HITO Center Mandalay YMCA

HITO Center Mandalay YMCA

Share

Japanese Language School Service and Improve language Skill For Youth's

19/03/2026

🐇 Basic N5တန်းလေးကို 23.05.2026ရက်နေ့သို့‌‌ ပြောင်းရွှေ့ဖွင့်လှစ်ထားပါသည်။ 🕊

🕊 လူဦးရေကန့်သတ်ထားပါသဖြင့် အမြန်ဆုံး
စာရင်းပေးသွင်းနိုင်ပါသည်။ 🦢

🍏​ နွေရာသီအားလပ်ရက်မှာ ဂျပန်စာ အခြေခံ လေ့လာဖို့ ဖိတ်ခေါ်ပါတယ် ။ 🍊

🍉 Basic +N5 အတန်း အခြေခံမှစပြီး 4 Skills ကို သင်ကြားမူ့အတွေ့အကြုံရှိ ဆရာမှ သင်ကြားပေးမှာဖြစ်ပါတယ်။ 🍑

🥭 နေ့စဉ် အိမ်စာများ၊ အပတ်စဉ်စာမေးပွဲများ၊ လစဉ်စာမေးပွဲများဖြင့် ထိရောက်စွာ သင်ကြားပေး မှာ ဖြစ်ပါတယ်။ 🍈

🍐 Jlpt, Nat Test စာမေးပွဲများလည်း ဖြေဆိုနိုင်အောင်ဆောင်ရွက်ပေးပါသည်။ 🍇

🇯🇵 2026 October Intake လျှောက်ထားနိုင်ပါသည်။ 🇯🇵

#皆の人センター

12/03/2026

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များအား အောက်ဖော်ပြပါအတိုင်း ထုတ်ယူနိုင်မည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ လာရောက်ထုတ်ယူရာတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) မူရင်း ယူဆောင်လာရမည်ဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးပါက မှတ်ပုံတင်မိတ္တူတစ်စောင် နှင့် ခုံနံပါတ် ယူဆောင် လာရပါမည်။

သင်တန်းကျောင်းများအနေဖြင့် မိမိတို့၏ ကျောင်းသားများအတွက် တစုတပေါင်းတည်း ထုတ်ယူမည်ဆိုပါက ကျောင်းသားစာရင်း၊ Test Voucher မူရင်းနှင့် မှတ်ပုံတင်မိတ္တူများကို ပြည့်စုံစွာယူဆောင်လာပြီး ထုတ်ယူနိုင်ပါသည်။

(ရန်ကုန်စာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)
၁၆.၃.၂၀၂၆ မှ ၂၂.၃.၂၀၂၆ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ
- ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ

၂၂.၃.၂၀၂၆ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ
- JLPT Centre
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ (ထမင်းစားနားချိန် - နေ့လည်၁၂း၀၀ နာရီမှ ၁း၀၀ နာရီအထိ)

(မန္တလေးစာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)
၁၆.၃.၂၀၂၆ မှ ၂၂.၃.၂၀၂၆ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ
- MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ

၂၂.၃.၂၀၂၆ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ
- MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
အချိန်
- မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ (ထမင်းစားနားချိန် - နေ့လည်၁၂း၀၀ နာရီမှ ၁း၀၀ နာရီအထိ)

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

ဆက်သွယ်ရန် - 01-757 10 15 (Ext- 1) ရန်ကုန်
09-255 162 533 မန္တလေး

02/03/2026
27/02/2026

Osaka COE 100% passed
おめでとうございます😇😇

25/02/2026

🍏​ နွေရာသီအားလပ်ရက်မှာ ဂျပန်စာ အခြေခံ လေ့လာဖို့ ဖိတ်ခေါ်ပါတယ် ။ 🍊

🍉 Basic +N5 အတန်း အခြေခံမှစပြီး 4 Skills ကို သင်ကြားမူ့အတွေ့အကြုံရှိ ဆရာမှ သင်ကြားပေးမှာဖြစ်ပါတယ်။ 🍑

🥭 နေ့စဉ် အိမ်စာများ၊ အပတ်စဉ်စာမေးပွဲများ၊ လစဉ်စာမေးပွဲများဖြင့် ထိရောက်စွာ သင်ကြားပေး မှာ ဖြစ်ပါတယ်။ 🍈

🍐 Jlpt, Nat Test စာမေးပွဲများလည်း ဖြေဆိုနိုင်အောင်ဆောင်ရွက်ပေးပါသည်။ 🍇

🇯🇵 2026 October Intake လျှောက်ထားနိုင်ပါသည်။ 🇯🇵

#皆の人センター

Photos from YMCA Of Mandalay's post 07/02/2026
Photos from HITO Center Mandalay YMCA's post 05/02/2026

📣 လူငယ်များအတွက် အထူးအခွင့်အရေး……

🇯🇵 Japan နိုင်ငံ OISCA Kokusai High School မှာ အထက်တန်းပညာကိုလေ့လာနိုင်ခြင်း။

🇲🇲 မြန်မာနိုင်ငံမှာ G-9 ပြီးဆုံးထားရမှာဖြစ်ပြီး ဂျပန်စာlevel N5 ရှိထားရပါမည်။

🇯🇵Japan နိုင်ငံ အထက်တန်းကျောင်းပြီးဆုံးပါက မိမိ စိတ်ဝင်စားသော University မှာ ပညာဆက်လက်သင်ယူနိုင်မည်။

🍁 15-19နှစ် အတွင်းဖြစ်ရပါမည်။

🗓 April Intake & October Intake လျှောက်ထားနိုင်ပါသည်။

စုံစမ်းရန် - messenger chat box
09-258839428 viber

#皆の人センター

Photos from HITO Center Mandalay YMCA's post 30/01/2026

🌸December မှာ ဖြေဆိုခဲ့ကြတဲ့ JLPT
စာမေးပွဲအောင်မြင်သောသူများ おめでとう㊗️ございます😍

🍁မအောင်တဲ့သူများလည်း အားမလျှော့ပဲ အတူတူဆက်ပြီး ကြိုးစားကြမယ်နော် Fighting 😍

#皆の人センター

28/01/2026

ဂျပန်ယန်း ၁၀၀၀ တန် ပေါ်က ပုဂ္ဂိုလ်ကြီး

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှာ ဂျပန်နိုင်ငံက ငွေစက္ကူ ဒီဇိုင်းအသစ်တွေကို ထုတ်ဝေခဲ့ပါတယ်။

အဲဒီအထဲက ယန်း ၁,၀၀၀ တန် ငွေစက္ကူပေါ်မှာ လူတယောက်ရဲ့ ပုံ ပါလာပါတယ်။

သူကတော့ Shibasaburō Kitasato လို့ အမည်ရတဲ့သူဖြစ်ပါတယ်။

သူ့ကို ဂုဏ်ပြုပြီး ငွေစက္ကူပေါ် တင်ထားရလောက်အောင် သူဘာတွေ လုပ်ခဲ့သလဲ။

၁၈၅၃ ခုနှစ်တုန်းက Kumamoto စီရင်စု Oguni ရွာလေးမှာ မွေးဖွားခဲ့တဲ့ Kitasato ဟာ ငယ်ငယ်တုန်းက ဆရာဝန်ဖြစ်ဖို့ စိတ်မဝင်စားပါဘူး။

ကိုယ်ခံပညာတွေ လိုက်စားပြီး ဆာမူရိုင်းတယောက်ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ မိဘတွေ တိုက်တွန်းလို့ ဆေးကျောင်းတက်ခဲ့ရပါတယ်။

ဒတ်ခ်ျလူမျိုး ဆရာဝန် Mansveldt နဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ သူ့ဘဝက ပြောင်းလဲခဲ့ပါတယ်။

Mansveldt က သူ့ပါရမီကို တွေ့လို့ တိုကျိုမှာ ပညာဆက်သင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုကျိုတက္ကသိုလ် ရောက်တဲ့အခါ အဏုကြည့်မှန်ပြောင်း (Microscope) ထဲကနေ လူ့တစ်သျှူးတွေကို ပထမဆုံးအကြိမ် မြင်လိုက်ရပြီးနောက် သူဟာ ဆေးပညာကို ရူးသွပ်သွားပြီး သူ့ဘဝတခုလုံး ပုံအပ်လိုက်ပါတော့တယ်။

၁၈၈၅ ခုနှစ်မှာ ဗက်တီးရီးယား ဖခင်ကြီး Robert Koch ဆီမှာ ပညာသင်ဖို့ ဂျာမနီကို ရောက်သွားပါတယ်။ အဲဒီမှာ ကမ္ဘာ့မှတ်တိုင် (၂) ခု စိုက်ထူခဲ့ပါတယ်။

ပထမ တခုကတာ့ မေးခိုင်ပိုး (Pure Tetanus Culture) ဖြစ်ပါတယ်။ မေးခိုင်ရောဂါပိုးတွေဟာ လေ (အောက်ဆီဂျင်) ထိရင် သေသွားတတ်လို့ သူတို့ကို သီးသန့်မွေးမြူစမ်းသပ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြပါတယ်။ Kitasato က ၁၈၈၉ ခုနှစ်မှာ ဒါကို ကမ္ဘာ့ပထမဆုံး အောင်မြင်စွာ လုပ်ပြနိုင်ခဲ့ပါတယ်။

ဒီနေရာမှာ သာမန်လူတယောက်အနေနဲ့ မေးခိုင်ပိုး ကို ဘာလို့မွေးသလဲ လို့ မေးစရာ ရှိပါတယ်။

အရပ်စကားနဲ့ ပြောရရင် မြွေဆိပ်ဖြေဆေး ရချင်ရင် မြွေကို ဖမ်းပြီး အဆိပ်ထုတ်ယူရသလို သဘောတရားပါပဲ။

မေးခိုင်ရောဂါ ဖြစ်စေတာက ဗက်တီးရီးယား အကောင်လိုက်ကြောင့် မဟုတ်ဘဲ အဲဒီပိုးက ထုတ်လွှတ်လိုက်တဲ့ အဆိပ် ကြောင့် လူက တောင့်တင်းပြီး သေဆုံးရတာပါ။

ဒါကြောင့် ဒီရောဂါကို ကုချင်ရင် အဲဒီ အဆိပ် ကို ဓာတ်ခွဲခန်းထဲမှာ လုံလုံလောက်လောက် ရရှိဖို့ လိုပါတယ်။ အဆိပ်ရဖို့ဆိုရင် ပိုးကောင်တွေကို အရှင်မွေးမြူထားမှ ရမှာပါ။

Kitasato ဟာ မွေးမြူထားတဲ့ ပိုးတွေဆီက အဆိပ် ကို ရအောင်ယူပါတယ်။

ပြီးတော့ အဲဒီအဆိပ်ကို တိရစ္ဆာန်တွေဆီ နည်းနည်းချင်း ထိုးထည့်ပေးလိုက်တဲ့အခါ တိရစ္ဆာန်ရဲ့ ခန္ဓာကိုယ်က အဲဒီအဆိပ်ကို ပြန်တိုက်ထုတ်မယ့် ဖြေဆေး (Antibody) တွေကို သဘာဝအလျောက် ထုတ်လုပ်ပေးလာပါတယ်။

အဲဒီ တိရစ္ဆာန်ရဲ့ သွေးထဲက "ဖြေဆေး" ပါတဲ့ အရည် (Serum) ကို ပြန်စစ်ယူပြီး မေးခိုင်ရောဂါဖြစ်နေတဲ့ လူနာကို ထိုးပေးလိုက်တဲ့အခါ ရောဂါပျောက်သွားပါတော့တယ်။

ဒုတိယ တခုကတော့ သွေးရည်ကြည် ကုထုံး (Serum Therapy) ဖြစ်ပါတယ်။ ၁၈၉၀ မှာ Emil von Behring နဲ့ ပူးပေါင်းပြီး မေးခိုင်ရောဂါနဲ့ ဆုံဆို့နာ (Diphtheria) ကို ကာကွယ်ဖို့ Antitoxin (အခုခေတ်အခေါ် Antibody) တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါဟာ ခုခံအားစနစ် (Immunology) ရဲ့ အစ ဖြစ်ပါတယ်။

ဝမ်းနည်းစရာကတော့ ၁၉၀၁ ခုနှစ်မှာ ပထမဆုံးအကြိမ် နိုဘယ်ဆု ပေးတော့ သူ့ဆရာ von Behring တယောက်တည်း ရသွားပါတယ်။ Kitasato မရခဲ့ပါဘူး။

သမိုင်းပညာရှင်တွေကတော့ အဲဒီခေတ်က နိုဘယ်ကော်မတီဟာ လူမျိုးရေး ခွဲခြားတာ ဒါမှမဟုတ် ဆုတခုကို လူခွဲပေးတဲ့ ဓလေ့မရှိသေးတာကြောင့် ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။

ဆုမရပေမယ့် သူ့ကျေးဇူးကြောင့် လူသန်းပေါင်းများစွာ အသက်ချမ်းသာရာ ရခဲ့ပါတယ်။

၁၈၉၄ ခုနှစ် ဟောင်ကောင်မှာ ပလိပ်ရောဂါ (Bubonic Plague) ကပ်ဆိုးကြီး ဖြစ်တော့ သူချက်ချင်း သွားရောက်ခဲ့ပါတယ်။

ရက်ပိုင်းအတွင်းမှာပဲ ရောဂါပိုး (Bacillus) ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ (Yersin ဆိုတဲ့ ပညာရှင်နဲ့ အပြိုင် တွေ့ရှိခဲ့တာ ဖြစ်ပေမယ့် Kitasato ရဲ့ လျင်မြန်တဲ့ တွေ့ရှိမှုက ရောဂါထိန်းချုပ်ရာမှာ အများကြီး အထောက်အကူ ပြုခဲ့ပါတယ်)။

သူ ဂျပန်ပြန်ရောက်တော့ အစိုးရနဲ့ အဆင်မပြေပါဘူး။ အကြောင်းကတော့ အဲဒီခေတ်က အစိုးရအရာရှိတွေ နဲ့ ဆေးပညာနယ်ပယ်က ဆရာကြီးတွေရဲ့အမှားကို Kitasato က ဝေဖန်ထောက်ပြခဲ့လို့ ဖြစ်ပါတယ်။

၁၉၁၄ ခုနှစ်မှာ အစိုးရက သူ့ရဲ့ သုတေသနဌာနကို ပညာရေးဝန်ကြီးဌာနအောက် အတင်းသွတ်သွင်းလိုက်တော့ သူဒေါသထွက်ပြီး ချက်ချင်း အလုပ်ထွက်လိုက်ပါတယ်။ သူ့နောက်ကနေ ဝန်ထမ်းအကုန်လုံး လိုက်ထွက်သွားကြပါတယ်။

ပြီးတော့ သူ့ကိုယ်ပိုင်ငွေနဲ့ Kitasato Institute ကို တည်ထောင်ခဲ့ပါတယ်။ (ယခင် ယန်း ၁၀,၀၀၀ တန် ပိုက်ဆံစက္ကူပေါ်က ပုဂ္ဂိုလ်ကြီး Fukuzawa Yukichi က သူ့ကို ငွေကြေး ထောက်ပံ့ပေးခဲ့ဖူးပါတယ်)။

သူဟာ Keio တက္ကသိုလ် ဆေးကျောင်းကို တည်ထောင်ခဲ့သလို အပူချိန်တိုင်း ပြဒါးတိုင်တွေ ထုတ်တဲ့ နာမည်ကျော် Terumo ကုမ္ပဏီကိုလည်း ပူးတွဲတည်ထောင်ခဲ့ပါတယ်။

၁၉၃၁ ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမယ့် Kitasato ချန်ထားရစ်ခဲ့တဲ့ မူဝါဒ နှစ်ခုရှိပါတယ်။ Netsu (ပြင်းပြသောစိတ်) နှင့် Makoto (ရိုးသားစစ်မှန်မှု) ပါ။

သူ့ကို ဂျပန် ခေတ်သစ်ဆေးပညာရဲ့ ဖခင် (Father of Modern Japanese Medicine) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ဆာမူရိုင်း ဖြစ်ချင်ခဲ့တဲ့ ဆရာဝန်ကြီးဟာ ရောဂါပိုးမွှားတွေကို တိုက်ခိုက်ရင်း ဂျပန်နိုင်ငံသာမက ကမ္ဘာကြီးကိုပါ ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းတဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photos from HITO Center Mandalay YMCA's post 28/01/2026

🍎 19.1.2026 နေ့ ညနေ (၄:၀၀-၅:၃၀)နာရီ တွင်ဖွင့်လှစ်ခဲ့သည့် N3 တန်းလေး မှတ်တမ်း ဖြစ်ပါသည်။ 🍑

#皆の人センター


#နှစ်သစ်မှာလိုအင်ဆန္ဒများပြည့်ဝကြပါစေ

🇯🇵 2026 July နှင့် October Intake ပညာတော်သင်များ လျောက်ထားနိုင်ပါသည် ။

Photos from HITO Center Mandalay YMCA's post 23/01/2026

🍎 12.1.2026နေ့ မနက် (၇:၃၀-၈:၃၀)နာရီ တွင်ဖွင့်လှစ်ခဲ့သည့် Basic+N5 တန်းလေး မှတ်တမ်း ဖြစ်ပါသည်။ 🍑

#皆の人センター


#နှစ်သစ်မှာလိုအင်ဆန္ဒများပြည့်ဝကြပါစေ

🇯🇵 2026 July နှင့် October Intake ပညာတော်သင်များ လျောက်ထားနိုင်ပါသည် ။

05/01/2026

🍊{19.1.2026} ရက်တွင် ဖွင့်မည့် (N3)အတန်း
ဖြစ်ပါသည်။ 🍋

🥭 လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်း လာရောက်ပေးသွင်းနိုင်ပါသည် ။ 🍑

#皆の人センター

#နှစ်သစ်မှာလိုအင်ဆန္ဒများပြည့်ဝကြပါစေ


🍐2026 October Intake တွက် ပညာတော်သင်များ လျှောက်ထားနိုင်ပါသည်။ 🍋

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Japanese Language School. Corner Of 80 & 12 Street
Mandalay
05013