Prana Healing Myanmar

Prana Healing Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Prana Healing Myanmar, Mandalay.

Prana Healing Myanmar
​စိတ်စွမ်းအားတွေကို နိုးထစေပြီး ပိုမိုကောင်းမွန်တဲ့ ဘဝသစ် အတွက် Reiki နှင့် Chakra Healing သင်တန်းများ၊ ကုထုံးများကို လေ့လာနိုင်ပါသည်။
🕊️ မေတ္တာစွမ်းအင်ဖြင့် ကုစားခြင်း။
"နုပျိုလန်းဆန်းသော စွမ်းအင်များဖြင့် အလှဆင်ပါ"
Ashwin Kumar

09/05/2026

ချစ်သော Parana Healing (မြတ်သောဒါန) မိသားစုဝင်များရှင့် 💙

🎗Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား၍

🏡 ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့တွင်း၊ အောင်ဆန်း(၅)လမ်း ၌

🪷 Prana Healing Ye Kyi Centre

Healing ကုသိုလ် ပြုခြင်း

🤗 Healing ခံယူလိုသော Clients များနှင့် မေတ္တာ Energy များကို ဖြန့်ဝေလိုပါသော Healers များကိုနွေးထွေးစွာဖြင့်ကြိုဆိုပါရစေရှင့်

🗓 (11.5.2026) တနင်းလာနေ့တွင်

🤗 မေတ္တာ Healing ခံယူလိုသူများအတွက် မေတ္တာ Healing ပေးခြင်းတို့ကို ကုသိုလ်ပြုလုပ်ဆောင်ရွက် မည်ဖြစ်ပါသည်။

💫👐 သို့ပါ၍ Healing ခံယူလိုသူများမှာ

🌸 Sweet 📲 09 885545554 ထံသို့ဖုန်းဆက်၍သော်၄င်း၊
Telegram acc t.me/EmpressCho သို့လည်းစာပို့စာရင်းပေးဆက်သွယ်နိုင်ပါတယ်ရှင်🤗

✅ စာရင်းကို (10.5.2026) နောက်ဆုံးထားစာရင်းပေးနိုင်သလို၊ ကြိုတင်စာရင်းပေးခြင်းဖြင့် ထပ်ဆင့်မေတ္တာရယူလိုက်ပါရှင့်....

Namaste 🙏
Admin
Religion to Responsibility

06/05/2026

🧘 🧘 🧘 စုပေါင်းတရားထိုင်ခြင်း၊ မေတ္တာဖြန့်ဝေခြင်း နှင့် မေတ္တာခံယူခြင်း 🧘 🧘 🧘

🙏 Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား၍ 🙏
ရန်ကုန်ဧရိယာအတွင်: Healing Center- 7 ( Mayangone Township ) မှ
💚💚💚 စိတ်ပင်ပန်းမှုများ၊ ဘဝအမောများကို ပြေပျောက်စေရန်အတွက် မေတ္တာ Healing ခံယူလိုသော Clients များနှင့် မေတ္တာများစွာဖြင့် Energy များကိုဖြန့်ဝေလိုပါသော Healers များကို နွေးထွေးစွာဖြင့်ကြိုဆိုပါရစေရှင့်💚💚💚

( 10. 5. 2026 ) တနင်္ဂနွေနေ့ တွင်
✅ ဆရာ့မေတ္တာများအားခံယူ၍Healers များ စုပေါင်း Chakra meditation & Energy work ဆောင်ရွက်ခြင်း

✅ မေတ္တာ Healing ခံယူလိုသူများအတွက် မေတ္တာ Healing ပေးခြင်းတို့ကို ကုသိုလ်ပြု ဆောင်ရွက် မည်ဖြစ်ပါသည်။

🌷✨ သို့ပါ၍ Healing ခံယူလိုသူများမှ

Ma Tha Zin , Ma Zin May Htett -
09 402730023, 09 262108736

Ma Wai - 09 255934651

ထံသို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်ရှင့် 🙏

✅ စာရင်းကို ( 9. 5. 2026 ) နောက်ဆုံး ကြိုတင်စာရင်းပေးခြင်းဖြင့် ထပ်ဆင့်မေတ္တာရယူလိုက်ပါရှင့်....

Address for Location 👇

https://maps.app.goo.gl/FnE6fuiEmxRerw727?g_st=it

No.234, 4လွှာ, 12 လမ်း, 1 ရပ်ကွက်, မရမ်းကုန်းမြို့နယ် ( ဘုရင့်နောင်လမ်းဆုံအနီး)
ခိုင်ကောင်း ကားဝပ်ရှော့ဘေး

🚌 Bus Line -
( 19, 40, 55, 61, 79, 82, 83, 89, 130, 132, 137, 141, 142, 143 )

🌼မှတ်တိုင်- စျေးဘူတာမှတ်တိုင်၊ ဘုရင့်နောင်လမ်းဆုံမှတ်တိုင်

Namaste 🙏
Admin
Religion to Responsibility

Photos from Prana Healing Myanmar's post 03/05/2026

🙏 ဆရာ Ashwin အားအမှူးထား၍
ဆရာ့ရဲ့မေတ္တာများအားခံယူပြီး🙏

ရန်ကုန်မြို့ Healing Center 2 ( Kamaryut Tsp ) တွင်

မြတ်ဘုရား၏သာသနာအမွေခံ လွယ်ကန်ကျောင်းတိုက်သီလရှင် ဆယ်ပါးပင့်ဖိတ်၍ နေ့ဆွမ်းကပ်ခြင်း၊ ဆွမ်းပဒေသာပင်များစိုက်ထူလှုဒါန်းခြင်းများပြုလုပ်ပြီး ရေစက်ချအမျှဝေခြင်း နှင့်

မေတ္တာ Healing ခံယူလိုကြသော Client များကို Prana Healing မိသားစုဝင်များမှ နွေးထွေးစွာကြိုဆိုကြပြီး Client တစ်ဦးချင်းစီကို ဆွေးနွေးပြီး ကိုယ်စိတ်ပင်ပန်းမှုတွေပြေလျော့စေရန် မေတ္တာ Healing ပေးခြင်းတို့ကို ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါတယ်

🤝 လာရောက်အားဖြည့်ကူညီသူ Healers 11 ဦး

👥 မေတ္တာ Healing လာရောက်ခံယူသူ Clients 12 ဦး

🙏 စုစုပေါင်း 23 ဦး တို့မှ မေတ္တာပေးခြင်း မေတ္တာခံယူခြင်းများကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြပါတယ် မြတ်သောဒါန ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပါသည် 🙏

မြတ်သောဆရာနှင့်ထပ်တူ မြတ်ကုသိုလ် ရနိုင်ကြပါစေ 🙏 🙏 🙏

မြတ်သောဒါန အစီအစဉ်ဖြစ်မြောက်အောင် ဦးဆောင်ပြုလုပ်ပေးသူများနှင့် လာရောက်အား
ဖြည့်ကူညီပေးကြပါသော တဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါသည် 🙏

🏠Center နေရာအား ကူညီပေးသောမိသားစုများအားလည်း ကျေးဇူးအထူးတင်ရှိပါတယ်

"ဣဒံ မေပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု" 🙏🙏🙏

Namaste 🙏
Admin
Religion to Responsibility

Photos from Prana Healing Myanmar's post 03/05/2026

ချစ်သော Parana Healing(မြတ်သောဒါန) မိသားစုဝင်များရှင့်

Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထား၍
၂၀၂၅ ခုနှစ်တွင် ရွေ့လျားကုထုံး လုပ်ငန်းစဉ် (၇)ခုကိုအကောင်အထည်ဖော် ကုသိုလ်ယူ ဆောင်ရွက်ခဲ့ပြီး

ရန်ကုန်မြို့ ၌ ၂၀၂၆ ခုနှစ်၏ မေတ္တာဖြင့် Mobile Healing Step 3
(ရွေ့လျားကုထုံး လုပ်ငန်းစဉ် ၃ ) ကို Healing ပေးခြင်းကုသိုလ်ပြုခဲ့ပါသည်🙏🙏🙏

( ၂-၅-၂၀၂၆)စနေနေ့ တွင်

ဆရာ့မေတ္တာများအားခံယူ၍ မေတ္တာ Healing ခံယူလိုသူများအတွက် Healing ပေးခြင်းတို့ကို ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါတယ်

Clients ၁၈ ဉီးကို ချစ်သောမေတ္တာဓာတ်ဖြင့် အပူများကိုအေးငြိမ်းစေခဲ့ပါသည်.....

မြတ်သောဒါန ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပါသည် 🙏

ဆရာနှင့်ထပ်တူ မြတ်ကုသိုလ် ရနိုင်ကြပါစေ 🙏

မြတ်သောဒါန အစီအစဉ်တွင်လိုအပ်သောနေရာဒေသမရွေး |လူမျိုး ဘာသာမရွေး ကုသိုလ်ပြုခြင်းဖြစ်ပါတယ်...

ခက်ခဲသူကို ဝိုင်းကူညီ
ကုသိုလ်လည်းရ စိတ်ထားမြတ်မို့
မြတ်သည့်နေရာ ဤအချိန်အခါ
တူညီကုသိုလ် ရစေသား🙏🙏🙏

Mobile Healing မြတ်ဒါန အတွက် နေရာအား ကူညီပေးသောမိသားစုများအားလည်း ကျေးဇူးအထူးတင်ရှိပါတယ်

တကယ်လိုအပ်သော ယုံကြည်သူများထံသို့ ရွေ့လျားဒါန မြတ်ဒါန မို့ တတ်စွမ်းသမျှ ဤကုသိုလ်ကြောင့် တောင်းတသူမှာ အေးချမ်းပါစေ သား 🙏🙏🙏

"ဣဒံ မေပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု" 🙏🙏🙏

Namaste 🙏
Admin
Religion to Responsibility

Photos from Prana Healing Myanmar's post 30/04/2026

🍂📚✨“ ဓမ္မစေ‌တီ အလှူတော် ”✨📚🍂

🙏ဗျာဒိတ်တော်ခံ ဖွား ပွင့် စံ

နေ့မြတ် မဟာ ကဆုန်လပြည့်နေ့၌

🏵 ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ

အနန္တော အနန္တ (၅)ပါးတို့ကို အမှူးထား၍ 🙏
( ၃၀-၄-၂၀၂၆ ) ကြာသပ‌တေးနေ့
ကဆုန်လပြည့် ဗုဒ္ဓနေ့တွင်

🍂 မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊
နှမ်းကြဲ‌ကျေးရွာရှိ

🍂 ရွှေပျိုးခင်း သာသနာ့ဥယျာဉ်ကျောင်းတိုက်သို့
Prana Healing Myanmar မိသားစုများ စုပေါင်း၍ ဓမ္မစေတီအဖြစ် ပိဋကတ်စာပေများလှူဒါန်းပူဇော်‌ခဲ့ကြပါသည်။

https://www.facebook.com/share/p/1ABrFst526/

လှူဒါန်းမှုအစုစုတို့မှာ -

​📚 ဓမ္မစေတီအလှူ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပရိယတ္တိစာပေ သင်ကြားနေကြသော စာသင်သားသံဃာတော်များအတွက် လိုအပ်လျက်ရှိသည့် အစိုးရပထမပြန်ဆိုင်ရာ စာအုပ် (၁၂၆) အုပ်
(တန်ဖိုး - ၁,၈၀၂,၅၀၀ ကျပ်)

🍝🍛 နေ့ဆွမ်းအလှူ - သံဃာတော်အရှင်သူမြတ်များအတွက် နေ့ဆွမ်းအလှူ (၃၀၀,၀၀၀ ကျပ်)

📚 စာသင်သားသံဃာတော်များ အေးချမ်းစွာ စာပေသင်ကြားနိုင်စေရန် ရည်သန်၍ လှူဒါန်းရသော ဤဓမ္မစေတီအလှူတော်နှင့် နှစ်သစ်ကုသိုလ်အစုစုတို့ကို ဆရာနှင့်ထပ်တူ ထပ်မျှ ရရှိနိုင်ကြပါစေရန် အမျှပေးဝေအပ်ပါသည်။

✴️ ဆရာတော်ကြီးနှင့် သံဃာတော်များထံမှ အနုမောဒနာတရားများ နာကြားခြင်း၊ မေတ္တာပို့သခြင်းများကို ခံယူပြီးနောက် မိမိတို့ပြုခဲ့သမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတို့ကို သတ္တဝါဝေနေယျအားလုံးတို့အား ဝမ်းမြောက်နုမော် သာဓု ခေါ်ဆိုနိုင်ပါရန် အမျှကုသိုလ် ပေးဝေအပ်ပါတယ်ရှင်။ 🙏

🌿 ဓမ္မစေတီအလှူ မြတ်ကုသိုလ်အား ထပ်တူရရှိနိုင်ကြပါစေသော်... 🙏

🌿🐚 သာဓု... သာဓု... သာဓု...

" ဣဒံ မေထဒါနံ အာသဝက္ခယာ ဝဟံ ဟောတု " 🙏

Namaste 🙏

Prana Healing Myanmar
Religion to Responsibility

#ဓမ္မစေတီ #ပထမပြန်စာအုပ်အလှူ #မြတ်သောဒါန

28/04/2026

💚 စိတ်ပင်ပန်းမှုများ၊ ဘဝအမောများကို ပြေပျောက်စေရန်အတွက် ကိုယ့်ရဲ့ Energy တွေကို ပြန်ပြီး Reset လုပ်လိုက်ပါ 💚

🙏 Prana Healing (မြတ်သောဒါန)၏ပဲ့ကိုင်ရှင် ဆရာ Ashwin အားအမှူးထားပြီး ဆရာ့ကျေးဇူးကိုဆပ်သောအားဖြင့် 🙏
ရန်ကုန်ဧရိယာအတွင်: Healing Center- 2 ( Kamaryut Township ) မှ

💚💚💚 စိတ်ပင်ပန်းမှုများ၊ ဘဝအမောများကို ပြေပျောက်စေရန်အတွက် မေတ္တာ Healing ခံယူလိုသော Clients များနှင့် မေတ္တာများစွာဖြင့် Energy များကိုဖြန့်ဝေလိုပါသော Healers များကို နွေးထွေးစွာဖြင့်ကြိုဆိုပါရစေရှင့်💚💚💚

( 2. 5. 2026 ) စနေနေ့ တွင်
✅ ဆရာ့မေတ္တာများအားခံယူ၍Healers များ စုပေါင်း Chakra meditation & Energy work ဆောင်ရွက်ခြင်း

✅ မေတ္တာ Healing ခံယူလိုသူများအတွက် မေတ္တာ Healing ပေးခြင်းတို့ကို ကုသိုလ်ပြု ဆောင်ရွက် မည်ဖြစ်ပါသည်။

✨သို့ပါ၍ Healing ခံယူလိုသူများမှ
ဆရာလေးပညာစာရီ - 9767288835/09420182842
မသန်းသန်းစိုး - 09797221617
ထံသို့ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်ရှင့် 🙏
✅ စာရင်းကို ( 1. 5. 2026) နောက်ဆုံး ကြိုတင်စာရင်းပေးခြင်းဖြင့် ထပ်ဆင့်မေတ္တာရယူလိုက်ပါရှင့်....
Address for Location 👇
R4CC+R24 Yangon
https://goo.gl/maps/GtqLMKDJDSuTow5o6

တိုက် ၇၉/၈၀ အခန်း ၄၀၁
အောင်သုခလမ်း၊ (၅)ရပ်ကွက်
ကမာရွတ်မြို့နယ်
(* ဆင်မလိုက်ဈေးနောက်ကျော၊ ၃ထောင်ကွေ့မီးပွိုင့်
ဟံသာရိပ်မွန် အိမ်ရာဝန်းအနီး *)

Namaste 🙏
Admin
Religion to Responsibility


25/04/2026

💥ဒီနေ့ည တွေ့ကြမယ်နော်... 🧘‍♂️✨
​"မေတ္တာလှိုင်းတွေနဲ့အတူ စိတ်နှလုံး ငြိမ်းချမ်းဖို့ အဆင်သင့်ဖြစ်ပြီလား?"
​ဒီနေ့ည (စနေနေ့) ည ၇:၃၀ နာရီမှာ ဆရာ Ashwin Kumar ကိုယ်တိုင် ဦးဆောင်မယ့် အထူး Live Zoom Healing Session ရှိတာကို မမေ့ကြနဲ့ဦးနော်။
မင်္ဂလာပါခင်ဗျာ၊
ဒီနေညအစီအစဥ်က မြတ်သောဒါန ကုသိုလ်ပြု free အစီအစဉ်ပါ

Zoom Meeting ID: 824 1301 5812

Passcode: metta

23/04/2026

📢 မနက်ဖြန် ၂၅ရက်နေ့ (စနေနေ့) ည မှာ ဆရာ့ရဲ့ မေတ္တာလှိုင်းတွေနဲ့ အတူတူ ငြိမ်းချမ်းကြရအောင်... ✨🙏

​မိသားစုဝင်များအားလုံး မင်္ဂလာပါခင်ဗျာ🙏 🙏 🙏

အခု​လာမယ့် ၂၅ ရက် နေ့ စနေနေ့ ညမှာ
Prana Healing Myanmar ရဲ့ Founder ဆရာ Ashwin Kumar ကိုယ်တိုင် ဦးဆောင်ပြီး၊ မိသားစုဝင်အားလုံးကို မေတ္တာဖြင့် ကုသပေးမယ့် အထူး Zoom Online Healing Session လေး ရှိပါတယ်။

​ဒီ Session ဟာ ဆရာ့ရဲ့ မေတ္တာနဲ့ မိသားစုဝင်အားလုံးရဲ့ မေတ္တာပေါင်းစပ်ပြီး အားလုံးအတွက် ငြိမ်းချမ်းခြင်း၊ ကျန်းမာခြင်းနဲ့ စိတ်ချမ်းသာခြင်းတွေကို ယူဆောင်ပေးမှာ ဖြစ်ပါတယ်။

​💡 ဒီ Session မှာ ဘာတွေ မျှော်လင့်နိုင်သလဲ (What to Expect):

​✅ Live Group Healing: ဆရာ Ashwin နှင့် မိသားစု တို့ရဲ့ Healing မေတ္တာပေါင်းစပ်ပြီး *Live Group Healing session ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

✅ One-by-One Healing: Healing တောင်းသူ တစ်ဦးချင်းစီအတွက် အချိန်ပေးပြီး ဆရာ Ashwin ကိုယ်တိုင် စကားပြောပေးခြင်း၊ နားထောင်ပေးခြင်း ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

✅ Mentorship for Healers: Prana Healing သင်တန်းတက်ရောက်ထားသော ဆရာ့ရဲ့ တပည့်သားသမီးများကို Healing ပေးနည်းများကို ဆရာ Ashwin မှ တဆင့်ချင်း ညွှန်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။

✅ Call for Other Trainees: အခြား သင်တန်းတက်ပြီးသွားသော သူများအနေဖြင့်လည်း လာရောက်လေ့ကျင့်နိုင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

​⚠️ မှာကြားချက်နှင့် ကြိုတင်ပြင်ဆင်ရန်များ:
​Video အမြဲဖွင့်ထားရပါမည်။ ကြိုတင်ခွင့်မတိုင်ဘဲ Video ပိတ်ထားပါက Zoom မှ ထုတ်ပယ်ခံရနိုင်ပါတယ်နော်။

​ခန္ဓာကိုယ် ရေချိုးသန့်စင်ခဲ့ကြပါ။
​လွတ်လပ်ပေါ့ပါးသော၊ ယဥ်ကျေးသော အဖြူရောင် ဝတ်စင်ခဲ့ကြပါရန် တိုက်တွန်းပါတယ်ခင်ဗျာ။

​Water Healing အတွက်: ရေသန့်ရေဘူး (သို့) ရေခွက်သီးသန့် ယူခဲ့ပေးပါရန်။

​Ballpen နဲ့ စာရွက်အလွတ် စီစဉ်ခဲ့ပါရန်။
​မှတ်ချက်: Healing တောင်းသူ လူများနေပါက အစီအစဉ်ကြာမြင့်သွားနိုင်ပါတယ်။

​🌟 Special Sessions:
​Water Healing: Water Healing ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

​🌟 Metta Energy Ball Practice: တက်ရောက်သူတိုင်းကို မေတ္တာ Energy Ball Practice ပြုလုပ်လေ့ကျင့်ပေးသွား
မှာ ဖြစ်ပါတယ်။

​🌟 ​Manifestation Session: Manifestation လုပ်မည်သူများ အစီအစဉ်အဆုံးထိ စောင့်ပေးရမှာ ဖြစ်ပါတယ်နော်။

​🌟 ​Q&A Session: အဆုံးသတ်တွင် Q&A Session ရှိမှာ ဖြစ်ပါတယ်ခင်ဗျာ။

​"ဒီ Session မှာ ပါဝင်ပြီး ငြိမ်းအေးချမ်းခြင်းကို ခံယူဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် Comment မှာ 'Namaste' လို့ ရေးခဲ့ပေးပါဦး!" 👇❤️

​မိမိချစ်ခင်ရသူတွေလည်း ဒီလိုအခွင့်အရေးကောင်းကို လက်မလွှတ်ရအောင် ဒီပို့စ်လေးကို Share ပေးပြီး အတူတူ ကုသိုလ်ယူကြရအောင်ပါခင်ဗျာ။

​📅 အစီအစဉ်အသေးစိတ်:
🔹 နေ့ရက် - လာမည့် စနေနေ့
🔹 အချိန် - ည ၇:၃၀ နာရီ
📍 နေရာ - Zoom Online
​🔗 Join Zoom Meeting Link:

https://us02word.zoom.us/j/82413015812?pwd=7at7LjROcHSbYs1K1auzYrLO4RH9mf.1

​🆔 Zoom Meeting ID: 824 1301 5812
🔐 Passcode: metta

​ကျေးဇူးပြု၍ Zoom မစခင် ကြိုတင်နေရာယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

​မေတ္တာဖြင့်...

Namastae🙏🌹
​Ashwin Kumar

Founder of
Prana Healing Myanmar

Photos from Prana Healing Myanmar's post 23/04/2026

"ကြည်နူးစရာကောင်းတဲ့ မနက်ခင်းလေးတစ်ခု... 🙏🌸

သီလရှင်ဆရာလေးများရဲ့ ငြိမ်းချမ်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ကျွန်မတို့ Prana Healing Myanmar မိသားစုရဲ့ ကုသိုလ်ပြုဆွမ်းကျွေး အစီအစဉ်လေးက အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပါတယ်။

​ဒီကုသိုလ်ကြောင့် အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 😇✨"

​(၂၂.၀၄.၂၀၂၆) နေ့
Prana Healing Myanmar

Photos from Prana Healing Myanmar's post 20/04/2026

💡🌿 အလင်းဓာတ်အလှူ၊ နိဗ္ဗာန်အလှူ 🌿💡

🍂 🕯️ နှစ်သစ်ကူး နှစ်ဦးအလှူတော်🙏

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင်ရေတောင်ခြေရှိ

🍂🧘‍♂️"ဗောဓိအေးငြိမ်းရိပ်သာ" တွင်

တရားဘာဝနာ ပွားများအားထုတ်ကြကုန်သော ယောဂီသူတော်စင်များ အဆင်ပြေချောမွေ့စွာ တရားအားထုတ်နိုင်ရန်အတွက် လိုအပ်လျက်ရှိ‌သော အလင်းဓါတ်ရရှိရန်

ဆိုလာ (Solar) မီးစနစ် တပ်ဆင်လှူဒါန်းခြင်းကို ဆရာ Ashwin မှ ကိုယ်တိုင် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသည်။

ကျေးဇူးတော်ရှင် မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီးအား အမှူးထား၍ 🙏

✨ တာဝန်ယူဦးဆောင်ကုသိုလ်ရှင် ✨

ဆရာ Ashwin မိသားစု မှ မိခင်ဖခင်တို့အား ဦးထိပ်ထားလျက် မတည်အလှူငွေ (၅၅) သိန်းကျပ်မတည်ဦးဆောင်လှူဒါန်းမှုပြုပါသည်။

ခန့်မှန်းကုန်ကျစရိတ် သိန်း ၁၅၀ ခန့်ရှိပါမည်။

🕯️ယောဂီကျောင်းဆောင်များ မီးအသုံးပြုရန်

🏘️ တစ်ပါးဆောင် ယောဂီကျောင်းဆောင် (၉) ဆောင်

🏘️ နှစ်ထပ် ယောဂီကျောင်းဆောင် (၃) ဆောင် (၁၂) ခန်း

🏘️ သံဃာ ယောဂီကျောင်းဆောင် (၃) ဆောင် တို့အတွက် ရည်းမှန်းထားသည်🙏

🕯️တရားရိပ်သာ၏ အလင်းတိုင်အလင်းဓာတ်ကို လှူဒါန်းရခြင်းဖြစ်၍ မိမိတို့၏ ဘဝအဆက်ဆက်တွင်လည်း အေးချမ်းသာယာသော ဘဝကို ရရှိခြင်း

✨ မိမိတို့ လှူဒါန်းလိုက်သော အလင်းတိုင်တစ်ခုချင်းစီမှ အလင်းဓါတ်သည်

💫 ယောဂီတစ်ဦးချင်းစီ၏ တရားထူးရရှိရေးအတွက် အထောက်အပံ့ဖြစ်စေမှာဖြစ်လို့ အလွန်ပင် ပီတိဖြစ်ဖွယ် ကုသိုလ်ထူးဖြစ်ပါသည် 🙏

🕯ဤမွန်မြတ်လှသော "အလင်းဓါတ်အလှူ " မြတ်ကုသိုလ်တော်ကြီးတွင် မိသားစုဝင်များအနေဖြင့်လည်း မိမိတို့ တတ်အားသရွေ့ သဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။✨

မြတ်ဗုဒ္ဓဘုရားရှင်၏ သဗ္ဗညုညာဏ်အလင်းဖြင့် သတ္တဝါတို့အား ညွှန်ကြားပြသတော်မူခဲ့သော

🌹 လောကုတ္တရာအလင်း နိဗ္ဗာန်အလင်းဓါတ်ရရှိအောင် အထောက်အပံ့ ထာဝရကုသိုလ်အဖြစ် လှူဒါန်းသည့် နှစ်ဦးအလှူမင်္ဂလာသည် ~

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အလင်းဓာတ်များ ရရှိကာ အငြိမ်းဓါတ် နိဗ္ဗာန်ချမ်းသာသို့ လွယ်ကူလျင်မြန်စွာ ဆိုက်ရောက်နိုင်ကြပါစေ🙏

ဆက်သွယ်လှူဒါန်းလိုပါက ~
Kpay _ 09 403764424
Khin Mya Kywe Aung

Namaste 🙏🌹

Prana Healing Myanmar
Religion to Responsibility

19/04/2026

“ အလင်းရောင်တွေ ပိုမိုတောက်ပစေဖို့ သင့်ရဲ့ အလင်းတစ်စနဲ့အတူ ပါဝင်လိုက်ပါ “

ဆရာ Ashwinkumar အမှုးထား၍ Prana Healing Myanmar Family ၏ နှစ်သစ်ကူး ကုသိုလ်တော်အလှုအဖြစ် 22. 4. 2026 ( ဗုဒ္ဓဟူးနေ့ ) တွင် လွယ်ကန်နေလရောင်ခြည်စာသင်တိုက်ရှိ သီလရှင်ဆရာကြီး၊ ဆရာလေး ( 141 ) ပါး၊ မိဘမဲ့ခလေး ( 11 ) ဦး နှင့် ဆရာမ ( 3 ) ဦး စုစုပေါင်း ( 155 ) တို့ကို အာရုံဆွမ်း၊ နေ့ဆွမ်းများကပ်လှူပါမည်ဖြစ်ပါသဖြင့် 22. 4. 2026 ( ဗုဒ္ဓဟူးနေ့ ) မနက် 10:00 အရောက် လွယ်ကန်နေလရောင်ခြည်စာသင်တိုက်သို့ ကြွရောက်ကုသိုလ်အာရုံပြုနိုင်ပါရန် နွေးထွေးစွာဖိတ်ကြားအပ်ပါသည်။ 🙏🏻🙏🏻🙏🏻

အလှုသို့သွားရောက်ကြမည့်မိသားစုဝင်များရှင့် လမ်းညွှန်အတွက် ဆရာကြီးဒေါ်သုမာလ ( 09-250 283 364 ) ထံသို့ ဆက်သွယ်ပေးပါရန် ပြန်ကြားအပ်ပါတယ်ရှင့်🙏🏻🙏🏻🙏🏻

လွယ်ကန်နေလရောင်ခြည်စာသင်တိုက်

သင်္ကန်ကျွန်းကြီးမှတ်တိုင်၊ သီရီသုခလမ်းသွယ်( 4 )၊ အမှတ်( 3 )လမ်းမကြီး

https://maps.app.goo.gl/UqfdnsKw5eyBJ2H78?g_st=atm

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Address


Mandalay