Botany - Myanmar

Botany - Myanmar မြန်မာပြည်ရှိရုက္ခ‌ဗေဒမိသားစုအားလုံးနှင့် အပင်ကိုစိတ်ဝင်စားသူများ၊ ဆေးဖက်ဝင်အပင်များကို နှစ်သက်သူများ၊ ပန်းကိုချစ်တဲ့ ပန်းချစ်သူများ အတွက် ရည်ရွယ်ပါသည်။

အိမ်မှာစိုက်ထားတဲ့ အပင်က ပန်း စပွင့်လာပါပြီ။ မြင်ဘူးတဲ့သူရှိကြလား။ သိတဲ့သူရှိရင် ပြောကြပါအုံး။
24/08/2026

အိမ်မှာစိုက်ထားတဲ့ အပင်က ပန်း စပွင့်လာပါပြီ။ မြင်ဘူးတဲ့သူရှိကြလား။ သိတဲ့သူရှိရင် ပြောကြပါအုံး။

ပဲခူးတိုင်း ကိုင်းတကြီးကျေးရွာတွင် ပြင်းအား ၄.၆ ရှိငလျင်လှုပ်တနေရာတည်းမှာ ဒုတိယအကြိမ် ပြင်းအားပိုလာပြီးလှုပ်ခြင်းဖြစ်၍ န...
23/08/2026

ပဲခူးတိုင်း ကိုင်းတကြီးကျေးရွာတွင် ပြင်းအား ၄.၆ ရှိငလျင်လှုပ်
တနေရာတည်းမှာ ဒုတိယအကြိမ် ပြင်းအားပိုလာပြီးလှုပ်ခြင်းဖြစ်၍ နောက်လှုပ်မည့်ငလျင်ကို သတိထားစောင့်ကြည့်ကြပါ။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်၊ နံနက် ၁၀ နာရီ ၁၅မိနစ်အချိန် ပဲခူးတိုင်း ကိုင်းတကြီးကျေးရွာ အနီး ဗဟိုပြုလျှက် ပြင်းအား ၄.၆ရှိ ငလျင် လှုပ်သွားပါတယ်။

အင်အား ၄.၆ ရှိတာမို့ ပဲခူးတိုင်းနေ ပြည်သူများမှာ ငလျင်ဒဏ်ခံစားရပါသလား? Comment ရေးပေးပါ။ မိသားစုများ သိရှိရန် Share ပေးပါ။

ငလျင်သတင်းများ အမြန်ဆုံးသိရှိရန် ဤ Page ကို Like နဲ့ Follow လုပ်ထားပေးပါ။

#ငလျင်

ပဲခူးတိုင်း ဇရပ်ကျေးရွာတွင် ပြင်းအား ၄ ရှိငလျင်လှုပ် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်၊ နံနက် ၁၀ နာရီ ၂ မိနစ်အချိန် ပဲခူးတိုင်း...
23/08/2026

ပဲခူးတိုင်း ဇရပ်ကျေးရွာတွင် ပြင်းအား ၄ ရှိငလျင်လှုပ်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်၊ နံနက် ၁၀ နာရီ ၂ မိနစ်အချိန် ပဲခူးတိုင်း ဇရပ်ကျေးရွာ အနီး ဗဟိုပြုလျှက် ပြင်းအား ၄ ရှိ ငလျင် လှုပ်သွားပါတယ်။

ပဲခူးတိုင်း ဒေသများမှာ ခံစားရပါသလား? Comment ရေးသားပေးပါ။ မိသားစုများ သိရှိရန် Share ပေးပါ။

ငလျင်သတင်းများ အမြန်ဆုံးသိရှိရန် ဤ Page ကို Like နဲ့ Follow လုပ်ထားပေးပါ။

#ငလျင်

ပြည့်သူအချစ်တော် ဝါရင့်တေးသံရှင် အဆိုတော် ကိုင်ဇာ ကွယ်လွန်ဩဂုတ်လ ၂၂ ရက်မြန်မာ့ဂီတလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်...
22/08/2026

ပြည့်သူအချစ်တော် ဝါရင့်တေးသံရှင် အဆိုတော် ကိုင်ဇာ ကွယ်လွန်

ဩဂုတ်လ ၂၂ ရက်

မြန်မာ့ဂီတလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီး လူကြိုက်များသည့် တေးသီချင်းများစွာကို သီဆိုခဲ့သူ ဝါရင့်တေးသံရှင် ကိုင်ဇာ သည် ယနေ့ (ဩဂုတ် ၂၂ ရက်) ညနေပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။

အဆိုတော် ကိုင်ဇာသည် ၁၉၈၀ ပြည့်လွန်နှစ်များကတည်းက မြန်မာ့တေးဂီတလောကတွင် ထင်ရှားလာခဲ့သူဖြစ်ပြီး ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သည့် ဝါရင့်တေးသံရှင်တစ်ဦးဖြစ်သည်။

၎င်း၏ အောင်မြင်ကျော်ကြားခဲ့သည့် တေးသီချင်းများတွင် “ကစ္ဆပနဒီလှိုင်းသံ”၊ “တူနှစ်ကိုယ်တိုင်းပြည်”၊ “သူတို့လေးတွေသိပါတယ်”၊ “မနိုးပါစေနဲ့ မိုးရယ်”၊ “သီချင်းရှင်ကို ကြင်နာပါ”၊ “အိပ်မက်များကို တီထွင်သူ”၊ “ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ်” စသည့် တေးသီချင်းများ ပါဝင်ပြီး ခေတ်တစ်ခေတ်၏ ပရိသတ်များကြား ရေပန်းစားခဲ့သည်။

အထူးသဖြင့် “ကစ္ဆပနဒီလှိုင်းသံ” တေးစီးရီးသည် ၁၉၈၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ထွက်ရှိခဲ့သည့် ၎င်း၏ ထင်ရှားသော တေးစီးရီးတစ်ခုဖြစ်ပြီး “တူနှစ်ကိုယ်တိုင်းပြည်” သီချင်းမှာလည်း မြန်မာ့တေးဂီတပရိသတ်များအကြား ယနေ့တိုင် ရင်းနှီးနေဆဲ သီချင်းတစ်ပုဒ်ဖြစ်သည်။

ကိုင်ဇာသည် တစ်ကိုယ်တော်တေးအယ်လ်ဘမ်များစွာ ထွက်ရှိခဲ့သည့်အပြင် အမျိုးသမီးတေးသံရှင်များဖြစ်သည့် မေဆွိ၊ မေခလာ တို့နှင့်လည်း စုံတွဲတေးသီချင်းများ သီဆိုကာ အောင်မြင်မှုရရှိခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်အထိ မှတ်တမ်းများအရ တစ်ကိုယ်တော်တေးအယ်လ်ဘမ် ၂၀ ခန့် နှင့် တေးသီချင်း ၂၀၀ ကျော် သီဆိုထွက်ရှိထားခဲ့ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူခဲ့ဖူးသည့် ကိုင်ဇာ၏ “သူတို့လေးတွေသိပါတယ်”၊ “တူနှစ်ကိုယ်တိုင်းပြည်” စသည့် သီချင်းများမှာလည်း တစ်ခေတ်တစ်ခါက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကြား အထူးရေပန်းစားခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

ကိုင်ဇာသည် သီဆိုဖျော်ဖြေမှုသာမက မြန်မာ့ကိုယ်ပိုင်သံစဉ် တေးဂီတလောကတွင် ခေတ်တစ်ခေတ်ကို ကိုယ်စားပြုခဲ့သည့် အဆိုတော်တစ်ဦးအဖြစ် ပရိသတ်များ၏ အမှတ်တရထဲတွင် နေရာယူခဲ့သူဖြစ်သည်။

၎င်းကွယ်လွန်သွားခြင်းသည် မြန်မာ့တေးဂီတလောကအတွက် ဝါရင့်အနုပညာရှင်တစ်ဦး ဆုံးရှုံးရခြင်းဖြစ်ပြီး ၎င်းသီဆိုခဲ့သည့် တေးသီချင်းများမှာမူ ပရိသတ်များ၏ အမှတ်တရများနှင့်အတူ ဆက်လက်ကျန်ရှိနေမည်ဖြစ်သည်။

ဒီနေ့ မနက်ပိုင်း ၂ ကြိမ်လှုပ်သွား
22/08/2026

ဒီနေ့ မနက်ပိုင်း ၂ ကြိမ်လှုပ်သွား

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ Linn Au...
22/08/2026

ကျွန်ုပ်ရဲ့ စောင့်ကြည့်သူ အသစ်စက်စက်တွေကို ကြိုဆိုပါရစေ။ ကျွန်ုပ်နဲ့ စောင့်ကြည့်ပေးတဲ့အတွက် စိတ်လှုပ်ရှားရပါတယ်။ Linn Aung, Zaw Zaw, Than Than Nwe, အလင်း ရောင်, Aung Pyaesone, U Aung Kyaw, Nay Myint Nay Myint, Ma Moe Moe, Wint War Hlaing, John Wick, Ei Lay, Wut Hmone, Thet Oo Zaw, Ko Thaung Htun, Bo Si, Oscar, MoeMoe Kyaw, July Phaw, Royal Steel, Min Shwehtee, Naung Min Han, Kyaw Thu Myint

ဒီနေ့အဖို့တော့ ၄ ကြိမ်လှုပ်သွားပါတယ်။ ၄ ကြိမ်နဲ့ ပြီးပြီ ထင်ပါရဲ့။ဒီနေ့ဥပုသ်နေ့ကြီးမှာ ဥပုသ်သီတင်းဆောက်တည်သူတွေရဲ့မကောင်...
21/08/2026

ဒီနေ့အဖို့တော့ ၄ ကြိမ်လှုပ်သွားပါတယ်။ ၄ ကြိမ်နဲ့ ပြီးပြီ ထင်ပါရဲ့။

ဒီနေ့ဥပုသ်နေ့ကြီးမှာ ဥပုသ်သီတင်းဆောက်တည်သူတွေရဲ့မကောင်းသတင်းတွေ ကြားနေရတာမို့ စိတ်မကောင်းဘူး။

ဘေးအန္တရာယ်အပေါင်းမှ အားလုံး ကင်းဝေးကြပါစေ။

စတုတ္ထအကြိမ်အဖြစ် တပ်ကုန်း နွယ်ရစ်မှာ ငလျင်လှုပ်သွား၂၁-၈-၂၀၂၆ ရက်နေ့ စတုတ္ထအကြိမ်အဖြစ် ဘဲ ၇ နာရီ ၃၉ မိနစ်အချိန်မှာ ပုဗ္ဗ...
21/08/2026

စတုတ္ထအကြိမ်အဖြစ် တပ်ကုန်း နွယ်ရစ်မှာ ငလျင်လှုပ်သွား

၂၁-၈-၂၀၂၆ ရက်နေ့ စတုတ္ထအကြိမ်အဖြစ် ဘဲ ၇ နာရီ ၃၉ မိနစ်အချိန်မှာ ပုဗ္ဗသီရိမြို့ မြောက်ဘက်၊ တပ်ကုန်းရဲ့ တောင်ဘက် နွယ်ရစ် ကျေးရွာမှာ အင်အား ၃.၂ နဲ့ငလျင်လှုပ်သွားပါတယ်။

လှုပ်မှလှုပ် ကြမ်းမှကြမ်းမန္တလေးမြို့အနီး ကျောက်မီး တွင် ၄.၁ နဲ့ ငလျင်လှုပ်၂၁-၈-၂၀၂၆ ရက်နေ့ ညနေ ၃ နာရီ ၃၉ မိနစ် အချိန် မ...
21/08/2026

လှုပ်မှလှုပ် ကြမ်းမှကြမ်း

မန္တလေးမြို့အနီး ကျောက်မီး တွင် ၄.၁ နဲ့ ငလျင်လှုပ်

၂၁-၈-၂၀၂၆ ရက်နေ့ ညနေ ၃ နာရီ ၃၉ မိနစ် အချိန် မန္တလေးမြို့အနီး ကျောက်မီးကျေးရွာတွင် ပြင်းအား ၄.၁ နဲ့ လှုပ်သွားပါတယ်။
ဘေးအန္တရာယ် ကင်းရှင်းကြပါစေ။

၁၅-၈-၂၀၂၆ ရက်နေ့ကလည်း ကျောက်မီးအနီး အုန်းချောကျေးရွာမှာလည်း ည ၇နာရီ ၄၄ မိနစ်က လှုပ်သွားတာမို့ ထပ်လှုပ်တာ၊ ပိုပြင်းလာတာတာမို့ မန္တလေးပြည်သူများ သတိထား ဂရုစိုက်ကြပါအုံး။

မန္တလေးတိုင်းအတွင်းရှိမိတ်ဆွေများ သိလိုက်ကြပါသလား။ တွေ့ကြုံခံစားရတာလေး comment မှာ ပြောပေးပါအုံး။

* ငလျင်သတင်းများ အချိန်နဲ့တပြေးညီ အမြန်ဆုံးသိရှိလိုပါက Botany-Myanmar Page ကို Like & Follow လုပ်ထားပေးပါ။ Share ပေးခြင်းဖြင့် အများသိအောင်ကူညီလိုက်ပါ။

ချင်းပြည်နယ် တီးတိန်အနီး ကနေဒီတောင်နားတွင် ငလျင်လှုပ်၂၁-၈-၂၀၂၆ ရက်နေ့ ညနေ ၄ နာရီ ၄၂ မိနစ်အချိန်တွင် ချင်းပြည်နယ် တီးတိန်...
21/08/2026

ချင်းပြည်နယ် တီးတိန်အနီး ကနေဒီတောင်နားတွင် ငလျင်လှုပ်

၂၁-၈-၂၀၂၆ ရက်နေ့ ညနေ ၄ နာရီ ၄၂ မိနစ်အချိန်တွင် ချင်းပြည်နယ် တီးတိန်အနီး ကနေဒီတောင်နား Dolluang တွင် အင်အား ၄.၄ ရှိငလျင်လှုပ်

မြေငလျင်သတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ဤ Page ကို Follow လုပ်ထားပါ။ Follow လုပ်ပြီးသူများ Like and Share လုပ်ထားပေးပါ။ ဒါမှသာ သင့်ဆီ ချက်ခြင်း ငလျင်သတင်းရောက်လာပါလိမ့်မည်။

#ငလျင်သတင်း
#ကနေဒီတောင်

Address

Mandalay

Opening Hours

09:00 - 17:00

Alerts

Be the first to know and let us send you an email when Botany - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share