IT-Home Computer Training Center

IT-Home Computer Training Center

Share

Computer Training Center

Computer Training Center (Since 2013)
Java/Python/C Programming,Computer Basic,Graphic/Layout Design Course,Coding for Kids, ICT & Computer Science(Pearson,Oxford),Revit

17/05/2026

နည်းပညာ ITခေတ်ကာလ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့နဲ့
အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရရှိဖို့အတွက်
အဓိက အကျဆုံး ပြင်ဆင်မှုက ဘာလဲ သိပါသလား?
အဲဒါကတော့ "ကွန်ပျူတာ ကျွမ်းကျင်မှု" ပါပဲ။

ကျောင်းသူ/သားများ၊ အလုပ်အကိုင် ရှာဖွေနေသူများနှင့် ရုံးလုပ်ငန်းခွင်ထဲက ကျွမ်းကျင်မှု တိုးတက်ချင်သူများအားလုံးအတွက် ရည်ရွယ်ပြီး IT Home Computer Center မှ ယခုလအတွင်း အတက် ကွန်ပျူတာအခြေခံသင်တန်း (Computer Basic Class) ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။
🙀ကွန်ပျူတာကို လုံးဝ မကိုင်ဖူးသေးတဲ့သူပဲဖြစ်ဖြစ်၊ ကိုင်ဖူးပေမယ့် စနစ်တကျ မတတ်မြောက်သေးသူပဲဖြစ်ဖြစ် အခြေခံကစလို့ ကျွမ်းကျင်တဲ့အထိ အသေးစိတ် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။😇

🌟 သင်ကြားပေးမည့် ဘာသာရပ်များနှင့် အကျိုးကျေးဇူးများ (Course Syllabus)

၁။ ရုံးလုပ်ငန်းသုံးနှင့် စာစီစာရိုက်အပိုင်း (Office Automation)

Microsoft Word: စာစီစာရိုက် နည်းစနစ်များ၊ ဇယားကွက်များ၊စာရွက်စာတမ်းများ၊ အစီရင်ခံစာနှင့် ကိုယ်ရေးရာဇဝင် (CV Form) များ စနစ်တကျ ပုံစံချ ရေးသားနည်း။

Microsoft Excel: လုပ်ငန်းခွင်သုံး စာရင်းဇယားများ တွက်ချက်ခြင်း၊ Formulas & Functions များ အသုံးပြုခြင်း၊ စာရင်းဇယားများနှင့် ဂရပ်ဖ် (Charts) များ ဖန်တီးနည်း။

Microsoft PowerPoint: ဆွဲဆောင်မှုရှိပြီး ပရော်ဖက်ရှင်နယ်ကျသော Presentation Slide များ ပြင်ဆင်နည်း၊ Animation နှင့် Effects များLink ချိတ်ဆက်ခြင်းများ ထည့်သွင်းနည်း။

Microsoft Publisher: လက်ကမ်းစာစောင် (Brochure)၊ ပြက္ခဒိန် နှင့် လိပ်စာကတ်စတဲ့ ဒီဇိုင်းများကို Template များ သုံးပြီး လွယ်ကူစွာ ဖန်တီးနည်း။

၂။ ဖန်တီးမှုနှင့် အခြေခံအိုင်တီဗဟုသုတ (Creative & ICT)

Paint: ကွန်ပျူတာ Mouse အသုံးပြုမှု ကျွမ်းကျင်စေရန်နှင့် အခြေခံပုံဆွဲ၊ ဆေးရောင်ခြည်နည်းစနစ်များ။

ICT Knowledge: ကွန်ပျူတာတစ်လုံးရဲ့ Operating System အကြောင်း၊ Files & Folders များ စနစ်တကျ သိမ်းဆည်းနည်းနှင့် ယနေ့ခေတ် မသိမဖြစ် သိထားရမည့် အခြေခံ နည်းပညာ ဗဟုသုတများ။

၃။ ကီးဘုတ်ရိုက်နည်းစနစ် (Typing Mastery)

မြန်မာစာ (Zawgyi/Unicode) နှင့် အင်္ဂလိပ်စာလုံးများကို ကီးဘုတ်မကြည့်ဘဲ မြန်မြန်နှင့် မှန်မှန် ရိုက်နိုင်အောင် လက်ကွက်စနစ်တကျဖြင့် စိတ်ရှည်လက်ရှည် လေ့ကျင့်ပေးခြင်း။

👩‍🏫 ဘာကြောင့် IT Home ကွန်ပျူတာသင်တန်းကျောင်းကို ရွေးချယ်သင့်လဲ?

ကျွမ်းကျင်ဆရာမကိုယ်တိုင် သင်ကြားခြင်း: ကွန်ပျူတာသိပ္ပံဘွဲ့ရ BCSC (Hons:) ဖြစ်ပြီး သင်ကြားရေးသက်တမ်း (၁၅) နှစ်ကျော် အတွေ့အကြုံရင့် ဆရာမကိုယ်တိုင် စိတ်ရှည်လက်ရှည် ဦးစီး သင်ကြားပေးမှာ ဖြစ်ပါတယ်။

လက်တွေ့ဦးစားပေးစနစ်: စာတွေ့သက်သက်မဟုတ်ဘဲ သင်တန်းသားတစ်ဦးချင်းစီ ကွန်ပျူတာတစ်လုံးစီဖြင့် လက်တွေ့ (Hands-on) ပြုလုပ်ရမည့် ပရောဂျက်များကို အဓိကထား သင်ကြားပေးပါသည်။

အချိန်ရွေးချယ်နိုင်မှု: အလုပ်မပျက်၊ ကျောင်းမပျက် တက်ရောက်နိုင်ရန် မိမိအဆင်ပြေမည့် အချိန်စာရင်းများကို အောက်ပါအတိုင်း အစုံအလင် ဖွင့်လှစ်ပေးထားပါသည်။

📅 သင်တန်းအချိန်စာရင်း (Flexible Class Timetable)

👉 အင်္ဂါနေ့ မှ သောကြာနေ့အထိ (Tuesday to Friday)

မနက်ပိုင်း: 7:00 am - 8:30 am | 8:30 am - 10:30 am | 10:30 am - 12:30 pm

နေ့လယ်/ညနေပိုင်း: 1:00 pm - 3:00 pm | 3:00 pm - 5:00 pm | 5:00 pm - 6:30 pm

👉 စနေ နှင့် တနင်္ဂနွေ (Saturday & Sunday - Weekend Class)

မနက်ပိုင်း: 9:00 am - 12:00 pm

နေ့လယ်ပိုင်း: 11:00 am - 2:00 pm

👉 တနင်္ဂနွေ တစ်ရက်တည်း (Sunday Only - Special Class)

မနက်ပိုင်း: 8:00 am - 12:00 pm

လူဦးရေ ကန့်သတ်ချက်ဖြင့် သေသေချာချာ ထိန်းကျောင်းသင်ကြားပေးမှာ ဖြစ်လို့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ တိုက်တွန်းပါရစေရှင်။ သင့်ရဲ့ ပထမဆုံး အိုင်တီခြေလှမ်းကို IT Home နဲ့အတူ ယုံကြည်ချက်ရှိရှိ စတင်လိုက်ပါ။

📍 သင်တန်းကျောင်းလိပ်စာနှင့် ဆက်သွယ်ရန်

လိပ်စာ: ၆၈A လမ်း၊ ၃၉ လမ်း နှင့် ၄၀ လမ်းကြား၊ မဟာမြိုင်ရပ်ကွက်၊ မန္တလေးမြို့။

☎️ ဖုန်းနံပါတ်: 09-776666393, 09-776636188

(သင်တန်းကျောင်းသို့ လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်သလို၊ အထက်ပါ ဖုန်းနံပါတ်များသို့လည်း အသေးစိတ် ဆက်သွယ်မေးမြန်း အပ်နှံနိုင်ပါသည်။)

Photos from IT-Home Computer Training Center's post 14/05/2026

အဆင့် (၁) - Print Menu သို့သွားခြင်း
▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️
ဒုတိယပုံတွင် ပြထားသည့်အတိုင်း File > Print (သို့မဟုတ်) Keyboard မှ( Ctrl + P) ကို နှိပ်ပါ။

အဆင့် (၂) - Printer ကို ရွေးချယ်ခြင်း
▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️
Printer အောက်ရှိ drop-down list တွင်
"Microsoft Print to PDF" ကို ရွေးချယ်ပေးရပါမည်။
ဤနေရာတွင် စာမျက်နှာ အပြင်အဆင် (Orientation) နှင့် စာရွက်ဆိုဒ်များကိုလည်း တစ်ပါတည်း စစ်ဆေးနိုင်သည်။

အဆင့် (၃) - PDF အဖြစ် သိမ်းဆည်းခြင်း
▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️
Print ခလုတ်ကို နှိပ်လိုက်သောအခါ တတိယပုံတွင် ပြထားသည့်အတိုင်း "Save Print Output As" box ပေါ်လာပါလိမ့်မည်။

🔶️မိမိဖိုင်သိမ်းလိုသည့်နေရာ
(ဥပမာ - Documents)ကို ရွေးပါ။
🔶️File name တွင် အမည်တစ်ခု ပေးပါ။
🔶️Save as type တွင် PDF Document (*.pdf) ဖြစ်နေသည်ကို အတည်ပြုပြီး Save ကို နှိပ်ပါ။

✅️ဤနည်းလမ်းသည် ဖိုင်ကို တိုက်ရိုက်သိမ်းဆည်းခြင်းထက် စာရွက်ပေါ်တွင် ပုံနှိပ်ထုတ်ဝေမည်ဆိုပါက မည်ကဲ့သို့ ထွက်လာမည်ကို ကြိုတင်ကြည့်ရှုနိုင်သည့်အတွက် ပိုမိုအဆင်ပြေစေပါသည်။

Photos from IT-Home Computer Training Center's post 11/05/2026

Evolution of NVIDIA
Graphic Card

Photos from IT-Home Computer Training Center's post 04/05/2026

ဒီကနေ့ Test လာဖြေသူလေးများ

IT Home ကွန်ပျူတာသင်တန်း
၆၈အေလမ်း
၃၉-၄၀ကြား
မဟာမြိုင်
မန္တလေး
09776666393
09776636188



30/04/2026

ကဆုန်လပြည့်နေ့ မှာ အားလုံး ဘေးရန်ကင်းကွာ
ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေကြောင်း..
IT Home ကွန်ပျူတာသင်တန်းမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်...
🙏🙏🙏

ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
🪷🪷🪷🪷🪷🪷🪷🪷🪷
🏵ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

🏵မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

🏵မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

🏵မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့/ဗုဒ္ဓနေ့ ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။
#ကဆုန်လပြည့်ဗုဒ္ဓနေ့

Photos from IT-Home Computer Training Center's post 28/04/2026

Design ဆွဲတဲ့အခါ
Luxury ဆန်ဆန် ရွှေရောင် ကာလာ အနုအရင့်
Gradient အတွဲအစပ် များအတွက်
ယူသုံးလို့ရမယ့် ကာလာ code များ

21/04/2026

အတန်းချိန်တွေ အများကြီးမို့
အဆင်ပြေတဲ့ အချိန်လေးရွေးပြီး
join လို့ရပြီနော်

17/04/2026

🙏🌿နှစ်သစ်ဆုတောင်း🌿🙏
🌼နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်
ထွန်းတောက် မင်္ဂလာ ရှိပါစေ...
🌼နှစ်သစ်မင်္ဂလာ ဒီချိန်ခါ
စိတ်မှာ ညစ်မဲ ကင်းပါစေ...
🌼နှစ်သစ်မင်္ဂလာ များသတ္တာ
ချမ်းသာကိုယ်စိတ် မြဲပါစေ...
🌼တစ်နှစ်ပတ်လုံး စိတ်ဖြူဖုံး
ရွှင်ပြုံးကြည်သာ ရှိပါစေ...
🌼ကုသိုလ်ကျန်းမာ ပညာစီးပွား
ဒီရေလား တိုးပွားကြပါစေ...
crd
#နှစ်သစ်ဆုတောင်း🙏🏻

12/04/2026

💻IT Home ကွန်ပျူတာသင်တန်းကို
13-Apr-2026 မှ 20-Apr-2026အထိ
သင်တန်းပိတ်ပါတယ်
21-Apr-2026 ရက်နေ့မှ သင်တန်းပြန်ဖွင့်ပါမယ်ရှင့်

အားလုံးပဲ နှစ်သစ်အခါသမယမှာ
💦အေးချမ်းကြပါစေကြောင်း💦
IT Home Computer Training center မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်၊🙏🙏🙏

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Between 39th And 40th St, 68-A Street
Mandalay
05032

Opening Hours

Monday 07:00 - 19:30
Tuesday 07:00 - 19:30
Wednesday 07:00 - 19:30
Thursday 07:00 - 19:30
Friday 07:00 - 19:30
Saturday 07:00 - 19:30
Sunday 07:00 - 19:30