02/06/2026
"တီချယ်... သားတို့ကို အိမ်မှာ အင်္ဂလိပ်စာ Listening လေ့ကျင့်ပေးချင်တယ်
ဘယ် YouTube Channel ကြည့်ပေးရမလဲ" လို့
မေမေတို့ မကြာခဏ မေးလေ့ရှိကြပါတယ်
တီချယ်က ကလေးတွေ ပျင်းသွားစေနိုင်မယ့် သတင်းတွေ
ခက်ခဲတဲ့ သင်ခန်းစာတွေ ပေးမကြည့်သေးဘဲနဲ့
အရင်ဆုံး ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းကို နှိုးဆွပေးပြီး
Listening ရော Grammar ပါ သဘာဝအတိုင်း
တိုးတက်စေမယ့် ပုံပြင်ဇာတ်လမ်းလေးတွေပါတဲ့
ဒီ youtube channel လေးကို ဒီနေ့ညွှန်းပေးပါမယ်
ဒီနေ့တော့ကလေးတွေအတွက် အသင့်တော်ဆုံး ဖြစ်မယ့်
"The Fable Cottage"ရဲ့ ပုံပြင်ဗီဒီယိုလေးတစ်ခုနဲ့
လက်တွေ့ဘယ်လို လေ့ကျင့်ပေးလို့ရမလဲဆိုတာ ရှင်းပြပေးသွားပါမယ်
ကလေးတွေကို "Present Continuous အကြောင်း သင်မယ်" လို့
အတင်းမပြောဘဲ ဇာတ်လမ်းထဲမှာပါတဲ့ စာတန်းထိုး (Subtitles) လေးတွေကို ကြည့်ပြီး
"The wind and the sun **are having** a disagreement."
“Just then they see a man **walking** along the road.
ဒီလိုစာကြောင်းအသုံးအနှုန်းတွေကို
ပုံပြငထဲက အခြေအနေ (Context) နဲ့ ချိတ်ဆက်ပြီး
သဘာဝကျကျ အလွယ်တကူ မှတ်မိသွားစေမယ်
စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ
ပုံပြင်ထဲကနေ စကားပြောတတ်အောင်
"လေနတ်မင်းနဲ့ နေမင်းကြီး ဘာဖြစ်ကြတာလဲ
ဘယ်သူက ပိုစွမ်းအားကြီးလဲ" ဆိုပြီး မေးခွန်းလေးတွေ
အင်္ဂလိပ်လို ပြန်မေးပေးခြင်းအားဖြင့်
ကလေးရဲ့ Speaking + Comprehension (နားလည်နိုင်စွမ်း) ကိုပါ
Confidence ရှိရှိနဲ့ မြှင့်တင်ပေးနိုင်ပါတယ်
တီချယ် comment မှာ link ချထားပေးပါတယ်
🗓 ကလေးတို့အတွက် Grammar ရော Speaking ပါ အခြေခံကစပြီး စနစ်တကျနဲ့ ပိုင်ပိုင်နိုင်နိုင်ဖြစ်စေမယ့် “Grammar+Speaking Class” အတန်းသစ်ကို June လထဲမှာ စတင်တော့မှာ ဖြစ်ပါတယ်
သင်ရိုးစာအုပ်ထဲကတင်မကဘဲ လက်တွေ့ဘဝမှာ အသုံးချတတ်တဲ့ အင်္ဂလိပ်စာအခြေခံ ကောင်းကောင်း ပိုင်ဆိုင်စေချင်တယ်ဆိုရင်တော့ အခုပဲ ENJOY ENGLISH Page Messenger မှာ အသေးစိတ် စုံစမ်းအပ်နှံနိုင်ပါတယ် ✨
"စည်းမျဥ်းကိုချစ်မြတ်နိုး၊ စကားပြောမှာ ထိပ်ဆုံးကမိုးစေဖို့...
ကလေးများအတွက် ENJOY ENGLISH🌟"
Cottage