UCCU
Offers general English classes to both adults and children. Offers IELTS foundation classes.
25/02/2023
လင်ကွန်းပညာသင်ဆုလျှောက်လွှာရှင်တစ်ယောက်ရဲ့ ခရီးစဉ် - 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐧𝐭 𝐉𝐨𝐮𝐫𝐧𝐞𝐲
[English Text Below]
လင်ကွန်းပညာသင်ဆုရဲ့ လျှောက်လွှာရှင်ခရီးစဉ်က လျှောက်လွှာစဖွင့်တဲ့နေ့ကစပြီး အမြဲလိုလိုအသုံးပြုရတော့မှာဆိုတော့ အလွယ်တကူရှာလို့ရတဲ့နေရာမှာရှိသင့်ပါတယ်။ အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီး အလွယ်တကူမရရင်တောင် လင်ကွန်းပညာသင်ဆုလျှောက်လွှာရှင်တစ်ယောက်ရဲ့ ခရီးစဉ်ကို အလွယ်တကူဖွင့်ကြည်နိုင်ဖို့ အခုတင်ထားတဲ့ ခရီးစဉ်ကို ကိုယ့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျုတာမှာ အခုပဲသိမ်းထားလိုက်ပါ။
လင်ကွန်းပညာသင်ဆုနဲ့ပတ်သက်ပြီးပိုမိုလေ့လာရန် - https://www.iie.org/Programs/USAID-Lincoln-Scholarship-Program/Application
~~~~~~~~~~~~~~~~~~~~
The Lincoln Scholarship’s Applicant Journey Map provides step by step application process from Phase 1 to Phase 4.
Download and save it on your device for easy access without internet connectivity.
Be sure to understand all the phases and get ready for the applicant journey - 𝐌𝐚𝐤𝐞 𝐢𝐭 𝐲𝐨𝐮𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲!
For more information about the program, please visit - https://www.iie.org/Programs/USAID-Lincoln-Scholarship-Program/Application
05/02/2023
UCCUက အင်္ဂလိပ်ဘာသာစကားသင်ကြားရေးဆရာမ သီရိမွန် နိုင်ငံတကာအသိအမှတ်ပြု အင်္ဂလိပ်ဘာသာစကားသင်ကြားရေးဆရာမဖြစ်လာဖို့ ဘန်ကောက်မှာရောက်နေတဲ့ သူ့ရဲ့ တစ်နေ့တာ ရောက်တတ်ရာရာလေးဖြစ်ပါတယ်။
Day two in Bangkok!
The late afternoon welcomed a heavy, windy and refreshing rain and when it stopped splashing so bad, I forced myself to get out of my room, get a few stuff I needed for the room and see the neighborhood a bit. It was worth forcing myself out of bed. Took a bus to a nearby supercenter, which just cost 8 bahts or less. (I didn't ask the bus conductor how much exactly it was and the bus conductor was a sweet little girl with a lovely smile on her face and took just what she needed for the bus fare.) On the way back, called a Bolt motorbike taxi driver and it was awesome being on a motorbike and taking in the sight of the well-lit city and skyscrapers. Being on a motorbike ride out in the open air, it brought a sense of liberation. The evening ended with a delicious papaya salad, rich roast pork and yummy sticky rice! I have an exciting, big day ahead as as my CELTA face-to-face course begins tomorrow. Wish me luck!!! 😍😍
16/01/2023
Increasing the Naming Speed of Poor Readers: Representations Formed across Repetitions In three experiments we examined the effect of repetition practice on the acquisition, retention, and generalization of children′s skill in rapidly na…
12/12/2022
🫵 YOU try writing ✍🏼 your own examples using PETULANT 😡 to describe a people.
26/10/2022
05/09/2022
Comfort Zone မှ ရုန်းထွက်ကြ!
ကိုယ့်ဘဝကို လက်ရှိရသလောက်နဲ့ပဲ ကျေနပ်နေပြီလား?
လောကကြီးမှာ လူငယ်တွေအတွက် အသစ်အသစ်တွေ စူးစမ်းလေ့လာနိုင်ဖို့ အခွင့်အရေးတွေ၊ အချိန်တွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ အခွင့်အရေးတွေကို သေချာဆုပ်ကိုင်နိုင်ဖို့ကျတော့ မိမိဘာသာ ကြိုးစားမှပဲဖြစ်နိုင်မှာပါ။ အခုကာလရဲ့ လူငယ်တွေတော်တော်များများက နိုင်ငံရေးအကြပ်အတည်းကာလကြောင့် ဖြစ်ချင်တဲ့အိမ်မက်တွေမဖြစ်ရတဲ့အခါ စိတ်ပျက်ခြင်းများစွားနဲ့ ရင်ဆိုင်ကြုံတွေ့ရတာကတစ်ကြောင်း၊ ကြိုးစားထားသမျှသဲထဲရေသွန်ဖြစ်ရတာကြောင့် စိတ်ဓာတ်ကျခြင်းတွေ ကြုံရတာကတစ်ကြောင်း၊ ပညာရေးတစ်ဝက်တစ်ပျက်ကနေ ဘာမှဆက်မလုပ်ဖြစ်တာတစ်ကြောင်း စတဲ့ အခြေအနေအရပ်ရပ်တွေစုပြီးတော့ မသိလိုက်မသိဘာသာပဲ Comfort Zoneထဲရောက်မှန်းမသိရောက်လာကြတာကိုတွေ့ရပါတယ်။
ဒါဆို အရင်ဆုံးComfort Zone ဆိုတာဘာလဲ?
စာဖတ်သူတွေရော မိမိရဲ့ Comfort Zone ဆိုတာကို ဘယ်လိုသတ်မှတ်လဲ?
ယေဘုယျအားဖြင့်တော့ Comfort Zone ဆိုတာ မိမိရဲ့အရည်အချင်းတွေ၊ စွမ်းအားတွေ၊ လုပ်နိုင်စွမ်းတွေကို တိုးတက်အောင် ပြုလုပ်တာမျိုးမရှိပဲ နေနေကျနေရာမှာပဲ ရပ်တန့်နေပြီး ပျော်မွေ့နေခြင်းဖြစ်ပါတယ်။ အရည်အချင်းတွေကို စိန်ခေါ်မှုတွေ၊ စွန့်စားမှုတွေမလုပ်ပဲ ရှိရင်းစွဲနေရာမှာပဲ ပျော်မွေ့နေတတ်ကြတဲ့လူတွေရှိသလို၊ စွန့်စားမှုတွေ၊ အတွေ့အကြုံအသစ်တွေ လုပ်ခြင်းကနေတစ်ဆင့် Stress တွေ Anxietyတွေအပြင် ကျရှုံးခြင်းတွေ ရလာမှာကြောက်လို့ Comfort Zone ထဲက မထွက်ကြတဲ့လူတွေလည်းရှိကြပါတယ်။
Comfort Zone မှာ နေထိုင်တဲ့ အချိန်ကြာလာရင် ဘာတွေဆက်ဖြစ်နိုင်လဲ?
၁) Lack of motivation - ကာလအတော်အကြာအထိ အပြောင်းအလဲမရှိ၊ Challenge တွေမရှိပဲနေလာတဲ့အခါ အသစ်အသစ်တွေကို စူးစမ်းလေ့လာဖို့အတွက် မိမိကိုယ်တိုင်ကပြောင်းလဲချင်လို့ ကိုယ့်ကိုယ်ကိုယ်စိတ်ဓာတ်ခွန်အား ပြန်ယူတဲ့အချိန်မှာတောင်စိတ်ခွန်အားနည်းလာမယ်။
၂) Fear and uncertainty - အကြောက်တရားတွေနဲ့ မသေချာမရေရာမှုတွေပိုများလာမယ်။ မတူညီတဲ့အရာ တစ်ခုခုကို စလုပ်ဖို့ ကြောက်တတ်လာမယ်။ ပုံမှန်လုပ်နေကျမဟုတ်တဲ့ မတူညီတဲ့ဘဝရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ ဝေဝါးလာမယ်။
၃) Lack of Confidence - အထက်မှာပြောခဲ့တဲ့အချက်တွေအလိုက်ပဲ ပိုပြီးကျယ်ပြန့်တဲ့ လောကကို ထိတွေ့ဖို့ဖြစ်စေ၊ ထိတွေ့ရ သည်ဖြစ်စေ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းလာပြီး Anxiety (စိုးရိမ်ပူပန်မှု), Stress (စိတ်ဖိစီးမှု), Overthinking (အတွေးလွန်ကဲမှု) စတဲ့ အရာတွေပါ တစ်ဆင့်ခြင်းဖြစ်လာနိုင်ပါတယ်။
၄) The temptation of Comfort - အကယ်၍ ကျွန်မတို့က တိုးတက်ချင်ရင်တောင် လက်ရှိနေတဲ့Comfort Zone ထဲမှာက လုံခြုံ၊ လွယ်ကူ၊သက်သာလွန်းတာကြောင့် ရုန်းထွက်ဖို့ခက်ခဲလာတာမျိုး၊ ဒီလိုနေထိုင်ရတာက အဆင်ပြေပါတယ်ဆိုပြီး မိမိကိုယ်ကိုယ်ပြန်ဖြောင်းဖြတာမျိုး စိတ်ထဲမှာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာနိုင်ပါတယ်။ လေ့လာသင်ယူစရာ၊ စွန်စားစရာတွေအများကြီးရှိနေတဲ့ ဘဝကို လက်လွတ်ဆုံးရှုံးရသလိုပါပဲ။
ဒီစက်ဝိုင်းထဲက ဘယ်လိုရုန်းထွက်ကြမလဲ?
Comfort Zone ထဲကရုန်းထွက်ဖို့အတွက် အထောက်အကူဖြစ်စေမဲ့ အချက်(၆) ချက်ဖြစ်တဲ့
၁) အကြောက်တရားကို ရင်ဆိုင်ပါ။
Comfort Zone ကနေ ရုန်းထွက်ခြင်းရဲ့အစမှာ ပထမဆုံးရင်ဆိုင်ရမှာက အကြောက်တရားပဲဖြစ်ပါတယ်။ ကြုံလာတဲ့အခါမှာ မရှောင်ပြေးပဲ ရင်ဆိုင်ပါ။ အားလပ်တဲ့အချိန်တွေမှာ စိတ်တည်ငြိမ်မှုရရှိနိုင်ဖို့အတွက်လည်း Mindfulnessလေ့ကျင့်ခန်းလေးတွေလုပ်ပါ။ မိမိရဲ့ကြောက်စိတ်ကို ဖြည်းဖြည်းချင်းကိုင်တွယ်ပါ။
၂) မိမိရဲ့လုပ်နိုင်စွမ်းအားကို ပြန်လည်သုံးသပ်ပြီး မိမိကိုယ်ကိုယ် ပြန်လည်ယှဉ်ပြိုင်ပါ။
၃) မိမိရဲ့ နေ့စဉ်လုပ်နေကြ လုပ်ငန်းဆောင်တာတွေကို ပန်းတိုင်သစ်ဆီ သွားဖို့ ကြိုးစားပြောင်းလဲပါ။
၄) မိမိတတ်ကျွမ်းတဲ့ စွမ်းရည်တွေနဲ့ မိမိမှာရှိတဲ့ကောင်းတဲ့ အရည်အချင်းတွေကိုရှာဖွေပြီး မြှင့်တင်ပါ။
၅) လေ့လာမှုအသစ်တွေပြုလုပ်ပါ။
၆) ပန်းတိုင်တစ်ခုသတ်မှတ်ပြီး တစ်ဆင့်ခြင်းစီလုပ်ဆောင်ပါ။
ဒီလိုဆိုComfort Zone ထဲက ရုန်းထွက်ရင်ရော ဘယ်လို အကျိုးကျေးဇူးတွေရနိုင်မလဲ?
အကျိုးကျေးဇူးတွေကတော့ စာနဲ့စီလို့ မကုန်နိုင်အောင်ပါပဲ။ အဓိကကတော့
- မိမိကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာမယ်။
- ကြုံလာသမျှကိစ္စတွေကို ဖြေရှင်းနိုင်တဲ့ Inner Strength အတွင်းစိတ်သန်မာမှုအားကောင်းလာမယ်။
- အတွေးအခေါ်ကောင်းအသစ်တွေတိုးပွားလာမယ်။
- ကိုယ်ကိုယ်ကို အပြစ်တင်စိတ်တွေ၊ နောင်တရတာတွေလျော့နည်းလာမယ်စတဲ့ အချက်တွေအပြင် ဒီထက်မကတဲ့ အကျိုးကျေးဇူးများစွာ ရနိုင်လာမှာဖြစ်ပါတယ်။
အခုလိုမျိုး ကျယ်ပြန့်ပြီး သင်ယူတတ်မြောက်ရလွယ်ကူတဲ့ခေတ်ကြီးမှာ ကျွန်မတို့ လူငယ်တွေအတွက် များစွာသော အခွင့်အလမ်းတွေရှိလို့နေပါတယ်။ ငွေကုန်ကြေးကျခံစရာမလိုပဲ Internet ရှိရုံဖြင့် မိမိဝါသနာပါရာ အကြောင်းအရာမျိုးစုံကို လေ့လာသင်ယူလို့ရတဲ့ Website တွေ, Free Course တွေအများကြီးရှိနေပြီဖြစ်ပါတယ်။
အခုလိုအကျပ်အတည်းကာလကြီးမှာ စိတ်ပင်ပန်းရတယ်ဆိုပေမဲ့ မရပ်တန့်လိုက်ပဲ Comfort Zone ထဲကနေ ရုန်းထွက်ရင်း ရောင်နီလာတဲ့နေ့သစ်တွေရောက်ရင် အရည်းအချင်းတွေအပြည့်နဲ့ လူငယ်တွေဖြစ်အောင် နောက်မကျသေးတာဖြစ်လို့ အခုထဲကကြိုးစားကြရအောင်!
စာဖတ်သူတွေရော ဘယ်လိုနည်းလမ်းတွေအသုံးပြုပြီး မိမိတို့ရဲ့နေ့စဉ်ဘဝကို တိုးတက်အောင်လုပ်ဆောင်နေကြလဲဆိုတာ နည်းလမ်းကောင်းလေးတွေရှိရင် Comment မှာ မျှဝေပေးသွားပါဦး။
Reference :
-How to Leave Your Comfort Zone and Enter Your ‘Growth Zone, 4 Nov 2020 by Oliver Page, MD, PositivePsychology
-How to Step Out of Your Comfort Zone, Co-authored by Arda Ozdemir, MA and Madeleine Criglow, Last Updated: July 29, 2022, Wikihow
-How to get out of your comfort zone (in 6 simple steps), By Maggie Wooll, March 11, 2022, BetterUp
&MentalHealth
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
28th Street, Between 62nd And 63rd Streets, Between Mya Sandar And Mya Nandar Streets
Mandale