Bumble Bee International Pre-School , Mandalay

Bumble Bee International Pre-School , Mandalay

Share

Premium Early Childhood Education Centre

29/05/2026

မိဘရင်ခွင်ထဲကနေ စာသင်ကျောင်းဆီ ပထမဆုံးခြေလှမ်းလှမ်းရတော့မယ့်အချိန်ဟာ သားသားမီးမီးတို့အတွက် တကယ့်အပြောင်းအလဲကြီးတစ်ခုပါ🌱

ကျောင်း စတင်တက်ခါစမှာ မိဘနဲ့ခွဲရလို့ဖြစ်တတ်တဲ့ Separation Anxiety (ခွဲခွာရမှာ ကြောက်ရွံ့စိုးရိမ်စိတ်) ကို ကလေးတွေ တော်တော်များများခံစားရတတ်ပါတယ်😨

ဒါကြောင့် သားသားမီးမီးတို့ ဂျီမကျဘဲ ကျောင်းပျော်ကလေးဖြစ်လာစေဖို့ဆိုရင် မိဘတွေအနေနဲ့ အခုလို ပြင်ဆင်ထားသင့်ပါတယ်နော် 💁‍♀️

🐝ကျောင်းအကြောင်းကို ပုံပြင်လိုကြိုပြောပြထားမယ်🏫
ကျောင်းမဖွင့်ခင်ရက်သတ္တပတ်အနည်းငယ်အလိုကတည်းက"ကျောင်းဆိုတာ သူငယ်ချင်းအသစ်တွေနဲ့ ဆော့ရမယ့်နေရာ၊ ဆရာမတွေကလည်း ချစ်ဖို့ကောင်းတယ်" ဆိုပြီး ပေါ့ပေါ့ပါးပါးလေးကြိုပြောပြထားပေးပါ။ ကျောင်းအကြောင်းတွေးလိုက်တာနဲ့ သူတို့စိတ်ထဲမှာ ပျော်စရာကြီးဆိုပြီး မြင်နေအောင်လို့ပါ။

🐝ကျောင်းသုံးပစ္စည်းတွေကိုအတူတူရွေးဝယ်မယ်🎒✏️
ကျောင်းလွယ်အိတ်၊ ရေဘူး၊ ခဲတံဘူးလေးတွေဝယ်ဖို့အတွက် ဆိုင်သွားတဲ့အခါ ကလေးကို တစ်ပါတည်းခေါ်သွားပါ။ သူတို့ကြိုက်တဲ့ အရောင်၊ ကြိုက်တဲ့ကာတွန်းရုပ်လေးတွေကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးပါ။ ဒါဟာ ကလေးကို ကျောင်းမြန်မြန်တက်ချင်စိတ် ပိုဖြစ်လာစေပါတယ်။

🐝အိပ်ချိန်၊ ထချိန်ကိုအကျင့်လုပ်ပေးမယ်⏰
ကျောင်းတက်ရင် မနက်စောစောထရတော့မှာမို့ကျောင်းမဖွင့်ခင် (၁) ပတ်၊ (၂) ပတ်အလိုကတည်းက ညဘက်စောစောအိပ်၊ မနက်စောစောထတဲ့ Routine လေးကို အိမ်မှာကြိုကျင့်ပေးထားပါ။ အိပ်ရေးဝဝအိပ်ထားတဲ့ကလေးက မနက်ခင်းမှာစိတ်ကြည်ပြီး ဂျီမကျတော့ပါဘူး။

🐝ကျောင်းပို့တဲ့အခါ"ခိုးမပြေးပါနဲ့" 🤫❌
အရေးကြီးဆုံးက ကျောင်းဝန်းထဲရောက်လို့ ခွဲရမယ့်အချိန်ပါပဲ။ ကလေးအာရုံလွဲနေတုန်း ခိုးပြီးထွက်ပြေးသွားတာမျိုး လုံးဝမလုပ်ပါနဲ့။ ဒါဟာ ကလေးကို ပိုပြီးလုံခြုံမှုမရှိသလို ခံစားရစေပါတယ်။
ညနေကျရင် မေမေ၊ ဖေဖေ စောစောလာကြိုမယ်နော်လို့ သေချာမျက်လုံးချင်းဆုံပြီးကတိပေးပါ။ ပြီးရင်တော့ ကလေးငိုနေရင်တောင် အကြာကြီးဖက်ပြီးချော့မနေဘဲ ဆရာမလက်ထဲ စိတ်ချလက်ချအပ်ခဲ့ဖို့လိုပါတယ်။ မိဘကိုယ်တိုင်က စိုးရိမ်ပြီး တွန့်ဆုတ်နေရင် ကလေးကပိုငိုတတ်လို့ပါ။

🐝နှုတ်ဆက်တဲ့ပုံစံလေးတစ်ခု သတ်မှတ်ထားမယ် 👋❤️
ဥပမာ - လက်ဖဝါးချင်းရိုက်မယ်၊ ပါးလေးတစ်ချက်နမ်းမယ်၊ ပြီးရင် တာ့တာပြမယ် စသဖြင့် အမြဲတမ်းလုပ်မယ့် ပျော်စရာနှုတ်ဆက်နည်းလေးတစ်ခု သတ်မှတ်ထားပေးပါ။

🐝အိမ်ပြန်ရောက်ရင် သေချာနားထောင်ပေးမယ် 💬
ကျောင်းဆင်းလို့အိမ်ပြန်ရောက်တဲ့အခါ ကလေးကိုနွေးနွေးထွေးထွေးကြိုဆိုပြီး ကျောင်းမှာဘာတွေလုပ်ခဲ့လဲ၊ ဘယ်သူတွေနဲ့ဆော့ခဲ့လဲဆိုတာကို စိတ်ဝင်တစားမေးမြန်းနားထောင်ပေးပါ။

ကလေးတစ်ယောက်နဲ့တစ်ယောက်က အသစ်အဆန်းကို လိုက်လျောညီထွေဖြစ်အောင် အချိန်ယူရပုံချင်း မတူပါဘူး။

အချို့ကလေးတွေကရက်ပိုင်းနဲ့တင် အဆင်ပြေသွားတတ်သလို၊ အချို့ကတော့ သီတင်းပတ်အနည်းငယ်အထိအချိန်ယူရတတ်တာမို့ မိဘတွေအနေနဲ့ စိတ်ရှည်ရှည်နဲ့အနားမှာ ရှိပေးဖို့က အဓိကသော့ချက်ပါပဲရှင်။ 🥰

မေမေတို့ ဖေဖေတို့ရော သားသားမီးမီးတို့ကို ကျောင်းပထမဆုံးရက်အတွက် ဘယ်လိုမျိုး ပြင်ဆင်ပေးဖြစ်လဲ?

ဒါမှမဟုတ် အရင်နှစ်တွေ ကျောင်းစပြီးပို့တုန်းက ကြုံခဲ့ရတဲ့အမှတ်တရလေးတွေ၊ ကလေးဂျီမကျအောင်ချော့ခဲ့ရတဲ့ လျှို့ဝှက်ချက်လေးတွေရှိရင်လည်း Comment မှာ တခြားမေမေတို့ကို မျှဝေပေးခဲ့ပါဦးနော်...💬🐝

🏫 Bumblebee International Pre - School Mandalay
🛣️ Address : ၆၃ လမ်း၊ သိပ္ပံလမ်း (၁၀၁) နှင့် ချယ်ရီလမ်းကြား (၁၀၁ -အေ)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ Phone : 09891515154 , 09891515158


Photos from Bumble Bee International Pre-School , Mandalay's post 27/05/2026

🎓 Dream Big, Little Bees 🐝

26.5.2026 (အင်္ဂါနေ့)မှာ Bumble Bee International Preschool က ရင်သွေးငယ်လေးတွေရဲ့ ပထမဆုံး ပညာရေးခြေလှမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့တဲ့ အထိန်းအမှတ်အဖြစ် Graduation Day နေ့လေးကို ကျင်းပခဲ့ပါတယ်🥳

ကျောင်းစတက်ခါစမှာ မျက်ရည်စလေးတွေနဲ့ ရောက်လာတဲ့ ကလေးလေးတွေက...

အခုဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဘွဲ့ဝတ်စုံလေးတွေဝတ်ပြီး ပြုံးပျော်နေကြတာကို မြင်ရတာ မိဘတွေရော၊ ဆရာမအတွက်ပါ အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်ရပါတယ် 🥰

မူလတန်းအဆင့်အတွက် အကောင်းဆုံး အခြေခံအုတ်မြစ်တွေကို ပိုင်ဆိုင်သွားကြပြီ ဖြစ်တဲ့သားသားမီးမီးလေးတို့ရေ...🌱

ရှေ့ဆက်မယ့် ပညာရေးခရီးလမ်းတိုင်းမှာလည်း အောင်မြင်မှုတွေကို အဆက်မပြတ် ပိုင်ဆိုင်နိုင်ပါစေကြောင်း Bumble Bee ကျောင်းတော်ကြီးမှ ဆုတောင်းမေတ္တာ မုဒိတာပွားပေးလိုက်ပါတယ်ရှင် 🎓

Bumble Bee International Preschool ရဲ့ Graduation Day က သားသားမီးမီးတို့ရဲ့ ပျော်ရွှင်ကြည်နူးဖွယ်ပုံရိပ်လေးတွေကိုလည်း မျှ‌ဝေပေးလိုက်ပါတယ်နော် 💛

24/05/2026

ကျောင်းကို စပြီးတက်ရမယ်ဆိုတုန်းက မေမေ့လက်ကိုဆွဲပြီး ငိုခဲ့တဲ့ ကလေးလေးတွေက...

Prenursery ကနေ KG အထိ တက်တက်ကြွကြွတက်ရောက်ပြီး လိမ္မာထက်မြက်သွားကြတာကို မြင်ရတာ အတိုင်းထက်အလွန် ပီတိဖြစ်ရပါတယ် 🥰

သိသိသာသာ ထူးထူးခြားခြား ပြောင်းလဲသွားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့်...

Bumble Bee ဆီမှာ အငယ်လေးတွေကိုပါ ထပ်မံအပ်နှံပေးကြတဲ့ မိဘတွေရဲ့ "ထပ်ဆင့်ယုံကြည်မှု"ကလည်း ကျွန်မတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ခွန်အားတွေပါပဲ 💪✨

ဒီလို မိဘများစွာရဲ့ ခိုင်မာတဲ့ ယုံကြည်အားပေးမှုတွေကြောင့်ပဲ Bumble Bee မိသားစုကြီးက ပိုမိုကြီးထွားလာခဲ့ရာကနေ...🏫

ယခုဆိုရင် မန္တလေးကျောင်းအပြင် မုံရွာမြို့နဲ့ ပြင်ဦးလွင်မြို့တွေမှာပါ ကျောင်းခွဲအသစ်တွေကို အောင်မြင်စွာ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါပြီ 🤗

Bumble Bee ရဲ့ သင်ကြားရေးအရည်အသွေးကို ယုံကြည်ထောက်ခံပေးကြတဲ့ မိဘများကိုလည်း Bumble Bee မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင် 🙇🏻‍♀️

သားသားမီးမီးတို့ရဲ့ အစောပိုင်းကလေးဘဝ သင်ယူမှုကို Bumble Bee ရဲ့ ကြီးထွားလာတဲ့ မိသားစုကြီး (Growing Family) ထဲမှာ ကမ္ဘာ့အဆင့်မီစံနှုန်းတွေနဲ့ အတူတူ အကောင်းဆုံး ပျိုးထောင်ပေးဖို့…🌱

Bumble Bee International Preschool က ဖေဖေမေမေတို့ကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်💛

🏫 Bumblebee International Pre - School Mandalay

🛣 Address : ၆၃ လမ်း၊ သိပ္ပံလမ်း (၁၀၁) နှင့် ချယ်ရီလမ်းကြား (၁၀၁ -အေ)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

☎️ Phone : 09891515154 , 09891515158




22/05/2026

Frog Street Curriculum ဆိုတာ ကမ္ဘာတစ်ဝန်းက ထောင်ပေါင်းများစွာသော နိုင်ငံတကာကျောင်းတွေမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနေတဲ့ 'Gold Standard' သင်ရိုးညွှန်းတမ်းတစ်ခုပဲ ဖြစ်ပါတယ် 🐸

သိပ္ပံနည်းကျ သုတေသနပြုချက်တွေအရ ဒီသင်ရိုးညွှန်းတမ်းက ကလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အရှိန်အဟုန် အကောင်းဆုံးဖြစ်တဲ့ အသက် (၅) နှစ်မတိုင်ခင်မှာ ကာယ၊ ဉာဏ၊ စာရိတ္တနဲ့ လူမှုဆက်ဆံရေး စတဲ့ နယ်ပယ်အားလုံး ကို ဟန်ချက်ညီညီ မြှင့်တင်ပေးနိုင်ပါတယ် 👩‍🏫

ဒါကြောင့် Frog Street Curriculum နဲ့ ပျိုးထောင်ပေးခြင်းက သားသားမီးမီးတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ပိုပြီးထက်မြက်လာစေမယ့်အပြင် နောက်ပိုင်း မူလတန်းအဆင့် ဘာသာရပ်တွေမှာလည်း အခြားကလေးတွေထက် ပိုမိုထူးချွန်လာမှာ အသေအချာပါပဲရှင် ✨

ဒီနေ့မှာတော့ Frog Street Curriculum နဲ့ သင်ယူရတဲ့ ကလေးတွေဟာ အခြားကလေးတွေထက် ဘာကြောင့် ပိုပြီးထူးချွန်သွားရသလဲဆိုတဲ့ အချက်အလက်တွေကို ဖေဖေမေမေတို့အတွက် ဗဟုသုတရဖွယ် Bumble Bee မှ ဝေမျှပေးလိုက်ပါတယ်နော် 💁‍♀️

✅ Language Explosion (ဘာသာစကားစွမ်းရည် လျင်မြန်စွာ တိုးတက်ခြင်း)
ဒီသင်ရိုးရဲ့ အဓိက Focus က စကားလုံးကြွယ်ဝမှု ဖြစ်ပါတယ်။ ကလေးတို့ စကားစပြောတဲ့အချိန်မှာ လိုအပ်တဲ့ ဝေါဟာရတွေကို ပုံပြင်တွေ၊ သီချင်းတွေနဲ့ Activities လေးတွေကတစ်ဆင့် သင်ကြားပေးတာကြောင့် သူတို့ရဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းက သိသိသာသာ ထက်မြက်လာစေပါတယ်။

✅ Social-Emotional Intelligence (စိတ်ခံစားမှုကို နားလည်ထိန်းချုပ်နိုင်ခြင်း)
"Conscious Discipline" စနစ်ကို အခြေခံထားလို့ ကလေးတွေဟာ မိမိကိုယ်ကို ယုံကြည်မှုရှိလာသလို၊ သူတစ်ပါးအပေါ် ကိုယ်ချင်းစာတတ်တဲ့ စိတ်နဲ့ စိတ်ခံစားမှုကို မှန်မှန်ကန်ကန် ဖော်ပြတတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိစေပါတယ်။

✅ Brain-Based Learning (ဦးနှောက်အာရုံကြောဆဲလ်များ ချိတ်ဆက်မှုကို အားပေးခြင်း)
သင်ရိုးညွှန်းတမ်းကို သိပ္ပံနည်းကျ သုတေသနပြုချက်တွေနဲ့ စနစ်တကျရေးဆွဲထားတာကြောင့် သင်ခန်းစာတိုင်းက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အရှိန်အဟုန်နဲ့ မြှင့်တင်ပေးပါတယ်။ ဒါက နောင်တစ်ချိန်မှာ ခက်ခဲတဲ့ ဘာသာရပ်တွေကို လွယ်လွယ်ကူကူ သင်ယူနိုင်ဖို့အတွက် အကောင်းဆုံး အုတ်မြစ်ပါပဲ။

✅ Integrated Learning (ကဏ္ဍစုံ ပေါင်းစပ်သင်ယူခြင်း)
စာဖတ်စွမ်းရည်၊ သင်္ချာသဘောတရား၊ သိပ္ပံနဲ့ အနုပညာတို့ကို သီးခြားစီ မဟုတ်ဘဲ တစ်ခုနဲ့တစ်ခု အပြန်အလှန် ချိတ်ဆက်ပြီး သင်ကြားပေးတာကြောင့် ကလေးတို့က အရာရာကို အချိတ်အဆက်မိမိ တွေးခေါ်တတ်လာမှာ ဖြစ်ပါတယ်။

Bumble Bee မှာ အသုံးပြုတဲ့ Frog Street Curriculum ဆိုတာ သားသားမီးမီးတို့ကို စာတော်ရုံတင်မကဘဲ စိတ်နှလုံးနွေးထွေးပြီး ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာအောင် အာမခံချက်ပေးနိုင်တဲ့ သင်ရိုးဖြစ်ပါတယ် 🐝

ဒါကြောင့် ဖေဖေမေမေတို့ ရင်သွေးငယ်လေးတွေရဲ့ ပထမဆုံးခြေလှမ်းတွေကို ခိုင်မာတဲ့ အခြေခံတွေနဲ့ စတင်နိုင်ဖို့ Bumble Bee International Preschool က အမြဲတမ်း အသင့်ရှိနေပါတယ် 💛

🏫 Bumblebee International Pre - School Mandalay

🛣️ Address : ၆၃ လမ်း၊ သိပ္ပံလမ်း (၁၀၁) နှင့် ချယ်ရီလမ်းကြား (၁၀၁ -အေ)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

☎️ Phone : 09891515154 , 09891515158



Photos from Bumble Bee International Pre-School , Mandalay's post 20/05/2026

Bumble Bee International Preschool ဆိုတာ သားသားမီးမီးတို့ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် Holistic Approach ကို အဓိကထားပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးနေတဲ့ ရပ်ဝန်းတစ်ခုဖြစ်ပါတယ် 🏫

ဒါကြောင့် ကလေးတို့ရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တနဲ့ ပေါင်းသင်းဆက်ဆံရေးစတဲ့ နယ်ပယ်အားလုံးမှာ ဟန်ချက်ညီညီ တိုးတက်လာစေဖို့အတွက် စိတ်ဝင်စားစရာ Activities မျိုးစုံနဲ့ အချိတ်အဆက်မိမိ လေ့ကျင့်သင်ကြားပေးနေပါတယ်👩‍🏫

ဒီနေ့မှာတော့ Bumble Bee မှာ သားသားမီးမီးတို့ နေ့စဉ်ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်နေကြတဲ့ Activity တစ်ခုချင်းစီကနေ ရရှိလာမယ့် အကျိုးကျေးဇူးလေးတွေကို ပုံလေးတွေနဲ့တကွ ဝေမျှပေးလိုက်ပါတယ် 📸✨

Bumble Bee ရဲ့ သင်ကြားရေးလှုပ်ရှားမှုလေးတွေက သားသားမီးမီးတို့ရဲ့ အနာဂတ်အတွက် ဘယ်လိုအုတ်မြစ်ချပေးနေသလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ 👇

🏫 Bumblebee International Pre - School Mandalay

🛣️ Address : ၆၃ လမ်း၊ သိပ္ပံလမ်း (၁၀၁) နှင့် ချယ်ရီလမ်းကြား (၁၀၁ -အေ)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

☎️ Phone : 09891515154 , 09891515158



10/05/2026

'ပုခက်လွှဲတဲ့လက်သည် ကမ္ဘာကိုအုပ်စိုးသည်' ဆိုတဲ့ စကားအတိုင်း သားသားမီးမီးတို့ရဲ့ အနာဂတ်ကမ္ဘာလေးကို မေတ္တာတရားတွေနဲ့ ပုံဖော်ပေးနေတဲ့ မေမေများအားလုံး Happy Mother’s Day ပါရှင် 🌸

အနှိုင်းမဲ့မေတ္တာရှင် မေမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ Bumble Bee မှ ဆုတောင်းပေးလိုက်ပါတယ် 💛

02/05/2026

📢Job Announcement📢

Bumble Bee International Pre-School တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းများ အလိုရှိပါသည် ။

Assistant Teachers - 10 Posts (Female)

🐝 လိုအပ်သည့် အရည်အချင်းများ
✏️ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရပါမည်။
✏မူကြိုကျောင်းများတွင် Assistant Teacher အဖြစ် အတွေ့အကြုံ အနည်းဆုံး (1) နှစ်ရှိရပါမည်။
✏️ ကလေးများအား အင်္ဂလိပ်ဘာသာစကားဖြင့် ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်ရပါမည်။
✏️ Basic Computer Skill ရှိရပါမည် ။
✏️ ကလေးများအပေါ် အမှန်တကယ် ချစ်ခင်ကြင်နာ၍ စိတ်ရှည်သည်းခံသောသူဖြစ်ရပါမည် ။
✏️ သွက်လက်ပြီး အမြဲမပြတ် သင်ယူလေ့လာလိုစိတ် ထက်သန်သူ ဖြစ်ရပါမည် ။
✏️ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး အများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သူ ဖြစ်ရမည် ။

🐝လစာ နှင့် အခြား ခံစားခွင့်များကို interview ဖြေဆိုချိန်တွင် ဆွေးနွေးနိုင်ပါသည် 🐝

📝စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့် -
🌻CV Form
🌻ဘွဲ့လက်မှတ်
🌻 သက်ဆိုင်ရာ သင်တန်းဆင်းလက်မှတ်မိတ္တူ
🌻မှတ်ပုံတင် မိတ္တူ
🌻သန်းခေါင်စာရင်း မိတ္တူ
🌻COVID vaccine certificate တို့ကို Viber no 09 89 15 15 15 8 သို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။

🏫 Bumblebee International Pre - School Mandalay

🛣️ Address : ၆၃ လမ်း၊ သိပ္ပံလမ်း (၁၀၁) နှင့် ချယ်ရီလမ်းကြား (၁၀၁ -အေ)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

☎️ Phone : 09891515154 , 09891515158



Photos from Bumble Bee International Pre-School , Mandalay's post 01/05/2026

ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (Labor Day) မှာ Bumble Bee ရဲ့ ရင်သွေးငယ်လေးတွေက သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို အသုံးချပြီး ချစ်စရာ Art & Craft လှုပ်ရှားမှုလေးတွေ ပြုလုပ်ခဲ့ကြပါတယ်ရှင် 🎨🖌️

အခုလို စိတ်ကူးအိပ်မက်တွေကို လက်တွေ့ပုံဖော်ရင်း အလုပ်အကိုင်တွေရဲ့ တန်ဖိုးကို ပျော်ပျော်ရွှင်ရွှင်နဲ့
သင်ယူခဲ့ကြတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ရပါတယ်ရှင် ✨

30/04/2026

“ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း” ဟူသော ထူးမြတ်တဲ့ သံဝေဇနိယလေးဌာန တိုက်ဆိုင်ရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယမှာ...🌕

သားသားမီးမီးလေးတွေနဲ့ မိဘအုပ်ထိန်းသူများအားလုံး ဘေးရန်ကင်းကွာပြီး စိတ်နှလုံးအေးချမ်းကြပါစေကြောင်း Bumble Bee International Preschool မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏

🌸 သစ်ပင်ပန်းမန်တွေ ဝေဆာလန်းဆန်းပြီး ညောင်ရေသွန်းလောင်းရာ ဒီလိုနေ့ထူးနေ့မြတ်ကစပြီး ကလေးငယ်လေးတွေအားလုံး အေးမြတဲ့ မေတ္တာအရိပ်အာဝါသအောက်မှာ လိမ္မာယဉ်ကျေးစွာ ကြီးပြင်းနိုင်ကြပါစေ ✨

ဖေဖေမေမေတို့လည်း ကုသိုလ်တရားများ တိုးပွားရင်း ကြည်နူးချမ်းမြေ့ဖွယ်ရာ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် 💛

#ကဆုန်လပြည့်နေ့

26/04/2026

မန္တလေးမြို့ရဲ့ နေ့အပူချိန်ဟာ အမြင့်ဆုံး ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထက်မှာ ရောက်ရှိနေတာကြောင့် နုနယ်တဲ့ သားသားမီးမီးတို့အတွက် အထူးဂရုစိုက်မှု လိုအပ်လာတဲ့ အချိန်ဖြစ်ပါတယ် ❗

☀️ပြင်းထန်လွန်းလှတဲ့ နွေအပူရှိန်ကြောင့် ကလေးငယ်တွေ နွမ်းနယ်ခြင်းနှင့် အပူရှပ်ခြင်းဝေဒနာတွေ မခံစားရစေဖို့ ဖေဖေမေမေတို့က ကြိုတင်ကာကွယ်ပေးလို့ရတဲ့ နည်းလမ်းလေးတွေကို Bumble Bee ကနေ မျှဝေပေးချင်ပါတယ် 💁‍♀️

၁။ ရေများများတိုက်ပေးပါ 💧
ကလေးတွေက ဆော့နေရင် ရေဆာတာကို မေ့တတ်ကြပါတယ်။ ဒါကြောင့် ရေဆာမှ တိုက်တာမျိုးမဟုတ်ဘဲ ခဏခဏရေတိုက်ပေးပါ။ ရေအပြင် လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တွေတိုက်ပေးတာကလည်း အားအင်ပြည့်ဝစေပါတယ်။

၂။ အဝတ်အစားကိုရွေးချယ်ပေးပါ 👕
ချွေးစုပ်ရလွယ်ပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သား (Cotton) အင်္ကျီအပါးလေးတွေပဲဝတ်ပေးပါ။ အပြင်သွားမယ်ဆိုရင်လည်း အရောင်ရင့်တာတွေထက် အရောင်ဖျော့တာလေးတွေဝတ်ဆင်ပေးသင့်ပြီး ထီး ၊ ဦးထုပ် ၊ sunscreen နဲ့ ဆောင်ပါလေးတွေပါ ဆောင်ထားပေးသင့်ပါတယ်။

၃။ နေအပူဆုံးအချိန်တွေကို အတက်နိုင်ဆုံးရှောင်ပါ ⛅
မနက် (၁၀) နာရီကနေ ညနေ (၄) နာရီအတွင်းက နေအပူဆုံးအချိန်ဖြစ်လို့ အပြင်ထွက်ဆော့တာမျိုးကို တတ်နိုင်သလောက်ရှောင်ပေးပါ။ အိမ်ထဲမှာပဲဖြစ်ဖြစ်၊ လုံခြုံအေးမြတဲ့ Indoor Playground တွေမှာပဲဖြစ်ဖြစ် ဆော့ကစားတာက အကောင်းဆုံးပါပဲ။

၄။ ရေချိုးချိန်ကိုဂရုစိုက်ပါ 🛁
အပြင်ကပြန်လာပြီး ချွေးတလုံးလုံးနဲ့ ချက်ချင်းရေမချိုးမိပါစေနဲ့။ ချွေးတိတ်ပြီး ခန္ဓာကိုယ်အပူချိန် ပုံမှန်ပြန်ဖြစ်မှ ရေချိုးပေးတာက အပူငုပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၅။ အာဟာရပြည့်တဲ့ အစားအစာတွေကျွေးပါ 🍱
ရေဓာတ်များတဲ့ဖရဲသီး၊ သခွားသီးစတဲ့ အသီးအနှံတွေကိုကျွေးပေးပါ။ ပူအိုက်တဲ့အချိန်မှာ အစာကြေလွယ်တဲ့အစားအစာတွေက ကလေးတွေအတွက် ပိုပြီးသင့်တော်ပါတယ်။

မိဘတိုင်းက မိမိတို့ရဲ့ ရင်သွေးငယ်လေးတွေကို အပူဒဏ်ကနေ ကာကွယ်ပေးရင်း ဒီနွေရာသီကို ကျန်းကျန်းမာမာနဲ့ပဲ ဖြတ်သန်းစေချင်ကြမှာပါ ✨

ဒါကြောင့်လည်း Bumble Bee International Preschool မှာဆိုရင် သားသားမီးမီးတို့ သင်ယူဆော့ကစားတဲ့အခါ အပူဒဏ်ကြောင့် နွမ်းနယ်မှုမရှိစေဖို့ အထူးဂရုပြု ပြင်ဆင်ပေးထားပါတယ် ❄️

အမြဲအေးမြပြီး လေဝင်လေထွက်ကောင်းမွန်တဲ့ Modern Facilities များ၊ ကျယ်ဝန်းလုံခြုံတဲ့ Indoor Playground များဖြင့် ဖွဲ့စည်းထားတာကြောင့် ပြင်းထန်တဲ့ နွေအပူရှိန်ကြားမှာတောင် ကလေးငယ်တွေဟာ အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်မှာ ဖြစ်ပါတယ်💛

သားသားမီးမီးတို့ရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုဟာ Bumble Bee ရဲ့ အဓိက ဦးစားပေးပါရှင်။

🏫 Bumblebee International Pre - School Mandalay

🛣️ Address : ၆၃ လမ်း၊ သိပ္ပံလမ်း (၁၀၁) နှင့် ချယ်ရီလမ်းကြား (၁၀၁ -အေ)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

☎️ Phone : 09891515154 , 09891515158




Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


63rd Street, Between Theik Pan And Cherry Road, Chan Mya Tha Si Township
Mandalay

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 09:00 - 16:30