IT Power Online Office

IT Power Online Office

Share

ကွန်ပျူတာသင်တန်းဖွင့်ရန် သင်ရိုးလိုအပ်ပါက ဝယ်ယူနိုင်ပါသည်

19/09/2025

Photo ပေါ်က watermark ကိုဖယ်ရှားခြင်း

01/01/2024

Happy New Year

2024 မှာ မြန်မာနိုင်ငံသူ နိုင်ငံသား အများဆန္ဒ ပြည့်ဝကြပါစေ

31/10/2023

ရောင်းမယ်

19/10/2023

ကွန်ပျူတာတွေပါ ရောင်းမယ် ၊ ဝယ်ကြမလား၊ ဈေးလည်း ချိုစေရမယ်နော်

12/10/2023

🥰 နင်မြင်ရင် ကြွေသွားမယ် 🥰

🎁 Processor i series ထဲက လိုချင်တယ်
ငွေအများကြီးတော့ မသုံးချင်ဘူးဆိုတဲ့ သူများအတွက် 🎁

💻စာစီစာရိုက်လုပ်ချင်တယ်
💻Excel နဲ့ စာရင်းတွေ လုပ်ချင်တယ်
💻အင်တာနက်သုံးချင်တယ်
💻ရုံးလုပ်ငန်းတွေ လုပ်ချင်တယ် ဆိုသူများအတွက်
အသင့်တော်ဆုံး စက်ကလေး

📌Screen Size 15.6" ဆိုတော့ ကွန်ပျူတာနဲ့
အချိန်အကြာကြီး အလုပ်လုပ်ဖို့ အဆင်ပြေတယ်နော်
📌CPU က i5 3rd Gen, SSD နဲ့ဆိုတော့ သုံးရတာ
မြန်ပါတယ်
📌 စာစီစာရိုက်လေ့ကျင့်မလား ၊ Excel နဲ့ စာရင်း
လုပ်မလား၊ ရုံးအလုပ်တွေ လုပ်မလား
အရမ်း တန်ပါတယ်နော် …..

Toshiba
*********
✅Processor - i5 3rd Gen
✅RAM - 4 GB
✅SSD - 120 GB
✅Battery - About 45 minutes
✅Display - 15.6"
✅Wifi - Good
✅Speaker - Good
✅Adapter ပါ
✅Windows 10, Basic Software များ ပါပြီး
✅Price - 240000 Kyats

🎁လက်ဆောင်
❤️Laptop Bag

✅အာမခံ - တစ်လ
(အာမခံတွင် ဘက်ထရီ မပါဝင်ပါ)

စိတ်ဝင်စားရင်တော့
YDG Computer Sales and Service
🏠16 လမ်း – 17 လမ်းကြား ၊ 81 လမ်း ၊ မန္တလေး။
📱09 420042815, 09 952585881














11/03/2023

အခြေခံ ကွန်ပျူတာ Virus များ ရှင်းလင်းခြင်း
=============================

Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။
လုံခြုံရေးဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။
တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊
တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။
တစ်ချို့ကျပြန်တော့ မိမိရဲ့ ကွန်ပျူတာကို windows တက်မ လာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။

အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါ၀င်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်၀င်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။
Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆိုရင်တော့ ကံကောင်းတာပေါ့။
Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ ..
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး
သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။
ဒီအတွက် special tool လေးတွေက အဓိက တာ၀န်ထမ်းဆောင်ရလိမ့်မယ်။
ဥပမာ task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်.
ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။
ပြီးရင် System Configuration Ultility (RUN>msconfig) ကနေ ဘယ် serivces တွေနဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။
အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်တို့ သတိထား စစ်ဆေးကြည့်ပါ။
ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်...
ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။
နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်.
ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။
ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို
F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

အခြေခံ Virus သတ်နည်း
=================
1). ကိုယ့် Computer ထဲကို ၀င်နေတဲ့ Virus name ကို သိအောင် လုပ်ပါ။
2). Virus name ကို သိရင်တော့Task Manager ကို ဖွင့်လိုက်ပါ။ Process ထဲမှာ Virus name ကို ရှာပြီး end task လုပ်လိုက်ပါ။
3). Search ထဲကနေ virus name ဒါမှမဟုတ်*.exe လို့ရိုက်ထဲ့ ပြီးရှာလိုက်ပါ။ Virus name နဲ့Virus လို့ထင်ရတဲ့ .exe တွေကို Delete လုပ်ပစ်ပါ။
(Application များကို မှားပြီး ဖျက်မပစ်ရန် သတိပြုပါ။)
4). Computer ကို Restart ချလိုက်ပါ။ Computer ပြန်ပွင့်လာတဲ့ အချိန်မှာ Error massage ပြနေပါက.......
(HKEY_LOCAL_MACHINE Microsoft Windows Current Version Run ထဲမှာ Virus name ကိုရှာ ဖြတ်ပါ။)
Safe mode မှ လုပ်လျှင် အဆင့် (3) မှ စတင်လုပ်ပါ။

အားလုံးပဲ အထက်ပါ အခြေခံတွေအတိုင်း မိမိ ကွန်ပျူတာမှာ virus ၀င်ရောက်နေခြင်း ၇ှိ မ၇ှိကို လေ့လာနိုင်ပြီး ကာကွယ်မှုပြုနိုင်ပါစေ...။
:)
မူရင်း

28/08/2022

Microsoft office 365 နဲ့ Office 2019
=======================
Microsoft 365 က Microsoft ရဲ့ up-to-date modern productivity tool တစ်ခုဖြစ်ပါတယ်။

သူ့မှာ home and personal use plan တွေရှိသလို small business, large enterprises, schools and non-profits plan တွေလည်းရှိပါတယ်။
Office desktop applications တွေဖြစ်တဲ့ word, power point, excel တို့လည်းပါပါတယ်။ ဒါ့အပြင်အရေးကြီးဆုံးက cloud-connected features တွေပါတာပါဘဲ။ ဒီ feature တွေကြောင့် real time မှာ files တွေကို အဖွဲ့အစည်းထဲမှာ share လုပ်ပြီး collaborate လုပ်နိုင်မှာဖြစ်ပါတယ်။ Outlook mail နဲ့ One drive cloud storage တွေကိုသုံးနိုင်မှာဖြစ်ပါတယ်။

ကြိုက်တဲ့ plan ကိုလိုင်စင်နဲ့ဝယ်သုံးရမှာဖြစ်ပါတယ်။ လစဉ်ကြေးနှစ်စဉ်ကြေးပေးသွင်းပြီးသုံး ရပါတယ်။ အဓိကကတော့ file share နဲ့ collaborate ပေါင်းလုပ်ရမယ့်လုပ်ငန်းမျိုးတွေမှာ office application တွေအတွက်အဓိကသုံးပါတယ်။

Office 2019
=========
အများစုသုံးနေတဲ့ office 2016, office 2019 စတာတွေကတော့ one-time purchase လို့ခေါ်တဲ့ ကွန်ပျူတာတစ်လုံးအတွက်ဘဲ ရတဲ့ office applications တွေပါ။

office 2016 ကိုစက်မှာထည့်ထားရင် အမြဲ office 2016 ဘဲသုံးလို့ရပါမယ်။ office 2019 အသစ်ထွက်လာပေမယ့် upgrade တွေ update တွေဖြစ်မသွားပါဘူး။ office 2019 ကိုထပ်ထည့်မှသာသုံးလို့ရပါမယ်။ stand-alone ပါ။

cloud-based feature တွေမပါပါဘူး။ ဒါကြောင့် share လုပ်စရာမလိုဘူးတစ်ပြိုင်နက် တည်းသုံး တာမျိုးမလိုဘူးဆိုရင်ရိုးရိုး office နဲ့ဘဲအဆင်ပြေပါတယ်။

Excel 2019 နဲ့ Excel 365 က Excel ဘာကွာလဲ
============================
Cloud-base နဲ့ stand-alone ကွာပါတယ်။

Excel 365 မှာ function တချို့ပိုသုံးလို့ရပါတယ်။ ဥပမာ switch, IFS, MAXIFS, MINIFS, TEXTJOIN စသဖြင့်ပါ။ Map chart လိုမျိုးတွေသုံးနိုင်ပါတယ်။ power query အတွက် new features တွေထပ်ပါပါတယ်။ power BI ကို web version နဲ့ သုံးလို့ရပါတယ်။ ပုံမှာ office 365 ရဲ့ applications တချို့ကိုပြထားပါတယ်။

ဘယ်ဟာသုံးရမလဲဆိုရင်တော့ ကိုယ့် အလုပ်က ဘာတွေလိုအပ်သလဲလို့ဘဲပြန်တွေးရမှာပါ။ လိုအပ်ချက်ပေါ်မူတည်ပြီးသုံးရမှာဘဲ ဖြစ်ပါ
Credit...Learning Curve

21/08/2022

BTCRS ကွန်ပျူတာ အခြေခံသင်ခန်းစာများ (ပညာဒါန)

ကွန်ပျူတာ တစ်လုံး မှာ hardware နဲ့ software ဆိုပြီး နှစ်ပိုင်း ရှိပါတယ်။

Hardware ဆိုတာက အရှင်းဆုံးပြောရရင် လက်နဲ့ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။
ဥပမာ။ ။ monitor၊ mouse

ကွန်ပျူတာတစ်လုံးရဲ့ယန္တရားအတွက်မရှိမဖြစ်လိုအပ်တဲ့Hardware ပစ္စည်း(၁၀)မျိုးရှိပါတယ်။အောက်မှာပုံနှင့်တကွပြထားပါသေးတယ်။
၁။ Monitor
Monitor ဆိုတာ
Monitor ဆိုတာကတော့ TV နဲ့ အောက်စက်မှာလိုဆို TV အနေနဲ့မျက်လုံးထဲမြင်ကြည့်ပေးပါ။ လုပ်ဆောင်ချက် ကွဲသလို အခေါ်အဝေါ်လဲကွဲပါတယ်။ Monitor ကတော့ display (ရုပ်ထွက်)သက်သက်ပေါ့။ Monitor ပေါ်ကရုပ်ပုံအချက်အလက်တွေကိုကြည့်ပြီး ကွန်ပျူတာကိုခိုင်းစေရတာမို့လို့ computer အတွက်Monitor ဟာမရှိမဖြစ်လိုအပ်မှာပါ။
၂။ Keyboard (လက်နှိပ်စက်ပေါ့)
keyboard ဆိုတာ
keyboardရဲ့အသုံးပြုပုံ အသုံးဝင်ပုံအတွက်
လက်တွေ့အလုပ်တစ်ခုကိုတင်ပြပါရစေ။
ဖုန်းငွေဖြည့်ကဒ်ရပြီဗျို့ ဆိုတဲ့ ကြော်ငြာစာရွက်အသေးလေးကိုမြင်ဖူးကြမှာပါ။
ဒီစာရွက်ကိုထုတ်ဖို့အတွက် အရင်ဆုံး keyboard နဲ့စာရိုက်ရပါတယ်။Keyboard ရဲ့ လုပ်ငန်းစဉ်ကိုပြောခြင်းပါ။

မှတ်ချက်။ ။ keyboard နဲ့စာရိုက်နည်းကိုတော့ ထပ်ပြီးတင်ပြပေးပါအုံးမည်။စောင့်မျှော်ပီးဖတ်ရှုပေးကြပါအုံးဗျာ။

၃။ Mouse ညွှန်ပြပစ္စည်းပေါ့ (ပုံလေးကိုတော့ အောက်မှာကြည့်ပေးပါ။)
ကွန်ပျူတာကိုစလေ့လာပေမဲ့လို့ Monitor ပေါ်မှာမြာအဖြူရောင်လေးတစ်ချောင်းပေါ်နေပါတယ်။အဲ့ဒါဟာမောက်ရဲ့ သင်္ကေတပါ။ တစ်နည်းအားဖြင့် Mouse ကိုလက်ဖြင့်ကိုင်ပြီးရွှေ့သည်နှင့်တစ်ပြိုင်နက် မြားအဖြူရောင်လေးဟာရွေ့သွားမှာပါ။ကွန်ပျူတာကိုအလုပ်တစ်ခုခုခိုင်းစေတဲ့အခါ
ဥပမာ သီချင်းတစ်ပုဒ်ဖွင့်သည့်အခါ Mouse လေးကိုရွှေ့ပြီး
Mouse အတွင်အသင့်ပါသည့်ခလုပ်များကိုနှိပ်၍ပွင့်စေပါသည်။တစ်ခြားsoftware တဲ့တစ်ခုခုဖွင့်သုံးသည့်အခါတွင်လဲ ဤနည်းအတိုင်းသာလုပ်ဆောင်ပါသည်။
Mouse တွင်ပါသောခလုပ်များကို အကြမ်းဖျင်း အနည်းငယ်ပြောပြလိုပါသည်။
Mouse တွင် ခလုပ်နှစ်ခုပါရှိပါသည်။
Mouse ကိုညာဘက်လက်ဖြင့်ကိုင်ထားပါက
လက်ညှိုးဖက်တွင် ခလုပ်တစ်ခု(စမ်းသပ်၍နှိပ်ကြည့်နိုင်ပါသည်) အဲ့ခလုပ်က ဘယ်ဖက်တွင်တည်ရှိသောကြောင့် Left Button ဟုခေါ်ဆိုပါသည်။

Left Button မှာ နှစ်မျိုးသုံးပါတယ်။
တစ်ချက်နှိပ်ခြင်း (Left Click လို့ခေါ်ပါတယ်)
ဖိုင်တေကို ရွေးချယ်ခြင်း(select) လုပ်တဲ့အခါမှာအသုံးပြုပါတယ်။
နောက်ပိုင်းထက်တင်တဲ့သင်ခန်းစာတွေထပ်တင်ရင်တော့
Left Click ကိုသုံးတတ်လာမှာပါ။

နှစ်ချက်အမြန်နှိပ်ခြင်း ( Double Click)
ဘယ်လောက်ထိမြန်ရမလဲဆို ၁စက္ကန့်အတွင်းမှာ နှစ်ချက်ရအောင်နှိပ်ရမှာပါ။

Double Click ကို software တစ်ခုခုဖွင့်သုံးတဲ့အခါမျိုး
ဓာတ်ပုံ
ဗီဒီယို
သီချင်း။ဖိုင်အားလုံးလိုလိုပါပဲ Double Click ကိုသုံးပါတယ်။
နောက်တစ်ခုကလက်ခလယ်မှာပေါ့
သူကညာဘက်မှာတည်ရှိသောကြောင့် Right Button ဟုသတ်မှတ်ပါသည်။

Right Button မှာတော့ တစ်ချက်နှိပ်တာတစ်မျိုးပဲရှီပါတယ် Left Button လိုနှစ်ချက်အမြန်နှိပ်တာမျိုးမရှိပါဘူး။
Right Click လို့ခေါ်ပါတယ်။
Right Click ကတော့ ဥပမာ စက်ထဲမှာရှိတဲ့သီချင်းတစ်ပုဒ်ရဲ့
ဖိုင် size 2MB လား 5 MB လားစသဖြင့်သိချင်ရင်
သိချင်တဲ့ဖိုင်ပေါ်မှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ menu
တေထဲက အောက်ဆုံးမှာရှိတဲ့ properties ကို left click
နှိပ်ရင် သူ့ရဲ့ ဖိုင်size ကိုတွေ့ရပါပြီ။

နောက်တစ်ခုကခလုပ်တော့မဟုတ်ပါဘူး
ဘီးပေါ့ ခလုတ်နှစ်ခုကြားမှာ ဘီးတစ်ဘီးရှိပါတယ်။
အဲ့ဘီးလေးကိုတော့ ဥပမာအနေနဲ့ ဖုန်းမှာ အပေါ်အောက် New Feed ပွတ်သလိုပါဘဲ။ ဖိုင်တေများတဲ့အခါမှာ ဘီးလေးကိုအပေါ်အောက်လိမ့်ပြီးကြည့်ပါတယ်။

၄။ Motherboard (ကွန်ပျူတာရဲ့ အာရုံကြော)
Motherboard ဆိုတာတော့ electricity ရှိတဲ့Circuit board တစ်မျိုးပါ။ Hardware ပစ္စည်းအားလုံး သူဆီမှာချိတ်ဆက်ရပါတယ် တိုက်ရိုက်(သိုမဟုတ်) သွယ်ဝိုက်သောနည်းနဲ့ချိတ်ဆက်ထားပါတယ်။တစ်နည်းအားဖြင့် hardware အားလုံးက သူနဲ့မချိတ်ဆက်ရင်အလုပ်မလုပ်ပါဘူး။
Monitor Keyboard Mouse တွေလဲသူနဲ့ချိတ်ဆက်ထားပါတယ်။
၅။ CPU ( Central Processing Unit)ကွန်ပျူတာရဲ့ ဦးနှောက်
တိုတိုနဲ့လိုရင်းပြောရရင်တော့
ဥပမာ ကွန်ပျူတာမှာ ၁ နဲ့ ၂ ပေါင်းလို့ ၃ ရတာကအစ
အပေါင်ဆိုင်တေမှာတောင် ဒီလူလာပေါင်တဲ့နေ့က ဘယ်နေ့ဆိုဆုံးပြီဆိုတာအဆုံး ကွန်ပျူတာနဲ့တွက်ချက်နိုင်တယ်ဆိုတာ ကွန်ပျူတာမှာ CPU ရှိနေလို့ပါ။ ကွန်ပျူတာမှာ CPU ဟာအဓိကတွက်ချက်သူပါ။

၆။ RAM ( Random Access Memory )ယာယီမှတ်ဉာဏ်
ကွန်ပျူတာမှာ System Software အပါအဝင် ဖွင့်ထားသသမျှ softwareတွေကိုထိန်းထားတာ RAM ပါ။ သို့သော်
ကွန်ပျူတာကို ပိတ်ပြီးပြန်ဖွင့်ရင်တော့ ဖွင့်ထားတဲ့ Software တွေမရှိတော့ဘူးပေါ့ သုံးချင်ရင်ပြန်ဖွင့်ပေါ့ ဒါကြောင့် RAM ကိုယာယီမှတ်ဉာဏ်လို့ခေါ်ဆိုခြင်းပါ။

၇။ H.D.D (Hard Disk Drive)အမြဲတမ်းမှတ်ဉာဏ်
Hard Disk က အချက်အလက်တေသိုလှောင်နိုင်လို့
storage device device လို့လဲခေါ်ပါတယ်။ သူကတော့
ကိုယ်ရေးကိုယ်တာအချက်အလက်တေ ဥပမာ ဓာတ်ပုံ သီချင်း ဗီဒီယိုစသဖြင့်ပေါ့ အဲ့ဒါတေသိမ်းစည်းနိုင်တာ Hard Disk ကြောင့်ပါ။ ကွန်ပျူတာကိုပိတ်ပြီးပြန်ဖွင့်လဲ ကျွန်တော်တို့သိမ်းထားတဲ့ ဖိုင်တေရှိပါတယ် ဒါကြောင့်သူ့ကို အမြဲတမ်းမှတ်ဉာဏ်လို့ခေါ်ဆိုခြင်းပါ။

၈။ PSU (Power Supply Unit)
PSU ကတော့ ကွန်ပျူတာထဲက hardware တွေကို ပါဝါအညီအမျှပေးတဲ့ပစ္စည်းဖြစ်ပါတယ်။ကွန်ပျူတာဟာ Volts သုံးမျိုးနဲ့ အလုပ်လုပ်ပါတယ် 3.3 volts 5 volts 12 volts
3.3 volts ပဲလိုတဲ့ hardware ကို 3.4 volts မပေးပါဘူး
လိုသလောက်ပဲပေးပါတယ်။ Hardware တွေဟာ လျှပ်စစ်ပါဝါရမှအလုပ်လုပ်ကြတာပါ။

၉။ DVD Drive
DVD Drive ကတကယ်တမ်းတော့ ခွေကြည့်ရန်မဟုတ်ပါ။ Software ခွေတွေထည့်ပြီး software သွင်းတဲ့အခါ
DVD drive ကိုအသုံးပြုရပါသည်။ DVD Driveဖြင့်အခွေကြည့်တဲ့အခါမှာ အမြဲတမ်းအဆက်မပျက်လည်နေရတော့ DVD
drive မော်တာဟာPressure တက်ပါတယ်။ နောက်ပိုင်းမှာ
ခွေမဖတ်နိုင်တော့ပါဘူး။အဲ့ဒါကြောင့် DVD drive နဲ့ ခွေမကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

၁၀။ Casing (ပုံးခွံ)
Casing ဆိုတာတော့ hardware ပစ္စည်းတေကိုကာရံထားတဲ့အခွံကြီးပါ casing မရှိရင်လဲ ကွန်ပျူတာကအလုပ်တော့လုပ်ပါတယ်။ သို့သော် electricity ရှိသည့်အတွက်
casing မပါရင်တော့ လျှပ်စစ်စီးပြီး Shock ဖြစ်နိုင်လို့ပါ။

Software ဆိုတာက လက်နဲ့ကိုင်တွယ်လို့မရတဲ့ ကွန်ပျူတာအသုံးပြု ပစ္စည်းလို့ ပြောရင်လည်းမှန်ပါတယ်။
program များကို စုဆောင်းထားတာကို software လို့ခေါ်ပါတယ်။ software ဆိုတာ ကွန်ပျူတာကို ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာ လုပ်ရမလဲဆိုတာ ထိန်းကျောင်းပေးတဲ့ ညွန်ကြားချက် အစုအဝေးလည်းဖြစ်ပါတယ်။ software မပါဘဲ ကွန်ပျူတာ ဘာမှလုပ်လို့မရသလို hardware မပါဘဲနဲ့လည်း ကွန်ပျူတာ ဘာမှ လုပ်လို့ရမှာ မဟုတ်ပါဘူး။

software မှာ နှစ်မျိုးထပ်ခွဲပါသေးတယ်။
၁။ application software
၂။ system software

application software

application software ဆိုတာကတော့ application တွေမှာ အသုံးပြုဖို့ အလုပ်လုပ်ဖို့ user (အသုံးပြုသူ)တွေကို အကူအညီပေးတဲ့ software တွေဖြစ်ပါတယ်။
ဥပမာ Microsoft Office Word (စာစီစာရိုက်software)
Microsoft Office Excel (စာရင်းဇယား software)

Application software ဟာ system software နဲ့
ဘာကွာလဲဆိုရင် application ဟာတစ်လမ်းသွားပေါ့
ဥပမာ စာစီစာရိုက် software က dota ခုတ်လို့မရပါဘူး
သူ့အလုပ်တစ်ခုထဲပဲသူလုပ်ပါတယ်။ကွန်ပျူတာရဲ့ယန္တယားကိုလဲမထိန်းချုပ်ပါဘူး ထိန်းလဲမထိန်းချုတ်နိုင်ပါဘူး
ဒါဟာsystem software နဲ့ကွာတဲ့အချက်ပါ။

system software
system software ဆိုတာကတော့ hardware တွေ အလုပ်လုပ်နိုင်ဖို့အတွက်နဲ့ application software တွေ အသုံးပြုနိုင်ရန်အတွက် maintain လုပ်ပေးပါတယ်။computer ရဲ့ဟန္တာရားကိုလဲ ထိန်းချုတ်ထားပါတယ်။

နောက်ပြီး
ဥပမာအနေနဲ့ ၁၂ လက်မ မှာ ၁ ပေ။ ၃ပေ တစ်ကိုက်ဆိုပြီး
အရှည်အတို အရွယ်အစားတေကိုတိုင်းတာတဲ့ unit တွေ။
အလေးချိန်ကိုတိုင်းမယ်ဆို ပေါင်စသဖြင့်ရှိသလိုပဲ။ ကွန်ပျူတာမှာလဲ Hard Disk Storage ကို အနိမ့်ဆုံးတော့ GB Unit နဲ့တိုင်းတာပါတယ်။ ဥပမာ 160 GB 250GB 350 GB အခုနောက်ပိုင်းမှာတော့ TB လောက်ထိရှိနေပါပြီ။ တစ်ခုရှိတာက
Hard disk ရဲ့သိုလှောင်နိုင်မှု ပမာဏကို bit တို့ byte တို့နဲ့မတိုင်းတာဘူး ဆိုတာပါ။
ကွန်ပျူတာမှာ ဂဏန်း နှစ်လုံးနဲ့ဘဲ အလုပ်လုပ်ပါတယ်။ 0 နဲ. 1 ပါ။ Binary number လို့လဲခေါ်ပါတယ်။ Binary Digit ကိန်းလို့လဲခေါ်ဆိုရပါတယ်။ အတိုကောက်ကိုတော့ Bit လို့ခေါ်ပါတယ်။
ဂဏန်းတစ်လုံး၊ စပေ့ဘားတစ်ချက်၊ စာတစ်လုံးကိုဆိုရင် 8 bit လို့ခေါ်ပါတယ်။
01010101 ယခုလို 0 နဲ့ 1 တွေချည်းပါတဲ့ ဂဏန်း 8 လုံးတွဲကို 8 bit လို့ခေါ်ပြီး 8 Bit ဟာ 1 byte နဲ့ ညီမျှပါတယ်။
1 bit (binary digit*) = the value of 0 or 1
8 bits = 1 byte
1024 bytes = 1 kilobyte
1024 kilobytes = 1 megabyte
1024 megabytes = 1 gigabyte
1024 gigabytes = 1 terabyte
1024 terabytes = 1 petabyte
Abbreviations
1 kilobyte = 1 k
1 megabyte = 1 MB
1 gigabyte = 1 GB
1 terabyte = 1 TB
1 petabyte = 1 PB
Size in "bytes"
Kilobyte (KB) = 1,024
Megabyte (MB) = 1,048,576
Gigabyte (GB) = 1,073,741,824
Terabyte (TB) = 1,099,511,627,776
Petabyte (PB) = 1,125,899,906,842,624

ကျန်ရှိနေသည့် အခြေခံသင်ခန်းစာများကို ဆက်လက်တင်ပေးပါအုံးမည်။
Credit...Original Writer

Based Two ( Computer Repair Services )

23/10/2021

Toner Ended Error ဖြေရှင်းခြင်း

Fuji Xerox - M115w Printer တွင်
Toner ended error ဖြစ်ပါက ဖြေရှင်းနည်း






03/10/2021

ဖုန်းဖြင့် ဘောင်ချာစာရွက် ပြုလုပ်နည်း

#ဘောင်ချာစာရွက်

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Mandalay