22/05/2026
💚၂၀.၅.၂၆ ပြင်ဦးလွင်ခရီးစဉ်အပိုင်း (၃)၊ ကလေးတွေ စိတ်ဝင်တစားနားထောင်ကြတာ စီစဉ်ရကျိုးနပ်ပါပြီနော်။ ရှေ့ကရှင်းပြတဲ့ မမတွေကလည်း သေချာရှင်းပြ၊နောက်ကတီချယ်တွေကလည်း ကလေးတွေ ဂရုစိုက်
လိုက်ကြည့်ပေးကြနဲ့ ခရီးစဉ်လေးအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ အမှတ်တရ video လေးကတော့ ခဏစောင့်ပေးကြပါဦးနော်။ 💚
21/05/2026
✅ မိဘများရဲ့ သား/သမီးများ အတွက် Summit ကို ဘာကြောင့်ရွေးချယ်သင့်ပါသလဲ။
နံပါတ် (၁) သင်ကြားရေး အတွေ့အကြုံရှိတဲ့ ဆရာ/မများနဲ့ သင်ကြားလေ့ကျင့်ပေးခြင်း။
✅ နံပါတ် (၂) Language ပိုင်းမှာ accuracy ဆိုတဲ့ တိကျမှု/ဘာသာစကားကို အမှားနည်းနိုင်သမျှ နည်းအောင် build up လုပ်ပေး၊အချိန်ယူပျိုးထောင်ပေးနိုင်ခြင်း။Speaking, Listening, Reading, Writing များနဲ့ အတူ Grammar အမှားနည်းအောင်၊ အသက်အရွယ်နဲ့ ညီမျှတဲ့ Vocabulary များကို ထိတွေ့ပေးတဲ့ တန်းခွဲများ စီစဉ်ပေးနိုင်ခြင်း။
✅ နံပါတ် (၃) လက်ပူတိုက် သင်ကြားစနစ်ကို အားမပေးခြင်း။ တစ်လ နှစ်လ ခန့်သင်ကြားပေးရုံဖြင့် တတ်မြှောက်သွားဖို့ လုံးဝမဖြစ်နိုင်ပါ။
✅နံပါတ် (၄) အချိန်မှန်/အချိန်ပြည့် သင်ကြားပေးခြင်း။
ကဲ.... မိဘများရဲ့ သားငယ်/သမီးငယ်များကို Summit မှာထားမယ်ဆို စိတ်ချရပြီမလား။
✅ နွေရာသီ သင်တန်းတွေပြီးတော့မယ်..English အတွက် အရှိန်ရနေတာ ရပ်မပစ်စေချင်ဘူးဆိုတဲ့ မိဘများအတွက်
ရွေးချယ်စရာ စနေ၊တနင်္ဂနွေ အင်္ဂလိပ်
စာတန်းခွဲတွေကို ၆.၆.၂၆ မှာ ပြန်စပါမယ်ရှင့်။
တစ်နှစ်ပတ်လုံး သင်ကြားနေမယ့် အင်္ဂလိပ်စာတန်းခွဲများမို့ လစဉ်ကြေးသွင်းလို့ရတဲ့ စနစ်နဲ့ လက်ခံသင်ကြားပေးမယ့် တန်းခွဲများဖြစ်ပါတယ်။
✅ဘာသင်ရိုးတွေ အသုံးပြုပြီး သင်ကြားပေးမှာလဲ။ ဘာတွေ သင်ကြားပေးမှာလဲ။
4 skills in English + Grammar ကို Cambridge ကထုတ်တဲ့ Cambridge English စာအုပ်များ အသုံးပြုပြီး Starters, Movers, Flyers, Englsih for Teens စတဲ့ တန်းခွဲများကို Level အလိုက် စနစ်တကျ တစ်နှစ်ပတ်လုံး သင်ကြားပေးမယ်။
မှတ်ချက် ။ ။ KG/G1 အရွယ်များအတွက် Phonics တန်းများမှာ Oxford Phonics သင်ရိုးကို အသုံးပြုသင်ကြားပေးပါမယ်။
✅ ဘယ်သူတွေတက်လို့ရသလဲ။
KG မှ G10 အရွယ်ကလေးများအထိ လက်ခံသင်ကြားပေးမှာဖြစ်ပါတယ်။
✅ ဝါတွင်းမှာ ပိတ်သလား။
မပိတ်ပါ။တနင်္ဂနွေ၊ဥပုသ်နေ့ ပြောင်းသင်ပေးပါတယ်။
✅ သင်ကြားပေးမယ့် တန်းခွဲများကတော့ Starters, Movers, Flyers, English for teens, KET,PET,FCE များဖြစ်ပြီး လက်ရှိမှာတော့ တစ်နှစ်ပတ်လုံးတက်ရောက်နေကြတဲ့ ကလေးများအတွက် Cambridge English Exams များဖြေဖို့ Exam-prep classes တွေပါ လေ့ကျင့်သင်ကြားပေးနေပါတယ်။
🖍️ တန်းခွဲအချက်အလက်များ
Weekend English Classes
စမည့်ရက် - ၆.၆.၂၆
အသက်အရွယ်၊အတန်းများအလိုက် အချိန်များမတူတာမို့ အသေးစိတ်ကို Page messenger သို့မဟုတ် ပုံမှာပါတဲ့ ဖုန်းနံပါတ်များထံ ဆက်သွယ်မေးမြန်းပေးကြပါရှင့်။
စုံစမ်းရန်
Summit English Language School
အမှတ် (၁၃)၊ ၃၇ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊မန္တလေးမြို့။
ဖုန်း - 09-983559158, 09-251926614
21/05/2026
၂၀.၅.၂၆ ၊အပိုင်း(၂) ပြင်ဦးလွင်ရှိ Fame Organic Pharming၊ ပြင်ဦးလွင်ကော်ဖီပန်းခြံ၊နှီးဘုရားကြီးတို့ဆီသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပါတယ်။ အဖွဲ့၂ဖွဲ့ခွဲပြောကြတာမို့ ပုံတွေကျန်ပါသေးတယ်ရှင့်။ Please wait for more shots!💚
21/05/2026
၂၀.၅.၂၆ ပြင်လွင်ဦးခရီးစဉ်အပိုင်း (၁)
Learning trip for all our students! ဆရာဦးသန့်ဇော်မြင့်က သဘာဝပတ်ဝန်းကျင်အကြောင်း၊ ကော်ဖီအကြောင်း၊ ဒေသဆိုင်ရာ အသိပညာတွေ ရှင်းပြပြောပြပေးခဲ့ပါတယ်။ ပုံလေးတွေ တဖြည်းဖြည်းတင်ပေးပမယ်နော်။ 💚
17/05/2026
* Phonics + Reading! KG နဲ့ G1 လေးတွေအတွက် စာရင်းပေးလို့ရပါပြီရှင့်။ အသက် ၅ နှစ်၊ ၆ နှစ် နဲ့ ၆နှစ်ခွဲ အရွယ်များအတွက်သာ။
* မိမိရဲ့သားသမီးလေးတွေအတွက် English pronunciation (အသံထွက်) နဲ့ reading skill ( စာဖတ်စွမ်းရည်) ကို စိတ်တိုင်းမကျဖြစ်နေပါသလား။
* ငယ်စဉ်ကတည်းက English vocabulary တွေနဲ့ အချိန်လည်းလောနေစရာမလိုပဲ စိတ်ရှည်လက်ရှည် သင်ပေးမယ့် သင်တန်းကျောင်းကို ရှာနေပါသလား။
* ကလေးတွေကို သင်ကြားရာမှာ အတွေ့အကြုံရှိတဲ့ teachers တွေနဲ့ လေ့ကျင့်ပေးမယ့် ကလေးများအတွက် Phonics + reading တန်းခွဲကို လာမယ့် အောက်တိုဘာလဆန်း ၆.၆.၂၆ မှာ Oxford Phonics Level 1 ,2 and 3ကို ပြန်စတော့မှာဖြစ်ကြောင်း မိဘများကို သတင်းကောင်းပါးပါရစေရှင့်။
* ကလေးများအတွက် စာဖတ်စွမ်းရည်ကို တိုးမြှင့်စေမယ့်တန်းခွဲမှာ ကလေးများရဲ့ အသက်အရွယ်နဲ့ ညီမျှတဲ့ ဗျည်းသံ၊သရသံများကို အသံထွက်မှန်မှန်၊စနစ်တကျလေ့ကျင့်ပေးမယ့်တန်းခွဲဖြစ်ပါတယ်။ စာလုံးမြင်တာနဲ့ ဖတ်တတ်စေဖို့ ရှေ့ ကသင်ကြားပေးမယ့် ဆရာ/မက အသံထွက်မှန်အောင်လေ့ကျင့်ပေးမယ်၊မှတ်မိစေမယ်။ရွတ်ဆိုစေမယ်။ လက်ပူတိုက်သင်ကြားပေးလို့မရတာမို့ ကလေးများရဲ့ သင်ယူနိုင်စွမ်းအားကို ချိန်ဆပြီးလေ့ကျင့်စေမယ်။ သင်တန်းကာလ ၄လအပြီးမှာ Level တစ်ခုပြီးဆုံးမှာဖြစ်ပြီး အသက်အရွယ်နဲ့ ညီမျှတဲ့ Phonics တွေရသွားမှာဖြစ်ပါတယ်။
Summit က လက်ရှိ Weekend Phonics တန်းများမှာတက်ရောက်နေတဲ့ သားသားမီးမီးတို့ကတော့ နောက်ထပ်အဆင့်ကို level တက်လေ့လာကြမယ်။ တစ်ခါမှ မတက်ရသေးတဲ့ ကလေးငယ်များကတော့ Phonics level 1 ကနေစရမှာ ဖြစ်ပါတယ်။တန်းခွဲအသေးစိတ်ကို ပုံမှာဖော်ပြပေးထားပါတယ်ရှင့်။
Summit English Language School & Preschool
No.13, 37th street, Bt 73rd & 74th streets,
Mandalay.
09983559158
09251926614
17/05/2026
√ မိမိတို့၏ သားသားမီးမီးတို့ကို မူကြိုစထားဖို့ စဉ်းစားနေတဲ့ မိဘများအနေနဲ့ Summit မူကြိုကို ဘာကြောင့် ရွေးချယ်သင့်ပါသလဲ။
√ကလေးငယ်တို့၏ ပညာရေးခရီးအစကို ယုံကြည်စိတ်ချစွာ စတင်နိုင်ရန် Summit Preschool မှ ကြိုဆိုလိုက်ပါတယ်။
🏫 အနှစ် (၂၀) ကျော် မိဘများရဲ့ ယုံကြည်မှုနဲ့ ရပ်တည်လာတဲ့ မူကြိုကျောင်းကောင်းတစ်ခု ဖြစ်ပြီး ကလေးငယ်များရဲ့ အခြေခံဖွံ့ဖြိုးတိုးတက်မှုကို အမြဲဦးစားပေး သင်ကြားပေးလျက်ရှိတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။
👩🏫 ကျွန်မတို့ Summit Preschool မှာ
အသက် (၃) နှစ်မှ (၆) နှစ်အရွယ် ကလေးငယ်များကို လူမှုဝန်ထမ်းဌာနရဲ့ ECCD လက်မှတ်ရ အတွေ့အကြုံရှိ ဆရာမများ မှ စနစ်တကျ ပြုစုပျိုးထောင်သင်ကြားပေးနေပါတယ်။
📌 ကျောင်းသားဦးရေနဲ့ ဆရာမဦးရေကိုလည်း သတ်မှတ်စံနှုန်းများအတိုင်း ထိန်းသိမ်းထားတာကြောင့် ကလေးတစ်ဦးချင်းစီအတွက် အထူးဂရုစိုက်သင်ကြားပေးနိုင်ပါတယ်။
🌱 အသက်အရွယ်အလိုက် အတန်းများကတော့
✔ အသက် (၃) နှစ်နှင့်အထက်ဆို Summit Nursery
✔ အသက် (၄) နှစ်နှင့်အထက်ဆို Summit Pre-KG
✔ အသက် (၅) နှစ်နှင့်အထက်ဆို Summit KG Class ဆိုပြီးခွဲထားပါတယ်။
📖 ကလေးများရဲ့
✨ လူမှုဆက်ဆံရေး / social skills
✨ မိမိကိုယ်မိမိယုံကြည်မှု / self confidence
✨ စဉ်းစားတွေးခေါ်နိုင်စွမ်း /Critical Thinking
✨ ဖန်တီးနိုင်စွမ်း / Creativity တို့အပြင်
✨ အင်္ဂလိပ်စာအခြေခံခိုင်မာစေရန် Phonics & Basic English Communication Training တွေနဲ့
✨ KG တက်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးတဲ့ School Readiness Program တွေမှာ သားသားမီးမီးတို့ ပျော်ရွှင်စွာ လေ့လာသင်ယူနိုင်အောင် Activity Based Learning နဲ့ လေ့ကျင့်သင်ကြားပေးပါတယ်။
💬 အနှစ် (၂၀) ကျော်ကြာ မိဘများရဲ့ ယုံကြည်မှုနဲ့ ထောက်ခံအားပေးမှုများကြောင့် ဆက်လက်ရပ်တည်နေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး ကလေးငယ်များအတွက် နွေးထွေးတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးထားပါတယ်။
🏫 ကျောင်းလိပ်စာ
အမှတ် (၁၃)၊ ၃၇ လမ်း၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားမဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့
📞 ဆက်သွယ်ရန်
Phone – 09-983559158 , 09251926614
Viber – 09-983559158
Telegram -
Facebook - https://facebook.com/eslsummit1995
TikTok - .school1
16/05/2026
💚ဒီလထဲမှာ ကလေးတန်း(Starters-1)၊လူကြီးတန်း(အထက်တန်းနဲ့အထက်) တွေကို စထားနှင့်ပါပြီ။ မကြာခင်မှာ စနေ၊တနင်္ဂနွေတန်းတွေအတွက် စာရင်းစလက်ခံပါတော့မယ်နော်။💚
12/05/2026
Hooray!၂၀.၅.၂၆ နေ့၊ ပြင်ဦးလွင်လေ့လာရေးခရီးစဉ်အတွက် only one seat left! လိုအပ်တာများကို ကလေးများကျောင်းလာရင် ထပ်မံမှာကြားပေးပါမယ် မိဘများရှင့်။ 💚💚 Starters အရွယ်ကစပြီး FCE ထိလိုက်လို့ရပါတယ်။ အရမ်းငယ်တဲ့ကလေးများအတွက် အဆင်မပြေဖြစ်မှာစိုးလို့ ခရီးစဉ်ထဲမထည့်ရတာပါ။ နွေတန်းပြီးဆုံးချိန် ပါတီတော့ အကုန်ပါမှာပါရှင်။ 💚