ILBC International School Mandalay

ILBC International School Mandalay

Share

The Official ILBC Mandalay page The OFFICIAL ILBC (International Language & Business Centre, Mandalay) page

23/06/2026

ILBC International School Mandalay တွင် တာဝန်ထမ်းဆောင်ရန် Receptionist Position အတွက် လျှောက်ထားနိုင်ပါပြီ။

Receptionist ရာထူးအတွက် လျှောက်ထားလိုသူသည် -
🔶 တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။
🔶 အသက် (၂၅) နှစ်အောက် ဖြစ်ရမည်။
🔶 အကျင့်စာရိတ္တကောင်းမွန်ပြီး အများနှင့်ပြေပြစ်စွာ ပြောဆိုဆက်ဆံနိုင်ရမည်။
🔶 အသင်းအဖွဲ့နှင့်အတူလုပ်ဆောင်တတ်ပြီး အကောင်းမြင်စိတ်ရှိသူဖြစ်ရပါမည်။
🔶 စိတ်ရှည်ရှည်ဖြင့် Customer များကို ဝန်ဆောင်မှုပေးနိုင်သူဖြစ်ရပါမည်။
🔶 လုပ်ငန်းအတွေ့အကြုံမရှိသေးသူများကိုလည်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။
🔶 အင်္ဂလိပ်စာအခြေခံအဆင့် နားလည်ရပါမည်။

အလုပ်လျှောက်ထားရန် လိုအပ်ချက်များ
---------------------------------------
🟠 ကိုယ်ရေးအကျဥ်း
🟠 ရောင်စုံဓာတ်ပုံ (၂) ပုံ
🟠 ဘွဲ့လက်မှတ်မိတ္တူ
🟠 သန်းခေါင်စာရင်းမိတ္တူ
🟠 သင်တန်းအောင်လက်မှတ်မိတ္တူ
🟠 မှတ်ပုံတင်မိတ္တူ

စိတ်ပါဝင်စားသူများအနေဖြင့် လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ 6th July, 2026 (Monday) နောက်ဆုံးထား၍ ၅၃ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ရှိ ILBC ကျောင်း၏ HR ဌာနသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ (သို့မဟုတ်) [email protected] သို့ mail ပို့၍လည်း လျှောက်ထားနိုင်ပါသည်။
လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။



19/06/2026

"အရည်အသွေးမြင့် ဆရာ/ ဆရာမတွေဖြစ်ဖို့ ILBC နဲ့ လက်တွဲလိုက်ပါ"

သင့်ရဲ့ အရည်အချင်းတွေ တိုးတက်လာပြီးတော့ လာမယ့် အနာဂတ်မျိုးဆက် ကလေးငယ်တွေအတွက် အကျိုးသက်ရောက်မှုရှိစေမယ့် Skillful & Professional ဖြစ်တဲ့ အရည်အသွေးမြင့် ဆရာ/ဆရာမ ဖြစ်ဖို့ စိတ်အားထက်သန်နေပါသလား?
သင့်ရဲ့ အိပ်မက်တွေကို အခုပဲ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် အခွင့်ရေးတစ်ခုအနေနဲ့ ILBC ပညာရေး မိသားစုကနေ Teacher Assistant များကို လက်တွဲခေါ်ယူနေပါပြီ။

ILBC ကို ဘာကြောင့်ရွေးချယ်သင့်ပါသလဲ။
—------------------------------------------------
✅ မြန်မာနိုင်ငံတွင် သက်တမ်းအကြာဆုံး International School တစ်ခုဖြစ်ခြင်း
✅ ကလေးများကို လုံခြုံနွေးထွေးမှုအပြည့်နှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် အကောင်းဆုံး ပြုစုပျိုးထောင်ပေးခြင်း
✅ ဆရာ/ ဆရာမများ၏ Professional Development အတွက် School-based Training အပါအ၀င် Training မျိုးစုံနှင့် လေ့ကျင့်သင်ကြားပေးနေသော သင်ကြားသင်ယူမှု ပတ်၀န်းကျင်ကောင်းတစ်ခုဖြစ်ခြင်း
✅ မိမိ၏ကြိုးစားမှုရလဒ်အပေါ် မူတည်ပြီး အခွင့်အလမ်းကောင်းများ ရရှိနိုင်ခြင်း
စတဲ့ အခွင့်အလမ်းတွေအားလုံးဟာ သင့်ရဲ့ လက်တစ်ကမ်းမှာ ရှိနေပါတယ်။

- သင်ကြားသင်ယူမှုအရည်အချင်း တိုးတက်ဖို့ စိတ်အားထက်သန်ပါသလား❓
- လေ့လာသင်ယူလိုစိတ်ပြင်းပြသူဖြစ်ပါသလား❓
- အများနှင့်ပြေပြစ်စွာ ပြောဆိုဆက်ဆံနိုင်ပါသလား❓
- မိမိရဲ့တစ်နေ့တာကို ကလေးများနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါသလား❓
အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံနေရင်တော့ အောက်ဖော်ပြပါအချက်အလက်များနှင့်တကွ Teacher Assistant Position အတွက် လျှောက်ထားနိုင်ပါတယ်။

အလုပ်လျှောက်ထားရန် လိုအပ်ချက်များ
-----------------------------------------
☑️ ကိုယ်ရေးအကျဥ်း
☑️ ရောင်စုံပတ်စပို့ဓာတ်ပုံ (၂) ပုံ
☑️ ပညာအရည်အချင်းလက်မှတ်များ၏မိတ္တူ
☑️ သန်းခေါင်စာရင်းမိတ္တူ
☑️ မှတ်ပုံတင်မိတ္တူ
ILBC နဲ့ လက်တွဲပြီး သင့်ရဲ့ အနာဂတ်ကို တောက်ပစေမယ့် အသက်မွေး၀မ်းကြောင်းအခွင့်အရေးတစ်ခုကို အခုပဲ အမိအရ ဖမ်းဆုပ်ရယူလိုက်ပါ။
ပဏာမရွေးချယ်ခံရသူများကတော့ အစမ်းခန့်ကာလ (၃) လ ကို ဖြတ်သန်းရပါမယ်။

စိတ်ပါဝင်စားသူများအနေဖြင့် လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ 26th June 2026 (Friday) နောက်ဆုံးထား၍ ၅၃ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ရှိ ILBC ကျောင်း၏ HR ဌာနသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ (သို့မဟုတ်) [email protected] သို့ mail ပို့၍လည်း လျှောက်ထားနိုင်ပါသည်။
လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

18/06/2026

🔴 ILBC Now on TikTok!

ILBC ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ Activity တွေကို စဥ်ဆက်မပြတ် ကြည့်ရှုနိုင်ဖို့အတွက် ILBC TikTok Channel ကို Follow လုပ်ထားနော်!

မကြာသေးခင်ရက်ပိုင်းအတွင်းမှာ ILBC Mandalay Preschool (Graduation Video) လေးတွေကိုလည်း တင်ပေးထားပြီးဖြစ်လို့ ကလေးတွေရဲ့ ဂုဏ်ယူဖွယ်ရာ အမှတ်တရ Moment လေးတွေကို အခုပဲ ခံစားကြည့်ရှုနိုင်ပါပြီ။
🎥 https://bit.ly/ILBCofficialtiktok

To stay connected with the everyday journey of ILBC students, follow the ILBC TikTok Channel and never miss a moment of their growth and joy. We have recently shared ILBC Mandalay Preschool Graduation videos, where every proud little step becomes a lasting memory, and each smile reflects a beautiful story of achievement and love.
🎥 See more videos here: https://bit.ly/ILBCofficialtiktok

Photos from ILBC International School Mandalay's post 16/06/2026

🌍📚 Opening Day of the 2026-2027 ILBC TBL-EPC (Batch 1)

June 13 ရက်နေ့မှာတော့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ILBC TBL-EPC (Batch 1) အင်္ဂလိပ်စာအတန်းတွေကို စတင်ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်။ ကလေးအသက် (၅) နှစ်မှ စတင်တက်ရောက်နိုင်သလို Beginner Level ကနေပါ သင်ယူနိုင်တာဖြစ်လို့ အင်္ဂလိပ်စာကို အခြေခံလုံးဝ မရှိသေးတဲ့ ကလေးငယ်တွေလည်း တက်ရောက်သင်ယူနိုင်ပါတယ်။ ILBC ဆရာ၊ ဆရာမတွေနဲ့ စနေ၊ တနင်္ဂနွေ (၂) ရက်တာမှာ On Campus မှာဖြစ်စေ၊ Online ကနေဖြစ်စေ Face-to-Face သင်ကြားနိုင်တာဖြစ်ပြီးတော့ အရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်းရည် တိုးတက်စေဖို့ Activity အမျိုးမျိုးကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ တိုးတက်မှုကို သိသိသာသာ မြင်တွေ့ရမဲ့ အင်္ဂလိပ်စာအတန်းတွေဖြစ်လို့ မိဘတွေအနေနဲ့ကလည်း ယုံကြည်မှုရှိရှိနဲ့ ရွေးချယ်အပ်နှံနိုင်ပါတယ်။ 🤝🏻💯

On June 13, the 2026-2027 ILBC TBL-EPC (Batch 1) English classes officially began for children aged five and above. From their first steps in English, students are guided by ILBC teachers through face-to-face learning, both on campus and online. With interactive lessons and engaging activities, students develop their reading, writing, speaking, and listening skills while gaining confidence along the way. As progress becomes clearly visible with each lesson, ILBC TBL-EPC continues to be a trusted choice for parents and a strong foundation for every child's future.

မကြာခင်မှာ Registration Form ပိတ်တော့မှာမို့လို့ အမြန်ဆုံး Register လုပ်ပြီး သင်တန်းအပ်နှံနိုင်ပါတယ်။
🔴 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤 (𝐍𝐞𝐰 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬):
https://tinyurl.com/26-27-EPC-New-Reg-Form-Batch-1

🟢 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤 (𝐄𝐱𝐢𝐬𝐭𝐢𝐧𝐠 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬):
For existing students only (those who attended the 2025-2026 Summer English Class).
https://tinyurl.com/26-27-EPC-OldStd-Batch-1

For more information:
☎️ Front Office: 09402641280, 09448488145
📲 Viber: 09777711116

12/06/2026

သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် အကောင်းဆုံးအစပြုရာ YIS Preschool Mandalay ရဲ့ Early Childhood Program ပါ... 🌟

သားသားမီးမီးတို့ကို မူကြိုထားရတော့မယ်.. “ကလေးက ကျောင်းမှာ ပျော်ပါ့မလား” လို့ စိတ်ပူနေကြတဲ့ ဖေဖေ၊ မေမေတို့အတွက် နှစ်ခါပြန်စဉ်စားစရာမလိုတဲ့ Early Childhood Program အတွက် အတန်းသစ်တွေကို လစဉ် YIS Preschool Mandalay မှာ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ 🧸
Early Childhood Program မှာဆိုရင် ကလေးငယ်တွေကို Safe & Caring Environment ထဲမှာ ပျော်ရွှင်တက်ကြွစွာ လေ့လာသင်ယူရင်း လိုအပ်တဲ့ အခြေခံ Life Skills တွေကိုလည်း လေ့ကျင့်တည်ဆောက်ပေးနေတာဖြစ်ပြီး အသက် (၂) နှစ် (၆) လ မှစ၍ ကလေးတိုင်း တက်ရောက်နိုင်မှာပါ။ 👶
📚 YIS Preschool Mandalay မှာဆိုရင် Holistic Education ကို အခြေခံပြီး ကလေးတွေရဲ့ ခန္ဓာကိုယ်၊ ဘာသာစကား၊ ဉာဏ်ရည်နှင့် လူမှုစိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ဘက်စုံမြှင့်တင်ပေးလျက်ရှိပါတယ်။
ဒါ့အပြင် စာသင်ကြားရတယ်ဆိုတာထက် ကစားခြင်းကို ဗဟိုပြုတဲ့ လေ့ကျင့်သင်ကြားမှုတွေ၊ အာရုံငါးပါးကို လှုံ့ဆော်ပေးတဲ့ လေ့ကျင့်မှုတွေနဲ့ Outdoor Play တွေ စတဲ့ သားသားမီးမီးတို့ ပျော်ရွှင်နှစ်သက်စေမဲ့ Activities တွေမှတဆင့် ကလေးငယ်တွေရဲ့ ယုံကြည်မှု၊ ဖန်တီးနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေကိုပါ တစ်ပါတည်း မြှင်တင်ပေးသွားမှာပါ။ 🧠 💡
✅ လုံခြုံနွေးထွေးတဲ့ သင်ယူမှုပတ်ဝန်းကျင်
✅ပြည့်စုံတဲ့ Facilities နှင့် Playground
✅အတွေ့အကြုံရှိ ဆရာ/ဆရာမများရဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှု
✅ပျော်ရွှင်တက်ကြွစွာ သင်ယူနိုင်မဲ့ Learning Environment
✅ Early Childhood အတွက် လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာတွေ ပြုစုပျိုးထောင်ပေးခြင်း
✅ မိဘများရဲ့ ယုံကြည်မှုကို အခိုင်အမာရရှိထားတဲ့ အကောင်းဆုံး မူကြိုကျောင်း
ဒီလိုအချက်တွေနဲ့ပြည့်စုံတဲ့ YIS Preschool Mandalay ရဲ့ Early Childhood Program နဲ့အတူ သားသားမီးမီးတို့ရဲ့ ပထမဆုံးပညာရေးခရီးကို အကောင်းဆုံး စတင်နိုင်ပါပြီ။ 💯
📣 ကျောင်းသားဦးရေ အကန့်အသတ်ရှိသောကြောင့် အခုပဲ ဆက်သွယ်စုံစမ်းအပ်နှံနိုင်ပါပြီ။

✅ YIS Preschool Mandalay
🏫 ၄၂ လမ်းနှင့် ၄၃ လမ်းကြား၊ ၅၂ လမ်းနှင့် အရှေ့မြို့ပတ်လမ်းကြား၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 - 449 034 433


12/06/2026

ILBC English Class စဖွင့်ဖို့ (၁) ရက်ပဲလိုပါတော့တယ်!

ဇွန်လ (၁၃) ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမဲ့ 2026-2027 ILBC TBL-EPC (Batch 1) အင်္ဂလိပ်စာအတန်းတွေအတွက် Registration Form ကို ဖွင့်ထားဆဲဖြစ်လို့ တက်ရောက်ချင်တဲ့ အသက် (၅) နှစ်မှ (၁၆) နှစ်အရွယ် သားသားမီးမီးတိုင်း ဆက်လက် အပ်နှံလို့ ရနေပါသေးတယ်။

ကျောင်းစာမှာရော နေ့စဥ် ဘဝမှာရော၊ အနာဂတ် အခွင့်အလမ်းတွေအထိ ကူညီပေးနိုင်မဲ့ English 4 Skills ကို သင်ကြားပေးမှာဖြစ်လို့

🟢 အင်္ဂလိပ်စာ အခြေခံ လုံးဝမရှိသေးတဲ့ ကလေးတွေ
🟢 Intermediate, Advanced Level တွေအထိတက်ပြီး Skills ထပ်မြှင့်လေ့ကျင့်ချင်တဲ့ ကလေးတွေအားလုံး တက်ရောက်နိုင်ပါတယ်။

✦ ILBC Campus တွေမှာ တက်ရောက်နိုင်မဲ့ On Campus Class
✦ Face-to-Face (တိုက်ရိုက် Live) သင်နိုင်မဲ့ Online Class
နှစ်သက်ရာကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

-------------------------

📅 သင်တန်းစဖွင့်မည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၃) ရက်

📅 သင်တန်းပြီးဆုံးမည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်

🔵 ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ လားရှိုး၊ မုံရွာ၊ မြိတ်
အပတ်စဥ် စနေနေ့နှင့် တနင်္ဂနွေနေ့ - မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

🔵 တောင်ကြီး၊ မြစ်ကြီးနား
အပတ်စဥ် စနေနေ့နှင့် တနင်္ဂနွေနေ့ - မနက် (၉) နာရီမှ နေ့လယ် (၁) နာရီ

🔵 သင်တန်းကြေးအပြီးအစီး
Online Class: 700,000 MMK
On Campus Class: 1,000,000 MMK

🔵 ကျောင်းဝင်ကြေး
New Students: 200,000 kyats
Old Students: 50,000 kyats

အတန်းလေးမီအောင်လို့ ဒီကနေတစ်ဆင့် Register လုပ်လို့ရပါတယ်။

✦ ကျောင်းသားသစ်များအပ်နှံရန်
https://tinyurl.com/26-27-EPC-New-Reg-Form-Batch-1

✦ 2025-2026 Summer English Class မှ ကျောင်းသားများဟောင်းအပ်နှံရန်
https://tinyurl.com/26-27-EPC-OldStd-Batch-1

အသေးစိတ်စုံစမ်းရန် 🔎
Front Office: 09 400 7777 80 , 09 400 7777 90
Viber: 09 400 7777 80 , 09 400 7777 90

11/06/2026

သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် အကောင်းဆုံးအစပြုရာ ILBC Preschool Mandalay ရဲ့ Early Childhood Program ပါ... 🌟

သားသားမီးမီးတို့ကို မူကြိုထားရတော့မယ်.. “ကလေးက ကျောင်းမှာ ပျော်ပါ့မလား” လို့ စိတ်ပူနေကြတဲ့ ဖေဖေ၊ မေမေတို့အတွက် နှစ်ခါပြန်စဉ်စားစရာမလိုတဲ့ Early Childhood Program အတွက် အတန်းသစ်တွေကို လစဉ် ILBC Preschool Mandalay မှာ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ 🧸

Early Childhood Program မှာဆိုရင် ကလေးငယ်တွေကို Safe & Caring Environment ထဲမှာ ပျော်ရွှင်တက်ကြွစွာ လေ့လာသင်ယူရင်း လိုအပ်တဲ့ အခြေခံ Life Skills တွေကိုလည်း လေ့ကျင့်တည်ဆောက်ပေးနေတာဖြစ်ပြီး အသက် (၂) နှစ် (၆) လ မှစ၍ ကလေးတိုင်း တက်ရောက်နိုင်မှာပါ။ 👶
📚 ILBC Preschool Mandalay မှာဆိုရင် Holistic Education ကို အခြေခံပြီး ကလေးတွေရဲ့ ခန္ဓာကိုယ်၊ ဘာသာစကား၊ ဉာဏ်ရည်နှင့် လူမှုစိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ဘက်စုံမြှင့်တင်ပေးလျက်ရှိပါတယ်။
ဒါ့အပြင် စာသင်ကြားရတယ်ဆိုတာထက် ကစားခြင်းကို ဗဟိုပြုတဲ့ လေ့ကျင့်သင်ကြားမှုတွေ၊ အာရုံငါးပါးကို လှုံ့ဆော်ပေးတဲ့ လေ့ကျင့်မှုတွေနဲ့ Outdoor Play တွေ စတဲ့ သားသားမီးမီးတို့ ပျော်ရွှင်နှစ်သက်စေမဲ့ Activities တွေမှတဆင့် ကလေးငယ်တွေရဲ့ ယုံကြည်မှု၊ ဖန်တီးနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေကိုပါ တစ်ပါတည်း မြှင်တင်ပေးသွားမှာပါ။ 🧠 💡

✅ လုံခြုံနွေးထွေးတဲ့ သင်ယူမှုပတ်ဝန်းကျင်
✅ပြည့်စုံတဲ့ Facilities နှင့် Playground
✅အတွေ့အကြုံရှိ ဆရာ/ဆရာမများရဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက်မှု
✅ပျော်ရွှင်တက်ကြွစွာ သင်ယူနိုင်မဲ့ Learning Environment
✅ Early Childhood အတွက် လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာတွေ ပြုစုပျိုးထောင်ပေးခြင်း
✅ မိဘများရဲ့ ယုံကြည်မှုကို အခိုင်အမာရရှိထားတဲ့ အကောင်းဆုံး မူကြိုကျောင်း

ဒီလိုအချက်တွေနဲ့ပြည့်စုံတဲ့ ILBC Preschool Mandalay ရဲ့ Early Childhood Program နဲ့အတူ သားသားမီးမီးတို့ရဲ့ ပထမဆုံးပညာရေးခရီးကို အကောင်းဆုံး စတင်နိုင်ပါပြီ။ 💯

📣 ကျောင်းသားဦးရေ အကန့်အသတ်ရှိသောကြောင့် အခုပဲ ဆက်သွယ်စုံစမ်းအပ်နှံနိုင်ပါပြီ။

✅ ILBC Preschool - 60th street Campus
🏫 အမှတ် (မ - ၇ / ၁၅ + ၁၆ + ၁၇)၊ သိပ္ပံလမ်းနှင့် လမ်း ၆၀ ထောင့်၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ 09 - 777 711 115, 09 – 443 500 298

✅ ILBC Preschool - 30th Street Campus
🏫 ၂၉ လမ်းနှင့် ၃၀ လမ်းကြား၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ 09 - 956 840 850

✅ YIS Preschool Mandalay
🏫 ၄၂ လမ်းနှင့် ၄၃ လမ်းကြား၊ ၅၂ လမ်းနှင့် အရှေ့မြို့ပတ်လမ်းကြား၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 - 449 034 433


08/06/2026

ILBC Mandalay Preschool တွင် Receptionist (Full Time) Position အတွက် လျှောက်ထားနိုင်ပါပြီ။

Receptionist ရာထူးအတွက် လျှောက်ထားလိုသူများသည် အောက်ပါအချက်များနှင့် ကိုက်ညီရပါမည်။

🟢 တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။
🟢 အသက် (၂၅) နှစ်အောက် ဖြစ်ရမည်။
🟢 အကျင့်စာရိတ္တကောင်းမွန်ပြီး လူမှုဆက်ဆံရေးကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်ရမည်။
🟢 အသင်းအဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်နိုင်သူဖြစ်ရမည်။
🟢 စိတ်ရှည်လက်ရှည်ဖြင့် ဝန်ဆောင်မှုပေးနိုင်သူဖြစ်ရမည်။
🟢 လုပ်ငန်းအတွေ့အကြုံမရှိသူများကိုလည်း လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။
🟢 အင်္ဂလိပ်စာ အခြေခံအဆင့် နားလည်အသုံးပြုနိုင်ရမည်။

လိုအပ်သော လျှောက်လွှာစာရွက်စာတမ်းများ
ꪜ ကိုယ်ရေးအကျဉ်း (CV)
ꪜ ရောင်စုံဓာတ်ပုံ (၂) ပုံ
ꪜ ဘွဲ့လက်မှတ်မိတ္တူ
ꪜ သန်းခေါင်စာရင်းမိတ္တူ
ꪜ သင်တန်းအောင်လက်မှတ်မိတ္တူ
ꪜ မှတ်ပုံတင်မိတ္တူ

အထက်ပါစာရွက်စာတမ်းများကို ပူးတွဲ၍ 23rd June, 2026 (Tuesday) နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါသည်။

📍 လာရောက်လျှောက်ထားရန်
ILBC Mandalay Preschool
၅၃ လမ်း၊ ၂၉ လမ်းနှင့် ၃၀ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

📩 Email: [email protected]
📞 Contact: 09 449779447

လူတွေ့စစ်ဆေးမှုအတွက် ရွေးချယ်ခံရသူများကိုသာ ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

08/06/2026

🟢အင်္ဂလိပ်စာအတန်းတွေ တက်ပေမဲ့ အင်္ဂလိပ်လို တကယ်ရော ကောင်းကောင်းပြောတတ်ပြီလား?

🟢အသံထွက် မှန်ရဲ့လား?

🟢ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရဲ့လား?

စကားပြောတင်မဟုတ်ဘဲ ကျောင်းစာထဲမှာ အတန်းကြီးလာတာနဲ့အမျှ ထိတွေ့လာရမဲ့

● Read the passage, Grammar, Punctuation, Essay & Letter ပိုင်းတွေမှာပါ သိသိသာသာ တိုးတက်လာဖို့

● အင်္ဂလိပ်စာဆိုတာနဲ့ ကျွမ်းကျင်ပိုင်နိုင်မှု အပြည့်ရှိဖို့

● အင်္ဂလိပ်သီချင်းတွေ၊ အင်္ဂလိပ်ရုပ်ရှင်ကားတွေကို Subtitle မထိုးလည်း နားလည်နိုင်ဖို့

● AI ခေတ်မှာ Prompt ပေးတာကအစ အင်္ဂလိပ်လို လည်လည်ပတ်ပတ် ထိထိရောက်ရောက် ပေးနိုင်ဖို့အတွက် ကလေးတွေရဲ့ အင်္ဂလိပ်ဘာသာစကား စွမ်းရည်ကို မြှင့်တင်ချင်တယ်ဆိုရင် ILBC TBL-EPC English Class (Batch 1) မှာ အပ်နှံ ထားရှိနိုင်ပါတယ်။

အသက် (၅) နှစ်မှ (၁၆) နှစ်အရွယ် ကလေးတွေ တက်ရောက်နိုင်ပြီး အင်္ဂလိပ်စာကို အခြေခံကနေစသင်နိုင်ဖို့အတွက် Beginner Level ကနေ စတက်လို့ရပါတယ်။
🟢 On Campus Classes
🔵 Online Classes ဆိုပြီး ရွေးချယ်တက်ရောက်နိုင်တာဖြစ်လို့ Campus ဖွင့်ထားတဲ့ မြို့တွေမှာ လူကိုယ်တိုင် လာတက်နိုင်ရုံမကဘဲ ပြည်တွင်း/ ပြည်ပ ဘယ်နေရာပဲရောက်ရောက် အွန်လိုင်းကနေတစ်ဆင့် အင်္ဂလိပ်စာကို တစိုက်မတ်မတ် သင်ယူနိုင်ပါတယ်။

ဘာသာစကားတစ်မျိုး (အထူးသဖြင့်) International Language ဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို ငယ်ငယ်ကတည်းက အခြေခံပိုင်ထားမယ်ဆိုရင်
🔹တက္ကသိုလ်တက်ရောက်တဲ့အခါ
🔹နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့် လျှောက်ထားတဲ့အခါ
🔹Exam တွေဖြေဖို့ လေ့ကျင့်တဲ့အခါ
🔹အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ Competition တွေ ဝင်ပြိုင်တဲ့အခါ
🔹အသက်အရွယ်တစ်ခုရောက်လို့ အလုပ်အကိုင်လျှောက်ထားတဲ့အခါမှာ အားသာချက် တစ်ခု ဖြစ်လာမှာပါ။

ကလေးတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးဖို့အတွက်တော့ ILBC ရဲ့ Professional Development Programme ကိုတက်ရောက်ထားပြီး ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နဲ့ Child Psychology ကအစ နားလည်တတ်ကျွမ်းတဲ့ အတွေ့အကြုံရှိ ဆရာ၊ ဆရာမတွေကိုယ်တိုင်က စာတွေ့၊လက်တွေ့ နှစ်မျိုးစလုံးကို သင်ပေးမှာမို့
» အင်္ဂလိပ်စာကိုတကယ်တတ်မြောက်ပြီး
» တကယ်လက်တွေ့အသုံးချတတ်ချင်ရင်တော့ ILBC TBL-EPC (Batch 1) အင်္ဂလိပ်စာအတန်းတွေကို တက်ရောက်နိုင်ပါပြီ။

📅 Commencing Date – 13th June, 2026
📅 Completion Date – 17th October, 2026

💰 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲 𝗖𝗼𝘂𝗿𝘀𝗲 𝗙𝗲𝗲
● On Campus – 1,000,000 MMK
● Online – 700,000 MMK
● Admission Fees:
New Students – 200,000 kyats
Old Students – 50, 000 kyats
● One-Time Payment for the Entire Course

📚 𝗖𝗹𝗮𝘀𝘀 𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲𝘀
Yangon, Mandalay, Nay Pyi Taw, Lashio, Monywa, Myeik
⏰ Saturday & Sunday – 8:00 am to 12:00 noon

Taunggyi, Myitkyina
⏰ Saturday & Sunday – 9:00 am to 1:00 pm

𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 𝗧𝗼𝗱𝗮𝘆!
🔴 Registration Link (New Student): 2026-2027 ILBC TBL-EPC (Batch 1)
https://tinyurl.com/26-27-EPC-New-Reg-Form-Batch-1

🟢 Student ID ရှိပြီးသား 2025-2026 Summer English Class တက်ရောက်ထားသူများသာအပ်နှံရန်
Registration Link (Existing Student): https://tinyurl.com/26-27-EPC-OldStd-Batch-1

Registration Form မှာ ဖြည့်ထားတဲ့ Email ထဲကို Confirmation Mail ဝင်လာတဲ့အခါ စာရင်းပေးသွင်းမှု အောင်မြင်ကြောင်းသိနိုင်ပါတယ်။

အသေးစိတ်ကိုတော့ အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်ပါပြီ။
☎️ Front Office: 09 400 7777 80 , 09 400 7777 90
📲 Viber: 09 400 7777 80 , 09 400 7777 90

▬▬ ▬▬ ▬▬

On Campus Classes ဖွင့်လှစ်ပေးသွားမည့်ကျောင်းခွဲများ

🏫 ILBC International School Yangon (Thuwana Campus)
Address: Lay Dauk Kan Road, Thuwana Football Stadium, Thingankyun Township, Yangon.
Phone: 09262773009, 09 400777780, 09 400777790
Google Map: https://goo.gl/maps/PsPT32q83rpzhmod7

🏫 ILBC International School Mandalay (IGCSE 1 Campus)
Address: 30th Street, Between 53rd & 54th Street, Kankauk Ward, Chan Aye Thar Zan Township, Mandalay.
Phone: 09 402641280, 09 443771372

🏫 ILBC International School Nay Pyi Taw
Address: Thazin St, Near Diplomat Zone, Dekkhinathiri Tsp, Nay Pyi Taw.
Phone: 09 940881860, 09 940881861

🏫 ILBC International School Myitkyina (ON CAMPUS ONLY)
Address: No.11, Zawkyun St., Thidar Block, Myitkyina, Myanmar.
Phone: 09 429326678, 09 970942753, 09 880923597

🏫ILBC International School Taunggyi (Shan Queen Campus)
Address: 167, B Road, Between 6th & 7th Street, Shwe Taung Kyar Housing, Shan Queen, Kan Gyi Quarter, Taunggyi.
Phone: 09 940881875, 09 404404802

🏫 ILBC International School Lashio
Address: No. (11/ kha), Lwe Kan Mein Block, Dhamma Yeikthar Street, Region (16), 8th Quarter, Lashio.
Phone: 09 757179659, 09 256072478

🏫 ILBC International School Myeik
Address: Maharsi Sarsana Yeikthar St., La Min Yard, La Min Qtr, Yaypone Estate, Myeik.
Phone: 09 8627077, 09 8763521, 09 897 366132, 09 752766132, 09 955266132

🏫ILBC International School Monywa (ONLINE ONLY)
Phone: 09967733334

Photos from ILBC International School Mandalay's post 07/06/2026

37th Preschool Graduation Ceremony: Class of 2026 🌟
🎉 Congratulations to Our Little Graduates 🎓
✅ 21st May 2026 (Day 2, Session 2)

ILBC Preschool Mandalay မှ သားသားမီးမီးတို့ရဲ့ မူကြိုဘဝမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ စနစ်တကျ လေ့ကျင့်သင်ကြား ပြုစုပျိုးထောင်းပေးခဲ့ပြီး အခုဆိုရင် ကလေးငယ်တွေရဲ့ ဘဝအတွက် လိုအပ်တဲ့စွမ်းရည်တွေ၊ အသိပညာ၊ ဗဟုသုတတွေ အပြည့်နဲ့ အောင်မြင်စွာ ပြီးဆုံးကြောင်းအထိမ်းအမှတ်ဖြစ်တဲ့ (၃၇) ကြိမ်မြောက် Preschool Graduation Ceremony ကို မေလ (၂၁) ရက်နေ့၊ YIS Theatre မှာ ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲလေးဟာဆိုရင် သားသားမီးမီးတို့ရဲ့ ပထမဆုံးအောင်မြင်မှု မှတ်တိုင်တစ်ခုသာမက ဖေဖေ၊ မေမေတို့ရဲ့ အကောင်းဆုံး အားပေးပံ့ပိုးပေးမှုရဲ့ ရလဒ်၊ မေတ္တာ စေတနာအပြည့်နဲ့ ပျိုးထောင်သင်ကြားပေးခဲ့တဲ့ ဆရာ/ဆရာမများရဲ့ အောင်မြင်မှုအထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ 🎉
ထူးချွန်ထက်မြတ်တဲ့ သားသားမီးမီးများဖြစ်လာအောင် ဆရာ/ဆရာမများနဲ့အတူ လက်တွဲပြီး အားကြိုးမာန်တက် ပံ့ပိုးပေးခဲ့သည့်အပြင် ILBC Preschool Mandalay ကို ယုံကြည်စွာ အပ်နှံပေးခဲ့ကြတဲ့ မိဘအုပ်ထိန်းသူများနဲ့ သင်ကြားပေးခဲ့တဲ့ ဆရာ/ဆရာမများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 👨‍👩‍👧‍👦
အခုလိုမျိုး သားသားမီးမီးတို့အတွက် အမြဲတမ်းဂုဏ်ယူအမှတ်ရနေစေမယ့် Graduation Ceremony အခမ်းအနားပွဲလေးအတွင်းမှ ဖေဖေ မေမေ၊ ဆရာ/ဆရာမများရဲ့ ကြည်နူးပီတိမှု၊ သားသားမီးမီးတို့ရဲ့ ပျော်ရွှင်စိတ်လှုပ်ရှားမှုများကို မြင်တွေ့ခံစားရစေမယ့် ပုံရိပ်လေးတွေကို အတူတကွ ကြည့်ရှုလိုက်ကြရအောင်နော်။🌟

On May 21st, ILBC Preschool Mandalay proudly celebrated the 37th Preschool Graduation Ceremony at YIS Theatre, marking the successful completion of preschool journey, filled with knowledge, growth, essential life skills and wonderful memories. This milestone reflects not only the achievement of our preschoolers, but also the dedication of our teachers, and the incredible support and trust from our parents. A heartfelt thank you to all parents and teachers for working together to nurture these bright young minds.
We would like to share these heartwarming photos that captured the joy and pride of parents and teachers, as well as the happiness and excitement of our little graduates throughout the celebration. 🎓✨🌟

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Address


Ma-(2/1 Ka+6 Salain), Bet: 63rd X 64th Street , Theikpan X 43rd, Mahar Myaing 2 Ward, Mahar Aung Myay Tsp.
Mandalay
95

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00