14/01/2026
ပုပ္ပားက မြေလူးခေါင်းနီ
Thrush အုပ်စုဝင်ငှက်တွေကို မြန်မာအမည် မြေလူးငှက်လို့ ခေါ်ဝေါ်ကြပါတယ်။
ပုပ္ပားဒေသမှာ တွေ့ရတဲ့ မြေလူးငှက်တွေထဲ တခါမြင်ဖူးရုံနဲ့ မှတ်မိလွယ်တဲ့ ငှက်ဟာ မြေလူးခေါင်းနီ Orange-headed Thrush (Zoothera citrina) ဖြစ်မယ်ထင်ပါတယ်။
မြေလူးခေါင်းနီလို့ အမည်ပေးထားပေမဲ့ ဦးခေါင်းတခုပဲ နီတာမဟုတ်ပါဘူး၊ ဦးခေါင်းကနေ ရင်ဘတ်မှဆီ ဝမ်းဗိုက်အထိ လိမ္မော်နီရောင် ရှိပါတယ်။ တောင်ပံကျောအုပ်နဲ့ အမြီးပိုင်းက မီးခိုးပြာရောင် ဖြစ်ပါတယ်။
မြေလူးခေါင်းနီကို တကောင်ချင်း သို့မဟုတ် စုံတွဲ တွေ့ရလေ့ရှိပေမဲ့
ပုပ္ပားတောင်ဥယျာဉ် တောတွင်းချောင်စခန်းအနီးက ရေကန်လေးမှာတော့ မထင်မှတ်ပဲ သုံးကောင် တပြိုင်ထဲ ရောက်လာတာကို မှတ်တမ်းရခဲ့ပါတယ်။
Photo by Zaw Htet
#တောင်ပံရိုင်းများအဖွဲ့