12/04/2018
နှစ်သစ်အခာ သမယ အား ဘေးရန်ကင်းကွာ
ပျော်ရွှင် ချမ်းမြေ့စွာဖြင့် ကြိုဆိုနိုင်ကြပါစေကြောင်း
Golden AiM LCCI & Computer Training Centre
မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
15/02/2018
GOLDEN AIM
သင်တန်းသူ ၊ သင်တန်းသားများ၏ စုပေါင်းအလှူ 🙏
29/12/2017
အခန်းတစ်ခုသင်ပြီးတိုင်း လက်တွေ့ မှာ ဘယ်လိုပြန်အသုံးချလဲ ။
လုပ်ငန်းတိုင်းရဲ့ စာရင်းတွေက ဘယ်လိုရှိနေလဲ ။
Presentation ကောင်းကောင်း Project ကောင်းကောင်း
ဘယ်လို sharing လုပ်ကြမလဲ ။
စသည်တို့ကို Teamwork ပုံစံဖြင့် အဓိက ထား
Training ပေးတဲ့ Project Time 🎓
🎁
's try together 🎓
16/11/2017
✅✅✅✅✅✅✅✅✅✅✅✅✅✅✅
LCCI ဆိုတာဘာလဲ...
London Chamber Of Commerce And Industry
(လန်ဒန်စက်မှု ကုန်သည်ကြီးများ အသင်းချုပ်) ရဲ့
အတိုကောက်ပါ။ ၁၈၈၁ခုနှစ်က အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာ
စတင်အခြေစိုက်ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိတိုင်
အောင်မြင်ထင်ရှားစွာ ရပ်တည်နေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။
LCCI အသင်းချုပ်က ဘာတွေလုပ်ပေးလဲ...
LCCI အသင်းချုပ်က ကြီးမှူးပြီး LCCI Examination Board ကို
ဖွဲ့စည်းပြီး ကမ္ဘာပေါ်ရှိအဖွဲ့အစည်းတိုင်းအတွက်
ထောက်ပံ့နိုင်သော ပညာတတ်အင်အားစုတစ်ရပ်ကို
မွေးထုတ်ရန် ရည်ရွယ်ပြီး Accounts, Management , Marketing, Information , Technology and Foreign Language အစရှိသည့် ပညာရပ်များကို စစ်ဆေးပြီး
နိုင်ငံတကာ အသိအမှတ်ပြု Certificate, Diploma , Degree , Master စသည့် အဆင့်အသီးသီးကို အပ်နှင်းပေးပါတယ်။
ဒီစာမေးပွဲကို အင်္ဂလန်မှာ ဖြေရမှာလား...
မြန်မာနိုင်ငံမှာပဲ ဖြေရမှာပါ။ သံရုံးကကျင်းပတဲ့ စာမေးပွဲအတွက် စာစစ်ဌာနကတော့ ရန်ကုန်နဲ့ မန္တလေး နှစ်ခုရှိပါတယ်။
ဒါပေမယ့် ယခုအချိန်မှာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့
စိတ်ဝင်စားသူများလာတဲ့အတွက် ရန်ကုန်နဲ့ ဝေးကွာတဲ့
ဒေသတွေအထိ စာစစ်ဌာနကို တိုးချဲ့ပေးခဲ့ပါတယ်။
(ဥပမာ- တောင်ကြီး ၊ မုံရွာ ၊ မော်လမြိုင် ၊ မြိတ်..)
အင်္ဂလန်က မေးခွန်းဖြစ်လို့ခက်မယ်ထင်တယ်...
သင်ရိုးညွှန်းတမ်း ၊ အမှတ်ပေးစည်းမျဉ်းနဲ့ရော ညီရဲ့လား ၊
အောင်ဖို့လွယ်ပါ့မလား...
သင်ရိုးညွန်းတမ်း အမှတ်ပေးစည်းမျဉ်းနဲ့ အညီသင်ပါတယ် ၊
ကြီးမားတဲ့အောင်မြင်မှုမှာ ဖြတ်လမ်းမရှိပါဘူး ၊ ကြိုးစားပါ ၊
အဖန်တလဲလဲလေ့ကျင့်ပါ။ ပုံမှန်သင်ကြားမှုအပြင်
မေးခွန်းဟောင်းများကို မှတ်စုနဲ့ထုတ်ပြီး ကိုယ်တိုင်စဉ်းစား
ဖြေဆိုတတ်အောင် လေ့ကျင့်ပေးပါတယ်။
စာမေးပွဲက ဘယ်အချိန်ဖြေရမှာလဲ...
မြန်မာနိုင်ငံမှာ တစ်နှစ်ကို (၈) ကြိမ်စစ်ဆေးပေးပါတယ်။
သင်တန်းအနေနဲ့ကတော့ ဇွန်လ နဲ့ ဒီဇင်ဘာလ အတွက်
အဓိကထားပြီး သင်ကြားပါတယ်။
သင်တန်းတက်ဖို့ ဘယ်လိုအရည်အချင်းတွေ လိုပါသလဲ ...
စိတ်ဝင်စားမှုရှိပါက တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးတဲ့
မည့်သည့်အသက်အရွယ် ၊ မည်သည့် Major မဆို
တက်ရောက်နိုင်ပါတယ်။ ဘာကန့်သတ်ချက်မှ မရှိပါ။
စီးပွားရေး တက္ကသိုလ်က မဟုတ်ပဲ တစ်ခြားတက္ကသိုလ်က
ဆိုတော့ ကျောင်းစာတစ်ဖက် နဲ့ စာလိုက်နိုင်ဖို့ လွယ်ပါ့မလား...
စိတ်ဝင်စားမှုရှိပြီး ကြိုးစားရင်မခက်ပါ ၊ လိုက်နိုင်ပါလိမ့်မယ် ၊
တက္ကသိုလ်တက်ရင်း နိုင်ငံတကာအဆင့် Certificate နဲ့ Diploma များရရှိနိုင်မယ့်အခွင့်အလမ်းဖြစ်ပါတယ်။
ဒါ့အပြင် သင်တန်းက ရတဲ့ အတွေးအခေါ်ကောင်းများကို
အခြေခံပြီး ပြည်ပက အဆင့်မြင့်ဘာသာရပ်များအထိ
လွယ်ကူစွာ အသုံးချသွားနိုင်သည်။
စာမေးပွဲမဖြေပဲ သင်တန်းတက်လို့ရသလား...
ရပါတယ် ၊ ဖြေလိုက်ရင်တော့ ယုံကြည်မှု နဲ့
အတွေ့အကြုံ ပိုကောင်းလာနိုင်ပါတယ်။
သံရုံးကစစ်တဲ့စာမေးပွဲ အောင်မြင်သွားရင်
England (UK) က တိုက်ရိုက်ပေးအပ်ချီးမြင့်တဲ့
Level အလိုက် Certificate or Diploma ကို ရမှာပါ။
I&II အတွက်က Certificate of Bookkeeping and Accounting ရမှာ ဖြစ်ပါတယ်။
III ဆိုရင်တော့ အနည်းဆုံး ၃ ဘာသာ အောင်ရပါမယ်။
ရမှာက မိမိရွေးချယ်မှုအပေါ် မူတည်ပြီး-
in Accounting
in Cost and Management Accounting
in Accounting and Finance တို့
ရရှိမှာပဲ ဖြစ်ပါတယ်။
LCCI မှာ ဘယ်ဘာသာရပ်တွေ ပါဝင်သလဲ..
I - Book-Keeping
(စာရင်းရေးသွင်းထိန်းသိမ်းခြင်း ပညာ)
II - Book-Keeping & Accounting
(စာရင်းရေးသွင်းခြင်း နှင့် စာရင်းကိုင်ပညာ)
III
- Accounting (IAS)
(စာရင်းကိုင် ပညာ)
-Cost and Management Accounting
(စီမံခန့်ခွဲမှု စာရင်းကိုင်ပညာ)
-Advanced Business calculation
(စီးပွားရေး လုပ်ငန်းဆိုင်ရာ တွက်ချက်မှု ပညာ)
-Business Statistic
(စီးပွားရေးဆိုင်ရာ စာရင်းအင်းပညာ)
LCCI အောင်ရင် ဘာအခွင့်အလမ်းတွေ ရှိလဲ...
လုပ်ငန်းခွင်မှာ ဦးစားပေးအနေနဲ့ ခန့်အပ်ခံရမှာဖြစ်ပြီး
လစာကောင်းကောင်း ရမှာပါ။
အဆင့်မြင့် ACCA, CIMA, CPA ဆက်သွားဖို့လည်း
အသင့်တော်ဆုံး ပေါင်းကူးအခြေခံကောင်း တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် LCCI အောင်ပြီး အသုံးမချဖြစ်တာကြောင့်
မေ့မေ့ပျောက်ပျောက်ဖြစ်သွားသူတွေလည်း အများကြီးပါ။
အနှစ်ချုပ်အနေနဲ့က ပြင်းပြတဲ့ ဆန္ဒနဲ့ မလျှော့သော
ဇွဲလုံ့လသာရှိပါစေ အောင်မြင်မှာ အသေအချာပါ။
#နဝဒေး