Students' Information Of Buddhist University, Mandalay

Students' Information Of Buddhist University, Mandalay

Share

To share information for students of M A part I, ll & final of M B U.

21/02/2024

မန္တလေးဗုဒ္ဓတက္ကသိုလ် M.A (Indo-Ãryan) ကျောင်းသား/ကျောင်းသူများ စာတမ်းရေးနည်း လမ်းညွှန်ပို့ချပေးမည်ဖြစ်ပါ၍ မနက်ဖန် (22.2.24) တွင် မြို့လည်ဆူးခါးကျောင်းတိုက်သို့ နေ့ (၁၂နာရီ ၁၅မိနစ်) အရောက် ကြွရောက်ပေးကြပါရန် အသိပေး
လျှောက်ထားအပ်ပါသည်ဘုရား။

မှတ်ချက်=မိမိတို့နှင့် နီးစပ်ရာသူငယ်ချင်းများကိုလည်း ကြိုတင်အသိပေးဖို့ လျှောက်ထားပါသည်ဘုရား။
ဦးစန္ဒောဘာသ (ခင်ဦး)
21.2.2024

02/02/2024

အရိပ်ပေးခဲ့သူ ( သို့ ) ဆရာကြှီး ဦးမြင့်ဆွေ
__________________&&&&

သူက တောသား
တပ်ကုန်းနားက
ဘဝ နာနာ ပညာရှာရေး
ကိုရင်လေးဘဝ
မြို့ကို ကြွ။

မန်းတလေးမှာ
ဝိသုဒ်ဓါရုံ သူခိုလှုံ၍
ရှင်ငယ် ဘဝ
ရှိကာမျှဖြင့်
သီရိ ပဝရ
စာချဂုဏ်ထူး ဘွဲ့ ဆွတ်ခူး။

ထိုမှ တဖန် လန်ဒန်တက်ကသိုလ်
ပညာလိုလား ဆက်ကာသွားခဲ့၊
တိုင်းခြားကပြန်
နိုင်ငံတာဝန် သာသနာဝန်နှင့်
တာဝန်အများ ပညာအားဖြင့်
စွမ်းလင့် သူကြိုး
သူသယ်ပိုး။

သူ့စိတ်တွင်က
ပြည်တွင်း ပြည်ပ
ပညာဝ၍
ယနေ့ ငါ့ပြည် ငါ့ဌာနီမှာ
ဤပညာရပ်
သိ,တတ်ကြစေ
ငါ ဖြန့်ဝေမည်
စိတ်သန်ရည်ခဲ့ ။

သူ၏ ရည်သန်
သူ့ ဟန် သူ့စိတ်
သူ့ဟိတ် ပညာ
သူ့သဒ်ဓါက
ဘဝလူသား
သာမန်အားဖြင့်
လွယ်လင့်တကူ
လက်တွေ့ မူက မရှိလှ။

သူရသမျှ
လခ ငွေကြေး
ရှိတာလေး စု
စိတ် တခု ရင်း
ပညာ သွင်းကာ
ပြင်းစွာ ဆန်ဒ
ဆောင်ရွက်ရ ခဲ့။

နဝမမြောက် အံ့လောက်ထင်ရှား
စံလွန်သွားသည့်
ဓိပတိအကျော်
ထေရ်ဗန်းမော်နှင့်
လက်ရှိမြို့လည်
ဆူးခါးရယ်ဟု သိမှု ထင်ရှား
ဆရာတော်များက
စောင့်ရှောက်ပေးကာ
ထောက်ပံ့တာကြောင့်၊
သူ့စေတနာ
သူ့ပညာရောင်
အလင်းဆောင်ခဲ့။
တည်ထောင်ခဲ့နိုင်
ပညာမြိုင်စို
တက်ကသိုလ်။

ဩ -- ယနေ့ကား
သူ့သွေးသားနှင့်
သူ့အား သူ့ခွန်
သူ့မွန်စိတ်ထား
သူကြိုးစားကာ
တည်ထောင်လာသည့်
သူ၏ စိတ်လို
သူ့တက်ကသိုလ်အား
စွန်ခွါသွားတာ
၁၀ နှစ်များပင် ကြာခ‌ဲ့ပြီ --

သို့‌ေပသည်လည်း--
ရင်ထဲ သူ့ကို
တမ်းတ ငိုကာ
လွမ်းရပါသည်
သူသည် အရိပ်ပေးခဲ့သူမို့လား။


ရွှေကြာရှင်

Photos from Students' Information Of Buddhist University, Mandalay's post 07/10/2023

23rd ceremony of paying homage to teachers and ceremony of offering Certificate at Mandalay Buddhist University(အာစရိယပူဇော်ပွဲ နှင့်အောင်လက်မှတ်ပေးပွဲ).(7.10.2023)၁၃၈၅၊ခု၊တော်သလင်းလပြည့်ကျော်(၈)ရက်။

04/10/2023

မန္တလေးဗုဒ္ဓတက္ကသိုလ် ၂၀၂၂ ၊ပညာသင်နှစ်၊ M.A Part-(II) M.A Part-(I) BA (3rd Year) PSE Diploma(I) PABE တန်းများကို အောင်မြင်ခဲ့သော ရဟန်း ရှင် သီလရှင် လူပုဂ္ဂိုလ်ကျောင်းသား/သူများ အောင်လက်မှတ်ယူရန်နှင့် ၂၀၂၃၊ ပညာသင်နှစ်၊အတန်းစုံကျောင်းသူ/သားများ ကျောင်းသားCard ထုတ်ယူရန် အောက်ပါရက်စွဲအတိုင်း ဆူခါးတိုက် (ဗုဒ္ဓတက္ကသိုလ်)သို့ နေ့(၁၂)နာရီ အရောက်ကြွတော်မူကြပါရန်အသိပေးအပ်ပါသည်။ သင်ကြားစီမံကထိကဆရာတော်များလည်းအပူဇော်ခံရန် (၁၂)နာရီအရောက်ဆူးခါးတိုက်သို့ ကြွတော်မူကြပါဘုရား။

01/10/2023

အောင်လက်မှတ်နှင့်ခုံနံပါတ်(ကျောင်းသားကဒ်)
ထုတ်ယူရန်နှင့်ဆရာကန်တော့ပွဲရက်ကြေညာခြင်း

Photos from Students' Information Of Buddhist University, Mandalay's post 30/07/2023

ပါမောက္ခချုပ်ဆရာတော်၊ဒု-ပါချုပ်ဆရာတော်
သင်ကြားစီမံ ကထိကဆရာတော်များနှင့်
B.A(Final)စာသင်သား ရဟန်းတော်များ
ဝါဆိုသင်္ကန်း အလှူခံရန် ရိုသေစွာပင့်လျှောက်ဝံ့ပါသည် အရှင်သူမြတ်တို့ဘုရား။

23/06/2023

MA Part I Monitor ဖုန်းနံပါတ် ဆက်သွယ်ဖို့ လိုအပ်ပါသဖြင့် comment ထားခဲ့ပေးပါဘုရား။

Photos from Mandalay Buddhist University - MBU's post 26/05/2023
Photos from Students' Information Of Buddhist University, Mandalay's post 19/05/2023

Thesis စာအုပ်များ အပ်နှံလို့ရပါတယ်။
ကျောင်းအထိ လာရောက်ယူပေးပါသည်။
ဖုန်းနံပါတ်ကို ဆက်သွယ် အပ်နှံနိုင်ပါကြောင်း အကြောင်းကြား ‌အသိပေးအပ်ပါသည်။

20/04/2023

တရားထိုင်ရမည့် ဘွဲ့ခံ သံဃာတော်များနှင့် ‌ဆရာလေး ကျောင်းသား ကျောင်းသူများ သို့ အသိပေးခြင်း
_____________________________
၁၃၈၅ ခုနှစ် ကဆုန်လဆန်း ၃ ရက်နေ့ (ယခင်က မန္တလေးတောင်ခြေ ဖားအောက်ရိပ်သာသို့ ၂ နာရီ အရောက် ဟု ကြေငြာထားသော်လည်း )
ရာသီဥတု ပူပြင်းသဖြင့်
( ၁၃၈၅ ခု ၊ ကဆုန်လဆန်း ၃ ရက် ညနေ ၄ နာရီ အရောက် ) ဟု ပြင်ဆင် သတ်မှတ် ထားပါကြောင်း အသိပေး အပ်ပါသည် ။

Photos from Students' Information Of Buddhist University, Mandalay's post 19/02/2023

ကထိက ဆရာ ဦးဝါသေဌအား M.A ( Thesis ) 2023 ခု ကျောင်းသား / သူ များမှ ကျန်းမာရေး အလှူငွေ အဖြစ် အလှူငွေ - 430000 ကျပ်ကို ကထိကဆရာတော်၏ kpay အကောင့်သို့ ဆက်သွယ် လှူဒါန်းခဲ့ပါသည်။
လှူဒါန်းသူအားလုံးအား ဝမ်းမြောက်ဝမ်းသာကြစေရန် အသိပေးအပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။

ဦးသုမန ( ဒီပါအေး ) တစ်သောင်းကျပ်
စာရင်း မထည့်လိုက် ရသဖြင့်
ထပ်မံ ၍ အသိပေး အပ်ပါသည် ။

2023 ခုနှစ် M.A ( Thesis )
ကျောင်းသားကျောင်းသူများ

The students, M.A ( Thesis ) in 2023 of Buddhist University, Mandalay donated 430,000 kyats to the lecturer U Ven Vasettha 's kpay account as the health donation for him.
Please inform all those who have donated.
Thank for all student who donated to the teacher.

M.A ( Thesis ) Students of Buddhist University , Mandalay in 2023

Photos from Students' Information Of Buddhist University, Mandalay's post 02/02/2023

မန္တလေး-ရန်ကုန် ဗုဒ္ဓတက္ကသိုလ်များ
တည်ထောင်သူ ဆရာကြီး ဦးမြင့်ဆွေ
(မဟာဝိဇ္ဇာ-လန်ဒန်)၏ ကွယ်လွန်ခြင်း
(၉)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားသို့
ကျောင်းသား/သူ အသစ် အဟောင်း အားလုံးတို့ကို ဖိတ်ကြားခြင်း
နေ့ရက်-၉-၂-၂၀၂၃
အချိန်-နေ့လည် ၁၂နာရီ
နေရာ-ဆူးခါးဌာန

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


32/33st × 83 Road
Mandalay
05021