Mi SO Korean Language Class

Mi SO Korean Language Class Basic Class 🇰🇷
Level Class 🇰🇷
Speaking Class 🇰🇷
Grammar Class 🇰🇷
Topik 🇰🇷
(1)

ဟိုဟာလေ..မြန်မာကားတွေထဲမှာ ..  မျက်နှာကိုအုပ်လိုက်ရင် မေ့လဲသွားတဲ့ ဆေးရည် ဘယ်မှာရနိုင်လဲ ...သူများကိုဘာမှ မလုပ်ပါဘူး ကို...
31/03/2026

ဟိုဟာလေ..မြန်မာကားတွေထဲမှာ ..
မျက်နှာကိုအုပ်လိုက်ရင် မေ့လဲသွားတဲ့ ဆေးရည်
ဘယ်မှာရနိုင်လဲ ...
သူများကိုဘာမှ မလုပ်ပါဘူး
ကိုယ့်ဟာကိုယ် လုပ်မလို့ ညဘက်ဆို
မအိပ်ဘဲ ပြူးပြူးနေလို့...

Credit

19/01/2026

이며/며
နှစ်ခုနဲ့အထက်ကို စာရင်းပြုဖော်ပြသည့်အခါတွင် အသုံးပြုပါသည်။ 이며/ 며 ကို အကြိမ်ကြိမ်ထပ်ပြီး သုံးနိုင်ပါသည်။

အသတ်သံပါရင် 이며
မပါရင် 며 ကို အသုံးပြုသည်။

Eg.
1.
가: 지갑 안에 뭐가 있었어요?
ပိုက်ဆံအိတ်ထဲ ဘာတွေရှိနေခဲ့တာလဲ?
나: 책이며 운전면허증이며 다 들어 있었어요.
စာအုပ်ရယ် ယာဉ်မောင်းလိုင်စင်ရယ် အားလုံး ရှိ တယ်။

2.
가: 민수 씨는 뭘 잘 해요?
မင်ဆူက ဘာ တော်လဲ?
나: 공부며 운동이며 못 하는 것이 없어요.
စာရယ် အားကစားရယ် မလုပ်နိုင်တာ မရှိဘူး။

3.
가: 그 식당에 왜 자주 가세요?
ဒီ စားသောက်ဆိုင်ကို ဘာလို့ ခဏခဏ သွားတာလဲ?
나: 음식 맛이며 분위기며 다 좋아서 자주 가게 돼요.
အစားအသောက်အရသာရယ် အပြင်အဆင်ရယ် အားလုံးကောင်းလို့ ခဏခဏ သွားဖြစ်တာပါ။

အားလုံးပဲ Merry Christmas ပါရှင် ❄☃🌲🎅🤶
25/12/2025

အားလုံးပဲ Merry Christmas ပါရှင် ❄☃🌲🎅🤶

08/12/2025

💔💔💔💔💔

3년전에 친구소개로 그대를 소개받았다.
လွန်ခဲ့တဲ့ ၃နှစ်က သူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုနဲ့ သူနဲ့ ပထမဆုံး စ တွေ့ခဲ့တယ်။

그대의 잘 생긴 얼굴 , 매력적인 모습에 나는 첫눈에 반했었다.
သူ့ရဲ့ ချောမောလှပတဲ့ မျက်နှာလေး ၊ ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးကြောင့် ကျွန်မ မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်။

처음 사랑이라는 감정을 느끼게 해 주 는 사람이었다.
ပထမဆုံး အချစ်ဆိုတဲ့အရာကို ခံစားတတ်အောင် သင်ပေးခဲ့တဲ့ လူတစ်ယောက် ဖြစ်ခဲ့တယ်။

미숙했던 그 시절....
မရင့်ကျက်ခဲ့တဲ့ အဲ့ဒီ အချိန်ကာလ.....

그대의 고백로 우리 만나게 되었다..
သူ့ရဲ့ ချစ်ခွင့်ပန်မှုကြောင့် ကျွန်မတို့တွေ တွဲဖြစ်သွားခဲ့တယ်။

그대의 외모, 학력과 취업 때문에 여자들에게 인기가 많았다.
သူ့ရဲ့ ရုပ်ရည် ၊ ပညာအရည်အချင်း နဲ့ အလုပ်အကိုင်ကြောင့် ​ကောင်မလေးတွေကြားထဲမှာ ရေပန်းစားခဲ့တယ်။

그런데...
ဒါပေမယ့်...
양다리 걸치는 사람인 줄 몰랐다.
လှေနံ နှစ်ဖက်နင်းတတ်တဲ့ လူမှန်းတော့ မသိခဲ့ဘူး။

부정을 제일 싫어하는 나에게 그런 사람을 만난건 가장 어두운 날들이었다.
သစ္စာမဲ့တာကို အမုန်းဆုံး ဖြစ်တဲ့ ကျွန်မ့အတွက် ဒီလိုလူနဲ့ တွေ့ခဲ့ရတာဟာ အမှောင်မိုက်ဆုံး နေ့ရက်တွေဖြစ်ခဲ့တယ်။

나는 진심으로 그대 하나만 사랑해주고 소중해 주었는데 그대는 그런 건 아니었다.
ကျွန်မကတော့ စိတ်ရင်းနဲ့ သူ့တစ်ယောက်တည်းကိုပဲ ချစ်ပေးပြီး တန်ဖိုးထားပေးခဲ့ပေမယ့် သူကတော့ အဲ့လို မဟုတ်ခဲ့ဘူး။

그 사람과 만나면 만날수록 나 혼자만 정이 깊어졌다.
အဲ့ဒီလူနဲ့ တွေ့ရင် တွေ့သလောက် ငါတစ်ယောက်တည်းပဲ သံယောဇဉ်တွေ နက်ရှိုင်းလာခဲ့တယ်။

가슴이 아려오는 사랑을 키운 사람은 다른 사람이 아닌 내가 되버렸다.
ရင်ထဲ တဆစ်ဆစ်နဲ့ ခံစားရတဲ့ အချစ်မျိုးကို ပျိုးထောင်ခဲ့တဲ့ လူက တစ်ခြားလူမဟုတ်ဘဲ ကျွန်မကိုယ်တိုင် ဖြစ်သွားခဲ့တယ်။

그대한테 딴 여자들에게 관심이 없고 나에게만 사랑해 주는 건 너무 어려운 것 같았다.
သူ့အတွက်တော့ တစ်ခြား မိန်းကလေးတွေကို စိတ်မဝင်စားဘဲ ကျွန်မ့တစ်ယောက်တည်းကိုပဲ ချစ်ပေးတဲ့အရာက အရမ်း ခက်ခဲခဲ့တယ်နဲ့ တူပါတယ်။

가면 갈수록 더 멀어지고 아픈 사랑이 되었다.
အနားသွားရင် သွားသလောက် ပိုပို ဝေးလာပြီး နာကျင်တဲ့ အချစ်တွေပဲ ဖြစ်လာခဲ့တယ်။

더이상 상각관계는 싫었다.
ဒီထက်ပိုပြီး သုံးပွင့်ဆိုင် အချစ်ကို မလိုချင်ခဲ့တော့ဘူး။

마음껏 사랑해 주었는데 내 사랑이 부족했었나보다.
အစွမ်းကုန် ချစ်ပေးခဲ့ပေမယ့် ကျွန်မ့အချစ်တွေက မလုံလောက်ခဲ့ဘူး ထင်ပါတယ်။

그대와 만난 시절은
သူနဲ့တွေ့ခဲ့တဲ့ အချိန်ဟာ
가장 행복했지만 가장 아팠고
အရမ်း ပျော်ရွှင်ခဲ့ရပေမယ့် အရမ်း နာကျင်ခဲ့ရပြီး
가슴이 찢어지는 시절이 되었다.
ရင်ဘတ်တစ်ခု စုတ်ပြတ်သတ်ခဲ့တဲ့ အချိန်ကာလလေး တစ်ခု ဖြစ်ခဲ့တယ်။

나 말이야 항상 별을 보고 기도해.
ငါလေ အမြဲတမ်း ကြယ်တွေကို ကြည့်ပြီး ဆုတောင်းမိတယ်။

다음생에 내가 사랑하는 사람이 나 하나만 사랑해 주고 나와 같이 늙기를 ....
နောက်ဘဝမှာ ကျွန်မချစ်ရတဲ့သူက ကျွန်မ့တစ်ယောက်တည်းကိုပဲ ချစ်ပေးပြီး ကျွန်မနဲ့အတူ အသက်ကြီးသွားဖို့ကိုပေါ့........

Listening ​ဖြေတဲ့အချိန်ဆို ကိုယ်တွေရဲ့ Mood:Photo crd
14/11/2025

Listening ​ဖြေတဲ့အချိန်ဆို ကိုယ်တွေရဲ့ Mood:

Photo crd

11/11/2025

고 말다 VS 아/어/여 버리다
နှစ်ခုစလုံးဟာ မျှော်လင့်မထားသောအရာတစ်ခု ၊ လုပ်ဖို့ဆန္ဒမရှိတဲ့ အရာက ဖြစ်လာတဲ့အခါမှာ အသုံးပြုကြပါတယ်။ အပြန်အလှန် အလဲအလှယ်သုံးလို့ရပေမယ့် ကွာခြားမှု အနည်းငယ်တော့ရှိပါတယ်။

🍁 고 말다
고 말다 ဟာ မျှော်လင့်မထားသော တစ်စုံတစ်ခုအပေါ် အလွန်တရာ နှမြောတသဖြစ်ခြင်းနှင့် အောင်မြင်ဖို့ ခက်ခဲသောအရာတစ်ခုကို အောင်မြင်သွားခြင်း ၊ တစ်စုံတစ်ခု ပြုလုပ်မိခြင်းအတွက် အလွန် ဝမ်းနည်းတဲ့အခါမှာ အသုံးပြုပါတယ်

Example

(1) 그 아이의 어머니가 돌아가시고 말았어요.
ဒီ ကလေးရဲ့အမေက ဆုံးသွားခဲ့တယ်။
(အလွန်တရာ ဝမ်းနည်းနှမြောတသဖြစ်ခြင်းကို ဖော်ပြခြင်း)

(2) 미안해서 어떡하죠? 다 만든 도자기를 깨뜨리고 말았어요.
အားနာလို့ ဘယ်လိုလုပ်ရမလဲ? အကုန်လုပ်ပြီးသွားတဲ့ ကြွေအိုးကို ခွဲလိုက်မိတယ်။
(ကြွေအိုး ကွဲသွားတဲ့အတွက် အလွန်ဝမ်းနည်းသွားခြင်း )

(3) 드디어 승진하고 말았다.
နောက်ဆုံးတော့ ရာထူးတိုးခဲ့ပြီ။
( ခက်ခဲသောအရာတစ်ခုက အောင်မြင်သွားခြင်း)

🍁 아/어/여 버리다
아/어/여 버리다 ကတော့ စိတ်ရှုပ်စရာကောင်းသောအရာ တစ်ခု/ ပြသနာတစ်ခုကို ဖြေရှင်းလိုက်နိုင်လို့ စိတ်ပေါ့ပါးသွားခြင်း၊ မျှော်လင့်မထားသောအရာတစ်ခုအတွက် နှမြောတသဖြစ်ခြင်း နှင့် ယုံကြည်ချက်ကြောင့် တစ်စုံတစ်ရာက အောင်မြင်ပြီးမြောက်သွားတဲ့အခါမှာ အသုံးပြုပါတယ်။

Example
(1) 한국어 시험에 합격해 버렸어요.
ကိုရီးယားစာမေးပွဲကို အောင်မြင်သွားခဲ့တယ်။
( စိတ်ရှုပ်စရာ အရာတစ်ခုက ပြီးမြောက်သွားခြင်းနှင့် အောင်မြင်သွားခြင်း)

(2) 지루하던 학기가 끝나 버렸어요.
ပျင်းစရာကောင်းတဲ့ စာသင်နှစ် ပြီးသွားပြီ။
( စိတ်ရှုပ်စရာတစ်ခု ပြီးသွားတဲ့အတွက် စိတ်ပေါ့ပါးလွတ်လပ်သွားခြင်း)

(3) 결국 그가 떠나 버렸어요.
နောက်ဆုံးတော့ သူ ထွက်သွားခဲ့ပြီ။
(မျှော်လင့်မထားသောအရာအတွက် နှမြောတသဖြစ်ခြင်း)

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့
고 말다 နဲ့ 아/어/여 버리다 က လဲလှယ်သုံးလို့ရပါတယ်။ ကိုယ်ရဲ့ စိတ်ခံစားချက်နှင့် ပြောလိုတဲ့ အကြောင်းအရာပေါ်မူတည်ပြီး အနည်းငယ်သာ ကွာခြားသွားတာပါ။

16/10/2025

မဂ်လာပါရှင်
မင်မင် မနက်ဖြန်ကစပြီး ခရီးသွားမှာမို့
20ရက်ကျော်လောက်မှ Video လေးတွေ ပြန်တင်ပေးပါမယ်ရှင်။ Messenger က စာလေးတွေလည်း ပြန်ဖြေပေးပါ့မယ်ရှင်။ သဲလေးတို့မျှော်နေမှာစိုးလို့ ဒီနေ့ တစ်ပုဒ်တင်ပေးလိုက်တယ်နော်။ ❤🐺🐯🧡

16/10/2025

Horror Movie( 공포 영화)

:Credit to original uploader . No copyright infringement intended.We do not own the audio and video.For entertainment purpose and we just translated the videos. All the contents in the video belong to the rightful owner!

14/09/2025

ဒါလေး Follow ပေးကြပါဉီးရှင့်

ကျေးဇူးရှင် :  တီချယ် 사과 က ပန်းသီးဆိုတော့ 사과하다 က ပန်းသ်ီးသီးသည် လား....မိမိ:
14/09/2025

ကျေးဇူးရှင် : တီချယ် 사과 က ပန်းသီးဆိုတော့
사과하다 က ပန်းသ်ီးသီးသည် လား....

မိမိ:

12/09/2025

မင်မင့်ကို ဒါလေး Follow ပေးကြပါဉီးနော်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Mi SO Korean Language Class posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share