11/02/2026
https://www.facebook.com/share/1HXHhqbpBd/?mibextid=wwXIfr
🟥 ပင်လယ်ရပ်ခြား အရှေ့တောင်အာရှနိုင်ငံများတွင် ဝတို့၏မင်နန်စကားကို လူသိအလွန်များပါသည်
မင်နန်စကား အန်ပေါင်း ဆိုသောစကားလုံးကို လူတိုင်းသိကြသည်
အန်ပေါင်းဆိုသည်ကို စာစကား ဟုန်ပေါင်းထက် ပိုပြီးသိကြသည်
မြန်မာစကားလိုဖြစ်နေသော မင်နန်စကားများကို ဥပမာပေးရလျှင် - -
လန်ချား တူ အော်ကေ့ မြူစွမ် ( မီစွမ် ) ကြံမဆိုင် ( ကရန်မ်ချိုင်)
🏮🧧 ဟုတ်ကရန့်မင်နန်လန်တို့၏ အန်ပေါင်းအယူအဆများ 🧧🏮
🟥 အန်ပေါင်း ( ဟုန်ပေါင်း 紅包 )
紅 အန်း အနီရောင်
အနီရောင်သည် မင်္ဂလာရှိခြင်း ကံကောင်းခြင်း ပျော်ရွှင်ခြင်း
မကောင်းဆိုးဝါးကိုမောင်းထုတ်နိုင်ခြင်း
包 ပေါင်း အိတ် သို့မဟုတ် ထုပ်ပိုးခြင်း
ထို့ကြောင့် အန်ပေါင်းဆိုသည်မှာ အနီရောင်အထုပ် အနီရောင်အိတ် လို့ပြောလို့ရပါသည်
🟥 အန်ပေါင်းပေးခြင်း
အန်ပေါင်းကို နှစ်သစ်ကူးကာလမှာသာ ပေးရသည်မဟုတ်ပါ
မွေးနေ့ပွဲများ မင်္ဂလာပွဲများတွင်လည်းပေးရပါသည်
ပျော်ရွှင်သောအခန်းအနားများတွင် အန်ပေါင်းပေးကြပါသည်
မင်္ဂလာဆောင်တွင် သတိုးသား၏ဆွေမျိုးတော်စပ်သူ လူကြီးများက မင်္ဂလာလက်ဖွဲ့အပြင် မင်္ဂလာမောင်နှံက လက်ဖက်ရည်ကြမ်းဖြင့် ဂါရဝပြုသည့်အခါ ဖန်တေးလျှင် အန်ပေါင်းအများကြီးပေးရပါသည်
🟥 အန်ပေါင်းတွင် ၄ ဂဏန်းရှောင်ခြင်း
၄ ဂဏန်းကို အန်ပေါင်းပေးရာတွင်ရှောင်ကြသည်
၄ ၏ စာစကားအသံထွက်နှင့် မင်နန်စကားအသံထွက်တို့သည်
မကောင်းသော သေခြင်းအသံထွက်နှင့် ဆင်နေသောကြောင့် ၄ဂဏန်းမကြိုက်ကြပါ
🟥 အန်ပေါင်းတွင် ၁၀ ရှောင်ခြင်း
ဝတို့ မြန်မာနိုင်ငံမှာတော့ ၁၀ သည် ငွေတန်ဖိုးအလွန်နည်းသောကြောင့် မပေးကြပါ
သိုသော် အခြားနိုင်ငံ တန်ဖိုးမြင့်ငွေကြေးများမှာ ၁၀ ရှောင်ခြင်းကို အချို့ဟုတ်ကရန့်မင်နန်လန်တို့ အယူရှိပါသည်
ဝတို့ မင်နန်စကားဖြင့် ၁၀ ကို ကျပ့်ပ် ဟုခေါ်သည်
အပ်အပ်ကျပ်ကျပ့်ပ် ကျဥ်းကျဥ်းကျုံ့ကျုံ့
အပ်ကျပ့် ရှုပ်ရှုပ်ထွေးထွေး
စသောအဓိပ္ပါယ်သက်ရောက်သဖြင့် အချို့သည် ၁၀ ဂဏန်းရှောင်ကြသည်
စာစကား ၁၀ ၏ အသံထွက်သည် သေချာစွာမပြောလျှင် စာစကား ၄ ၏ အသံထွက်နှင့် ဆင်နိုင်သောကြောင့်လည်း အချို့ ၁၀ ရှောင်ကြပါသည်
🟥
အန်ပေါင်းပေးရာတွင် စုံဂဏန်းကိုသာပေးကြသည်
🟥 အန်ပေါင်းတွင် ကောင်းသောဂဏန်းများ
၆ ဂဏန်း နှင့် ၈ ဂဏန်းကို အကြိုက်များကြပါသည်
အကောင်းဆုံးဖြစ်ပါသည်
♦၆ ဂဏန်း
၆ ၏ စာစကား အသံထွက် လျို ဟူသောအသံထွက်သည်
ချောမွေ့ခြင်းဆိုသော စကားလုံး၏ အသံထွက်နှင့်ဆင်တူသည်
六六大顺 လျို့လျို့တ့စွန့်
၆မျက်နှာရှိသောအန်စာတုံးမှာ ၆ ဂဏန်း ၂ခါကျခြင်းသည် အတားအဆီးမရှိ အရာအားလုံးကို ဖောက်ထွက်နိုင်ခြင်း၏နိမိတ်အဖြစ် ယူဆကြသည်
အရာရာချောချောမွေ့မွေ့ဖြစ်ပါစေဟူသောနိမိတ်
♦၈ ဂဏန်း
၈ ၏ စာစကားအသံထွက်သည် ဖာ့ချိုင် ( ဟွက်ကြိုင်း ) ကြီးပွားတိုးတက်ခြင်း၏ အသံထွက်နှင့်တူသောကြောင့်ဖြစ်သည်
🟥 အန်ပေါင်းကို ကိန်းပြည့်မပေးသော အယူတခု
ဟုတ်ကရန့်မင်နန်ဒေသများမှ အချို့ဒေသများသည် အန်ပေါင်းကို
ကိန်းပြည့်အတိအကျမပေးကြပါ အစွန်းထွက်၍ပေးကြသည်လည်းရှိသည်
အန်ပေါင်း ၂၀၀၀၀ မပေးဘဲ
အစွန်းထွက်ပြီး ၂၂၀၀၀ ထိုကဲ့သို့ပေးလျှင်
ပိုလျှံပါစေဟူသော သဘောသက်ရောက်သည်ဟုအယူရှိသည်
ဝတို့ငယ်ငယ်က မာမားက မင်္ဂလာလက်ဖွဲပေးတာတို့ နှစ်သစ်ကူးအန်ပေါင်းပေးတဲ့အခါတွေမှာ ၂၂ ကျပ် ၆၂ ကျပ် စသဖြင့်ပေးသည်
🟥 အန်ပေါင်းပေးသောဂဏန်း အကောင်းဆုံးမှာ 🟥
ယခုခေတ်ငွေတန်ဖိုးအချိန်မှာ အသင်အတင့်ဆိုလျှင်
ကိန်းပြည့်ပေးမည်ဆိုလျှင်
၂၀၀၀၀
၆၀၀၀၀
၈၀၀၀၀
အစွန်းထွက်၍ ပေးမည်ဆိုလျှင်
၂၂၀၀၀ ၂၆၀၀၀ ၂၈၀၀၀
၆၂၀၀၀ ၆၆၀၀၀ ၆၈၀၀၀
၈၂၀၀၀ ၈၆၀၀၀ ၈၈၀၀၀
ယခုပမာဏဖြင့်ပေးသော အန်ပေါင်းသည် သင့်တင့်သော တန်ဖိုးလည်းဖြစ်ပြီး ကောင်းသောနိမိတ်၏ ကိန်းဂဏန်းများလည်းပါဝင်ပါသည်
သိန်းဂဏန်းပေးမည်ဆိုလျှင်လည်း ထိုကဲ့သို့ရပါသည်
⬛ ပေပေါင်း ⬛
ပေ ဆိုသည်မှာ အဖြူ
နာရေးတွင် ပေးလျှင် အဖြူဖြင့်ထုတ်ရပြီး ပေပေါင်းဟုခေါ်သည်
အိမ်ထောင်သည်ကွယ်လွန်လျှင် တယောက်တည်းသာ ကွယ်လွန်သေးသည် ဖြစ်ပါက မ ဂဏန်းဖြင့်ပေးရသည်
ဥပမာ ၁၀၀၀၀
နှစ်ယောက်လုံးကွယ်လွန်ပြီး ဖြစ်ပါက စုံဂဏန်းဖြင့်ပေးရပါသည်
ဥပမာ ၂၀၀၀၀
🟥 ဤပိုစ့်တွင် လိုအပ်သည်များကို အသေးစိတ်ပြောကြားပေးပါသော
ဝရဲ့ မင်နန်စကားသင်ဆရာ Taiwan မှ ကိုကိုး အားလေးစားဦးညွတ်စွာဖြင့်
🟪🟦🟩
နှစ်သစ်ကူးမုန့်အဖြစ်လူသိများသော တီကေ့ အသံထွက်အကြောင်း အနည်းငယ်ဆွေးနွေးပါမယ်ခင်ဗျာ
တီကေ့ သို့မဟုတ် တီကွေ့ မင်နန်စကားအသံထွက်ဖြစ်သည်
တင်ကေ့ ဟု အသံထွက်မည်ဆိုလျှင် အသံထွက်မတိကျပါ
မမှန်ဘူးဟု မဆိုလိုပါ
တီ နှင့် တင် နှစ်ခုကြားအသံထွက် တီင် ဟုပြောမည်ဆိုလျှင်တော့ တိကျမှန်ကန်ပါသည်
သို့သော် မင်နန်စကားကို ဘိုးဘေးများထံမှ တိုက်ရိုက်မကြားဘူးခဲ့သူများ မင်နန်ဝေါဟာရအသံထွက်အား လက်တွေ့မပြောဘူးသူများအတွက်ဆိုလျှင် တီင် အသံထွက်ကခက်ခဲပါမည်ခင်ဗျာ
ထို့ကြောင့် တီကေ့ သို့မဟုတ် တီကွေ့ ဟုသာခေါ်ဆိုပါ မှန်ပါသည်
ရပါသည်
甜 ကို မင်နန်အသံထွက် ၃ သံ ထွက်လို့ရသည်ဟု သိထားပါသည်
တီ ti စကားပြောအသံထွက် ( တီကေ့ / တီကွေ့ )
တရန်မ် tiam စာဖတ်အသံထွက်
တရန်းမ် tiam စာဖတ်အသံထွက်
အီကွေ့ အီကွေး ဆိုတာကတော့ မင်နန်အသံထွက်လုံးဝ မဟုတ်ပါခင်ဗျာ
🏮 ဟိန်း အုံ ဟွက်ရာ 🏮
Please share
No copy
ကမ်းမ်ရှာ Kám-siā
陈天福
တန်ထျန်ဟုတ် (သိန်းသန်း - ပဲခူး)
福建 閩南人 ( 缅甸 )
Hokkien Minnan People (Myanmar)
ဟုတ်ကရန့် မင်နန်လန် (မြန်မာ)
page
#ဖူကျန့်
🏮🧧 ဟုတ်ကရန့် မင်နန်လန် Page ၂၀၂၆ မြင်းနှစ် နှစ်သစ်ကူးအကြို
🏮🧧 ပိုစ့် No. 15