉ်
Quittance - ကျေအေးခြင်း

R
Reciprocal Promise - အပြန်အလှန်ကတိ
Robbery - လုယက်မှု
R**e - မုဒိမ်းမှု
Revision Case - ပြင်ဆင်မှု
Respondent - လျှောက်ထားခံရသူ
Revocation - ရုပ်သိမ်းကြောင်း အကြောင်းကြားခြင်း
Refutation - ချေလွှာ
Recall Witness - ပြန်ခေါ်သက်သေ
Rescission - ပယ်ဖျတ်ခြင်း
Restitution - မှုလအတိုင်းပြန်လည်ထားရှိခြင်း
racist abuse - လူမျိုးရေး အကြမ်းဖက်မှု
racketeer - ခြိမ်းခြောက်လိမ်လည်၍ ငွေတောင်းယူသူ
ransom - ပြန်ပေးဆွဲ၍ ရွေးရသောငွေ
real wrong - မြေယာကို ထိခိုက် နစ်နာစေမှု
rebuttal - တစ်ဖက်မှ တင်ပြသော လျှောက်လှဲချက်ကို တစ်ဖက်မှ ပြန်လည် ချေပခြင်း
redeem - အပေါင်ပစ္စည်း ရွေးယူခြင်း
reference - စောဒကမှု
reformatory - ပြစ်မှု ကျူးလွန်သော ကလေးသူငယ်များအတွက် ဖွင့်လှစ်ထားသည့် စာရိတ္တပြုပြင်ရေး သင်တန်းကျောင်း
rejoinder - ပြန်လည် ချေပချက်
remedial statutes - တည်ဆဲ ဥပဒေ တစ်ရပ်ကို ပြင်ဆင်သည့် ဥပဒေ
repatriation - နိုင်ငံခြားသား တစ်ဦးကို မိခင်နိုင်ငံရင်းသို့ ပြန်ပို့ခြင်း
retribution - ပြစ်မှုနှင့် ထိုက်တန်သော ပြစ်ဒဏ်ပေးခြင်း
retrospective effect - နောက်ကြောင်းပြန် အာဏာသက်ရောက်မှု
returning officer - ရွေးကောက်ပွဲတွင် ကြီးကြပ်ရသော အရာရှိ
right of action - တရားစွဲဆိုခွင့်
right of possession - လက်၀ယ် ထားရှိခွင့် အသုံးပြုခွင့်
root of title - မြေယာပိုင်ဆိုင်မှု အစဉ်အဆက်မှတ်တမ်း
Relief Claimed - တောင်းဆိုသည့်သက်သာခွင့်
rescission - ပယ်ဖျတ်ခြင်း
Remedy - သက်သာခွင့်
Revision Case - ပြင်ဆင်မှု
Respondent - လျှောက်ထားခံရသူ
Refutation - ချေလွှာ
Rejection of Plaint - ဆိုလွှာပယ်ခြင်း
Recall Witness - ပြန်ခေါ်သက်သေ
Remoteness of damage - အလှမ်းကွာဝေးသော နစ်နာမှုအတွက် လျော်ကြေးတောင်းခွင့်မရှိခြင်း

S
Surety - အာမခံသူ
sabotage - အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခြင်း၊ ဖျက်ဆီးခြင်း
scene of crime - မှုခင်း ဖြစ်ပွားရာနေရာ
saving clause - ခြွင်းချက် အပိုဒ်
scrivener - ပဋိဥာဏ် စာချုပ်များနှင့် အခြား စာချုပ်စာတမ်းများ ရေးသား၍ အသက်မွေးသူ
scrutineer - စီစစ်သူ။ ရွေးကောက်ပွဲ သမာဓိ ဒိုင်
securities - ငွေချေး သက်သေခံ လက်မှတ်များ
sedition - အကြည်ညိုပျက်စေခြင်း
sentence - စီရင်ချက် ချမှတ်ခြင်း။ စီရင်ချက် ချမှတ်သည်။
sittings - တရားရုံးထိုင်သည့် ကာလများ
solitary confinement - တိုက်ပိတ် ပြစ်ဒဏ်ပေးခြင်း။
specific relief act - သီးခြား သက်သာခွင့် ဥပဒေ
statement of defence - တရားပြိုင်၏ ချေပလွှာ
stay of ex*****on - ဇာရီမှုများကို ရပ်ဆိုင်းခြင်း
Su***de - မိမိကိုယ်ကို မိမိသတ်သေမှု
suffrage - မဲဆန္ဒပေးခွင့်၊ ဆန္ဒမဲ
suppression of evidence - အမှုတွင် သက်သေခံအဖြစ် တင်သွင်းလာခြင်းအပေါ်
တရားရုံးက လက်မခံ ပယ်ချခြင်း
surety - အာမခံသူ၊ အာမခံချက်၊ အာမခံ ပစ္စည်း၊ အာမခံကြေး
surrogate mother - အငှား ကိုယ်၀န်ဆောင်မိခင်
survivorship - နှစ်ဦး ပူးတွဲပိုင်ဆိုင်သော ပစ္စည်းများတွင် တစ်ဦးသေဆုံးသွားသောအခါ ကျန်ရစ်သူက အားလုံးပိုင်ဆိုင်သွားခြင်း
Sound Mind - စိတ်ကျမ်းမာမှု
Solicitor and Client - ရှေ့နေနှင့် အမှုသည်
Spiritual advisor and diciple - ဘာသာရေးဆရာနှင့် ကိုးကွယ်ယုံကြည်သူ

T
Trial. အမှု စစ်ဆေးခြင်း
Theft - ခိုးမှု
Trust - ယုံမှတ်အပ်နှံမှု
Trustee and beneficiary - ယုံကြည်အပ်နှံခြင်းခံရသူနှင့် ယုံကြည်အပ်နှံသော အကျ ိုးခံစားခွင့်ရှိသူ
The accused - (ရာဇဝတ်မှု) တရားခံ
Time, Place and Manner of Performance - အကောင်အထည်ဖော်ရမည့် အချိန်၊နေရာနှင့် နည်းလမ်းများ
Temporary injunction - ယာယီ တားဝရမ်း
The innocent party - ချိုးဖောက်ခြင်းခံရသူ
The repudiation of the contract - ပဋိညာဉ် ကိုလိုက်နာရန်ငြင်းဆိုးခြင်း
The means of remedying the inconvenience - အဆင်မပြေမှုကို ကုစားသည့်နည်းလမ်း
tenancy - အိမ်ငှား၊ မြေငှား ချထားခြင်း
testamentary disposition - သေဆုံးပြီးမှသာ ပေးကမ်းခြင်း အတည်ဖြစ်လာခြင်း
title of suit - တရားမမှု အမည်
transportation for life - တစ်သက်တစ်ကျွန်း ပြစ်ဒဏ်
traverse - တစ်ဘက်မှ စွပ်စွဲချက်ကို ငြင်းဆိုသူ
trial court - မူလ ပထမ တရားစီရင်သော တရားရုံး
tribunal - အထူးတရားရုံး၊ ခုံရုံး
The accused - တရားခံ ( ရာဇဝတ်မှု )
The Cause of Action - အမှုစွဲဆိုရန် အကြောင်းပေါ်ပေါက်ခြင်း
The Subject matter - အမှုအကြောင်းအရာအဖြစ်အပျက်
Tout - အမှုပွဲစား
The legal practitioner's art - ရှေ့နေ ဥပဒေ
To Pleed - လိုက်ပါဆောင်ရွက်ခြင်း
The Stamp act - တံဆိပ် ခေါင်းဥပဒေ
Transfer of by unautharized person - အခွင့်မရှိသူကလွှဲပြောင်းခြင်း
Transfer by one co-owner - ပူးတွဲ ပိုင်ဆိုင်သူက လွှဲပြောင်းခြင်း

U
ultimatum - နောက်ဆုံး ရာဇသံ
unconditional discharge - ဖမ်းဆီးချုပ်နှောင်ထားခြင်းမှ တစ်စုံတစ်ရာ၀န်ခံချက် မပါပဲ လွှတ်ပေးခြင်း
unity of title - ပူးတွဲ အိမ်ငှား အားလုံးသည် စာချုပ် တစ်ရပ်တည်းပေါ်တွင်တူညီသော အကျိုးခံစားခွင့်များကို ရယူနိုင်သည်။
unsworn evidence - ကျမ်းမကျိန်ပဲ ထွက်ဆိုသည့် ထွက်ချက် (ဥပမာ -ကိုယ်၀န်ဆောင်၏ ထွက်ချက်)
unwritten law - ရေးဆွဲ ပြဌာန်းထားခြင်း မရှိသော ဥပဒေ၊ စီရင်ထုံးများအပေါ်အခြေခံသော ဓလေ့ ထုံးတမ်း ဥပဒေ
Undue Influence - မတရားသြဇာ လွှမ်းမိုးခြင်း
Unsond Mind - စိတ်မကျမ်းမာမှု
Unlawfulness of the act to be performed - ဥပဒေ နှင့် မညီညွတ်၍ ပြီးဆုံးခြင်း

V
value judgement - ပုဂ္ဂိုလ် စွဲဖြင့် အကဲဖြတ်ခြင်း၊
vexatious suit - လုံလောက်သော အကြောင်းအချက်မရှိပဲ သူတစ်ပါးကိုအကျိုးယုတ်စေလိုသော သဘောဖြင့် လုပ်ကြံ၍ တရားစွဲခြင်း
vicinage - အိမ်နီးခြင်း၊ ပတ်၀န်းကျင်၊ အနီးကပ်ဆုံး ပြစ်မှုကျူးလွန်သည့်နေရာ (သို.)အမှု စစ်ဆေးသည့် နေရာ
vindictive damage - တရားလို၏ နစ်နာမှုအတွက် လျော်ကြေးငွေကိုပြစ်ဒဏ်အနေဖြင့် တရားခံအား ပေးစေခြင်း
violation - ဥပဒေကို ချိုးဖောက်ခြင်း၊ စည်းမျဉ်းများကို ဖောက်ဖျက်ခြင်း၊တာ၀န်နှင့် အခွင့်အရေးကို ချိုးဖောက်ခြင်း
Verdict - စီရင်ချက်, ဆုံးဖြတ်ချက်
Void Agreement - ပျက်ပြယ်သော သဘောတူညီချက်
Voidable Contract ပျက်ပြယ်ခွင့်ရသည့် ပဋိညာဉ်
Void Contract - ပျက်ပြယ်သည့် ပဋိညာဉ်

W
withdrawal of charges - အမှုများကို တရားလိုက ရုပ်သိမ်းခြင်း
witness - မျက်မြင်သက်သေ၊ နှုတ်သက်သေ
written statement - တရားပြိုင်မှ တင်သွင်းသည့် ချေပလွှာ
wrongful confinement - မတရား ချုပ်နှောင်ထားမှု
Witness -သက်သေ
Withdrawl - ရုပ်သိမ်းခြင်း
Will - သေတမ်းစာ
Witness - မျက်မြင်သက်သေ
Withdraw - ရုပ်သိမ်းခြင်း
Written Statement - ချေလွှာတင်သွင်းခြင်း

Credit
Lawyer's Handbook

Want your school to be the top-listed School/college in Mandale?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


40street
Mandale