21/02/2016
💦ကိုယ့်ကိုယ်ကိုကိုယ်ပိုကောင်းအောင်အရင်လုပ်💦
🎄🎄🎄
လူတွေဟာ သူများကိုပြုပြင်ချင်တယ်။ စေတနာတော့ကောင်းပါတယ်။ လူတွေကိုကောင်းစေချင်ရင် တစ်ခုပဲလုပ်လို့ရတယ်၊ ကိုယ့်ကိုယ်ကို ကိုယ် ပိုကောင်းအောင်အရင်လုပ်ရမယ်။ ကိုယ်ကိုယ်တိုင်က ပိုကောင်းဖို့အမြဲကြိုးစားနေမှသာ သူများကိုပိုကောင်းအောင်လုပ်ဖို့ စိတ်ကူးသင့်တယ်။
🎄🎄🎄
သူတစ်ပါးကိုပြုပြင်ချင်ပြီဆိုရင် အဲဒီအပြစ်မျိုး၊ ချို့ယွင်းချက်မျိုး ငါ့မှာရောမရှိဘူးလားဆိုပြီးတော့ ပြန်စဉ်းစားဖို့လိုပါတယ်။ အဲဒီလိုစဉ်းစားလိုက်ရင် ပိုပြီးတော့မျှတတဲ့ သဘောထားဖြစ်သွားတယ်။ သူတစ်ပါးဟာ ကိုယ့်ရဲ့မှန်လိုပါပဲလို့ ပြောခဲ့ဖူးတယ်နော်။ သူ့ချို့ယွင်းချက်ကိုမြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်နေသလိုသဘောထားပြီးတော့ ငါ့မှာ အဲသလိုချို့ယွင်းချက်မျိုးရှိနေတယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုကိုယ်ပြုပြင်ရမယ်။ သူ့ကိုပြင်စေချင်ရင် ကိုယ့်ကိုယ်ကိုယ်အရင်ပြင်ရမယ်နော်။
🎄🎄🎄
တပည့်တွေကို ပညာကြိုးစားစေချင်တယ်ဆိုရင် ဆရာကိုယ်တိုင်က ပညာကိုအင်မတန်စိတ်ဝင်စားပြီးတော့ တန်ဖိုးထားနေမှရမယ်နော်။ ဆရာကိုယ်တိုင်ကပညာရေးနဲ့ပတ်သက်ပြီး excited ဖြစ်နေမှ။ ဆရာက အမြဲတမ်း အကြောင်းအရာအသစ်အသစ်ကို ရှာနေမှ။ ဆရာကိုယ်တိုင်က ပညာကို တကယ့်ကိုလိုလိုချင်ချင်နဲ့ရှာနေဖွေနေတယ်ဆိုရင် တပည့်က အလိုလိုပါလာမှာပဲ။
🎄🎄🎄
လူငယ်တွေကိုကောင်းစေချင်တယ်ဆိုရင် လူကြီးတွေကိုယ်တိုင်က ကောင်းမှဖြစ်မယ်။ လူကြီးတွေက သုံးမယ်၊ ဖြုန်းမယ်၊ ကြွားမယ်ဆိုရင် လူငယ်တွေကို မဖြုန်းကြနဲ့၊ မကြွားကြနဲ့လို့ ပြောလို့ဖြစ်မလား။
🍃ဆရာတော်ဦးဇောတိက🍃
🍂(မဟာမြိုင်တောရ)🍂
၏
💧တွေးမိတိုင်းပျော်တယ်💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
📖(page 397)📖