MULSA

MULSA MULSA is a non-profit association founded by law students of the University of Mandalay. The associa

🔰အားလုံးပဲမင်္ဂလာပါ🔰MULSA မှ 2022 Phillip C. Jessup International Law Moot Court Competition (Myanmar National Round) အတ...
01/09/2021

🔰အားလုံးပဲမင်္ဂလာပါ🔰

MULSA မှ 2022 Phillip C. Jessup International Law Moot Court Competition (Myanmar National Round) အတွက် registration စတင်လက်ခံနေပါပြီ။

Philip C. Jessup International Law Moot Court Comeptition ဟာ Moot Court Competition တွေထဲမှာ သက်တမ်းအကြာရင့်ဆုံး၊ နာမည်အကြီးဆုံး၊အပြိုင်အဆိုင်ပြင်းထန်သော Moot Competition တစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံ 90 ကျော်မှ ဥပဒေကျောင်းအသင်းပေါင်း 600 ကျော်လောက် နှစ်စဉ်ပါဝင်ယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ယခု Jessup ပြိုင်ပွဲကြီးကို ၂၀၁၉ ခုနှစ်မှစ၍ သုံးနှစ်ဆက်တိုက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဒီနှစ်မှာလည်း ALSA Myanmar ကနေ National Round ကို ဦးစီးကျင်းပ ပေးသွားမှာဖြစ်ပါတယ်။

ကျနော်တို့ မန္တလေးတက္ကသိုလ်အသင်းမှ ၂၀၂၀ ခုနှစ် နှင့် ၂၀၂၁ ခုနှစ် နှစ်နှစ်စလုံးတွင် International Round အထိ တက်ရောက်ယှဥ်ပြိုင်ခဲ့ကာ ဆုတွေအသီးသီးရရှိခဲ့ကြပါတယ်။ ဒါ့ကြောင့် ယခု Myanmar National Round 2022 မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားတဲ့ မန္တလေးတက္ကသိုလ်မှ ဥပဒေကျောင်းသား ကျောင်းသူများ ( First year to Final) အကုန် ယခုလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။

Registration ကို ဒီကနေ့စတင်ဖွင့်လှစ်လိုက်ပြီး 5 ရက်နေ့ ည ၇ နာရီတိတိတွင် စာရင်းပိတ်မှာဖြစ်ပါတယ်။

Interview ကိုတော့ September လ 6 ရက်နေ့မှာ ခေါ်ယူမေးမြန်းသွားမှာဖြစ်ပါတယ်။ ☑️

Reminder*** လျှောက်ထားလိုသူများသည် မိမိရဲ့ CV နဲ့ Motivation Letterကိုလည်း [email protected] ကို deadline မတိုင်ခင် ပေးပို့ရမှာဖြစ်မှာပါတယ်။

Registration Form link:https://docs.google.com/forms/d/1bwa7iu-CnmJ4cAl2b_S2Va_30Norc4vYQ2vQdHXStvM/edit?pli=1

‼️Registraion deadline : 5.9.2021(7:00 PM) Sunday‼️




အားလုံးပဲ မင်္ဂလာပါ။MULSA မှ သတင်းကောင်းလေးတစ်ခုကို ကြေညာပါရစေ။၂၀၂၁ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ Philip C. Jessup Internationa...
23/04/2021

အားလုံးပဲ မင်္ဂလာပါ။
MULSA မှ သတင်းကောင်းလေးတစ်ခုကို ကြေညာပါရစေ။

၂၀၂၁ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ Philip C. Jessup International Law Moot Court ပြိုင်ပွဲကြီးရဲ့ ဆုပေးပွဲအခမ်းအနားမှာ ကျနော်တို့ မန္တလေးတက္ကသိုလ်ကိုယ်စားပြု Jessup အသင်းမှ King & Spalding Spirit of the Jessup Award နှင့် Baker and McKenzie Best New Team Award ဆုနှစ်ဆုကို ထိုက်ထိုက်တန်တန် ခက်ခက်ခဲခဲရရှိခဲ့တာဖြစ်ပါတယ်။

ဒီ Moot Court ပြိုင်ပွဲဟာ ၆ လကျော် ပြင်ဆင်ရပြီး
ကမ္ဘာ့နိုင်ငံအသီးသီးက ထိပ်သီးတက္ကသိုလ်ပေါင်း ၅၀၀ ကျော်နှင့် ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ ကျနော်တို့ မန္တလေးတက္ကသိုလ် ဥပဒေကျောင်းသားကျောင်းသူများကိုယ်စားပြု အသင်းဟာ Covid-19 Pandemic ကာလအတွင်းမှာ ပြိုင်ပွဲအတွက်ပြင်ဆင်ခဲ့ကြပြီး အာဏာသိမ်းပြီး အင်တာနက်ပြတ်တောက်နေတဲ့မတ်လမှာ online ပေါ်ကနေတစ်ဆင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ကြပါဝာယ်။

ယခုလို ခက်ခဲတဲ့အခြေအနေမျိုးကြားထဲမှာယှဉ်ပြိုင်ခဲ့ပြီး ဆုကြီးနှစ်ဆုကိုဆွတ်ခူးရရှိခဲ့တဲ့ မစန္ဒာလင်း၊ မအေးမြတ်ချို၊ မနန်းရတနာလင်း၊ မမြနှင်းသက်ပိုင်နှင့် ကိုထက်လျံဦး တို့ ၅ယောက်ကို MULSA မှ အထူးဂုဏ်ယူ၀မ်းမြှောက်ပါကြောင်း ကြေညာပါရစေ။

ကျနော်တို့အနာဂတ်တွေဟာ ထူးချွန်တဲ့မျိုးဆက်သစ်တွေလက်ထဲမှာပဲ အမြဲရှိနေမှာပါ။

အလုပ်အမှုဆောင်ဟောင်းဖြစ်သူ ကိုကျော်ဇေယျာထက်အား မန္တလေးတက္ကသိုလ် ဥပဒေကျောင်းသားများအသင်း၏ အဖွဲ့၀င်အဖြစ်မှ ရာသက်ပန် ထုတ်ပယ...
10/04/2021

အလုပ်အမှုဆောင်ဟောင်းဖြစ်သူ ကိုကျော်ဇေယျာထက်အား မန္တလေးတက္ကသိုလ် ဥပဒေကျောင်းသားများအသင်း၏ အဖွဲ့၀င်အဖြစ်မှ ရာသက်ပန် ထုတ်ပယ်၍ အသင်း၏ မည်သည့်လှုပ်ရှားမှုတွင်မဆို ပါ၀င်ခွင့်မရှိတော့ကြောင်း ကြေညာအပ်ပါသည်။

မန္တ​လေးတက္ကသိုလ် ဥပဒေပညာ ကျောင်းသားများအသင်း(MULSA)၏ သဘောထားထုတ်ပြန်ခြင်း #သဘောထားထုတ်ပြန်ခြင်း
05/02/2021

မန္တ​လေးတက္ကသိုလ် ဥပဒေပညာ ကျောင်းသားများအသင်း(MULSA)၏ သဘောထားထုတ်ပြန်ခြင်း

#သဘောထားထုတ်ပြန်ခြင်း




MULSA Online Training on Labour Law, Employment Contracts & Conflict Resolution...........................👷⚖️👷.............
31/01/2021

MULSA Online Training on Labour Law, Employment Contracts & Conflict Resolution...........................👷⚖️👷................................

MULSA မှ ပြုလုပ်ပေးနေတဲ့ အစီအစဉ်များကို အားပေးနေတဲ့ ကျောင်းသူ၊ကျောင်းသားများအားလုံးမင်္ဂလာပါ.....😇✨

MULSA ကနေပြီး ဥပဒေကျောင်းသား၊ကျောင်းသူ‌ တွေအတွက်မတူညီတဲ့ခေါင်းစဉ် အမျိုးမျိုးနဲ့ online training တွေပြုလုပ် ပေးခဲ့ပါတယ်။ 🥰

ယခုအခါ မှာလည်း ဥပဒေကျောင်းသူ၊ကျောင်းသားများ အတွက် အကျိုးရှိပြီး ဗဟုသုတရစေမဲ့ online training လေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။ 🥁✨🥁

ဒီတစ်ခေါက် ပြုလုပ်သွားမယ့် online training လေးကတော့ အလုပ်သမားဥပဒေနဲ့သက်ဆိုင်တဲ့အလုပ်ရှင်နဲ့အလုပ်သမား အငြင်းပွားမှုပြဿနာတွေ၊ Employment Contract (EC)ကိစ္စတွေ၊ ခွင့်ရက်ကိစ္စတွေ စသည်နှင့်ပတ်သက်ပြီး
“အလုပ်သမားဥပဒေနှင့်စပ်လျဉ်း၍အကြောင်းသိကောင်းစရာ” ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီး ဆရာမဒေါ်မဥ္ဇူဝင်း(တရားလွှတ်တော်ရှေ့နေ) ကမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ✨✨

မျှဝေသွားမယ့်ဆရာမရဲ့ အကြောင်းကိုအကျဉ်းချုပ်ဖော်ပြရမယ်ဆိုရင်တော့ ~

🔶ဆရာမဟာ မန္တလေးရတနာပုံတက္ကသိုလ်ကနေLL.M(Commercial Law) ဖြင့်ဘွဲ့ရရှိခဲ့ပါတယ်။

🔶ယခုလက်ရှိအချိန်မှာတော့ International Bridges to Justice Myanmar (IBJ Myanmar) မှာ Junior lawyer အဖြစ်တာဝန်ထမ်းဆောင်နေပြီးပြစ်မှုနဲ့စွပ်စွဲခံရတဲ့ ဆင်းရဲနွမ်းပါးသူများနှင့် တန်းတူအခွင့်အရေးမရရှိသူများအတွက် အခမဲ့ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးလျက်ရှိပါတယ်။ 👩‍💼.....................................................................
ဟော့ဒီ online training လေးကို 👇
👉နေ့ရက်- ၃.၂.၂၀၂၁(ဗုဒ္ဓဟူး)
၄.၂.၂၀၂၁(ကြာသပတေး)
👉အချိန်- ညနေ ၄နာရီ မှ ၆နာရီထိ
👉နေရာ- online (zoom) မှာပြုလုပ်သွားမှာဖြစ်ပါတယ်။

စိတ်ဝင်စားတဲ့ ကျောင်းသား၊ကျောင်းသူများအနေနဲ့ အောက်ပါ လင့်ခ်‌ကလေးကနေတစ်ဆင့် စာရင်းစပေးနိုင်ပါပြီခင်ဗျ။⬇️
https://docs.google.com/forms/d/1QvNvHFjz2iXSh0K2HmQfUGxtkGJ9wHP84GoNQxR8XQA/edit?pli=1

🔴စိတ်ဝင်စားတဲ့ ကျောင်းသား၊ကျောင်းသူမည်သူမဆို တက်ရောက်နိုင်ပေမဲ့ လူဦးရေးကန့်သတ်ထားတဲ့အတွက် အမြန်ဆုံး Register လုပ်ကြဖို့တိုက်တွန်းလိုက်ပါတယ်‌‌နော်။

Hello everyone... ✨👐✨Only one day left for MULSA Virtual Moot Court Memorial Submission ❗❗❗ကျနော်တို့ MULSA မှ ပြုလုပ်ကျ...
30/01/2021

Hello everyone... ✨👐✨

Only one day left for MULSA Virtual Moot Court Memorial Submission ❗❗❗

ကျနော်တို့ MULSA မှ ပြုလုပ်ကျင်းပတဲ့ Virtual Moot Court 2021 မှာ ပြိုင်ပွဲ၀င်တွေအနေနဲ့ Memorial များ တင်သွင်းဖို့ "၁ ရက်" သာကျန်တော့ကြောင်း ပြန်လည်သတိပေးလိုက်ပါတယ်။ ................................⏰📣⏰.................................

Memorial Submission Deadline က ၃၁ ရက်နေ့၊ ည ၁၂ နာရီတိတိ ဖြစ်တဲ့အတွက် Deadline မတိုင်မီ မိမိတို့အသင်း ရေးသားထားတဲ့ Memorial များကို အမြန်ဆုံး တင်သွင်းပေးဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

အားလုံးပဲမင်္ဂလာပါ 😸ကျနော်တို့ရဲ့"One Shot Legal Maxim"အစီအစဉ်လေးပြန်လည်ရောက်ရှိလို့လာပါပြီ။...........................☝...
28/01/2021

အားလုံးပဲမင်္ဂလာပါ 😸

ကျနော်တို့ရဲ့"One Shot Legal Maxim"
အစီအစဉ်လေးပြန်လည်ရောက်ရှိလို့လာပါပြီ။...........................☝️⚖️☝️...............................

ဒီတစ်ခေါက် မျှဝေပေးချင်တဲ့
legal maxim လေးကတော့………
"Injuria Sine Damno" ပဲဖြစ်ပါတယ် 👏👏

တစ်ခုချင်းစီ အင်္ဂလိပ်လို အဓိပ္ပါယ်ပြန်ရမယ်ဆိုရင်တော့ "Injuria" ဟာ "Injury" ၊ "sine" ဟာ "without"၊ "damno" ဟာ "any physical loss" ဖြစ်ပါတယ်။ ဆိုတော့ "Injuria Sine Damno" ဟာ "injury suffered without actual loss" လို့အဓိပ္ပါယ်ရပါတယ်။
မိမိအား ဥပဒေကပေးအပ်ထားတဲ့အခွင့်အရေးကို တစ်စုံတစ်‌ယောက်က ချိုးဖောက်ဖောက်ပါက ထိုချိုးဖောက်မှုကြောင့် မိမိမှာ အမှန်တကယ် ဆုံးရှုံးနစ်နာမှုမရှိသော်လည်း ချိုးဖောက်သူအား ဥပဒေအရ အရေးယူနိုင်ပါတယ်။ "Injuria Sine Damno" ဟာ ထိုအခွင့်အရေးကိုဖော်ပြတဲ့ legal maxim တစ်ခုပဲဖြစ်ပါတယ်။ ⚖️

အောက်ကပုံလေးတွေမှာ "Injuria Sine Damno" " ရဲ့ အဓိပ္ပာယ်ကို ဥပမာလေးနဲ့တကွလေ့လာကြည့် နိုင်ပါတယ်ခင်ဗျ။
အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ရင်း💜……

24/01/2021

အားလုံးပဲမင်္ဂလာပါ ✨💜✨

MULSA RADIO 📻 အစီအစဉ်က‌လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတစ်ပတ် Legal Story Telling [Episode 3] မှာတော့
Jury တရားစီရင်စနစ်အကြောင်း၊ ၄င်းရဲ့သမိုင်းအကြောင်း နှင့် သိမှတ်ဖွယ်ရာလေးတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Juryစနစ် စတင်ပေါ်ပေါက်လာပုံတွေ နောက်ပြီး ကျနော်တို့မြန်မာနိုင်ငံမှာရော Jury စနစ် ကျင့်သုံမှုနှင့် ပတ်သက်ပြီး ဘယ်လိုတွေရှိခဲ့သလဲ၊ Juryစနစ်ကိုရောမြန်မာနိုင်ငံမှာ ကျင့်သုံးသင့်သလားဆိုတဲ့ မေးခွန်းတွေကို ဒီvideoလေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်။

အဲ့တော့ကျနော်တို့ရဲ့ MULSA Radio လေးကိုနားထောင်ပြီး Juryစနစ်အကြောင်းကိုလေ့လာလိုက်ကြရအောင်။ 😉❣️

အားလုံးပဲမင်္ဂလာပါ 😸ကျနော်တို့ရဲ့"One Shot Legal Maxim"အစီအစဉ်လေးပြန်လည်ရောက်ရှိလို့လာပါပြီ။...........................☝...
20/01/2021

အားလုံးပဲမင်္ဂလာပါ 😸

ကျနော်တို့ရဲ့"One Shot Legal Maxim"
အစီအစဉ်လေးပြန်လည်ရောက်ရှိလို့လာပါပြီ။...........................☝️⚖️☝️...............................

ဒီတစ်ခေါက် မျှဝေပေးချင်တဲ့
legal maxim လေးကတော့……… "Ex n**o acto actio no oritur" ပဲဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ ပဋိညာဉ်တစ်စောင်တွင် အဖိုးစားနား [consideration] မပါရှိပါက ထိုပဋိညာဉ်သည် တရားမ၀င် ပျက်ပြယ်သည် ဟူ၍အဓိပ္ပါယ်ရပါတယ်။✨

ကျနော်တို့ ဥပဒေ‌ကျောင်းသားတွေ ဒုတိယနှစ်မှာ contract law ကို လေ့လာကြရတယ်....ဟုတ်? တရား၀င် ပဋိညာဉ်(စာချုပ်) ချုပ်ဆိုရန် လိုအပ်တဲ့ အခြေခံအချက်တွေကို ပဋိညာဉ်အက်ဥပဒေ (၁၈၇၂) မှာ ပြဌာန်းထားပြီး....
🔶 ကမ်းလှမ်းချက် [Proposal]
🔶 လက်ခံချက် [Acceptance]
🔶 ကတိနှင့် ညီညွတ်သည့် အဖိုးစားနား [Consideration]
🔶 သဘောတူညီချက် [agreement\ mutual consent] အစရှိတဲ့အချက်တို့ ပါရှိရမယ်ဆိုတာ အားလုံးသိထားကြပြီးဖြစ်ပါလိမ့်မယ်။

ဒီကနေ့မှာတော့ အဖိုးစားနား အကြောင်း ဖော်ညွှန်းတဲ့ legal maxim လေးကိုအများသိရှိ‌ဖို့ MULSA မှ "Ex n**o acto actio no oritur" ရဲ့အဓိပ္ပာယ်ကို ဥပမာလေးနဲ့ တကွလေ့လာကြည့် နိုင်ရန် မျှဝေ‌ ပေးလိုက်ပါတယ်။

အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ရင်း💜

အားလုံးပဲမင်္ဂလာပါ 🤗ကျနော်တို့ MULSAကနေပြီး ဇန်နဝါရီလ   ၁၃ ရက်နေ့နှင့် ၁၄ရက်နေ့ နှစ်ရက်မှာ "Farmland Law" ခေါင်းစဉ်ဖြင့်...
15/01/2021

အားလုံးပဲမင်္ဂလာပါ 🤗

ကျနော်တို့ MULSAကနေပြီး ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၄ရက်နေ့ နှစ်ရက်မှာ "Farmland Law" ခေါင်းစဉ်ဖြင့် Online Workshop လေးကို အောင်‌အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။ ✨👏👏✨

ဒီ Workshop လေးမှာ တရားလွှတ်တော်ရှေ့နေ ဆရာမဒေါ်ဝင်းနန္ဒာထွဋ်ခေါင် ကနေပြီး တက်ရောက်လာတဲ့ ကျောင်းသားကျောင်းသူတွေကို "လယ်ယာမြေဥပဒေအကြောင်းသိကောင်းစရာ" နှင့် "လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့်အယူခံဝင်ခြင်း"အစရှိတဲ့အကြောင်းအရာတွေကို ရှင်းလင်းစွာ မျှဝေရှင်းပြပေးခဲ့ပါတယ်...📚👩‍🏫📚

လယ်ယာမြေဥပဒေ အကြောင်းကို သေသေချာချာ သင်ကြားပို့ချပေးခဲ့သော IBJ Myanmar မှ ဆရာမ
ဒေါ်ဝင်းနန္ဒာထွဋ်ခေါင် ကို MULSAမှ အထူးကျေးဇူးတင်ရှိပါတယ်။💟💟💟

Workshopကို စိတ်၀င်တစားနဲ့ အဆုံးထိတက်ရောက်ပေးခဲ့သော ကျောင်းသားကျောင်းသူများကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျ။ 🥳

ဒီ workshopကို တက်ရောက်ပြီးတဲ့နောက်မှာ လယ်ယာမြေဥပဒေအကြောင်းကို ယခင်ကထက်ပိုမိုသိရှိနားလည်သွားလိမ့်မယ်လို့ယုံကြည်ပါတယ်။🍀

အားလုံးပဲ မင်္ဂလာပါ ✨✨✨ဒီတစ်ခေါက် ကျနော်တို့ပြုလုပ်မဲ့ Online Workshop: Farmland Law လေးကို စာရင်းပေးထားသူ  ၁၉ယောက် ရှိပ...
12/01/2021

အားလုံးပဲ မင်္ဂလာပါ ✨✨✨

ဒီတစ်ခေါက် ကျနော်တို့ပြုလုပ်မဲ့ Online Workshop: Farmland Law လေးကို စာရင်းပေးထားသူ ၁၉ယောက် ရှိပါတယ်။💛

တက်ရောက်ဖို့စာရင်း‌ပေးထားသူများက မိမိနာမည် ပါမပါ တစ်ချက်လောက်ကြည့်ပေးကြပါဦး‌နော်~ ✅

စာရင်းပေးထားသူများက ဒီ Online Workshop လေးကို ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့ ၊ ညနေ ၃ နာရီ မှ ၅ နာရီအထိ ၂ ရက် တိတိတက်ရောက်ရမှာဖြစ်ကြောင်း ပြန်လည် သတိပေးလိုက်ပါတယ်ခင်ဗျ.....❗❗❗

Training ကို Zoom app မှ ပြုလုပ်သွားမှာဖြစ်တာကြောင့် စာရင်းပေးထားသူအားလုံးစီကို Zoom ID နှင့် Password အား email ဖြင့်ပို့ပေးထားမှာဖြစ်ပါတယ်။ ✨📩

အဲ့တော့ email လေးစစ်ကြည့်ဖို့ မမေ့ကြပါနဲ့နော်။📨

အားလုံးပဲမင်္ဂလာပါ 🌾⚖️🌾ကျွန်တော်တို့MULSAကနေ ဥပဒေကျောင်းသား၊ကျောင်းသူတွေအတွက် အကျိုးရှိစေမယ့်ဥပဒေဆိုင်ရာ အသိပညာ၊ဗဟုသုတတွ...
09/01/2021

အားလုံးပဲမင်္ဂလာပါ 🌾⚖️🌾

ကျွန်တော်တို့MULSAကနေ ဥပဒေကျောင်းသား၊ကျောင်းသူတွေအတွက် အကျိုးရှိစေမယ့်
ဥပဒေဆိုင်ရာ အသိပညာ၊ဗဟုသုတတွေကို
စဉ်ဆက်မပြတ်၊ အစီအစဉ်များစွာနှင့် တင်ဆက်ပေးလျက်ရှိပါတယ်။🤗

ယခုအခါမှာလည်း MULSAကနေ ဥပဒေကျောင်းသား၊ကျောင်းသူအားလုံးတက်ရောက်နိုင်တဲ့ Online Workshopလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

အရင်က Workshopတွေမှာတော့ Copyright၊ Trademark အစရှိတဲ့ ဥပဒေတွေကို ဆရာကြီး၊ ဆရာမကြီးတို့က ပို့ချ သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။ ✍️

ဒီတစ်ခေါက် Online Workshopလေးမှာ မျှဝေပေးသွားမယ့် အကြောင်းအရာကတော့ "လယ်ယာမြေဥပဒေအကြောင်းသိကောင်းစရာ" နှင့် "လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့်အယူခံဝင်ခြင်း"တို့ပဲဖြစ်ပါတယ်။ 🌾⚖️

ဒီ workshopလေးကို မျှဝေပေးသွားမယ့် ဆရာမကတော့ ဆရာမဒေါ်ဝင်းနန္ဒာထွဋ်ခေါင်(တရားလွှတ်တော်ရှေ့နေ)ပဲဖြစ်ပါတယ်။

✨ ဆရာမဟာ ယခုလက်ရှိ ✨

~ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း(ILAM)မန္တလေးခရိုင်ရဲ့ ဒုဥက္ကဌတစ်ဦးလည်းဖြစ်ပြီး၊

~International Bridges to Justice Myanmar (IBJ Myanmar)ရဲ့ မန္တလေးတရားမျှတမှုစင်တာတွင် အကြီးတန်းရှေ့နေအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ပြစ်မှုဖြင့်စွပ်စွဲခံရသည့် ဆင်းရဲနွမ်းပါးသူများနှင့် တန်းတူအခွင့်အရေးမရရှိသူများအတွက် အခမဲ့အမှုလိုက်ပါဆောင်ရွက်ခြင်း၊ စွပ်စွဲခံရသူ(တရားခံ)ရှေ့နေများ၏ အခန်းကဏ္ဍကိုမြှင့်တင်ပေးခြင်း၊ ဥပဒေကျောင်းသား၊ကျောင်းသူများအား ဥပဒေအသိပညာများမျှဝေပေးခြင်း၊ ဥပဒေအကြံဥာဏ်ပေးခြင်းနှင့် ရပ်ရွာလူထုရှိပြည်သူများ တရားမျှတမှု လက်လှမ်းမီရရှိရေးအတွက် လုပ်ဆောင်ပေးလျက်ရှိပါတယ်။

ဒီ Workshopလေးကိုတော့👇

နေ့ရက် - ၁၃.၁.၂၀၂၁ နှင့် ၁၄.၁.၂၀၂၁
အချိန် - ညနေ ၃နာရီမှ ၅နာရီအထိ
နေရာ - Zoom Application ကတဆင့်
(၂)ရက်တိတိ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

တက်ရောက်မယ့်သူတွေကိုလည်း (၂)ရက်လုံး မပျက်မကွက်တက်ရောက်ပေးဖို့ ပြောချင်ပါတယ်။ စိတ်ဝင်စားတဲ့သူတွေအနေနဲ့ အောက်ပါ link ကနေတဆင့် စာရင်းပေးနိုင်ပါတယ်နော်။ လူဦးရေကန့်သတ်ထားလို့အမြန်ဆုံးလျှောက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျ🙌

Registration link:
https://docs.google.com/forms/d/1GcLyYUnFEHX1jkr62lJiFOOv0ZnX9WFRuaDVEtipBKo/

Address

Mandalay

Telephone

+959974445151

Website

Alerts

Be the first to know and let us send you an email when MULSA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to MULSA:

Shortcuts

Share

Category