မျှော်ရတာလဲ .........
သစ်ကုလားအုတ် ဖြစ်တော့မယ်
မႏၱေလးကြန္ပ်ဴတာတကၠသိုလ္
update information of University of Computer Studies, Mandalay
ပြည်သူအများမျှော်လင့်နေတဲ့ သတင်းလေးတွေ လာတော့မယ်နော် မကြာမှီ.........လာမည်.......မျှော်
20/02/2024
လွမ်းတယ် တချိန်က ကျောင်းတက္ကသိုလ်
30/07/2022
မန္တလေးကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို တည်ထောင်ခဲ့သည်မှာ ယနေ့ “ဇူလိုင်လ (၂၉) ရက်နေ့” ဆိုလျှင် (၆) နှစ်တင်းတင်းပြည့်ခဲ့ပြီ။ လာရာလမ်းခရီးကို ခေတ္တမျှ သမင်လည်ပြန်ကြည့်လျှင် ကျောင်းသားသမဂ္ဂ၏ သက်တမ်း (၆) နှစ်အတွင်း (၄) နှစ်သာ တက္ကသိုလ်ရပ်ဝန်းအတွင်း ကျင်လည်နိုင်ခဲ့ပြီး၊ ကျန်သော လက်ရှိနှစ်များမှာမူ နိုင်ငံ့အရေးကို ပိုမိုအာရုံစိုက်ရသော ကာလများပင်ဖြစ်လေသည်။
ပညာသင်ကြားရမည့်အရွယ်တွင် သံတိုင်များနောက်ကွယ် ရောက်နေကြရသော ကျောင်းသူ/သားများ၊ စာအုပ်နှင့် ဘောပင်အစား သေနတ်ကိုင်နေရသည့် ကျောင်းသူ/သားများ၊ လူ့မိစ္ဆာတို့၏ ရက်စက်ရမ်းကားမှုကြောင့် အိုးပစ်၊ အိမ်ပစ် စွန့်ခွာထွက်ပြေးနေရသော ကျောင်းသူ/သားများ… အစရှိသည်တို့သည် နိုင်ငံ၏ ဆိုးရွားလှသောလက်ရှိအခြေအနေကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြနေကြသည်သာ။ ကျောင်းသူ/သားများဖြင့် ဖွဲ့စည်းထားသော မန္တလေးကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂသည်လည်း ခေတ်က တာဝန်ပေးလာသည့်အခါ ဘေးထိုင်၍ လက်ပိုက်ကြည့်မနေနိုင်။ ကျရာတာဝန်ကို စွမ်းရာနေရာမှ ထမ်းဆောင်ခဲ့သည်မှာ ယခုဆိုလျှင် အချိန်ကာလအားဖြင့် (၂) နှစ်ခန့်ပင် တိုင်ခဲ့ပြီ။ လမ်းခရီးသည် မလွယ်ကူသော်လည်း လက်မလျှော့ခဲ့ကြ။
အမှောင်ဖုံးသော ဤကာလတွင် ကျောင်းသားသမဂ္ဂအတွင်းမှနေ၍ တတ်နိုင်သမျှ တာဝန်ထမ်းဆောင်နေကြသော ကျောင်းသူ/ သားများ၊ သမဂ္ဂအတွင်း တိုက်ရိုက်မပါဝင်သော်လည်း မိမိတို့ရောက်ရှိနေသောနေရာမှ စွမ်းနိုင်သမျှ အကူအညီပေးနေကြသော ကျောင်းသူ/သားများ၊ အကူအညီမပေးနိုင်သည့်တိုင်အောင် ရပ်တည်ချက်ကို အတိမ်းအစောင်းမခံဘဲ CDM ပြုလုပ်ခြင်းဖြင့် စစ်အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန်နေကြသော ကျောင်းသူ/သားများ၊ အဘက်ဘက်မှ အကူအညီပေးနေကြသော စီနီယာများ၊ မိဘပြည်သူများကို မန္တလေးကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ယခုနှစ်ပတ်လည်နေ့တွင် အထူးပင်ကျေးဇူးတင်ရှိကြောင်း လေးလေးနက်နက်ဖော်ပြလိုပါသည်။
မိဘပြည်သူ၊ ကျောင်းသူ/သားများအနေဖြင့် မိမိတို့လျှောက်နေသော လမ်းသည် ခက်ခဲသော်လည်း မှန်ကန်သည်ကို သတိရစေလိုပါသည်။ အခက်အခဲအတားအဆီးများသည် စိတ်အားပျက်ဖွယ်ကောင်းသော်လည်း အဆုံးသတ်တွင် ဓမ္မကသာ အနိုင်ရမည်ဖြစ်ကြောင်း ယုံကြည်စေလိုပါသည်။ မတရားမှုသည် သူ့အလိုလို ကွယ်ပျောက်သွားမည့်အရာမဟုတ်၊ စည်းလုံးမှုဖြင့် တွန်းလှန်မှသာ အမြစ်ပြတ်ချေမှုန်းနိုင်မည်ဖြစ်ကြောင်းကိုလည်း သိစေလိုပါသည်။ မန္တလေးကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ (၆) နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မိဘပြည်သူများ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစေကြောင်း တောင်းဆုပြုအပ်သကဲ့သို့ ဤခရီးတွင် စိတ်မပျော့အားမလျှော့ကြရန်လည်း တိုက်တွန်းလိုက်ရပါသည်။
12/06/2022
01/05/2022
14/04/2022
မန္တလေး ဒဟတ္တောကွန်ပျူတာ တက္ကသိုလ်က Non CDM များ ကျုံးဘေး၌ မဏ္ဍပ်ထိုင်ဖို့ တာဝန်ကျလို့ ကားနှင့်လာချိန် ဗုံးထုခံရ
MFP ၊ ဧပြီ - ၁၄
စစ်အုပ်စုက ပြုလုပ်သည့်သင်္ကြန်ပွဲ ဆင်နွှဲရန် ထွက်လာသည့် မန္တလေးကွန်ပျူတာတက္ကသိုလ်ယာဉ်တန်းကို ယနေ့နံနက်ပိုင်းက ဗုံးထုခံခဲ့ရကြောင်း သတင်းရရှိသည်။
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကုလားမတောင်ကျေးရွာအနိီး၊ မန္တလေး-မတ္တရာသွားကားလမ်းတွင် မန္တလေးကွန်ပျူတာ တက္ကသိုလ်မှ ဆရာ/မများ၊ကျောင်းသား/သူများ၊ ဝန်ထမ်းများလိုက်ပါလာသော (၃)စီးပါ မော်တော်ယာဥ်တန်းကို ယနေ့နံနက် (၇)နာရီခန့်က ဗုံးထုခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါယာဉ်တန်းတွင် ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စုရှိ မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ခင်သန္တာစိုး ဦးဆောင်ပြီးဆရာ/မကျောင်းသား/သူ၊ ဝန်ထမ်းများ (၄၃)ဦး လိုက်ပါလာကြပြီး မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၂၆) လမ်းနှင့် (၆၈) လမ်းထောင့်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန မဏ္ဍာပ်သို့ သွားရောက်ရန်အတွက် ထွက်လာစဉ် ယင်းကဲ့သို့ ဗုံးထုခံခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
ဗုံးထုခံရမှုကြောင့် မော်တော်ယာဉ်၏ ဘယ်ဘက်ခြမ်း ကားဘော်ဒီနှင့် ကားမှန်တို့ အနည်းငယ်ထိခိုက် ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း စစ်အုပ်စုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။
ယင်းတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း မသိရသေးပေ။
(ပြီးခဲ့သည့်နှစ် မတ်လအတွင်းက မန္တလေးကွန်ပျူတာတက္ကသိုလ်ရှေ့မြင်ကွင်း)
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#မန္တလေး #စစ်ကိုင်း #မန္တလေးကွန်ပျူတာတက္ကသိုလ်
ဝေးဝေးသွားမယ့် ထားသွားတော့မယ့် အလွမ်းပေးသွားတဲ့ Non ရယ်
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
University Of Comuter Studies
Mandalay