22/01/2022
Finance ကို
ဘာကြောင့် သိဖို့လိုအပ်သလဲ?
-----------------------------------------
ဒီဆောင်းပါးလေးက ကျွန်တော်တို့Pageမှာ ယခုအကြိမ်နဲ့ဆိုရင် (၅)ကြိမ်မြောက် ထပ်မံတည်းဖြတ်ပြီး ပြန်တင်ပေးတာပါ----
အဓိကရည်ရွယ်ရင်းကတော့ Finance မဟုတ်တဲ့ Non-Financeတွေအတွက် မသိမဖြစ်လိုအပ်တဲ့ Financeပညာရပ်ကို လေ့လာသိရှိထားဖို့ ရည်ရွယ်ရင်းပါနော်----
ကိုယ် ဝါသနာပါရာ ကိုယ်တတ်ကျွမ်းရာ
အလုပ်လုပ်ကြတယ်ဆိုပေမယ့်
ဘာပဲလုပ်လုပ် Finance ကတော့
မသိမဖြစ် သိထားသင့်ပါတယ်...
လုပ်ငန်းကြီးလာလေလေ
Finance ရဲ့အရေးပါမှုဟာ အရေးကြီးလာလေ...
အချိန်မီ မထိန်းသိမ်းနိုငိရင် ပရမ်းပတာတွေဖြစ်
အလွှဲသုံးစားတွေဖြစ်ပြီး
လုပ်ငန်းပါ ပျက်စီးသွားနိုင်ပါတယ်
Retail လုပ်ငန်းတွေက ပိုဆိုးပါတယ်...
အစထဲက စာရင်းမနိုင်ခဲ့ရင်..
ကုန်ပစ္စည်းလက်ကျန်တွေကွာမယ်..
ငွေတွေကွာမယ်...
လုပ်ငန်းက အရောင်းသွက်လေ
ကွာခြားမှု ပိုများလေ...
ခိုးလို့ကောင်းလေပါဘဲ...
Year 0
▪▪▪
လုပ်ငန်းသေးသေးတွေ
အခုမှ စခါစဆို Finance သမား မလိုသေးပါဘူး..
ဒါပေမယ့် စာရင်း ကတော့ မထားလို့မရ..
ငွေအဝင်အထွက်ကို အမြဲမှတ်နေရမယ်..
update ဖြစ်ပါစေ..
မှန်ပါစေ..အဲလောက်ဆိုရပြီ..
Year 1 - 2
▪▪▪▪
လုပ်ငန်းက ၆လ တနှစ်လောက်သက်တမ်း
ဆိုရင်တော့ accountant ဌားသင့်ပါပြီ....
Financial statment တော့ ထွက်နေပါစေ..
ပိုင်ရှင်က ကိုယ်မဆွဲပေမယ့်
financial statement ဟာ
ဘာတွေလဲတော့ သိသင့်တယ်..
1) Income Statement
2) Balance Sheet
3) Cash Flow
Financial Statement က
အဓိက ဒီ ၃ မျိုးဘဲ
Income Statement
▪▪▪▪ ▪▪▪
'Income Statement' ကို IFRS မှာ
'Statement of Profit and Loss and
Other comprehensive income' လို့လဲခေါ်တယ်
အလွယ်ပြောရင် IS ဆိုတာ
ကိုယ့်လုပ်ငန်း ရဲ့ Revenue လို့ခေါ်တဲ့
အရောင်းဘယ်လောက်ရှိလဲ...
ရောင်းရကုန်ရဲ့တန်ဖိုးနှုတ်ပြီး
အကြမ်းအမြတ် Gross Profit ဘယ်လောက်ရှိလဲ...
အရောင်းစရိတ်, ဖြန့်ချီစရိတ်, ရုံးစရိတ်,
အခွန်, အထွေထွေစရိတ်တွေနှုတ်ပြီး
Net Profit အသားတင် အမြတ် ဘယ်လောက်ရှိလဲ?
EBIT ဘယ်လောက်လဲ?
ဒါတွေကို Income Statement မှသိနိုင်ပါတယ်
Business man တိုင်းဟာ
သူ့အရောင်းသူသိပါတယ်
သူ့ဟာသူ စိတ်တွက်ထားတဲ့အမြတ်လဲရှိပါတယ်
တူရဲ့လား ကြည့်ပါ..
မကုန်သင့်ဘဲ ကုန်နေတာတွေ
မေးခွန်းထုတ်နိုင်တယ်
စောစောစီးစီး အလေအလွင့်တွေ ကာမိနိုင်တယ်
Balance Sheet
▪▪▪▪ ▪
Balance Sheet ကို IFRS မှာ
'Statement of Financial Position' လို့လဲ
ခေါ်တယ်
Balance Sheet ဆိုတဲ့အတိုင်း
"what you own" ကိုယ်ပိုင်တာနဲ့
"what you owe" ကိုယ်ပြန်ပေးရမှာနဲ့
ချိန်ခွင် ၂ ဘက် ဟိုဘက် ဒီဘက်
ထည့်ကြည့်လိုက်တဲ့သဘောပါဘဲ..
လျှာထွက်နေရင်တော့ သွားပြီပေါ့..
ဒီဘက်ခြမ်းမှာ Asset ထည့်,
ဟိုဘက်ခြမ်းမှာတော့ Liabilities and Equity
(the value of your business) ကိုထည့်ပြီး
အညီပိတ်လိုက်တာပါဘဲ
( detail ကတော့ အရှည်ကြီးပေါ့နော်
လေ့လာနိုင်လေ ကောင်းလေပါ)
ကိုယ်ဘာတွေပိုင်လို့ ဘာတြွေပန်ပေးရမလဲဆိုတာ
Balance Sheet မှာကြည့်ပါ
Cash Flow
▪▪▪▪
'Cash is King' ဆိုတဲ့အတိုင်း
Cash Flow ဟာ လုပ်ငန်းရဲ့ဘုရင်ပါ
Income statement က
ဘယ်လောက်မြတ်တယ်ပြောပြော..
ကိုယ့်လုပ်ငန်း မှာငွေတကယ်ရှိရဲ့လားဆိုတာ
သူ့ကို ကြည့်ရမှာပါ
Cash Flow ဆွဲနည်းက
Direct နည်း indirect နည်းရှိတယ်...
ဘာနည်းနဲ့ဆွဲဆွဲ အဖြေကတော့ တူနေရမှာပါ
Cash flow from
* operating activities
* Investing activities
* Financing Activities
ဆိုပြီးတော့ ခွဲမြင်နိုင်ပါတယ်.
Activities တခုချင်းကိုလည်း detail သိနိုင်ပါတယ်
ကိုယ့်ငွေတွေ ဘယ်က ဝင်လာပြီး
ဘယ်ကိုထွက်သွားတယ်ဆိုတာကို ပြပါတယ်
ငွေကိုင်တွေ စာရင်းကိုင်တွေ ရှိတယ် ဆိုပြီး
ပြစ်မထားပါနဲ့
ငွေတွေဘုန်းပြီး လစ်ပြေးကြတာတွေ ကြားနေရတာ
cashier ကိုချည်း ယုံထားလို့လဲမရဘူး
စာရင်းကိုင် လိမ်ရင် ပိုဆိုးတယ် ဆိုတာပါ
အခုထိက နံပါတ်တွေကို စာရင်းဆွဲရုံသက်သက်ပါ
ဒီခေတ်ကြီးမှာ Accouting software တွေလဲ ရှိနေပါတယ်...................
Year 3 - 4
▪▪▪▪
လုပ်ငန်းက ၃ နှစ်လောက်ရှိလာပြီ ...
Growth တက်လာပြီ
ကိုယ်နဲ့ joint လုပ်ချင်တဲ့ partners တွေလဲ ဝင်လာပြီ
ဒါဆိုရင်တော့
Finance သမားငှားသင့်ပြီ....
ထပ်သိထားသင့်တဲ့အပိုင်းတွေက
Financial Analysis
Cash Managment
Budgeting and Planning
Financial Analysis
Financial Analysis က
Financial Statement မြာပါတဲ့
number တွေကို ဖတ်တဲ့ ပညာလို့ပြောရမယ်
ဥပမာ ။ ။Sales ဆိုတာ ကြည့်လိုက်တာနဲ့
တက်ရင် ဘာလို့တက်တယ်...
ကျရင် ဘာကြောင့်လဲ..
ဘယ်အချိန် မှာ ဖြစ်တတ်လဲ
Seasonal Trend လား...
တခါတလေမြှောက်ဖြစ်တာလား..
ရှေ့မှာ ဘာဖြစ်နိုင်တယ် ဆိုတာမျိုး
Revenue တက်နေလျက်နဲ့
ဘာကြောင့် GP ကျတာလဲ ဆိုတာမျိုး
Net profit amount က တက်လာပြီး
Net profit % က ဘာကြောင့် လျော့သွားတာလဲ
ဆိုတာမျိုး
Management ကို
တန်ဖိုးရှိတဲ့အကြံညဏ်တွေ ပေးနိုင်တာ
သူတို့ပါ
Excel skill, Presentation skill တွေလည်း
ကောင်းရမယ်ပေါ့..
Financial Ratios တွေကလည်း
အရေးကြီးတဲ့decisions တွေချဖို့
အထောက်အကူ ပေးပါလိမ့်မယ်
Cash Management
▪▪▪▪ ▪▪▪
ပြောစရာမလိုအောင် အရေးကြီးပါတယ်
လုပ်ငန်းကြီးတွေမှာ treasury ကို
department တခုအနေနဲ့ကိုထားကြတာပါ.
cash management မလုပ်ထားရင်
growth တအားတက်လာတဲ့အချိန်မှာ
running out of cash ဖြစ်တော့မှာပါ
ရစရာတွေ အချိန်မှီရဖို့,
ပေးစရာတွေ နောက်မကျဖို့ ,
ရှေ့လုပ်မယ့် plan တွေ
ငွေရမယ့် source ကိုရှာဖို့
working capital စီးဆင်းမှု flow ကောင်းနေဖို့ပါ
Budgeting and Planning
▪▪▪▪ ▪▪▪▪
All successful entities have
Budget Forecast ဆိုတဲ့ အတိုင်း ပါပဲ
လုပ်ငန်းက အောင်မြင်ပြီးရင်
မြဲဖို့အရေးကြီးလာပြီ
ရှေ့ကို survive လုပ်ဖို့ခန့်မှန်းရေးဆွဲရတော့မယ်
Finance တခုထဲနဲ့မရပါဘူး.
management ရော operation ရော
ပူးပေါင်း ရေးဆွဲရတာမျိုးပါ.
sales ကို operation က
မှန်းပေးရတာ များပါတယ်.
Forecast Sales ပြီးရင် the rest of model က
simple ဖြစ်ပါတယ်.
most of the forecast က
based on % sales and assumptions တွေ နဲ့
သွားတာပါ
မှန်းတဲ့အခါ monthly, quarterly, yearly deatails
ကနေ 3 years 5 years အထိ rolling နဲ့
သွားကြတယ်
Forecast ဆိုတဲ့အတိုင်း
100% accurate မဖြစ်ပါဘူး.
အမှန်ကိုသိတဲ့အချိန်မှာ
ရှေ့ကို ထပ်ထပ်မှန်းရတာမျိုးပါ...........
Year 5 -6
▪▪▪▪
ကိုယ့်ဆီ သူများက invest လုပ်တာရော..
ကိုယ်က သွားလုပ်တာရော.. ရှိလာနိုငိပါပြီ..
ကြီးသထက်ကြီးလာပြီး IPO (Initial Public Offering)
ဝင်ဖို့ ပြင်ဆင်ချင်လဲ ပြင်ဆင်လို့ရပြီ
ကိုယ်က သူများ Company ကို
acquire ဝယ်ချင်တာမျိုး..
merger ပူးပေါင်းလုပ်ချင်တာမျိုး ရှိလာမယ်
Foreign Company က
ကိုယ့်ဆီ invest လုပ်ချင်တာမျိုး
မြန်မာပြည် မှာဆို ရင်
Company law အသစ်ပေါ်လာတော့
အရင် က local နာမည်ခံလုပ်ထားတဲ့
company တွေ legally ဖြစ်ချင်လာကြပြီ..
ကိုယ့် company ကိုယ်ပြန်ပြီး တန်ဖိုးဖြတ်
ဝယ်ချင်လာကြပြီ
ဒီ trend အရ မကြာခင်
Due Diligence တို့
Company Valuation တို့ခေတ်စားလာတော့မှာပါ
Due Diligence
▪▪▪▪ ▪
Due Diligence ဆိုတာ
သူများပြောတာမယုံဘဲ
ကိုယ့် own research လုပ်တာပါဘဲ.
ဘာလို့ဆိုတော့ လူတိုင်း ရဲ့ opinion မှာ
individual bias တွေ influence တွေ ပါနေလို့ပါဘဲ...
Due Diligence မှာ commercial ပိုင်း,
Financial ပိုင်း, Legal ပိုင်း,
Corporate ပိုင်း အားလုံး လုပ်ရမှာပါ
အပိုင်းတိုင်းမှာ questions တွေထုတ်ပြီး
ကိုယ့် opinion နဲ့ပေါင်းစပ်ရတာမျိုး
quantitative ရော qualitative ရော
foundation ချပြီး ကြည့်ရမှာပါ
Chart တွေ graph တွေ ပါပါမယ်
သူတို့တွေက story ကို ပြောပြမှာပါ
'why Company do this' and
'what they do (market signal) ကို
နားလည်ဖို့လိုမယ်
Financial Modeling and Valuation
▪▪▪▪ ▪▪▪▪ ▪▪▪▪
Modeling က အနုပညာလို့လဲ ပြောကြတယ်
modeling က annual report ကနေဘဲ စရမှာပါ... annual report က Income Statement ကိုကြည့်ပြီး everything is % of Revenue လို့ပြောရမယ်.
ပြီးရင် yoy% (year on year) ကို
နောက်တလိုင်းထပ်ဖြည့်ပေါ့
BS နဲ့CF ရောလို့မေးစရာရှိပါတယ်.
Very long run မှာ earning နဲ့
cash flow ဟာ အတူတူဘဲ မဟုတ်ဘူးလား.
debt နဲ့cash ပိုင်းက ကြီးရင်တော့
နောက်ပိုင်း target valuation လုပ်နိုင်ပါတယ်
ပီးရင် risk နဲ့market ကိုနားလည်ရမယ်.
ပြီးတော့ company model ကိုလေ့လာမယ်
sector ကိုလေ့လာမယ်
basis ကို လေ့လာပြီးရင် layer တွေ
တဆင့်ပြီးတဆင့်တက်သွားမှာပါ.
Valuation ပိုင်းက industry အလိုက်လဲ
ကွာခြားတယ်
DCF တို့WACC တို့ term တွေနားလည်ရမယ်
ဒီအပိုင်းကတော့ specialist တွေ experts တွေကို
လုပ်ခိုင်းတာ ပိုကောင်းပါတယ်
(ရှည်သွားပြီမို့ဒီမှာဘဲ ရပ်ထားလိုက်ပါတော့မယ်
အခုရေးတာတွေက non-financial သမားတွေကို ရည်ရွယ်သလို ယူဆချက်တွေကလည်း ကျွန်တော်ရဲ့ အတွေ့အကြုံနဲ့ မှတ်သားထားသလောက်ရေးတာမို့ အမှားပါရင်လဲ စာရေးသူ တာဝန်ပါ)
ဒီလောက်ဆိုရင် Financeပညာရပ်နဲ့ ပတ်သက်ပြီး သိရှိနားလည်ကြမယ် မျှော်လင့်ပါတယ်နော်------
စာရင်းပညာ ဗဟုသုတတိုးပွားအောင်မြင်ကြပါစေ....
Created by-----
MYAT KHINE (SUCCESS WAY)(FiFth Edition)
Myat Khine Success Way Management Team
Credit THM