22/05/2026
🚀 Level up your English This Weekend 🚀
🌟 Weekend English Classes တန်းခွဲသစ်များ စတင်လက်ခံနေပါပြီ 🌟
စာသင်ရင်း Confidence တိုးလာမယ်၊ Grammar & Speaking Skill တွေ ပိုကောင်းလာမယ် 💬
👩🏫 Weekend တန်းဖြစ်လို့ ကျောင်းတက်ချိန်မထိခိုက်ဘဲ အဆင်ပြေစွာ သင်ယူနိုင်ပါပြီ။
❓ဘယ်အရွယ်စတက်လို့ရလဲ
🌼 အသက် ၇နှစ်မှ ၁၇ နှစ်ထိ တက်ရောက်နိုင်ပါတယ်။
❓ဘယ်လိုလူတွေတက်သင့်လဲ
🌼 အသက် ၇နှစ်မှ ၁၇နှစ်အရွယ် အင်္ဂလိပ်စာတိုးတက်လိုသူများ
🌼 4 Skills ရော Grammar ပါ အခြေခံမှစ ကျွမ်းကျင်ပိုင်နိုင်လိုသူများ
🌼 Cambridge Exams (Starters, Movers, Flyers, KET, PET, FCE) များကို ထူးချွန်စွာ အောင်မြင်လိုသူများ တက်သင့်ပါတယ်။
📌 တက်ရောက်နိုင်သောအတန်းများ
========================
✅ Foundation English (O Level)
✅ YLE English Courses
✅ Cambridge KET, PET & FCE
✅ Graded Grammar Courses
✅ Creative Writing Courses
🎁 Early Bird Promotion လည်းရှိနေပါတယ် 🎁
May 26 - May 31 အတွင်းအပ်နှံပါက …
🤩 Cash Back 100,000 – 300,000 Ks အထိ ရယူနိုင်မည် 🤩
🛎️ စနေ၊ တနင်္ဂနွေ (အပတ်စဉ်တန်း) ကို ဝါတွင်းတွင် (ဥပုသ်-တနင်္ဂနွေ) လည်း သင်ပေးပါတယ်။
🎓Online ရော On Campus ပါ join လို့ရနေပါပြီ။ ✅
seats ဖြစ်တာကြောင့် အချိန်မီစာရင်းသွင်းဖို့တော့ လိုမယ်နော်။ 😍
💛 “English ကောင်းရင် အနာဂတ်ပိုကောင်းမယ်”
သားသားမီးမီးတို့ရဲ့ ပညာရေးအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကို ဒီနေ့ပဲ စတင်လိုက်ပါ✨
အသေးစိတ်စုံစမ်းရန်
==============
🏡 44 လမ်း၊ 82 x 83 လမ်းကြား၊ ဘုရားကြီးစျေး၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး။
📞 09 2030309 📞 09 777984920
📩 Master Professional Education Centre
-person �
17/05/2026
May 16 မှာ Movers, Flyers ဖြေဆိုခဲ့ကြတဲ့ပုံရိပ်လေးတွေ မျှဝေလိုက်ပါတယ်နော် ☘️
15/05/2026
✨ Idiom of the Week ✨
"Against the clock" ဆိုတဲ့ idiom လေးကတော့ "သတ်မှတ်ထားတဲ့ အချိန်မကျော်ခင် အလုပ်တစ်ခုပြီးမြောက်အောင် အသည်းအသန် အပြိုင်အဆိုင် လုပ်ဆောင်ရတာ" ကို ဆိုလိုတာပါ။ ⏰ အချိန်က ကိုယ့်ရဲ့ ပြိုင်ဘက်ဖြစ်နေပြီး အချိန်နဲ့အမျှ အပြေးအလွှား လုပ်နေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် စာမေးပွဲဖြေတဲ့အခါ၊ အလုပ်မှာ Deadline နီးနေတဲ့အခါ ဒါမှမဟုတ် အရေးပေါ်ကိစ္စတစ်ခုခုကို အချိန်မီပြီးအောင် ကြိုးစားနေရတဲ့အခါမျိုးမှာ "အချိန်နဲ့ တစ်ပြေးညီ အပြိုင်အဆိုင် လုပ်နေရတယ်" ဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးနှုန်းပါတယ်။
For Example ;
"The team is working against the clock to finish the project by tomorrow." 🏃♂️📅
"အဖွဲ့သားတွေဟာ ပရောဂျက်ကို မနက်ဖြန်အမှီ ပြီးစီးအောင် အချိန်နဲ့အမျှ အသည်းအသန် ကြိုးစားပမ်းစား လုပ်ကိုင်နေကြပါတယ်။"
14/05/2026
🎓 Quiz with Master 🎓
ကဲ... မနေ့က မေးခွန်းလေးကို မှန်အောင် ဖြေနိုင်သူတွေ ရှိလား 🤔? အဖြေမှန်ကို ပုံထဲမှာ ကြည့်နိုင်ပါပြီ။ ကိုယ့်အဖြေလေး မှန်ခဲ့တယ်ဆိုရင် React လေးတစ်ခုခု ပေးသွားခဲ့ပါဦး။ 😄
🔹Explanation: မဝေးတော့တဲ့ အနာဂတ်မှာ ပြုလုပ်ဖို့ သေချာပေါက် စီစဉ်ထားတာ (Fixed Arrangement/Future Plan) ကို ပြောချင်ရင် Present Continuous (is + V-ing) ကို သုံးရပါတယ်။
13/05/2026
🎓 Quiz with Master 🎓
ဒီနေ့ရဲ့ Grammar Challenge လေး လာပြီနော်😄။ ပုံထဲက မေးခွန်းလေးကို မြင်တာနဲ့ အဖြေကို တန်းသိတဲ့သူတွေ ရှိလား🤔? သိရင်တော့ Comment မှာ အမြန်ဆုံး မန့်ခဲ့ပေးကြဦးနော်။ အဖြေမှန်ကိုတော့ မနက်ဖြန် တင်ပေးပါ့မယ်။ ☺️
13/05/2026
Thank you for your support!🙏
▶️ YouTube Channel လေးကို Subscribe လုပ်ပြီးစောင့်ကြည့်အားပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ 🥰
နောက်ထပ်လည်း content အသစ်အသစ်တွေလာမှာမို့ subscribe မလုပ်ရသေးရင်လည်း လုပ်ထားပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။👇
http://www.youtube.com/
01/05/2026
✨ Idiom of the Week ✨
"The last straw" (ဒါမှမဟုတ် "The straw that broke the camel's back") ဆိုတာကတော့ "သည်းခံနိုင်စွမ်းကို ကုန်ဆုံးသွားစေတဲ့ နောက်ဆုံးဖြစ်ရပ်" ကို ဆိုလိုတာပါ။ 🐫🌾 ကုလားအုတ်တစ်ကောင်ရဲ့ ကျောပေါ်မှာ ဝန်တွေအများကြီး တင်ထားပြီးသားဖြစ်နေလို့ နောက်ဆုံး ကောက်ရိုးတစ်မျှင်လေး ထပ်တင်လိုက်ရုံနဲ့ ကျောရိုးကျိုးသွားသလိုမျိုး၊ အခြေအနေတစ်ခုက ဆိုးနေပြီးသားကို နောက်ထပ် ပြဿနာသေးသေးလေးတစ်ခု ထပ်တိုးလာလို့ လုံးဝသည်းမခံနိုင်တော့တဲ့အခါ သုံးပါတယ်။ ပြဿနာတွေ ဆက်တိုက်ဖြစ်နေရင်းနဲ့ နောက်ဆုံး ကိစ္စတစ်ခုကတော့ လုံးဝ လက်မခံနိုင်တော့ဘူးလို့ ပြောချင်တဲ့အခါ သုံးနှုန်းလေ့ရှိပါတယ်။
🔷For Example
"The low salary was bad, but the rude boss was the last straw. I quit!" 😤💼
"လစာနည်းတာက တစ်ကြောင်း၊ အခု အထက်လူကြီးကပါ ရိုင်းလာတော့ ငါ လုံးဝသည်းမခံနိုင်တော့ဘူး။ အလုပ်ထွက်လိုက်ပြီ!"
30/04/2026
🎓 Quiz with Master 🎓
ကဲ... မနေ့က မေးခွန်းလေးကို မှန်အောင် ဖြေနိုင်သူတွေ ရှိလား 🤔? အဖြေမှန်ကို ပုံထဲမှာ ကြည့်နိုင်ပါပြီ။ ကိုယ့်အဖြေလေး မှန်ခဲ့တယ်ဆိုရင် React လေးတစ်ခုခု ပေးသွားခဲ့ပါဦး။ 😄
Explanation: ကျောင်းဖွင့်ရာသီမှာ ကျောင်းဝတ်စုံအသစ်တွေကို မဖြစ်မနေ ဝယ်ယူရမှာဖြစ်လို့ လိုအပ်ချက် (Necessity) ကို ဖော်ပြတဲ့ must ကို သုံးရတာပါ။
29/04/2026
ကဆုန်လပြည့်နေ့ 🌕
စိတ်အေးချမ်းသာစွာနဲ့ ကုသိုလ်ဘာဝနာများ ပွါးများနိုင်ကြပါစေ။
29/04/2026
📢 We’re Hiring!
🛎️ ကျွန်ုပ်တို့နှင့် လက်တွဲလုပ်ကိုင်လိုသော
Junior Admin Staff (ရုံးအကူဝန်ထမ်း) အမျိုးသမီး - ၁ဦး နှင့် Office Supervisor (ရုံးလုပ်ငန်းကြီးကြပ်ဝန်ထမ်း) အမျိုးသမီး - ၁ဦး ခေါ်ယူနေပါသည်။
👩💼 Junior Admin Staff (ရုံးအကူဝန်ထမ်း) အမျိုးသမီး
🔹 တာဝန်များ
* Reception တွင် လာရောက်မေးမြန်းသူများကို လမ်းညွှန်ပေးခြင်း
* ဖုန်းခေါ်ဆိုမှုများ ဖြေကြားပေးခြင်း
* သင်တန်းအတွက်လိုအပ်သော ပစ္စည်းများ ဝယ်ယူပေးခြင်း
* လိုအပ်ပါက အပြင်သွားလာ၍ ကိစ္စများ ဆောင်ရွက်ခြင်း
* စာသင်ခန်းနှင့် ရုံးဧရိယာများကို သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းခြင်း
* ကွန်ပျူတာဖြင့် စာရိုက်ခြင်းနှင့် အခြေခံ Office လုပ်ငန်းများ ဆောင်ရွက်ခြင်း
🔹 လိုအပ်သော အရည်အချင်းများ
* အထက်တန်းအောင်မြင်ပြီးသူ
* ကွန်ပျူတာအခြေခံအသုံးပြုနိုင်သူ
* ဆက်ဆံရေးကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့သူ
* တာဝန်ယူမှုရှိပြီး အလုပ်ကြိုးစားသူ
* အပြင်သွားလာလုပ်ကိုင်နိုင်သူ
👩💻 Office Supervisor (ရုံးလုပ်ငန်းကြီးကြပ်ဝန်ထမ်း) အမျိုးသမီး
🔹 တာဝန်များ
* ရုံး၏နေ့စဉ်လုပ်ငန်းများကို စီမံခန့်ခွဲခြင်း
* Junior Staff များ၏ အလုပ်တာဝန်များကို ကြီးကြပ်ညွှန်ကြားခြင်း
* Reception နှင့် သင်တန်းဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ စီစဉ်ဆောင်ရွက်ခြင်း
* လိုအပ်သော ပစ္စည်းများ ဝယ်ယူခြင်းနှင့် စီမံထိန်းသိမ်းခြင်း
* သင်တန်းအချိန်ဇယားများနှင့် သင်ကြားမှုအခြေအနေများကို စောင့်ကြည့်ထိန်းသိမ်းခြင်း
* သန့်ရှင်းသပ်ရပ်မှုနှင့် စည်းကမ်းတကျရှိမှုကို ထိန်းသိမ်းခြင်း
🔹 လိုအပ်သော အရည်အချင်းများ
* အနည်းဆုံး Diploma (သို့) ဘွဲ့ရရှိပြီးသူ
* Admin / Supervisor အတွေ့အကြုံရှိသူ
* Leadership skill ကောင်းမွန်သူ
* Communication skill ကောင်းမွန်သူ
* ကွန်ပျူတာ (Word, Excel) အသုံးပြုနိုင်သူ
* တာဝန်ယူမှုရှိပြီး စီမံခန့်ခွဲနိုင်သူ
🔹 အတွေ့အကြုံ
* အတွေ့အကြုံရှိသူများကို ဦးစားပေးမည်
* အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည် (Training ပေးမည်)
📩 လျှောက်ထားရန်
စိတ်ဝင်စားသူများသည်
CV Form ကို Messenger မှတဆင့် ပို့ပေးနိုင်ပါသည်။
🏡 Master Professional Education Centre
📍44လမ်း၊ 82 x 83လမ်းကြား၊ ဘုရားကြီးစျေး၊ မန္တလေး။
📞09 2030309 📞09 777984920
29/04/2026
🎓 Quiz with Master 🎓
Grammar Quiz တစ်ခုကို တင်ပေးလိုက်ပါတယ် 😍 ။ မိမိမှန်ကန်မယ်လို့ ယူဆတဲ့ အဖြေကို Comment မှာ မှတ်ချက်ပေးခဲ့နိုင်ပါတယ်။ အဖြေမှန်နဲ့ ရှင်းလင်းချက်ကိုတော့ မနက်ဖြန်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။ 😉