29/01/2026
မိဘအုပ်ထိန်းသူများ မင်္ဂလာပါရှင့်
(3.3.2026) အင်္ဂါနေ့ မှ (28.5.2026) ကြာသပတေးနေ့ထိ
ဖွင့်လှစ်သင်ကြားပေးသွားမဲ့ နွေရာသီ(3)လ
သင်တန်းများအတွက် စာရင်းလက်ခံနေပါပြီ။
အရင်နှစ်တွေနဲ့မတူတာက အခုလာမဲ့ နွေရာသီကစပြီး
သင်တန်းသား၊သင်သားသူများအတွက်
ရေရှည်ပညာရေး အတွက်လည်း အကျိုးရှိပြီး၊
ကျောင်းပညာရေးကိုပါ အထောက်အကူဖြစ်စေတဲ့၊
STEM (Science, Technology, Engineering, Maths)
Projects များကို အဖွဲ့လိုက်၊ လက်တွေ့လုပ်ဆောင်ရမဲ့
အစီအစဉ်သစ်လေးတွေလည်း ထည့်ပေးထားပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့်
YES! Education Center
09-984676730, 09-676196084
အိမ်အမှတ် (485/7)၊ 38-39 နှင့် 82-83 လမ်းကြား၊
စိမ်းပေါင်းရပ်၊ မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့။
28/12/2025
(27.12.2025) စနေနေ့မှာ
YES! သင်တန်းသား၊သင်တန်းသူလေးများ
ပြင်ဦးလွင်ပန်းပွဲတော် အမှတ်တရ
ပွဲကောက်ရေတံခွန် နှင့် ကန်တော်ကြီးဥယျာဉ်သို့
ပျော်ပျော်ပါးပါး 🥰 သွားရောက်လည်ပတ်ခဲ့ကြတဲ့
အမှတ်တရဓါတ်ပုံများနှင့်အတူ
(2026)မှာ အားလုံးအတွက် ပျော်ရွှင်စရာ
နှစ်သစ်လေးပိုင်ဆိုင်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏
သေသေချာချာစောင့်ရှောက်ပြီး ဂရုစိုက်ပေးခဲ့ပါသော
YES! မိသားစုဝင် ဆရာ၊ဆရာမများ အားလုံးကိုလည်း
များစွာ ကျေးဇူးတင်အပ်ပါသည်။ 🙏
04/11/2025
ပျော်ပွဲစားချင်လို့ပါ ခင်ဗျ/ရှင့်
မုန့်ဖိုးပေးပါဗျို့ 🥰
04/10/2025
! Education Center
Activities
homage
& crafts
you, All. 🥰
18/08/2025
YES! သင်တန်းသား၊သင်တန်းသူလေးများ
🍀စိတ်အပန်းဖြေပြီး ပျော်ရွှင်မှုရှိစေရန်၊
🍀အများနှင့်လိုက်လျောညီထွေစွာနေတတ်စေရန်၊
🍀အုပ်စုလိုက်လုပ်ဆောင်ရသောTeamwork အားကောင်းစေရန်၊
🍀မိမိကိုယ်ကို နှင့် မိမိ၏ပစ္စည်းများကို ကာကွယ်စောင့်ရှောက်တတ်စေရန်၊
🍀သဘာဝအလှအပများကို ခံစားတတ်စေရန်၊
စသည့် ရည်ရွယ်ချက်ကောင်းများဖြင့်
Inspire Language & Business Center နှင့်အတူ
(17.8.2025) တနင်္ဂနွေနေ့တွင် Amara Garden သို့
ပျော်ပွဲစားသွား လိုက်ပို့ပေးခဲ့တဲ့ အမှတ်တရ ဓါတ်ပုံများကို မှတ်တမ်းတင်အပ်ပါသည်။
🙏 ကလေးများပျော်ရွှင်စေရန် မေတ္တာဖြင့် ဝင်ခွင့်ပေးခဲ့ပါသော မဝင်းဝင်းထွန်း နှင့် UD Group မိသားစုကို များစွာ ကျေးဇူးတင်ပါသည်။
🙏YES! နှင့် Inspire မိသားစုများမှ ဆရာ၊ဆရာမများ နှင့်
ပံ့ပိုးကူညီပေးသူ အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။
🙏 ကလေးများကို အတူလိုက်ခွင့်ပြုခဲ့ပါသော
မိဘအုပ်ထိန်းသူများကိုလည်း ကျေးဇူးတင်ပါသည်။
🙏စိတ်ရှည်ရှည်နဲ့ ကားမောင်းပို့ပေးခဲ့ပါသော
Light Truck ကားဆရာများကိုလည်း ကျေးဇူးတင်ပါ
သည်။
10/06/2025
မိဘအုပ်ထိန်းသူများမင်္ဂလာပါ
YES! Education Center တွင် Julyလ အတွက်
ကျောင်းချိန်လွတ် စနေ၊တနင်္ဂနွေ၊ဥပုသ်
ကျောင်းပြင်ပ အင်္ဂလိပ်စာသင်တန်း တန်းခွဲသစ်များ
ဖွင့်လှစ်ထားပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
YES! Education Center တွင် အသက် (4)နှစ်မှစ၍
ကျောင်းသား၊ ကျောင်းသူများရဲ့ Level ပေါ်မူတည်ပြီး
- Pre KG level
- Level beginner, 1, 2,3,4,5,6
- Pre Starter
- Starter
- Mover
- Flyer
- KET
- PET
- FCE
အထက်ပါ အင်္ဂလိပ်စာ အတန်းများကို
အခြေခံကောင်းကောင်းရှိပြီး တကယ်တတ်မြောက်စေရန်
Activities မျိုးစုံဖြင့် ကျောင်းသား၊ကျောင်းသူလေးများ
ပျော်ပျော်ရွှင်ရွှင်သင်ယူနိုင်စေရန် စေတနာအပြည့်ဖြင့်
အတွေ့အကြုံရှိ ဆရာ၊ဆရာမများက သင်ကြားပေးလျက်ရှိပါသည်။
စိတ်ဝင်စားသော မိဘအုပ်ထိန်းသူများအနေဖြင့်
သင်တန်းသို့လာပြီးဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ
ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။
ကျေးဇူးတင်ပါတယ်
YES! Education Center
09-984676730
09-676196084
38-39 နှင့် 82-83 လမ်းကြား
စိမ်းပေါင်းရပ်
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့
31/05/2025
YES! Education Center အနေဖြင့် (31.5.2025)
နွေရာသီသင်တန်းများအပြီး အမှတ်တရ
သင်တန်းသား၊ သင်တန်းသူ ကလေးငယ်များ
စိတ်ပျော်ရွှင်မှုရှိစေရန်၊ အများနှင့် လိုက်လျောညီထွေစွာ နေတတ်စေရန်၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်စေရန် နှင့် မိမိကိုယ်ကို စောင့်ရှောက်တတ်စေရန် ရည်ရွယ်၍
Little Star Water Park သို့ Inspire Center မှ
သားကြီး သမီးကြီးများနှင့်အတူ လိုက်ပို့ပေးဖြစ်ခဲသော အမှတ်တရဓါတ်ပုံများကို မှတ်တမ်းတင်အပ်ပါသည်။
Water Park ခရီးစဉ်လေး အောင်မြင်အောင် လေထဲမိုးထဲမှာပဲ စုရပ်ကိုရောက်အောင် လိုက်ပို့ပေးခဲ့ပါသော မိဘအုပ်ထိန်းသူများ၊ ဝိုင်းဝန်းအားဖြည့်ပေးကြပါသော YES! နှင့် Inspire Teams များ၊ Light Truck ကားဆရာများ နှင့် Little Star Water Park ဝန်ထမ်းများကို များစွာကျေးဇူးတင်ပါသည်။
တဆက်တည်းမှာပဲ နွေရာသီသင်တန်းတက်ရောက်ခဲ့သော သင်တန်းသား၊သင်တန်းသူလေးများရဲ့ မိဘအုပ်ထိန်းသူများအနေဖြင့် ကျောင်းစဖွင့်ချိန် ဇွန်လအတွက် သင်တန်းကြေးများ ပေးသွင်းရန်မလိုကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
YES! Education Center တွင် သင်တန်းအပ်နှံရန် စိတ်ဝင်စားသောမိဘအုပ်ထိန်းသူများအနေဖြင့် ကျောင်းချိန်လွတ် အင်္ဂလိပ်စာ သင်တန်းသစ်များအတွက် စုံစမ်း၍ရပါပြီဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားပါသည်။
ကျေးဇူးတင်ပါသည်။
YES! Education Center
09984676730
38-39/ 82-83 လမ်းကြား
မဟာအောင်မြေ၊မန္တလေးမြို့။
13/04/2025
(12.4.2025) စနေနေ့မှာ Inspire နှင့် YES!
Education Center မိသားစု နှစ်စုပေါင်း၍
ပထမအကြိမ်အနေဖြင့် မဟာမြတ်မုနိဘုရားကြီအနီးတဝိုက်ရှိ ငလျင်ဘေးသင့် မိသားစု(120)ကို တစုလျှင် (10000)ကျပ်ဖြင့် စုစုပေါင်း (12) သိန်းကျပ်ကို သွားရောက် ကုသိုလ်ပြုခဲ့ပါသည်။
ဤကုသိုလ်ပြုမှုတွင် Inspire နှင့် YES! Center နှစ်ခုတွင်
အပ်နှံထားသော မိဘအုပ်ထိမ်းသူများ နှင့် သင်တန်းသား၊
သင်တန်းသူများ၏ သင်တန်းကြေးများပါဝင်သဖြင့်
ခုနစ်ရက်သားသမီးအားလုံး၏ အလှူလေးလည််း ဖြစ်ပါသည်။
အလှူလေးဖြစ်မြှောက်ပြီးဆုံးအောင် လူကိုယ်တိုင်
သွားရောက်ကာ တအိမ်ဝင်၊တအိမ်ထွက်နဲ့ မေတ္တာစေတနာ
အပြည့်ဖြင့်အချိန်ပေးပြီးလုပ်ဆောင်ပေးပါသော Inspire Center မှ ကိုလင်းမင်းအိမ် နှင့် YES! Education Center မှ
ကိုဝေဖြိုးဇော်တို့ နှစ်ဦးကို အထူးကျေးဇူးတင်ရှိပါသည်။🙏
ဤကုသိုလ်များကြောင့် ခုနစ်ရက်သားသမီးများ အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ဘဝအမောတွေအမြန်ဆုံးပြေပျောက်နိုင်ပါစေဟု Inspire နှင့် YES! Center နှစ်ခုမှမေတ္တာပို့အပ်ပါသည်။🙏
အားလုံးလည်း သာဓုခေါ်၍ ဤကုသိုလ်၏အကျိုးကို
ရရှိခံစားနိုင်ကြပါစေ။ 🙏
04/04/2025
မိဘအုပ်ထိန်းသူများမင်္ဂလာပါ
YES! Education center မှာတက်ရောက်နေကြတဲ့
သင်တန်းသား သင်တန်းသူ များရဲ့မိဘအုပ်ထိန်းသူများကို
ကြိုးစားဆက်သွယ်လို့ရသလောက် (28.3.2025)သောကြာနေ့
နေ့လည်မှာ လှုပ်ခတ်သွားသော အင်အားကြီး
ငလျင်အန္တရာယ်ကြောင့် နေအိမ်ပျက်စီးမှုရှိခဲ့ကြသော
မိသားစုအနည်းစုအတွက်သာ စိတ်ပူခဲ့ရပြီး
အားလုံးနီးပါ အသက်ဘေးအန္တကင်းလျက်ရှိကြသည်ကို
ကြားသိရ၍ စိတ်အေးသက်သာရပါသည်။
သင်တန်းအနေဖြင့်လည်း ကျောင်းအဆောက်အဦး
ထိခိုက်မှုနည်းပါးပြီး ဆရာ၊ ဆရာမများလည်း
ဘေးကင်းလုံခြုံကြကြောင်း အသိပေးအပ်ပါသည်။
သို့သော် လက်ရှိကြုံတွေ့နေရသော သဘာ၀
ဘေးအန္တရာယ်ကာလအတွင်း မိဘအုပ်ထိန်းသူများနှင့်
သား၊သမီးများ အားလုံးစိတ်စိုးရိမ်ပင်ပန်းမှုများ နှင့်
နေရာအပြောင်းအရွှေကိစ္စများအတွက် အချိန်ယူမှု အဆင်ပြေမှုရှိစေရန် ရည်ရွယ်၍ သင်တန်းများအား ယာယီပိတ်ထားမည်ဖြစ်ပြီး သင်္ကြန်အပြီး ဧပြီလ (၂၁)ရက်နေ့ တနင်္လာနေ့မှသာ
အတန်းများအားလုံးကိုပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။
ကျေးဇူးတင်ပါတယ်
YES! Education Center
09984676730
09676196084
15/03/2025
YES! Education Center
နွေရာသီသင်တန်းများမှာတက်ရောက်နေကြတဲ့
ကျောင်းသား၊ကျောင်းသူလေးများရဲ့
Welcome Snacks တွေနဲ့ အမှတ်တရပုံများ🥰
14/01/2025
YES! Education Center တွင်
3.3.2025 (တနင်္လာနေ့) မှစ၍
29.5.2025 (ကြာသပတေးနေ့)အထိ
တနင်္လာနေ့မှ သောကြာနေ့ထိ တပတ် (5)ရက်
တရက် တနာရီခွဲနှုန်းဖြင့် (54)ရက်ကြာ
ကျောင်းသားဗဟိုပြု သင်ကြားနည်းများဖြင့်
သင်တန်းသား၊ သင်တန်းသူများ
စိတ်ဝင်စားမှုရှိအောင် သင်ကြားပေးသွားမည့်
အောက်ပါ နွေရာသီသင်တန်းများ
ဖွင့်လှစ်ထားကြောင်းကို
စိတ်ဝင်စားနိုင်သော မိဘအုပ်ထိန်းသူများအား
လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။
အင်္ဂလိပ်စာ သင်တန်းများ
👉 Pre-KG level
👉 KG level (4 Skills)
👉 Level (1) (4 Skills)
👉 Level (2) (4 Skills)
👉 Level (3) (4 Skills)
👉 Level (4) (4 Skills)
👉 Level (5) (4 Skills)
👉 Level (6) (4 Skills)
👉 Starter L Practice
👉 Mover Practice
👉 Flyer Practice
👉 KET
👉 PET
👉 FCE
👉 Grammar Classes
Singapore သင်္ချာ သင်တန်းများ
🟰KG Level
🟰 Level (1)
🟰 Level (2)
🟰 Level (3)
🟰 Level (4)
🟰 Level (5)
မှတ်ချက်။ စနေ၊တနင်္ဂနွေ သင်တန်းများလည်းရှိပါသည်။
YES! Education Center
09984676730
အမှတ်(485/7)၊ 38-39 နှင့် 82-83 ကြား
မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့။