30/04/2026
သွေး တစ်စက်ဟာ အသက်တစ်ချောင်းအတွက် မျှော်လင့်ချက်ပါပဲ
သူရဲကောင်းဖြစ်ဖို့ စွမ်းအားတွေမလိုပါဘူး၊
သွေးလှူလိုက်ရုံနဲ့တင် လုံလောက်ပါတယ် 🩸🦸♂️
၂၀၂၆ . ၀၄ . ၂၈ ရက်နေ့က အမှတ်တရ ကုသိုလ်လေးပါ 🙏
ဒီနေ့တော့ အတူတူ သွေးသွားလှူဖြစ်ခဲ့ကြတဲ့ အမှတ်တရလေးပါ။
ကိုယ်လှူလိုက်တဲ့ သွေးလေးက တစ်စုံတစ်ယောက်အတွက် အသက်ကယ်ဆေးဖြစ်သွားမယ်ဆိုတဲ့ အသိနဲ့တင် အရမ်းကို ပီတိဖြစ်ရပါတယ်။
ပါဝင် လှူဒါန်းပေးကြတဲ့ ကျောင်းသား/ကျောင်းသူတွေကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ် ♥️♥️
အားလုံးလည်း သာဓုခေါ်ဆိုနိုင်ကြပါစေ 🙏❤️
သင်တန်းရဲ့ သွေးလှူ အသင်းမှာ ပါဝင်ချင်တယ်ဆိုရင် စာရင်း ပေးလို့ ရပါတယ် ရှင့်
#သွေးလှူအမှတ်တရ
29/04/2026
သင်တန်းပိတ်ရက် အသိပေးကြေညာချက်
မနက်ဖြန်တွင် ကျရောက်မည့် (ကြာသပတေးနေ့) ကဆုန်လပြည့်နေ့ အခါသမယတွင် ကျောင်းသား/သူများနှင့် မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ကောင်းကျိုးလိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေကြောင်း Lighthouse မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကဆုန်လပြည့်နေ့သည် အတွက် သင်တန်းကျောင်းကို အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် -
သင်တန်းပိတ်မည့်ရက်: ၃၀ ဧပြီလ ၂၀၂၆ (ကြာသပတေးနေ့)
သင်တန်းပြန်လည်ဖွင့်မည့်ရက်: ၁ မေလ ၂၀၂၆ (သောကြာနေ့)
သင်တန်းသား/သူများအနေဖြင့် မိသားစုနှင့်အတူ ကုသိုလ်ကောင်းမှုများပြုရင်း ပျော်ရွှင်အေးချမ်းသော ပိတ်ရက်လေး ဖြစ်ပါစေခင်ဗျာ။
Lighthouse Korean Language Class 🙏🙏🙏🙏🙏
17/04/2026
နှစ်သစ် ဆုတောင်း
🍀🍀🙏🙏
"နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အကောင်းဆုံးခြေလှမ်းတွေ လှမ်းနိုင်ကြပါစေ။
ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေ။ 🌸"
#နှစ်သစ်
13/04/2026
🌸သင်္ကြန်မှာ ဘယ်မှ မလည်ဘဲ
အိမ်မှာပဲ စာလုပ်မယ့် သူတွေ ရှိကြလား ??
🌸အဲ့လို စာလုပ်မယ့် သူတွေအတွက်
🌸'၁ပတ်စာ Writing Challenge'လေး ရှိပါတယ်ရှင့်
🌸Topik Writing No. 54 အတွက်
🍀တနေ့ တပုဒ် Essay ရေးမယ့် အစီအစဉ်ပါရှင့်
🍀ရေးဖို့အတွက် ခေါင်းစဉ်ပေးမယ် ၊ ရေးပြီးရင် စာစစ်ပေးမှာပဲ ဖြစ်ပါတယ် ....
🍀Free လေ့လာရမှာပါရ္ခ
🥰ဒီ Challenge မှာ ပါဝင်ချင်တယ်ဆိုရင်
🥰Comment မှာ Writing Challenge လို့ မန့်ခဲ့ပေးပါ ရှင့် ...
Messenger မှာ ပါဝင်ရမယ့် ပုံစံကို အသေးစိတ် ရှင်းပြပေးမှာ ဖြစ်ပါတယ်
Welcome 🙏🏽
#쓰기
10/04/2026
🍀Lighthouse Korean Language Classရဲ့
သင်တန်း ပိတ်ရက် ကြေငြာခြင်း 🍀
🌸မြန်မာ့ ရိုးရာ အတာသင်္ကြန် နှစ်သစ်ကူး ပိတ်ရက်အဖြစ် April (11) ရက်နေ့မှ April (20) ရက်နေ့အထိ သင်တန်း ပိတ်မှာ ဖြစ်ပါတယ်ရှင့် 🌸
🌸2026 . 04 . 21 ( Tue ) နေ့မှာ ပုံမှန် တန်းခွဲများနှင့် သင်တန်း တန်းခွဲ အသစ်များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်🌸
🍀နှစ်သစ်မှာ အားလုံးပဲ ကျန်းမာရွှင်လန်း ပျော်ရွှင်ကြပါစေလို့ " LHKLC.MDY " မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်
🙏🏽🙏🏽🙏🏽 🍀
#ရိုးရာသင်္ကြန်
#နှစ်သစ်
09/04/2026
🩸Lighthouse Korean Language Class မှ ညီကိုမောင်နှမများခင်ဗျာ...
🩸ကျွန်တော်တို့ဟာ ဘာသာစကားတင်မကဘူး၊ လူသားချင်းစာနာတဲ့ "မေတ္တာဘာသာစကား" ကိုပါ လက်တွေ့ကျင့်သုံးဖို့ သွေးလှူဒါန်းမှုအသင်း (Blood Donation Association) ကို ဖွဲ့စည်းထားပါတယ် ။
🎡အတူတူလုပ်ဆောင်မယ့် လှုပ်ရှားမှုများ(Activities)ကတော့
🩸အသင်းဝင်တွေ စုပေါင်းပြီး တစ်ပျော်တစ်ပါး သွေးဌာနတွေမှာ သွားရောက်လှူဒါန်းခြင်း။
🩸အရေးပေါ် သွေးလိုအပ်ချက်ရှိလာပါက အမြန်ဆုံး ချိတ်ဆက်ကူညီပေးခြင်း။
🩸သွေးလှူဒါန်းမှု အကြိမ်ရေပြည့်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းတို့ကို ပြုလုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ် ။
📢 အသင်းဝင်ဖို့ ဖိတ်ခေါ်လွှာ
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
♥️"We Share, We Care"
♥️အလှူရှင်ဖြစ်ရုံတင်မကဘဲ ကျွန်တော်တို့ရဲ့ Volunteer Team ထဲမှာပါ တက်တက်ကြွကြွ ပါဝင်လိုသူများကို နွေးထွေးစွာ ကြိုဆိုပါတယ်။
📌စာရင်းပေးသွင်းရန်:
🍀Page Messenger
🍀Telegram : [https://t.me/lhklcblooddonationassociation]
🍀Phone: [09-459464314]
🍀Viber : 09-960040560
🍀Location: [40 Street , between 72*73 . BJ COMPLEX 1ST FLOOR. MAHARAUNGMYAE TOWNSHIP. MANDALAY ]
#သွေးလှူဒါန်း
05/04/2026
과일 ….
무슨 과일을 제일 좋아해??
#အပြင်တန်းလေးဖွင့်နေပါပြီ