LHKLC MDY

LHKLC MDY 안녕하세요
사랑합시다.
연락하세요.

20/07/2026

10/07/2026

📢 ၂၀၂၆ခုနှစ် (၁၀၈) ကြိမ်မြောက် ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ (TOPIK) ကြေငြာချက်

(၁၀၈)ကြိမ်မြောက် ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ (TOPIK) ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။

━━━━━━━━━━━━━━━━━━

၁။ 📅 စာမေးပွဲကျင်းပချိန်

🗓️ ၂၀၂၆ခုနှစ် အောက်တိုဘာလ ၁၈ရက် (တနင်္ဂနွေနေ့)

⏰ နံနက် ၉:၄၀ မှ ညနေ ၄:၂၀ အထိ

━━━━━━━━━━━━━━━━━━

၂။ 📍 စာမေးပွဲကျင်းပမည့်နေရာ

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
(Mandalay University of Foreign Studies)

━━━━━━━━━━━━━━━━━━

၃။ 📝 စာမေးပွဲလျှောက်လွှာတင်ခြင်း

🔹 (၁၀၈)ကြိမ်မြောက်မှစ၍ စာမေးပွဲလျှောက်လွှာကို ကိုယ်တိုင်လာရောက်တင်ရန်မလိုဘဲ Myanmar TOPIK Website မှတစ်ဆင့် လျှောက်ထားရပါမည်။

🌐 https://www.topik-myanmar.com

📌 လျှောက်ထားရမည့် အချိန်ဇယား

➡️ ဇူလိုင်လ (၁၃)ရက်နေ့

ကိုရီးယားသံရုံးမှ ကြေညာပေးလျှင် Myanmar TOPIK Website တွင် Membership (အကောင့်ဖွင့်ခြင်း) ကို မဖြစ်မနေ ပြုလုပ်ရပါမည်။

➡️ ဇူလိုင်လ (၂၀)ရက်နေ့ မှ (၂၃)ရက်နေ့အတွင်း

Membership လျှောက်ထားပြီးသူများသည် Online Form ဖြင့် စာမေးပွဲလျှောက်ထားနိုင်ပါသည်။

➡️ သြဂုတ်လဆန်း

စာမေးပွဲကြေးပေးသွင်းပြီးပါက ခုံနံပါတ် ကို Myanmar TOPIK Website တွင် ကြေညာပေးမည်ဖြစ်ပါသည်။

➡️ စာမေးပွဲမတိုင်မီ (၂)ပတ်အလို

Korea TOPIK Website (http://www.topik.go.kr) တွင် စာမေးပွဲဖြေဆိုခွင့်ကဒ် ကို ထုတ်ယူနိုင်ပါသည်။

🔹 Online Form ဖြည့်ရာတွင် အမည် (အင်္ဂလိပ်စာလုံးအကြီး)၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ Email Address များကို တိကျမှန်ကန်စွာ ဖြည့်စွက်ရပါမည်။

🔹 အချက်အလက်မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများအတွက် လျှောက်ထားသူ၏ တာဝန်သာဖြစ်ပါသည်။

🔹 Online Form ဖြည့်ပြီးသူများသည် စာမေးပွဲကြေး USD 25 ကို ငွေသားဖြင့် ကိုယ်တိုင် (သို့) ကိုယ်စားလာရောက်ပေးသွင်းရပါမည်။

💵 စာမေးပွဲကြေးပေးသွင်းရမည့်ရက်

📅 ၂၀၂၆ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့ မှ သြဂုတ်လ (၂)ရက်နေ့ အထိ

📍 နေရာ
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်

⏰ အချိန်

• နံနက် (၁၀:၀၀) မှ (၁၂:၃၀)

• နေ့လယ် (၂:၀၀) မှ (၅:၀၀)

(နေ့လယ်စာနားချိန် ၁၂:၃၀ မှ ၂:၀၀)

📌 သတိပြုရန်

• စာမေးပွဲကျင်းပသည့်မြို့တွင် နေထိုင်သူများသည် မိမိကိုယ်တိုင် လာရောက်ပေးသွင်းရန်။

• နယ်ဝေးမှ လာရောက်ပေးသွင်းလိုပါက မိသားစု၊ ဆွေမျိုး၊ အသိမိတ်ဆွေတို့ကိုသာ ကိုယ်စားပေးသွင်းခွင့်ပြုပါသည်။

(ဖြေဆိုသူ၏ NRC မိတ္တူနှင့် ကိုယ်စားပေးသွင်းသူ၏ NRC မူရင်း လိုအပ်ပါသည်။)

• စာမေးပွဲကြေးပေးသွင်းသူမှအပ ကျောင်းဝင်းအတွင်း ဝင်ရောက်ခွင့်မပြုပါ။

• NRC Card၊ Passport၊ Driving License တစ်ခုခု ယူဆောင်လာရပါမည်။

• သက်သေခံကတ်မရှိပါက ရပ်ကွက် (သို့) ရဲစခန်းထောက်ခံစာနှင့် အိမ်ထောင်စုစာရင်း ယူဆောင်လာရပါမည်။

💵 စာမေးပွဲကြေး - USD 25

(USD ဖြင့်သာ လက်ခံပါသည်။ နေရာတွင် ငွေလဲလှယ်ပေးမည်မဟုတ်ပါ။ USD အကြွေကိုသာ ပြန်အမ်းပေးပါမည်။)

━━━━━━━━━━━━━━━━━━

၄။ ☎️ အခြားအကြောင်းအရာများ

📞 Tel : 09-968862300

📧 Email : [email protected]

🕙 မေးမြန်းနိုင်သည့်အချိန် - နံနက် ၁၀:၀၀ မှ ညနေ ၄:၀၀ အထိ

🌐 MYANMAR TOPIK Website

https://www.topik-myanmar.com

ကျေးဇူးတင်ပါသည်။

Embassy of the Republic of Korea
ကိုရီးယားအရည်ချင်းစစ်စာမေးပွဲ (TOPIK) Center

📢 2026년도 제108회 한국어능력시험(TOPIK) 공고

제108회 한국어능력시험(TOPIK)을 다음과 같은 일정으로 실시합니다.

━━━━━━━━━━━━━━━━━━

📅 시험 일정

🗓️ 시험일 : 2026년 10월 18일 (일요일)

⏰ 시험시간 : 오전 09:40 ~ 오후 16:20

📖 구분

* TOPIK I (오전)
* TOPIK II (오후)

📍 시험 장소

* 만달레이 외국어대학교 (MUFL)

━━━━━━━━━━━━━━━━━━

📝 시험 접수 안내

108회부터는 시험 접수를 직접 방문하지 않고, 미얀마 TOPIK 전용 홈페이지에서 신청 가능합니다.

🌐 홈페이지
https://www.topik-myanmar.com

📌 온라인 접수 일정

🔹 7월 13일

* 한국대사관 안내 후 홈페이지에서 회원가입(필수)

🔹 7월 20일 ~ 7월 23일

* 홈페이지에서 TOPIK 시험 신청

🔹 7월 31일 ~ 8월 2일

* 응시료 납부 (만달레이 외국어대학교 방문 납부)

🔹 응시료 납부 완료 후

* 수험번호 공지 예정
* 수험표는 시험 2주 전 한국 TOPIK 홈페이지에서 출력 가능합니다.

🌐 한국 TOPIK 홈페이지
www.topik.go.kr

━━━━━━━━━━━━━━━━━━

✍️ 작성 시 유의사항

✔️ 이름은 영문 대문자로 정확하게 작성

✔️ 생년월일, 전화번호, 이메일 주소를 정확하게 입력

✔️ 부정확한 정보 입력으로 발생하는 불이익은 신청자 본인의 책임입니다.

━━━━━━━━━━━━━━━━━━

💵 응시료 납부

응시료 : 25 USD

📅 납부 기간

* 2026년 7월 31일 ~ 8월 2일

📍 납부 장소

* 만달레이 외국어대학교
(Google Maps에서 “MUFL” 검색)

⏰ 납부 시간

* 오전 10:00 ~ 12:30
* 오후 14:00 ~ 17:00
* (점심시간 12:30 ~ 14:00 제외)

━━━━━━━━━━━━━━━━━━

⚠️ 납부 시 유의사항

🔹 시험 실시 지역 거주자는 본인이 직접 방문하여 납부해야 합니다.

🔹 타 지역 거주자는 가족, 친척 또는 지인의 대리 납부가 가능합니다.
(응시자 신분증 사본 + 대리인 신분증 원본 필수)

🔹 응시료 납부자 외에는 학교 캠퍼스 출입이 제한됩니다.

🔹 반드시 아래 신분증 중 하나를 지참해야 합니다.

* NRC 카드
* 운전면허증
* 여권

※ 신분증이 없는 경우에는 동사무소 또는 경찰서 확인서 + 가족증명서(Household List) 를 지참해야 하며, 신분증 미지참 시 교내 출입이 불가합니다.

💲 응시료는 USD로만 받습니다.

* 현장 환전은 불가합니다.
* 잔돈은 USD로 거슬러 드립니다.

━━━━━━━━━━━━━━━━━━

☎️ 시험 관련 문의

📞 전화
09-968862300

📧 이메일
[email protected]

🕙 문의 가능 시간
10:00 ~ 16:00

🌐 미얀마 TOPIK 홈페이지
https://www.topik-myanmar.com

한국어능력시험(TOPIK) 미얀마 시행 공식 안내·접수 사이트. 주미얀마 대한민국 대사관 운영.

퇴직금
09/07/2026

퇴직금

💰 အလုပ်ထွက်ကြေး (퇴직금) ကို ဘယ်လိုတွက်ရမလဲ သိပါသလား?

ကိုရီးယားမှာ ၁ နှစ်ကျော် အလုပ်လုပ်ခဲ့ပေမယ့် ကိုယ်ရသင့်တဲ့ အလုပ်ထွက်ကြေး ဘယ်လောက်ရှိသလဲ မသိတာ၊ ကုမ္ပဏီက တွက်ပေးတဲ့ ပမာဏ မှန်၊ မမှန် မစစ်ဆေးနိုင်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေ အများကြီး ရှိပါတယ်။

အလုပ်ထွက်ကြေးဆိုတာ ကုမ္ပဏီက စိတ်ကြိုက် သတ်မှတ်ပေးတဲ့ ငွေမဟုတ်ပါဘူး။ ကိုရီးယားဥပဒေမှာ တွက်ချက်နည်းကို သတ်မှတ်ထားပါတယ်။

📌 အလုပ်ထွက်ကြေး ရရှိရန် အခြေခံအချက်များ

✅ အလုပ်လုပ်သက်တမ်း အနည်းဆုံး ၁ နှစ် ရှိရမည်။
✅ ယေဘုယျအားဖြင့် ၄ ပတ်ပျမ်းမျှ တစ်ပတ်လျှင် ၁၅ နာရီနှင့်အထက် အလုပ်လုပ်ရမည်။
✅ အလုပ်မှ ထွက်ပြီးဖြစ်ရမည်။

စာချုပ်ဝန်ထမ်း သို့မဟုတ် part time ဖြစ်နေသော်လည်း အလုပ်ဆက်တိုက် လုပ်ကိုင်ခဲ့ပါက အလုပ်ထွက်ကြေး ရနိုင်ပါသည်။

📌 အလုပ်ထွက်ကြေးကို ဘယ်လိုတွက်မလဲ?

① အလုပ်မထွက်ခင် နောက်ဆုံး ၃ လအတွင်း ရရှိခဲ့သော လစာစုစုပေါင်း ကို တွက်ပါ။
② ထိုငွေကို နောက်ဆုံး ၃ လ၏ စုစုပေါင်းရက်အရေအတွက် ဖြင့် စားလျှင် တစ်ရက်ပျမ်းမျှ လစာ ရရှိပါမည်။
တစ်ရက်ပျမ်းမျှလစာ = နောက်ဆုံး ၃ လ လစာစုစုပေါင်း ÷ နောက်ဆုံး ၃ လ စုစုပေါင်းရက်
③ ထို့နောက် အောက်ပါပုံသေနည်းအတိုင်း တွက်ချက်ပါ။

퇴직금 = တစ်ရက်ပျမ်းမျှလစာ × ၃၀ × (စုစုပေါင်း အလုပ်လုပ်ခဲ့သည့်ရက် ÷ ၃၆၅)

📌 ဥပမာ

နောက်ဆုံး ၃ လ လစာစုစုပေါင်း = ဝမ် ၉,၀၀၀,၀၀၀

နောက်ဆုံး ၃ လ = ၉၂ ရက်

➡️ တစ်ရက်ပျမ်းမျှလစာ = ဝမ် ၉၇,၈၂၆ ခန့်

၂ နှစ် ၆ လ (၉၁၂ ရက်) အလုပ်လုပ်ခဲ့ပါက

➡️ အလုပ်ထွက်ကြေး = ၉၇,၈၂၆ × ၃၀ × (၉၁၂ ÷ ၃၆၅) ≈ ဝမ် ၇,၃၃၀,၀၀၀

(အမှန်တကယ် ရရှိမည့် အလုပ်ထွက်ကြေးမှာ အလုပ်လုပ်သက်တမ်းနှင့် လစာအခြေအနေပေါ်မူတည်၍ ကွာခြားနိုင်ပါသည်။)

📌 အလုပ်ထွက်ကြေးကို ဘယ်အချိန်မှာ ရသင့်သလဲ?

ယေဘုယျအားဖြင့် အလုပ်ထွက်သည့်နေ့မှ ၁၄ ရက်အတွင်း ကုမ္ပဏီက အလုပ်ထွက်ကြေး ပေးချေရပါသည်။

အကယ်၍ ကုမ္ပဏီက အလုပ်ထွက်ကြေး မပေးခြင်း သို့မဟုတ် တွက်ချက်ထားသော ပမာဏ မမှန်ကန်သည်ဟု ထင်ပါက အလုပ်လုပ်ခဲ့သည့် မှတ်တမ်းများနှင့် လစာစာရင်းများကို စစ်ဆေးပြီး အလုပ်သမားရေးရာရုံး (노동청) သို့ တိုင်ကြားခြင်း သို့မဟုတ် ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း ကို စဉ်းစားနိုင်ပါသည်။

⚠️ ဤအကြောင်းအရာသည် တောင်ကိုရီးယားဥပဒေကို အခြေခံထားသော အထွေထွေ ဥပဒေဆိုင်ရာ အချက်အလက်များဖြစ်ပြီး၊ အမှုတစ်ခုချင်းစီ၏ အခြေအနေပေါ်မူတည်၍ ရလဒ်ကွဲပြားနိုင်ပါသည်။

🤝 GN Law Firm Myanmar
📞 010-8237-1165 (미얀마어 상담 가능)
📍 경기도 성남시 분당구 성남대로331번길 3-3, 젤존타워3, 6층

#အလုပ်ထွက်ကြေး #퇴직금 #အလုပ်သမားဥပဒေ #မြန်မာအလုပ်သမား

🍀Only one တတ်ချင်ရင် ၊  🍀Group အလိုက် တက်ချင်ရင် အချိန် လာ ညှိလို့ ရပါပြီရှင်  ... Topik , Speaking , Level  1 to 6 အတန်...
07/07/2026

🍀Only one တတ်ချင်ရင် ၊
🍀Group အလိုက် တက်ချင်ရင်

အချိန် လာ ညှိလို့ ရပါပြီရှင် ...

Topik , Speaking , Level 1 to 6 အတန်းတွေကို

ONLINE ကနေ သင်ပါမယ်ရှင် 😍😍😍
゚ #한국말

Epsသင်တန်း တက်ရမလား မတက်ရဘူးလား လာ မေးကြလို့ပါ ... ဘယ်အချိန် စာမေးပွဲ ရှိရှိ ဖြေမယ် .. ဘာ မေဂျာပဲ လာ လာ ဖြေမယ်ဆိုတဲ့ အတွ...
01/07/2026

Epsသင်တန်း တက်ရမလား
မတက်ရဘူးလား လာ မေးကြလို့ပါ ...

ဘယ်အချိန် စာမေးပွဲ ရှိရှိ ဖြေမယ် ..

ဘာ မေဂျာပဲ လာ လာ ဖြေမယ်ဆိုတဲ့ အတွေး ရှိတဲ့ သူတွေကတော့ တက်သင့်ပါတယ်နော် ...

ဒီနှစ်ထဲ စိုက်/မွေးနဲ့ သစ်တော မေဂျာအတွက်

ဖြေချင်သူတွေကတော့ သင်တန်းလည်း တက်သင့်ပါပြီ ... စာလည်း လုပ်သင့်ပါပြီ ...

အပြင်တန်းခွဲလည်း ဖွင့်ထားပါတယ်

Recorded video အတန်းလည်း ရှိတာမို့

စုံစမ်းနိုင်ပါတယ် ....

အဆင်ပြေကြပါစေ ... 🙏🙏🙏. 🍀🍀🍀

゚ #한국어

(၁၀၆)အကြိမ်မြောက် TOPIK စာမေးပွဲ အောင်လက်မှတ် ထုတ်ယူခြင်း제106회 토픽 시험 성적증명서 출력 (* လက်ကိုင်ဖုန်းများဖြင့် ပရင့်ထုတ်၍ မရပါ။...
24/06/2026

(၁၀၆)အကြိမ်မြောက် TOPIK စာမေးပွဲ အောင်လက်မှတ် ထုတ်ယူခြင်း

제106회 토픽 시험 성적증명서 출력
(* လက်ကိုင်ဖုန်းများဖြင့် ပရင့်ထုတ်၍ မရပါ။ Laptop(သို့) Desktop ဖြင့်သာ ပရင့်ထုတ်၍ ရပါသည်။)
(* 핸드폰으로 출력 불가, 노트북 또는 데스크 탑 만 출력 가능)

*** (၁၀၆) ကြိမ်မြောက် TOPIK စာမေးပွဲအောင်လက်မှတ်ကို (၆)လပိုင်း(၂၅)ရက်နေ့မှစ၍ ထုတ်ယူ ရရှိနိုင်ပါသည်။ ဤအကြိမ်မှစ၍ အချက်အလက်များပြောင်းလဲပြင်ဆင်ခြင်းကို ပြုလုပ်ပေးမည် မဟုတ်ပါ။
*** 제106회 한국어능력평가 성적증명서는 6월 25일부터 출력이 가능합니다. 금번부터 정보정정신청은 불가합니다.

(၁) ဝက်ဆိုဒ် https://www.topik.go.kr/TWMAIN/TWMAIN0010.do သို့ သွားရောက်ပြီး အထက်ပါ ခေါင်းစဉ်များမှ [성적 확인]ကို ရွေးပေးပါ။
1. 웹사이트 주소 https://www.topik.go.kr/TWMAIN/TWMAIN0010.do 에 들어가서 [성적 확인]란을 클릭하세요.

(၂) [비회원 시험정보] မှ စာမေးပွဲ အမှတ်စဉ်၊ ခုံအမှတ်၊ မွေးနှစ်လရက် များကို မှန်ကန်စွာ ထည့်သွင်း၍ 검색 ကို နှိပ်ပေးပါ။
2. [비회원 시험정보]에서 시험회차, 수험번호, 생년월일을 기입하고 검색을 클릭하세요.

(၃) Screen ၏ အောက်ဘက်ခြမ်းမှ [성적확인 조회결과] မှ 출력 ကို နှိပ်ပါ။
3. 스크린 아래 [성적확인 조회결과]에서 [출력]을 클릭하세요.

(၄) ePageSAFER (위변조 방지 솔루션) ပရိုဂရမ် ထည့်သွင်းပေးရမည်ဆိုပါက 다운로드 ကို နှိပ်ပေးပါ။
4. 위변조 방지솔루션 프로그램을 설치해야 하므로 [다운로드]를 클릭하세요.

(၅) ပရိုဂရမ် ထည့်သွင်းပြီးပါက စာမေးပွဲ အောင်လက်မှတ် Preview မှာ အလိုလို ပွင့်လာမည် ဖြစ်သည်။
5. 프로그램 설치 후 성적증명서 미리보기를 열어 확인할 수 있습니다.

(၆) စာမေးပွဲ အောင်လက်မှတ် Preview ပေါ်လာပါက ဘယ်ဘက်ထောင့် ရှိ print ကို နှိပ်ပါ။
6. 성적증명서 출력 미리보기 왼쪽 하단에 있는 (인쇄)를 클릭하세요.

🍀"ကိုရီးယားမြေပေါ် ခြေချပြီး ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲချင်သူများအတွက် ✈️💼"​"အိပ်မက်တွေကို အိပ်မက်အဖြစ်ပဲ မထားဘဲ Lighth...
18/06/2026

🍀"ကိုရီးယားမြေပေါ် ခြေချပြီး ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲချင်သူများအတွက် ✈️💼"
​"အိပ်မက်တွေကို အိပ်မက်အဖြစ်ပဲ မထားဘဲ Lighthouse နဲ့အတူ လက်တွေ့အကောင်အထည်ဖော်ရအောင်! ✨"

🍀ကိုရီးယားစကားပြောတတ်ချင်ရုံတင်မကဘူး၊ ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင်နဲ့ ပညာရေးအခွင့်အလမ်းတွေကိုပါ ပိုင်ဆိုင်ချင်နေပြီလား? 💼✈️

🌸သင့်ရဲ့ ကိုရီးယားဘာသာစကား အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် စနစ်တကျနဲ့ အမြန်ဆုံး လမ်းပြပေးမယ့် LIGHTHOUSE KOREAN LANGUAGE CLASS ရှိနေပါပြီ။

📚 LIGHTHOUSE ရဲ့ အားသာချက်များ-

✅ စနစ်တကျနဲ့ ထိရောက်တဲ့ သင်ကြားမှုစနစ် (Basic ကနေ Level 6 အထိ အဆင့်ဆင့်)

✅ ဘာသာစကားတင်မက Korean Culture ပါ ပေါင်းစပ်သင်ကြားပေးခြင်း

✅ EPS-TOPIK စာမေးပွဲအတွက် အထူးလေ့ကျင့်ပေးခြင်း

✅ အဆင်ပြေပြီး သက်တောင့်သက်သာ ရှိတဲ့ စာသင်ခန်း ပတ်ဝန်းကျင် .... စသဖြင့်

🎓 သင်ကြားနိုင်တဲ့ အတန်းများ-

🌸အခြေခံ ကိုရီးယားဘာသာစကားသင်တန်း (Korean Language Basic Course)

🌸SNU PLUS Course (서울대 plus) ဖြင့် Level အလိုက် အတန်းခွဲများ (Level 1 ~ Level 6)

🌸EPS-TOPIK အထူးတန်းခွဲများ (ကိုရီးယားအလုပ်အကိုင်အတွက် အထူးပြု)

🌸TOPIK စာမေးပွဲ ( သံရုံး စာမေးပွဲ)အတွက်
Topik 1 & Topik 2 တန်းခွဲများအပြင်

🌸Writhing Class / Speaking Class ကဲ့သို့သော 4 Skills သီးသန့် တန်းခွဲများကို , ဖြင့်

#တဦးချင်းဖြစ်စေ ( Special Only one Class) ၊
#တန်းခွဲအလိုက် ဖြစ်စေ ၊ #အဖွဲ့လိုက်ဖြစ်စေ ( Special Group Class)
ဖွင့်လှစ် သင်ကြားပေးလျက် ရှိပါတယ်။

♥️တကယ်တတ်မြောက်ဖို့အတွက် အခက်ခဲဆုံးအရာက "စတင်ဖို့" ပါပဲ။

💪အခုပဲ စတင်လိုက်ပါ။💪

🍀သင်တန်းစုံစမ်းလိုပါက အောက်ပါ လိပ်စာနဲ့ ဖုန်းနံပါတ်အတိုင်း အမြန်ဆုံး စုံစမ်းအပ်နှံနိုင်ပါပြီ👇

📍 လိပ်စာ: လမ်း ၄၀၊ ၇၂ x ၇၃ ကြား၊ BJ COMPLEX ပထမထပ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

📱 ဖုန်းနံပါတ်: 09-960040560

💬 Page Messenger / Viber: Lighthouse Korean Language Class

🌐 Telegram QR: ပုံပါ QR code ကို Scan ဖတ်၍ ဆက်သွယ်နိုင်ပါသည်။

👉 သင့်ရဲ့ ကိုရီးယားအိပ်မက်တွေကို LIGHTHOUSE နဲ့အတူ ဖြည့်ဆည်းလိုက်ပါ။ 🌸✨

#ကိုရီးယားဘာသာစကားကိုလေ့လာနေသူများအတွက်

🇰🇷

#သင်ယူလေ့လာကိုရီးယားစာ🇲🇲

ဖုန်းနဲ့ ပတ်သက်သော ကိုရီးယား စကားလုံးများ အပိုင်း (၁)       #ပညာရေး၀န်ဆောင်မှု  #သင်ယူလေ့လာကိုရီးယားစာ
04/06/2026

ဖုန်းနဲ့ ပတ်သက်သော ကိုရီးယား စကားလုံးများ အပိုင်း (၁)

#ပညာရေး၀န်ဆောင်မှု #သင်ယူလေ့လာကိုရီးယားစာ

♥️🍀안녕하세요 여러분 🍀♥️EPS စာမေးပွဲကို ဝင်ရောက် ဖြေဆိုဖို့ ပြင်ဆင်နေပြီလား ဒါဆိုရင် Lighthouse Korean Language Class ဆီ လှမ်းလာ...
31/05/2026

♥️🍀안녕하세요 여러분 🍀♥️

EPS စာမေးပွဲကို ဝင်ရောက် ဖြေဆိုဖို့ ပြင်ဆင်နေပြီလား

ဒါဆိုရင် Lighthouse Korean Language Class ဆီ လှမ်းလာခဲ့ပါ

အခြေခံကစပြီး စနစ်တကျနဲ့ ထိရောက်တဲ့ လမ်းညွှန် သင်ကြားပေးမှုတွေနဲ့အတူ EPS-TOPIK စာမေးပွဲကို အောင်မြင်အောင် Lighthouse Korean Language Class မှ အကောင်းဆုံး ပံ့ပိုးကူညီပေးမှာပါ❗

အခြေခံအဆင့်ကနေ သင်ရိုးပြီးဆုံးသည်အထိ နည်းစနစ်တကျ လေ့ကျင့်သင်ကြားပေးမယ့် EPS-TOPIK EXAM CLASS တန်းခွဲသစ်ကို (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ )မှာ စတင်ဖွင့်ပါတော့မယ်ရှင်။

📅 သင်တန်းကာလ: 7 MONTHS

⏰ သင်တန်းချိန်: နံနက် 9:00 AM ~ 10:30 AM

🗓️ တက်ရောက်ရမည့်ရက်: အပတ်စဉ် အင်္ဂါနေ့မှ သောကြာနေ့အထိ (တစ်ပတ် ၄ ရက်)

💰 သင်တန်းကြေး: 550,000 ကျပ်
(အခြေခံမှစ၍ Skill Test အထိ )

📚 HRDKorea standard အတိုင်း အခြေခံမှစ၍ သင်ရိုးပြီးဆုံးသည်အထိ နည်းစနစ်တကျ လေ့ကျင့်သင်ကြားပေးမည့်အပြင် မေးခွန်းဟောင်း လေ့ကျင့်မှုများ ၊ အစမ်း စာမေးပွဲများနဲ့ အတူ စာမေးပွဲဆိုင်ရာအချက်အလက်များကိုလည်း လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။

📍 သင်တန်းကျောင်းလိပ်စာ

🍀BJ COMPLEX (ပထမထပ်)၊ လမ်း ၄၀၊ ၇၂ လမ်း နှင့် ၇၃ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။🏢

📞 အသေးစိတ်စုံစမ်းမေးမြန်းရန်နှင့် အပ်နှံရန်
ဖုန်းနံပါတ်: +959 960 040 560 ,
+959 459 464 314

အီးမေးလ်: [email protected]

Lighthouse နဲ့အတူ သင့်အနာဂတ်လမ်းကို အလင်းဖွင့်လိုက်ပါ။ 🌟


🇰🇷
#သင်ယူလေ့လာကိုရီးယားစာ🇲🇲

#ပညာရေး၀န်ဆောင်မှု

ဘဏ် သွားတဲ့အခါ .. 은행에 갈 때 …Part - 2  #오늘           #သင်ယူလေ့လာကိုရီးယားစာ
30/05/2026

ဘဏ် သွားတဲ့အခါ ..

은행에 갈 때 …

Part - 2

#오늘 #သင်ယူလေ့လာကိုရီးယားစာ

Address

Mandalay

Opening Hours

Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Website

Alerts

Be the first to know and let us send you an email when LHKLC MDY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to LHKLC MDY:

Shortcuts

Share