Star English & Maths Education Centre

Star English & Maths Education Centre

Share

Every child is special! Welcome to Star English Language Class!!!

We support you English Language ( 4 skills) and Critical Thinking Skill that will lead you better future opportunities....

Photos from Star English & Maths Education Centre's post 19/05/2026

ယနေ့ ၅လပိုင်း ၁၉ ရက်နေ့တွင် ငလျင်အသေးစားဖြစ်ပွားခဲ့သောကြောင့် ကျောင်းမှ ချမှတ်ထားသော ငလျင် emergency drill အတိုင်းလုပ်ဆောင်ခဲ့ပါသည်။ STAR ကျောင်းမှ ကျောင်းသား/သူများသည် ဘေးကင်း၍ လုံခြုံပါတယ်ရှင့်

Photos from Star English & Maths Education Centre's post 18/05/2026

🌟 A Fresh Start with New Books 📚

ကျောင်းသားကျောင်းသူများကို ဖတ်စာအုပ်တွေစနစ်တကျထုတ်ပေးနေပါပြီနော် ✨

Wishing all our students a year filled with new knowledge, growth and success❗🤩

Photos from Star English & Maths Education Centre's post 15/05/2026

❗️📢 We Are Hiring 📢❗️
2026–2027 ပညာသင်နှစ်အတွက် မန္တလေးမြို့ရှိ Star Private High School တွင် တာဝန်ထမ်းဆောင်ရန် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

📚📚📚📚📚📚📚📚

ခေါ်ယူမည့်ရာထူးများမှာ —

1. Assistant Teacher (5 Posts)
2. Office Staff (1 Post)
_________
Requirements & Benefits ကို အောက်ပါပုံများတွင် ကြည့်ရှုနိုင်ပါသည်။ ⬇️

🎓 လျှောက်ထားလိုသူများအနေဖြင့် _
ကိုယ်ရေးအကျဉ်း (CV)
Cover Letter
ဘွဲ့လက်မှတ်၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် မိတ္တူများ
ရရှိထားသော Certificates
များကို

👇👇👇
📧 Email:
[email protected]

☎️ Contact:
09-672027790

သို့ပို့ပေးနိုင်ပါသည်။

🏫 Campus:
84th Street, between 31st & 32nd Streets
Chanayethazan Township, Mandalay

14/05/2026

Simple machine ဖြစ်တဲ့ pulley wheel ⚙️ဘီးလုံးကို အသုံးပြု၍ ကိုအသုံးပြုပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ handmade ရေတွင်းလေးကနေ ရေခပ်နေကြတဲ့ ပုံရိပ်လေးတွေက တကယ်ကို ချစ်စရာကောင်းပြီး ကြည်နူးစရာအပြည့်ပါပဲရှင့် 🩵🌈✨

ကလေးတွေကိုယ်တိုင် လက်တွေ့ကျကျ စမ်းသပ်လေ့လာရင်း ပျော်ပျော်ရွှင်ရွှင် သင်ယူနေကြတာကို မြင်ရတာကလည်း အရမ်းကို အားရစရာကောင်းလှပါတယ် 👩‍🔬🧑‍🔬💡

Learning through play & hands-on activities makes every little moment extra special 💫🌻

Our little Movers are exploring how a Pulley Wheel ⚙️💧 works by drawing water from their own handmade well 🪣✨
Watching them learn, experiment, and enjoy every moment together is truly heartwarming 🩵🌈

So much fun, creativity, and teamwork in one activity 👧🧒🌟
Hands-on learning always brings the biggest smiles! 💡🎇

Photos from Star English & Maths Education Centre's post 13/05/2026

📢 WE ARE HIRING‼️ (Part-time Teachers)
သင်ပြရတာ ဝါသနာပါပြီး ကလေးတွေနဲ့ အလုပ်လုပ်ရတာ ပျော်ရွှင်တဲ့ Part-time ဆရာ/ဆရာမများ ဖိတ်ခေါ်ပါတယ်ရှင် 👀

📚 Subject: English, Maths

⏰ Working Hours: 12:30 to 3:30

✅ လိုအပ်ချက်များ

👉 သက်ဆိုင်ရာ ဘာသာရပ်ဖြင့် ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။ (ပညာရေးဘွဲ့ သို့မဟုတ် သင်ကြားရေး ဒီပလိုမာ ရှိသူများကို ဦးစားပေးမည်။)

👉 လုပ်ငန်းအတွေ့အကြုံ: သင်ကြားရေးလုပ်ငန်းတွင် အတွေ့အကြုံ အနည်းဆုံး (၁) နှစ် သို့မဟုတ် (၂) နှစ် ရှိသူ ဖြစ်မည်။

👉 မိမိသင်ကြားမည့် ဘာသာရပ်ကို ကျွမ်းကျင်စွာ နားလည်ရမည်ဖြစ်ပြီး ခေတ်မီ သင်ကြားရေး နည်းစနစ်များကို အသုံးပြုနိုင်ရမည်။

👉 ကလေးများနှင့် ရင်းနှီးစွာ ဆက်ဆံနိုင်ပြီး စိတ်ရှည်သည်းခံတတ်သူ ဖြစ်ရမည်။

📩 လျှောက်ထားရန် စိတ်ဝင်စားပါက မိမိတို့၏ CV ကို
📧 Email - [email protected]
✉️ Viber - 09672027790 မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

📞 Phone Number - 09-672027790

🏫 Location: 84th, between 31st and 32nd streets. Mandalay

12/05/2026

🏃🏻‍➡️ကလေးတို့အတွက် ပြေးနည်းလမ်းညွှန်🏃

ကလေးတွေပြေးတဲ့အခါ လူကြီးတွေလို Performance ထက် "ဒဏ်ရာမရဖို့" နဲ့ "အပြေးကို ဝါသနာပါသွားဖို့" က အဓိကပါ။ ဒါကြောင့် MRR Kids’ Fun Run အတွက် အပြေးနဲ့ပတ်သက်ပြီး ဒီအချက်လေးတွေကို အကြံပေးချင်ပါတယ် -

🏃 ကလေးတော်တော်များများက စပြေးပြီဆိုတာနဲ့ ရှိသမျှအားကုန် အပြင်းနှင်တတ်ကြပါတယ်။ ဒါက ခဏလေးနဲ့ မောသွားစေပါတယ်။ အရှိန်ထိန်းဖို့ သင်ပေးရန်လိုအပ်ပါတယ်

🐢‘’စစပြေးချင်းမှာ လိပ်ကလေးလို ဖြည်းဖြည်းမှန်မှန်သွားမယ်၊ ပြီးခါနီးမှ ယုန်ကလေးလို မြန်မြန်ပြေးမယ်" ဆိုတဲ့ ပုံစံမျိုးကို ပြောပြပေးပါ။
🐰အစောကြီး အားကုန်မသွားဖို့ အရေးကြီးပါတယ်။

🧦 ကလေးတွေရဲ့ ခြေထောက်က နုနယ်တဲ့အတွက် ဖိနပ်က အရေးကြီးဆုံးပါ။ဖိနပ်နဲ့ ခြေအိတ် ရွေးချယ်မှု ကလဲ ကလေးတွေ အတွက် အဓိကကျပါတယ်
👟 အရမ်းကြပ်တဲ့ဖိနပ် ဒါမှမဟုတ် အရမ်းချောင်တဲ့ဖိနပ် မဖြစ်ပါစေနဲ့။
ပြီးတော့ ချည်သား (Cotton) ခြေအိတ် အထူလေးတွေ ဝတ်ခိုင်းပါ။
ဒါမှ ခြေထောက် အရည်ကြည်ဖု (Blister) မထွက်မှာပါ။ (ဖိနပ်အသစ်ကို ပွဲနေ့မှ ထုတ်မဝတ်ဘဲ ကြိုတင်စီးထားပြီး ခြေထောက်နဲ့ အသားကျအောင် လုပ်ထားသင့်ပါတယ်။)

🏃🏼‍♂️‍➡️ကလေးတွေကို အရမ်း Professional ကျတဲ့ Form မျိုးထက် သဘာဝကျကျနဲ့ သက်သောင့်သက်သာရှိတဲ့ ပုံစံမျိုးပဲ သင်ပေးပါ။

✅လက်ဖဝါးကို လျှော့ထားပြီး လက်မောင်းကို ဘေးကနေ သဘာဝအတိုင်း လွှဲပြေးဖို့။
✅ပြေးနေရင်း ခြေထောက်ကိုပဲ ငုံ့မကြည့်ဘဲ ရှေ့တည့်တည့်ကို ကြည့်ပြေးဖို့။
✅ခြေထောက်ကို မြေကြီးနဲ့ ပြင်းပြင်းရိုက်မချဘဲ ပေါ့ပေါ့ပါးပါးလေး နင်းဖို့ ပြောပြပေးပါ။

ကလေးတွေအတွက် ပြေးတာဟာ အလုပ်တစ်ခုလို မဖြစ်နေသင့်ပါဘူး။

ပြေးနေရင်း အမောဆို့လာရင် လမ်းခဏလျှောက်လို့ရကြောင်း၊ မောရင် နားလို့ရကြောင်းကို ပြောပြထားပါ။ "ပြေးရတာ ပျော်စရာကြီး" ဆိုတဲ့ စိတ်ဝင်သွားရင် သူတို့ဘာသာ နောက်ပိုင်းမှာလည်း ဆက်ပြေးချင်လာပါလိမ့်မယ်။

ပန်းဝင်ပြီးတာနဲ့ ဗုန်းခနဲ ထိုင်မချလိုက်ဖို့ သတိပေးပါ။ပန်းဝင်ပြီးရင် လမ်း (၅) မိနစ်လောက် ဆက်လျှောက်ခိုင်းပါ။ ပြီးမှ ရေကို နည်းနည်းချင်း စုပ်သောက်ခိုင်းပါ။ ချွေးခြောက်အောင် အရင်လုပ်ဖို့ မိဘတွေက မှာကြားပေးပါ။

ကဲ ဒါဆို ပြေးနည်း လမ်းညွှန်လေးလဲ သိပြီဆိုတော့ Kids Run ပွဲမှာ ကလေးတွေ ပျော်ပျော်ပါးပါးပြေးရင်း ဆုံတွေ့ကြမယ်နော် 🥰🥰🥰

🤝 Co-sponsored by -Million Rotary, Star Private High School, Nature Pre School & Education Centre, လမ်း၆၀ရခိုင်မုန့်တီ၊ ဧကရာဇ် သွားနှင့်ခံတွင်းအထူးကုဆေးခန်း၊ Prime Era Innovative(Pei)

Hydration By -Hikari Iron supply drink






#လမ်း၆၀ရခိုင်မုန့်တီ
#ဧကရာဇ် သွားနှင့်ခံတွင်းအထူးကုဆေးခန်း


12/05/2026

ပူဖောင်းလေးတွေကနေ စတင်ခဲ့တဲ့ Science Magic 🎈✨
သားသားမီးမီးလေးတွေကိုယ်တိုင်က ပျော်ပျော်ရွှင်ရွှင် စမ်းသပ်ရင်း Air Friction, Drag Force နဲ့ Acceleration တို့ကို ကိုယ်တိုင်လေ့လာရှာ‌‌ဖွေခဲ့ကြပါတယ် 👩‍🔬🧑‍🔬
Theory တွေကို စာအုပ်ထဲမှာပဲ မထားဘဲ လက်တွေ့ကျကျလုပ်ကြည့်နေပုံလေး‌တွေက တစ်ကယ်ကို ‌သဘောကျချင်စရာပါပဲရှင့် 🚀📚

Sometimes the simplest things create the biggest learning moments 🎈✨
Today, our students used balloons to explore the fascinating world of science and discover how air friction, drag force, and acceleration work in real life.☄️Through teamwork, curiosity, and hands-on experiments, the classroom was filled with excitement, laughter, and learning all at once! 🚀📚

11/05/2026

🏃‍♀️✨ STAR proudly announces an exciting collaboration with Mandalay Road Runners (MRR) for an upcoming 3KM Fun Run Event! ✨🏃‍♂️

This meaningful partnership brings together the values of health, teamwork, community spirit, and positive growth through an energetic and inspiring experience. With the support of MRR, the event aims to encourage students, families, and the wider community to embrace active lifestyles, build confidence, and create unforgettable memories together. 🌿💙

STAR is truly honored to collaborate with the passionate and inspiring MRR community and looks forward to an event filled with energy, encouragement, friendship, and meaningful moments. Let every step become a celebration of health, unity, and growth. 🌟🤝

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Kids' Fun Run အတွက် မနက်ဖြန်မနက် Registration စတင်ဖွင့်လှစ်ပါတော့မယ်ခင်ဗျာ 🏃‍♂️🏃‍♀️🇲🇲

မိဘတို့ရေ...
သားသားမီးမီးတို့ရဲ့ ကျန်းမာကြံ့ခိုင်မှုနဲ့ ပျော်ရွှင်စရာ ငယ်ဘဝအမှတ်တရတွေအတွက် အထူးရည်ရွယ်ကျင်းပမယ့် မြန်မာပြည်ရဲ့ ပထမဆုံး ကလေးပြေးပွဲလေး လာပါပြီ!

ဒီလို သမိုင်းဝင်မယ့် ပထမဆုံး Kids' Fun Run ပွဲကို ပညာရေးသာမက ကလေးတွေရဲ့ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးအတွက်ပါ အမြဲအလေးထားတဲ့ Star Private High School မှ Co-Sponsor အဖြစ် ဂုဏ်ယူစွာ ပါဝင်ပံ့ပိုးပေးထားပါတယ် 🤩👍

ကလေးတွေအတွက် ပြိုင်ဆိုင်မှုထက် အတူတကွ ပြေးလွှားဆင်နွှဲရင်း အောင်မြင်မှုအရသာကို ခံစားနိုင်မယ့် ဒီပွဲလေးရဲ့ အချက်အလက်တွေကတော့ -

🏃 ပွဲအမည် - MRR Kids' Fun Run
📅 ကျင်းပမည့်ရက် - မေလ ၁၆ ရက်၊ ၂၀၂၆
⏰ အချိန် - မနက် ၆:၀၀ နာရီ
🏟️ နေရာ - မန္တလာသီရိ အားကစားကွင်း (Mandalar Thiri Stadium)
🤝 Co-Sponsored by - Star Private High School

အသက် ၆ နှစ်ကနေ ၁၄နှစ်ကို 3km တန်းနဲ့
အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ကို 5km တန်း နှစ်တန်းကျင်းပပေးမှာပါ။

🚨 ကလေး (၁၅၀) ဦးသာ သက်မှတ်ထားတာမို့ မနက်ဖြန်မနက် စာရင်းသွင်းဖို့ အသင့်ပြင်ထားပါလို့ တိုက်တွန်းပါရစေခင်ဗျာ 🚨

မနက်ဖြန် မနက် (၁၀) နာရီမှာ စာရင်းပေးသွင်းရမယ့် Link နဲ့ အသေးစိတ်အချက်အလက်တွေကို ဒီ Page ကနေ တင်ပေးသွားမှာမို့ အမြန်ဆုံး စာရင်းသွင်းနိုင်ဖို့ Page ကို စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။

မန္တလာသီရိကွင်းကြီးထဲမှာ သားသားမီးမီးတို့ရဲ့ ပထမဆုံးသော ပြေးပွဲမှတ်တိုင်လေးကို အတူတူ ဖန်တီးလိုက်ရအောင် 💪

Photos from Star English & Maths Education Centre's post 11/05/2026

📢 Admission for Weekend Classes is NOW OPEN❗

Weekend မှာ ကလေးတွေရဲ့ screen time ‌ကိုလျှော့ချချင်တဲ့ဖေဖေမေမေတို့အတွက် မိမိကလေးတွေကို STAR ရဲဲ့ Weekend Program မှာ အပ်လို့ရပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်ရှင် 🌟👀

📚 သင်ကြားမယ့်ဘာသာရပ်တွေကတော့
▪️ English 🔤
▪️ Mathematics 🧮
▪️ Chinese 👲

👉 စာတင်မဟုတ်ဘဲ extracurricular club တွေဖြစ်တဲ့
▪️ Dance 🪩
▪️ Karate 🥋
▪️ Table Tennis 🏓 လည်းရှိတယ်နော်

May လ 11 ရက်နေ့မှ 22 ရက်‌နေ့အတွင်း အပ်‌နှံတဲ့ ပထမဆုံး 15 ယောက်ကို Early Bird Discount အနေနဲ့ 30% အထိပေးသွားမှာဖြစ်ပါတယ်ရှင် ✨

❗လူဦးရေအကန့်အသတ်ရှိတာမလို့ အမြန်ဆုံးလာရောက်အပ်နှံလိုက်တော့နော်❗

🏫 84th, between 31st and 32nd streets, Mandalay
☎️ 09952227790, 09971681581, 09672027790

08/05/2026

Weekend မှာဖုန်းပဲကြည့်ရင်း အချိန်ကုန်နေပြီလား❓

ဒါဆိုရင် STAR weekend program လေးနဲ့မိတ်ဆက်ပေးပါရစေ 📢

STAR မှာ English နဲ့ Maths တင်မဟုတ်ဘဲ extracurricular clubs တွေဖြစ်တဲ့
Karate 🥋
Table tennis 🏓
Dance 🪩
Chinese 🇨🇳 တွေလည်းရှိတယ်နော် ❗👀

ဒါဆိုရင် ကိုယ့်ကိုယ်ကို upgrade လုပ်ဖို့အတွက် STAR Weekend Program ကို လာ join လိုက်တော့နော် 🏫🌟

🏫 84th, between 31st and 32nd streets, Mandalay
☎️ 09952227790, 09971681581, 09672027790

06/05/2026

Our Starter kids brought “The Tortoise and the Hare” to life through a creative shadow puppet project 💡✨
Learning while having fun 🤍

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


35B Street, Between 80th & 81st Streets
Mandalay
05031