(၂၀၂၄-၂၀၂၅)ပညာသင်နှစ်အတွက် အလုပ်လျှောက်လွှာ ခေါ်ယူခြင်း
စွမ်းရည်ပိုင်( ကပက)မန္တလေး [private school & international programs]
💥1.အထက်တန်းအဆင့်
Assistant teachers (ကျောင်းချိန်အတွင်း)
လစာ- (၂၀၀၀၀၀-၂၅၀၀၀၀)ကျပ်
💥2.Primary English teachers( ကျောင်းချိန်အတွင်း)
အမှတ်စဥ် 2.အတွက်လျှောက်ထားသူသည်
English to English ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင် ရမည်။
လစာ- (၃၀၀၀၀၀-၃၅၀၀၀၀)ကျပ်
💥ဆရာအရည်အသွေးပြည့်၀၍ စိတ်၀င်စားသူများ လျှောက်ထားနိုင်ပါသည်။
-CV formကို အချက်အလက်အပြည့်အစုံနှင့်တကွ
email (or) viber (or) ကျောင်းရုံးခန်းသို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။
email - [email protected]
Ph- +9592024215
Adress- Between 38×38St ,71×72St
,Maharaungmyae township, Mandalay
Swann Ye Paing private school
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Swann Ye Paing private school, School, 38Street, Between 71x72Street, Mandalay.
14/01/2021
၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သည့်ကျောင်းသားကျောင်းသူများအတွက် တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများ မကြာမီထုတ်ယူနိုင်ပါတော့မည်။
13/01/2021
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို Website တွင် အခမဲ့ကြည့်ရှုနိုင်မည့်အစီအစဉ် အသိပေးကြေညာ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ဇန်နဝါရီ (၁၂)
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက် နံနက် (၆) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းအား အသိပေးကြေညာ အပ်ပါသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ် နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍ မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်းထုတ်ပေးမည် မဟုတ်ပါကြောင်း၊ Covid-19 ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးမည့်အစီအစဉ်အား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website နှင့် page ဖြစ်သော https://mmexamscore.org နှင့် https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့မှစ၍ ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာထားသည်။
#သတင်းစဉ် From; MDN
Photo Credit - Department of Myanmar Examinations
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Online အမှတ်စာရင်း ၂၀၂၀ ပြည့်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းကို Online မှကြည့်ရှုခြင်း။
04/10/2020
World Teachers' Day
October 5,2020.
''Teachers: Leading in crisis,reimagining the future''
စွမ်းရည်ပိုင် (ကပက)မန္တလေးမြို့ (2.9.2020)
-မိဘအုပ်ထိန်းသူများနှင့်ကျောင်းသား/သူ များအားလုံးသို့။
-ကျောင်းသား/သူများသင်ကြားသင်ယူမှုစဥ်ဆက်မပြတ်ရှိစေရေးအတွက် ယခုစက်တင်ဘာဒုတိယအပတ်မှစတင်၍ Online learning ဖြင့် သင်ကြားပို့ချမှုများစတင်ပေးသွားမည်ဖြစ်ပါသည်။ သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ကြားပို့ချပေးမည်ဖြစ်ရာ မိဘများအနေဖြင့်လည်း ကြပ်မတ် ပူး ပေါင်းဆောင်ရွက်ပေးစေလိုပါသည်။ ကျောင်းသား/သူ များအားလုံးနှင့် ဆရာဆရာမ များMessenger Groupဖွဲ့၍ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။ အခက်အခဲတစ်စုံတစ်ရာရှိပါက ကျောင်းရုံးခန်းသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ယခုအချိန်အခါသည် ကျောင်းသား/သူ များ၏ကျန်းမာရေးသည် အဓိကကျသည်ဖြစ်၍ မိမိတို့အိမ်မှ လွယ်ကူစွာသင်ယူနိုင်ရန် Online class များဆောင်ရွက်ပေးရခြင်းကိုလည်းမိဘအုပ်ထိန်းသူများနားလည်ပေးစေလိုပါသည်။မိဘများ၏ပူးပေါင်းဆောင်ရွက်ပေးမှုကိုကျေးဇူးတင်ရှိပါသည်။
ဒေါ်ညိုညို ( ကျောင်းအုပ်ကြီး)
စွမ်းရည်ပိုင်(ကပက)၊မန္တလေးမြို့။
၂၇.၈..၂၀၂၀ မှစ၍ ကျောင်းယာယီ (ယာယီ) ပိတ်ပါမည်။ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့သားသမီးများ၏ကျန်းမာရေးအား အထူးဂရုပြုစောင့်ရှောက်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။ ကျောင်းပြန်ဖွင့်မည့်ရက်အား ညွှန်ကြားချက်နှင့်အညီ အသိပေးအကြောင်းကြားပေးပါမည်။
19 ကင်းစင်ဖို့ အတူတူတွန်းလှန်ကာကွယ်စို့
10/08/2020
၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း
08/08/2020
သားငယ်သမီးငယ်များအားလုံး ထူးချွန်စွာဖြင့်အောင်မြင်ပေါက်မြောက်နိုင်ကြပါစေ။
29/07/2020
တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို9.8.2020 တွင်ထုတ်ပြန်မည်ဖြစ်ပြီး သက်ဆိုင်ရာ website များတွင်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
အလွမ်းပြေစာတစောင်
အလွမ်းပြေအမေရေးတဲ့
ကောက်ကွေးကွေးအက္ခရာ ။
ခဲတံကိုတံတွေးဆွတ်လို့
ဖျက်ပွတ်ရာအစုံစုံနဲ့
စာသတ်ပုံမမှန်ကန်လဲ
အမေ့ဥာဏ်ဘယ်လိုကောင်းပါလိမ့်
ပျောင်းညွတ်သည့်စာ ။
ဖိုးသာယာကျောင်းမှာတုန်းဆီက
သင်ပုန်းကုန်ကျွတ်အောင်မတတ်သော်လဲ
အမေ့မှာစေတနာဓါတ်တွေက
ဖြတ်ကနဲယိုလို့လာ
လွမ်းစာတဲ့ဆောင်ပါး ။
အမေမရှိသော်လဲ
ဖြေမိ ဖြေစရာပေါ့
သည်လွမ်းစာ သည်လက်ရေးရယ်က
ပဲတီချဉ်သွယ်သွယ်ကွေးလိုပ
စီရေးပုံမပြေပါလဲ
စေတနာအလွန်သန့်တာမို့
အမေ့စာတကယ်ခန့်တယ်
အံ့မိပါတကား ။
တင်မိုး
Grade 10 သင်ရိုးသစ်အတွက်
ဒီကဗျာကနေ မိခင်တစ်ယောက်ရဲ့မေတ္တာစေတနာတွေကို စာဖတ်သူတွေသိမြင်ခံစားတတ်အောင်၊အမေ့ရဲ့စာလေးတစ်စောင်ကနေ အမေ့မေတ္တာတရားကိုခံစားရသည့်အကြောင်းများကို ဆရာတင်မိုးက ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
38Street, Between 71x72Street
Mandalay